Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေ
👍16🔥2👏2
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေ
===================

အဂမ်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်ဒေသတွင်တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီးဒေသခံ ၅,၀၀၀ ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

ဗန်းမောက်ဒေသတွင် မေလ ၁၈ ရက်နေ့မှစပြီး KIA ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစစ်ကောင်စီတပ်မနှစ်ခုပူးပေါင်းထားသည့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းကို
ကြားဖြတ်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့်နယ်မြေချင်းထိစပ်နေသည့် ဗန်းမောက်မြို့နယ်အပါအဝင် အင်းတော်၊ ကောလင်း၊ ကသာမြို့နယ်တို့မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်သည့် နွေဦးတော် လှန်ရေး၌ စစ်မျက်နှာအပြင်းထန်ဆုံးဖြစ်ခဲ့သလို တိုက်ပွဲအကြိမ်ရေအများဆုံးဖြစ်ပွားရာ ဒေသများလည်း ဖြစ်သည်။

KIA တပ်မဟာ(၈)မှ အဓိကတာဝန်ယူလှုပ်ရှားနေသည့် အဆိုပါဒေသတွင် တော်လှန်ရေးအင်အားစုအား ကောင်းလာသလို ယနေ့အချိန်ထိ စစ်ကောင်စီစစ်ကြောင်းကိုတန်ပြန်တိုက်ခိုက်နေဆဲဖြစ်သည်။
စစ်ကောင်စီတပ်ကလည်း တပ်မနှစ်ခုပူးပေါင်းထားသည့်စစ်ကြောင်းများဖြင့် စစ်ရေးလှုပ်ရှားနေသလို ရေ ကြောင်းနှင့် လေတပ်တို့မှလည်း တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲရှည်ကြာနေခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများလာသည့်အတွက် မေလ ၂၀ ရက်နေ့မှစတင်ကာ သုံးရက်ဆက်တိုက် နေ့စဥ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုဖြစ်သည့် Banmauk Revolution BR မှ သတင်းရင်းမြစ်က ပြောသည်။ “နယ်မြေလုတဲ့တိုက်ပွဲလို့ ပြောလို့ရပါတယ်။ တိုက်ပွဲဖြစ်နေတာ ၁၈ ရက်နေ့တည်းက ဖြစ်လိုက်နားလိုက် ပဲ။ သူတို့ (စစ်ကောင်စီတပ်)ဝေဟင် သုံးတာက
၂၀ ရက်နေ့က စကြဲတာ မ​နေ့ကအထိကြဲတယ်။ ဒီနေ့တော့ သူတို့မလာသေးဘူး ငြိမ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခုတိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုမှတပ်ဖွဲ့ဝင်တဦးနှင့်
KIA တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ကာ တပ်ဖွဲ့ ဝင်အချို့ထိခိုက်မှု(မစိုးရိမ်ရ)ရှိခဲ့ကြောင်း သတင်းရင်းမြစ်က မဇ္ဓျိမအားပြောကြားသည်။
တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များမှာ ဝေဟင်မှပစ်ခတ်မှုများအတွင်း ထိခိုက်ကျဆုံးခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဆိုသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် အတွက် ဒေသခံ ၅,၀၀၀ ဝန်းကျင်မှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း
Banmauk Revolution(BR) မှ သိရသည်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ ကြောင်လည်၊ နားပင်၊ မံထွန်ကျေးရွာများမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လကျော်ကြာမြင့်လာပြီ ဖြစ်ကြောင်း Banmauk Revolution(BR)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။“မြို့ပေါ်ကလူတချို့တော့ မန္တလေးလိုမြို့ဘက်ကိုရှောင်ကြတာများတယ်။ တောဘက်ကို ရှောင်လာကြတဲ့ ရွာပေါင်း တော်တော်များတယ်။

NUG ရဲ့ ထောက်ပံ့မှုတွေရတာကြောင့် အရမ်းခက်ခဲတာမျိုးတော့ မရှိ သေးပါဘူး”ဟု ဆိုသည်။ တိုက်ပွဲမှာ ရက်ဆက် ပြင်းထန်လေ့ရှိသည့်အတွက် ဗန်းမောက်မြို့နယ်မှ ကုန်သွယ်ရေးလမ်းကြောင်းများ မှာ နှစ်ပတ်ကျော်ကြာသည့်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်၏ ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ဗန်းမောက်-အင်းတော်လမ်းပိုင်း၊ ဗန်း မောက်မြောက်ပိုင်း-မော်လူးလမ်းပိုင်းအားလုံးကို KIA ဦးဆောင်သည့်တော်လှန်ရေးအင်အားစုမှ မေလ ဆန်းကတည်းကပိတ်ထားကြောင်း သိရသည်။

ကုန်သွယ်ရေးလမ်းပိုင်းများ ပိတ်ထားရသည့်အကြောင်းအရင်းကိုမူ တော်လှန်ရေးအင်အားစုဘက်မှ တိတိ ကျကျထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

ဗန်းမောက်မြို့နယ်သည် စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားသည့် မြို့နယ်တစ်ခုဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဗန်းမောက်မြို့နယ်
#တိုက်ပွဲပြင်းထန်
#KIAတပ်မဟာ(၈)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🔥3👏3
This media is not supported in your browser
VIEW IN TELEGRAM
ဇယ်လန်စကီးနဲ့ G7 ထိပ်သီးအစည်းအဝေးမှာ မဆုံနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းကြောင်း ဘရာဇီးသမ္မတပြော

https://www.facebook.com/reel/1189219875075450/?s=single_unit

#internationalnews
#mizzima
#reels
#shorts
👍5😁3🤮1
​​ရခိုင်က မုန်တိုင်းသင့်သူများကို ကူညီနေသည့် ပရဟိတသမား ဦးဝေဟင်အောင်ကို စစ်ကောင်စီ ဖမ်းဆီး
===================

မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်းက “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသခံပြည်သူများကို ကူညီထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ရခိုင်ဒေသခံ ပရဟိတသမား၊ စာရေးဆရာ ဝေဟင်အောင်ကို စစ်ကောင်စီက ယနေ့ မေလ ၂၃ ရက်နေ့တွင် ဖမ်းဆီးထိန်းလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူ အချို့က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းသင့် ကျေးရွာများသို့ အကူအညီပေးရန် သွားသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် အပါအဝင် ၅ ဦးသည် စစ်တွေမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ကြရခြင်းဖြစ််ကြောင်း သိရသည်။

“သူတို့ (စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့) အဖမ်းခံရတဲ့ သတင်းက Confirmed ဖြစ်ပါတယ်။ တခြားတော့ ဘာမှမသိရသေးဘူး” ဟု ၎င်းနှင့် နီးစပ်သူ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ လွှတ်တော် အမတ်ဟောင်းတစ်ဦးကလည်း စာရေးဆရာ ဝေဟင်အောင်နှင့်အဖွဲ့ ဖမ်းဆီးခံရသည့် သတင်းကို ကြားသိရသော်လည်း အသေးစိတ် အခြေအနေကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ငါးဦးအနက် ပရဟိတသမား ဦးဝေဟင်အောင်အပြင် မည်သူတို့ ပါဝင်ကြောင်းနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာရေးဆရာ ဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် “ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း” ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ဝေဟင်အောင်အဖမ်းခံရ
#ပရဟိတသမား
#မိုခါ
#Mizzima
ဓာတ်ပုံ- စာရေးဆရာ ဝေဟင်အောင်ကို ၂၀၁၈ ခုနှစ်က စစ်တွေမြို့နယ်တရားရုံး၌ ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
👍8🤬6😁2🔥1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၃ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"တစ်ယောက်သေရင် ဆယ်ယောက်မွေးမယ် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုလျှောက်ကြစို့ အာဏာရှင်စနစ် မုချကျရှုံးရမည်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
❤21👍8🔥1😁1🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/RDKHw-huoeI

#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🤮1🍌1
မေလ (၂၄) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေတဲ့သတင်းတွေ အပါအဝင် မိုခါမုန်တိုင်းကြောင့် အခက်ကြုံနေရတဲ့ မင်းတပ်နယ်က ဒေသခံတွေ အကြောင်းပါဝင်တဲ့ သတင်းပေးပို့ချက်တွေပါဝင်တဲ့

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ဒီနေ့အတွက် စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်ကို တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/NmRDzVTG6KA

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🤮1
မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ လုံလောက်တဲ့ အကူအညီတွေမရသေး
=====================

မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ပြင်းထန်စွာခံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်က မြို့နယ်အချို့ကို ၀င်ရောက်ဖြတ်ကျော်တိုက်ခတ်ခဲ့တာပါ။

ရခိုင်ပြည်နယ်ကတော့ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အဆိုး၀ါးဆုံး ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း အင်မတန်များပြားခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ စား၀တ်နေရေး၊ သောက်ရေသုံးရေနဲ့ နေထိုင်စရာ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

https://youtu.be/OAVoMfN-9ZA

ရောင်နီ (မဇ္စျိမ)
စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ရခိုင်ပြည်နယ်
#မုန်တိုင်းဒဏ်
#စား၀တ်နေရေး
#သောက်သုံးရေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2🔥1😁1😢1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေလ ၂၄ ရက်၊ ၂၀၂၃ | VOA On Mizzima
===================

အင်းစိန်ထောင်ပုံရိပ်များ ပန်းချီပြပွဲအကြောင်းနဲ့ ဦးနှောက်အချက်အလက်တွေကိုလေ့လာပြီး လူသားတွေ သက်ကြီး ယိုယွင်းလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကို နားလည်ပြီး ကြိုတင်ခန့်မှန်းနိုင်အောင် လေ့လာနေကြတဲ့အကြောင်း ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/UjnhrwNzlH8

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1🤮1
“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်ပါး)
==================

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအပေါ်မှာ အများကြီးမျှော်လင့်ထားခဲ့ကြပေမယ့်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းထက်ဝက်ကျော်လာချိန်အထိ ဘာမှ ရေရေရာရာမရှိသေးတာတွေ့နေရပါတယ်။

မေ ၉ ရက် ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းမှာကျင်းပခဲ့တဲ့အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးအတွက်ထူးခြားတဲ့ဆုံးဖြတ်ချက်ထွက်မလာနိုင်ခဲ့ပါဘူး။

အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့အရေးအတွက် အဓိကဇာတ်ကောင်တွေနဲ့တိတ်တဆိတ်ဆွေးနွေးနေတယ်လို့ဆိုခဲ့ပေမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ထိပ်သီးဆွေးနွေးပွဲအပိတ်သတင်းစာ ရှင်းလင်းပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာဘာမှတိုးတက်မှုရှိမနေဘူးလို့ ဝန်ခံသွားပါတယ်။

https://youtu.be/xHegdmw7CpA

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁3
အင်းစိန်ထောင်ပုံရိပ်များ ပန်းချီပြပွဲ | VOA On Mizzima
=================

ပန်းချီကောက်ကြောင်းများက ပြောတဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းအကြောင်း ပန်းချီမောင်ဖိုးရဲ့အင်းစိန်ထောင်ပုံရိပ်များ ဆိုတဲ့ ထောင်တွင်းမှာ ရေးဆွဲခဲ့တဲ့ ကောက်ကြောင်းပန်းချီပုံတွေပြပွဲကို ဘန်ကောက်မြို့မှာ ခင်းကျင်းပြသထားပါတယ်။ မညိုညိုလွင်က တင်ပြပေးထားပါတယ်။

https://youtu.be/R2LrnVq8rLo

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
မေလ ၂၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
သက်ကြီးယိုယွင်းမှု ကြိုခန့်မှန်းဖို့ ဦးနှောက်အချက်အလက် လေ့လာ | VOA On Mizzima
========================

ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ဦးနှောက်အချက်အလက်တွေကိုလေ့လာပြီး လူသားတွေ သက်ကြီး ယိုယွင်းလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကို နားလည်ပြီး ကြိုတင်ခန့်မှန်းနိုင်အောင် လေ့လာနေကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ကနေ Genia Dulot သတင်းပေးပို့ထားတာကို ရဲမွန်က တင်ဆက်ထားပါတယ်။

https://youtu.be/x07CpfEh0y0

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4🔥2
​​အာဏာသိမ်းကာလ တိုက်ပွဲများ၏ ၄၅ ရာခိုင်နှုန်းသည် ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ဟု ISP ထုတ်ပြန်
===================

YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ကျော်ဖြစ်ပွားခဲ့ရာ ထိုအကြိမ်ရေအားလုံး​၏ ၄၅% သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ( ISP Myanmar ) ​က မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ISP Myanmar က မှတ်တမ်းရယူနိုင်ခဲ့သော တိုက်ပွဲအကြိမ်ရေပေါင်း ၉,၃၄၇ ကြိမ်အနက် အကြိမ်ရေ ၄၂၀၀ ကျော် ( တိုက်ပွဲအားလုံး၏ ၄၅ ရာခိုင်နှုန်း ) သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ်သည် နယ်မြေအရ ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်းပါဝင်ပြီး ဖာပွန်ဒေသသည် KNU ​တပ်မဟာ ခုနစ်ခုအနက် စစ်ကောင်စီအာဏာမသိမ်းမီ ကာလကပင် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်သော နယ်မြေတစ်ခုဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။

" ဖာပွန်ဒေသက စစ်ကောင်စီအာဏာသိမ်းကာလမှာတင် မကဘူး။ ယခင် အစိုးရအဆက်ဆက် ဖာပွန်ဒေသကို အများဆုံး စစ်ဆင်တာကို ကျွန်တော်တို့ တွေ့ရတယ်။ ဘာကြောင့်လည်းဆို ဖာပွန်ဒေသရဲ့ ခေါင်းဆောင်ပိုင်းတွေရော အဲ့ဒီဒေသမှာရှိတဲ့လူထုတွေရောက စစ်ကောင်စီနဲ့ အရင်အစိုးရအဆက်ဆက်ကို အယုံအကြည်မရှိဘူးဆိုတာ အခုချိန်ထိဆိုတာ သက်သေပဲဖြစ်တယ်။ အဲ့ဒါကြောင့် စစ်ကောင်စီနဲ့ အစိုးရအဆက်ဆက်က အခြားသော ခရိုင်တွေထက် တပ်မဟာ (၅)ကို ပိုပြီး ထိုးစစ်ဆင်တာကို တွေ့ရတယ်။ တိုက်ပွဲတွေ ပိုဖြစ်တယ်ဆိုတာလည်း ဒါကြောင့်ပဲဖြစ်ပါတယ်" ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက မဇ္ဈိမကိုပြောသည်။

ဖာပွန်ဒေသသည် ဒီသဟာဒိုဒေသ (သီးသန့်)ဖြစ်သဖြင့် ၎င်းတို့နယ်မြေအတွင်း ကျူးကျော်လာသော စစ်ကောင်စီ တပ်စခန်းအားလုံးအား ပြန်ရုပ်သိမ်းရန် ထုတ်ပြန်ထားကြောင်း၊ စစ်ကောင်စီဘက်ကလည်း ၎င်းတို့​၏ တပ်စခန်းများအား ပြန်မရုပ်သိမ်းဘဲ နယ်မြေလွမ်းမိုးစိုးမိုးနိုင်ရေးအတွက် တပ်လှုပ်ရှားမှု ပိုတိုးလာသဖြင့် တိုက်ပွဲပိုပြင်းထန်လာခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားမှုနှုန်း များခြင်းသည် ဒေသခံပြည်သူလူထု​၏ စားဝတ်နေရေးမှစ၍ ဘဝရပ်တည်ရေးအတွက် အခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ မူတြော်ခရိုင်သည် KNU နယ်မြေများအနက် စစ်ဘေးရှောင်အများဆုံးရှိနေသည့် ခရိုင်တစ်ခုဖြစ်ကြောင်း သိရသည်။

"ဒီလိုတိုက်ပွဲအဖြစ်များခြင်းအားဖြင့် ဒေသခံလူထုတွေ အခက်အခဲအကြပ်အတည်း အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေရပါတယ်။ အသွားအလာ လုပ်ကိုင်စားသောက်ရတာ အကုန်လုံးခက်ခဲနေကြတယ်။ ဘယ်နေရာမှာမှ လူထုအတွက် လုံခြုံရေးအာမခံချက်မရှိဘူး" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းထိုးခြင်းသာမက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နေပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍၂၀၂၃ ခုနှစ် ဧပြီလအတွင်း တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်​​၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၁ ကြိမ်ရှိကာ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဖာပွန်မြို့နယ်တွင်
#ISP Myanmar
#တိုက်ပွဲအများဆုံးဖြစ်ပွား
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်
======================

မဇ္ဈိမ။ ။ ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ်မည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ကနဦးအကူအညီအဖြစ် ဒေါ်လာ နှစ်သိန်းကို ပေးအပ်ခဲ့ပြီးနောက် ထပ်တိုးကူညီမှုအဖြစ် ဒေါ်လာ ၁၇ သန်းကို ပေးအပ်ခြင်းဖြစ်သည်။

" အကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေ ရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဖြစ်ပါသည်" ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းကြောင့် ထောက်ပံ့မှုအများဆုံး လိုအပ်နေသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန်အရေးကြီးသည်ဟု အမေရိကန်သံရုံးက ရှုမြင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်လာ ၁၇ သန်း
# အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ
👍15🔥1😁1