Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး
======================

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးလိုက်ပါတယ်။

စစ်တွေမြို့နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အပျက်အစီးအများဆုံးပဲလို့လည်း UNOCHA က မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နေစရာ အဆောက်အအုံတွေ၊ အများသုံး အခြေခံအဆောက်အအုံတွေ နဲ့ ပြည်သူလူထု ရေရရှိရေး စနစ်တွေ ပျက်စီးသွားကြပြီး၊ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric စတီဖင် ဒူဂျာရစ် က ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သောက်ရေသန့်ရရှိရေးက ခက်ခဲနေပြီး၊ ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေကူးစက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးသွားကြသလို၊ ကျောင်းတွေလည်း ပျက်စီးသွားကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ရေငံတွေ ဝင်ရောက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ရေငံတွေ စုပ်ယူ နေရတယ်လို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ် ကျေးရွာဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ကြိုတင်သတိပေးစနစ်တွေ အားကောင်းလာတာကြောင့် သဘာဝဘေးကြောင့် သေကြေထိခိုက်မှုတွေ လျော့နည်းလာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ပြောကြားထားပါတယ်။

https://youtu.be/GxJPVznTaQY

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ ၃,၀၀၀ ကျော်ပျက်စီး
🔥3😢2😁1
ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ ၃,၀၀၀ ကျော်ပျက်စီး
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့ ဝင်ရောက်တိုက်ခိုက်ခဲ့သော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျပျက်စီးခြင်း ၊ စာသင်ကျောင်း ၊ ဘာသာရေး အဆောက်အဦများ ပျက်စီးခြင်း၊ စပါးကျီများ ပျက်စီးခြင်နှင့် ရွာချင်းဆက်လမ်းများ မြေပြိုပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး မြို့နယ်တာဝန်ခံများမှပေးပို့လာသည့် ထိခိုက်ပျက်စီးမှု စာရင်းများကို ICNCC က မေလ ၁၇ ရက်နေ့တွင် ကနဦး ထုတ်ပြန်ခဲ့ပြီးနောက် ယခု မေလ၂၃ ရက်တွင် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ဆောင် ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကျွဲ ၊နွား ၊ နွားနောက် ၊ ကြက် ၊ဘဲ ၊ ဝက် ၊ဆိတ်စသည့် အကောင်ရေ စုစုပေါင်း ၆၉ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

“ကနဦး ကူညီမှုတွေတော့ လုပ်နေတာရှိပါတယ်၊ ကျနော်တို့ စာရင်းအချက်အလက် Data စုဆောင်းမှုက နောက်ဆုံးလုပ်လို့ရပြီ ဖြစ်တဲ့အတွက် အဲဒါကိုအခြေပြုပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ICNCC အဖွဲ့ဝင်တစ်ဦးမှ မဇ္စျိမကို ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် အဆောက်အဦများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ ၊ အိမ်ရိုက်သံများ ၊ မိုးကာများနှင့် တာလပတ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကျေးရွာရှိ စပါးကျီများ ပျက်စီးသွားသည့် ဒေသများအတွက် ဆန် ၊ ရိက္ခာနှင့် အခြေခံ စားသောက်ကုန်များ ၊ အခြေခံ အိမ်သုံးဆေးဝါးများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ကူညီလိုသည့် ပြည်တွင်း ၊ပြည်ပ မှ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ကူညီနိုင်ကြောင်းလည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဖိတ်ခေါ်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ချင်းမုန်တိုင်းဒဏ်သင့်
#မိုခါ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👎1😁1
This media is not supported in your browser
VIEW IN TELEGRAM
၈ျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေကို ဘိုင်ဒင်က အမေရိကန်သို့ ဆွေးနွေးရန် ဖိတ်ခေါ

https://www.facebook.com/reel/5532309353539152/?s=single_unit

#InternationalNews #Mizzima #reels #shorts
👍10🔥1🤮1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး

Watch more detail - https://youtu.be/GxJPVznTaQY

#Political #reels #shorts #MizzimaTV
👍7🔥1
​​အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ​နေဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ​ခေါင်း​ဆောင် အာမခံ​​ပြောဆို
==================

001
(မဇ္စျိမ) ။ ။ ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ​နေဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ​ခေါင်း​ဆောင်မင်းအောင်လှိုင်က အာမခံ​​ပြောဆိုလိုက်သည်။

ပဲခူးတိုင်းဒေသကြီးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေး​ကောက်ပွဲကျင်းပနိုင်ရန် တိုင်းပြည်တည်ငြိမ်​အေးချမ်း​အောင် ဦးစွာ​ဆောင်ရွက်​နေသည်ဟု​လည်း စစ်​ကောင်စီ​ဥက္ကဋ္ဌမင်း​အောင်လှိုင်က ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အပါအ၀င်
နိုင်ငံရေးပါတီ ၄၀ ကို အဆိုပါဥပဒေအရ မှတ်ပုံပြန်မတင်ဟုဆိုကာ ဖျက်သိမ်းထားသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခု ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျင်းပပေးမည်ဟု ပြောဆိုခဲ့သော်လည်း စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယခုနှစ်အတွင်း ကျင်းပဖြစ်မည်ဟု တပ်အပ်မပြောနိုင်သေးကြောင်း VOA Burmeseကို ဖြေဆိုခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကိုစစ်ကောင်စီလက်ထက်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း မှတ်ချက်ပြုသည်။
“တကယ့်လက်တွေ့သဘောအရပြောရင် ကျင်းပနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ သူကလည်း အဲ့ဒီသြဂုတ်လဆိုရင် သူ့အတွက် စစ်အုပ်ချုပ်ရေးသက်တမ်းကလည်း ကုန်ဆုံးတော့မှာဆိုတော့ အဲ့ဒီမတိုင်ခင်လည်းမဖြစ်ဖြစ်အောင်ကြံဖန်ပြီးလုပ်ပါလိမ့်မယ်။ သို့သော် တစ်ပြည်လုံးအနှံ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ဘယ်တော့မှ ကျင်းပနိုင်မှာ မဟုတ်ပါဘူး ”ဟု ဆိုသည်။

သို့​သော် တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် လုံခြုံရေးအကြောင်း ပြချက်ပေးပြီး ရွေးကောက်ပွဲ မကျင်းပဘဲ စစ်အုပ်ချုပ်ရေးသက်တမ်းကို ထပ်ပြီး တိုးမြှင့်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

စစ်​ကောင်စီအ​နေဖြင့် လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် အ​​ထွေ​ထွေ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီ ထိပ်ပိုင်း​ခေါင်း​ဆောင်များနှင့် ပါတီဝင်များကို ဖမ်းဆီးအကျဥ်းချခြင်းများ ပြုလုပ်ထားသည်။

စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဥပဒေမဲ့အာဏာသိမ်းယူရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ​မေလ ၁၉ ရက်​နေ့အထိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ နီးပါးအား ဖမ်းဆီးခဲ့ကာ ၁၆ ဦးမှာ ထောင်အတွင်း သို့မဟုတ် မိမိနေရပ်စွန့်ခွာတိမ်းရှောင်ရင်း အသက်ဆုံးရှုံးခဲ့ရ​ကြောင်း ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရွေးကောက်ပွဲ
#အာဏာသိမ်း
#စစ်ကောင်စီ
#ပဲခူးတိုင်း
#လုပ်ငန်းရှင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👎4💩3🤮2👏1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ပစိဖိတ်ထိပ်သီးအစည်းအဝေးအတွက် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပါပူဝါနယူးဂီနီသို့ ရောက်ရှိ

#InternationalNews
#Mizzima
#reesl #shorts
😁2
လေကြောင်းဗုံးကြဲမှုအပြီး မွန်ပြည်နယ် ရေးမြို့တွင် တိုက်ပွဲဆက်ဖြစ်
====================

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ အခြေစိုက်လှုပ်ရှားနေတဲ့ ကျေးရွာများအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မေလ ပထမပတ်အတွင်း ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီး စစ်ကောင်စီလေတပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ဝါပသဲကျေးရွာအပြင် အနီးကျေးရွာ ၅ ရွာလောက်က ပြည်သူ ၈၀၀လောက်လည်းစစ်ဘေးရှောင်ပြီးထွက်ပြေးနေရပါတယ်။

အဆိုပါနေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီ လက်နက်ကိုင်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မေလ ၁၉ နဲ့၂၀ ရက်တို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းထိုးခံနေရသည့်နေရာဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ပေါင်းကာ KNU က ဝင်းရေးမြို့နယ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေအတွင်းမှာဖြစ်ပါတယ်။

KNU ရဲ့  လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ PDF တပ်ရင်းတချို့ဟာဒီဒေသတွေမှာ ပူးပေါင်းလှုပ်ရှားနေတာဖြစ်ပါတယ်။

https://youtu.be/inMdGjLFJp8

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤8🔥2👏1
ဇင်းကျိုက်တွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
🔥4
ဇင်းကျိုက်တွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နယ်ခွဲ၊ ဖလပ်ကျေးရွာအုပ်စုရှိ ဝတ်ကြီး ကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော လင်မယားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ လင်မယားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ဇင်းကျိုက်မြို့မှ ပြန်လာစဉ် ဖလပ်ကျေးရွာအုပ်စု ဝတ်ကြီးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် မေလ ၂၁ ရက်နေ့ ညပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်မှောက်လို့ ဆိုပြီး ည ၁၂ နာရီလောက် ဖုန်းဝင်လာလို့ ကလေးတွေက ထွက်သွားတာ၊ အခင်းဖြစ်တဲ့နေရာ ရောက်တော့ သာမာန်ဆိုင်ကယ်မှောက်တာမဟုတ်ဘဲ အဲ့လိုကြီး ဖြစ်နေတော့ ကလေးတွေက မကိုင်ရဲလို့ ရဲပြေးခေါ်တာ၊ ဘေးနားက အိမ်တွေကိုခေါ်လည်း မလာကြဘူး၊ ဆေးရုံရောက်လို့ ဆေးစစ်တော့ အသက်မဲ့နေတာ ကြာပြီ” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ နှစ်ဦးသည် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှ ဦးမြင့်လွင် (အသက် ၄၉ နှစ်)နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်သီတာထွန်း(အသက် ၄၀ ကျော်)တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦး၏ မျက်နှာ၊ လက်နှင့် ခန္ဓာကိုယ်ပေါ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာများ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မိုးလည်းရွာနေတာ၊ မနက် သူများပြောမှ သိတယ်၊ မိုးခြိမ်းသံပဲ ထင်တာ၊ ထလည်းမကြည့်မိဘူး” ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခု ပစ်ခတ်ခံရသည့် နေရာအနီး၌ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက် နယ်မြေရဲစခန်းမှ ရဲအုပ်မောင်ကိုကိုနှင့် တပ်သား ခိုင်ဇော်ထွန်းတို့နှစ်ဦးအား အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F က နန်းထိုက်အောင်စစ်ဆင်ရေးဖြင့် ပစ်သတ်ခဲ့သေးသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ S.O.F မှ တာဝန်ရှိသူကို မဇ္ဈိမမှ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့မှ ပစ်သတ်ခဲ့ခြင်း မဟုတ်ကြောင်း ပြန်လည်အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ လင်မယား နှစ်ဦးကို မည်သူတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကိုမူ လောလောဆယ်တွင် မသိရသေးပေ။

ရုပ်အလောင်းတွေ့ရှိခဲ့သော ဝတ်ကြီးကျေးရွာသည် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့နယ်ကြားတွင် တည်ရှိပြီး ပေါင်မြို့ပေါ်နှင့် လေးမိုင်ခန့်သာ ဝေးကွာကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဇင်းကျိုက်
#လင်မယားနှစ်ဦးပစ်သတ်ခံရ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
လေကြောင်းဗုံးကြဲမှုအပြီး မွန်ပြည်နယ် ရေးမြို့တွင် တိုက်ပွဲဆက်ဖြစ်

Watch more detail - https://youtu.be/inMdGjLFJp8

#Political #reels #shorts #MizzimaTV
👍10🔥1👏1
​​တိုက်တန်းနစ်မှ အကူအညီ တောင်းခံသံကို မိုင် ၃,၀၀၀ ခန့်အကွာက အပျော်တမ်းရေဒီယိုအော်ပရေတာ ကြားခဲ့
=======================

၁၉၁၂ ခုနှစ်၌ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းချိန်တွင် တိုက်တန်းနစ်သင်္ဘော ရေခဲတောင်နှင့် တိုက်မိချိန်၌ ကြေးနန်းသမားများသည် တစ်စုံတစ်ဦး၊ တစ်နေရာရာမှ ကြားချင်ကြားကောင်းနိုင်သည် မျှော်လင့်ချက်ဖြင့် ဆောက်တည်ရာမရ သောကဖိစီးစွာ ခေါ်ဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
👍6😁1