Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး
===========

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဝေါ်လေခီး ဒေသ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၅၂ မိနစ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“ည ၁၂ နာရီလောက်မှာ လာကြဲတာ၊ လူတော့မထိလိုက်ဘူး။ တိုက်ပွဲဖြစ်နေတာတော့ မရှိပါဘူး။ ရွာက လူတွေရှောင်နေရတာရှိတယ်၊ နောက်ထပ်လာကြဲမှာ စိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အဆိုပါဒေသသည် KNLA တပ်ရင်း(၂၀၁) အုပ်ချုပ်ရေးနယ်မြေဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ထီးကပလယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က တပ်ရင်း(၂၀၁)ကို ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာနေသဖြင့် ကျေးရွာများ၊ ဘာသာရေးအဆောက်အဦများ၊ အရပ် သားများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး ပြုလုပ်လျှက်ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၆)
#KNLA
#ဗုံးကြဲတိုက်ခိုက်
#ခရစ်ယာန်ဘုရားကျောင်း
👍7❤4🤬2😁1
This media is not supported in your browser
VIEW IN TELEGRAM
ကိုလံဘီယာစစ်တပ်က အဓိက သူပုန်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးကို ရပ်ဆိုင်း

https://www.facebook.com/reel/5677310842368830/?s=single_unit

#Internationalnews #Mizzima #Reels #Shorts
👏4🔥3
မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
နုတ်ထွက်တောမယ့်နိုင်ဂျီးရီးယားသမ္မတက နိုင်ငံရဲ့အဓိကရေနံချက်စက်ရုံကြီးဖွင့်လှစ်ပေး

#internationalnews #reels #shorts
🔥5👍3
​​ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး ကူညီနေသည့် စာရေးဆရာဝေဟင်အောင် ပြန်လည် လွှတ်လာ
==================

KMN
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိပြီး ပြန်လည်ထူထောင်ရေးအတွက် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာဝေဟင်အောင်နှင့် အဖွဲ့ကို ယမန်နေ့ မေလ ၂၃ ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယနေ့ မေလ ၂၄ ရက် မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

"ဆရာ ကျန်းကျန်းမာမာနဲ့ အိမ်မှာရှိပါတယ်။ ကျေးဇူးပါ" ဟု သူ၏ မိသားစုနှင့် နီးစပ်သူက မဇ္ဈိမ ကိုအတည်ပြု ပြောကြားသည်။
စာရေးဆရာဝေဟင်အောင် အပါအ၀င် ငါးဦးသည် ယမန်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့နယ်သို့ ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ရန် သွားရောက်စဉ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စာရေးဆရာ ဝေဟင်အောင်၊ ၎င်း၏ သမီးနှင့် တပည့်၊ ရန်ကုန်မှ ပရဟိတသမားနှစ်ဦး စုစုပေါင်း ၅ ဦး သည် ယနေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း ရခိုင်ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

စာရေးဆရာ ဝေဟင်အောင်သည် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့် မြို့နယ်များသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။

စာရေးဆရာ ဝေဟင်အောင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် “ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း” ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅ (ခ)တို့ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#ပြန်လည်လွှတ်မြောက်
#စာရေးဆရာ ေဝဟင်အောင်
#ပြန်လည်ထူထောင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥4❤1
​​ထိုင်းဝန်ကြီးချုပ်လောင်းရဲ့ မြန်မာပြည်သူတွေအတွက် အပြုသဘော ရပ်တည်ချက်ကို ဂရုတစိုက် ကြိုဆိုသင့်
===============

မဇ္ဈိမအယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံမှာ ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ရတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ အကျပ်အတည်းကို လူသားချင်း စာနာထောက်ထားရေး တုံ့ပြန်မှုတွေမှာ ကူညီသွားမယ်လို့ မကြာသေးခင်က ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီပါတီရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ် ထုတ်ပြောလာတာက စိတ်အားတက်စရာပါ။

“မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။ ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်”ဆိုပြီး သူက တွစ်တာမှာ မေ ၂၁ ရက်က ရေးသားခဲ့ပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကျနော်ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့လည်း သူက ရေးပါတယ်။

အလားတူပဲ ပီတာ လင်ဂျာရွန်ရတ်ဟာ သူရဲ့ ရွေးကောက်ပွဲနောက်ပိုင်း CNN သတင်းဌာနက Zain Asher နဲ့ မေ ၁၇ ရက်က ပထမဆုံး အင်တာဗျူးမှာ မြန်မာအကျပ်အတည်းနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်နိုင်ရေး လိုအပ်ချက်တွေကို အသားပေး ပြောဆိုခဲ့သလို ဖြစ်ပွားဆဲ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ထိုင်းနဲ့ မြန်မာကြားမှာ လူသားချင်း စာနာထောက်ထားရေး စင်္ကြံ တည်ဆောက်ဖို့ကိုလည်း အဆိုပြုခဲ့ပါတယ်။

“မြန်မာ့အရေးမှာ ကျွန်တော်တို့အနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အမှန်တကယ် ဆောင်ကြဉ်းနိုင်တာမျိုးကို ဖော်ဆောင်သွားလိုပါတယ်၊ ထိုင်းနဲ့ မြန်မာဟာ ကပ်လျက် ရှိနေပြီး ဒါကြောင့် တာဝန်မကင်းဘူးလို့ ပြောလို့ရပါတယ်၊ ထိုင်းမရှိဘဲနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်ပါဘူး၊ ထိုင်းနဲ့ မြန်မာကြားမှာ လူသားချင်း စာနာထောက်ထားရေး စင်္ကြံ တည်ထောင်ဖို့ အစပြုရမယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒါဟာ ကာလရှည် ရှိနေခဲ့တဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ၊ ဒါကို ဖော်ဆောင်ဖို့ ကျွန်တော်တို့မှာ တရားရေးအခြေခံတွေလည်း ရှိထားပါတယ်၊ အတိတ်အတွေ့အကြုံတွေအရ ကျွန်တော်တို့ လုပ်ဆောင်နေတာပါ၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းတဲ့ BURMA Act ကို အဓိကထားပြီး လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းစဉ်တွေကို စတင်ဖို့ မျှော်လင့်ထားပါတယ်၊ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးမှာ အားပေးဖို့ လုံလောက်တဲ့ ဖိအားပေးမှုတွေရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ စတင်လုပ်ကိုင်သွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဆိုပြီး ပီတာ လင်ဂျာရွန်ရတ်က အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံက ရှေ့သို့ချီပါတီရဲ့ အနောက်အုပ်စု လိုလားတာနဲ့ မြန်မာက စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်မှုတွေကို အားပေးကူညီလာနိုင်ခြေတွေအတွက် စိုးရိမ်ပူပန်ကြောင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖော်ပြပြီး သတိနိုးကြားဖို့နဲ့ နယ်စပ်မှာ စောင့်ကြည့်ဖို့ တိုက်တွန်းထားတယ်လို့ The Irrawaddy သတင်းက ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ နိုင်ငံအနောက်ပိုင်းမှာ တိုက်ခတ်သွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကြောင့် ဖြစ်ပေါ်တဲ့ အကျပ်အတည်း နှစ်ရပ်စလုံးကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက်ကတော့ ပီတာရဲ့ ပြောဆိုချက်ဟာ အကူအညီ တောင်းဆိုတဲ့ အာဆီယံကို ပဲ့တင်ထပ်တဲ့ အားပေးအားမြှောက်ဖြစ်စရာ စကားသံပဲ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံရဲ့ ခေါင်းဆောင်သစ် ဖြစ်လာနိုင်တဲ့ ပီတာဟာ အိမ်နီးချင်းနိုင်ငံအတွက် စိုးရိမ်ပူပန်ကြောင်းကို ထုတ်ဖော်ပြသပြီး ဒေသရေးရာအပြင် ကမ္ဘာရေးရာ အမြင်ရှိတဲ့ ခေါင်းဆောင်အဖြစ် ပြသနေတာကြောင့် ထိုင်းနိုင်ငံအတွက်သာမက မြန်မာနဲ့ အိမ်နီးချင်း ဆက်ဆံရေးအတွက်ပါ နမိတ်ကောင်းအဖြစ် ထင်ဟပ်နေပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥3
This media is not supported in your browser
VIEW IN TELEGRAM
မက်ခရွန်ကုမ္ပဏီရဲ့ ချစ်ပ်ပြားများရောင်းချမှုအပေါ် တရုတ်နိုင်ငံရဲ့ကန့်သတ်ချက်ကို အမေရိကန်ဝေဖန်

https://www.facebook.com/reel/562284919369386

#internationalnews #reels #shorts
👍5😁3
​​ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၅၀ နီးပါး ဖမ်းဆီးခံရ
=========================

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့သည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တွင်း မြို့များမှ လာရောက်ကြသူများဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ ဆမွတ် ဆာခွန်း၊ ရာယောင်၊ ကန်ချနဘူရီနှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်များ ရမည်ဟု ကတိပေးထားသည့် အလုပ်ရှာပွဲစားများကို တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးခဲ့ကြရသည်ဟု ပြောခဲ့ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏2🤬1
​​လျှပ်စစ်မီးပြတ်တောက်မှုကိုဒေါသတကြီးဝေဖန်သည့် ဟစ်ဟော့အဆိုတော်ဗျူဟာ ဖမ်းဆီးခံရ
=========================

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်စွာဖြစ်ပွားပြီးနောက် ဒေါသထွက်ကာ စစ်ကောင်စီနှင့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးကို လူမှုကွန်ယက်ပေါ်မှတဆင့် ဆဲဆိုဝေဖန်ခဲ့သည့် ဟစ်ဟော့အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း စစ်‌လော်ဘီများက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။

အဆိုတော်ဗျူဟာကို ယမန်နေ့ မေလ ၂၃ ရက် ညပိုင်းက ၄င်းနေထိုင်ရာ မြောက်ဒဂုံမြို့နယ် ဗထူးအိမ်ရာရှိ နေအိမ်အတွင်း စစ်ကောင်စီတပ်က ၀င်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဟု သိရသည်။
မေလ ၂၃ ရက် ညနေ ၂နာရီခန့်က အဆိုတော်ဗျုဟာ၏ လူမှုကွန်ယက်စာမျက်နှာ Byuhar ဗ တွင် “ ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြားခွဲတန်းနဲ့ ပေးတာတောင် ‌သောက်ဖြစ်ရှိအောင် မပေးနိုင်တဲ့ကောင်တွေကို မီးပျက်လို့ ဆဲတယ်ကွာ။ ဗထူးအိမ်ရာ ၂၊ ၄၈ ရပ်ကွက်၊ မြောက်ဒဂုံ” စသည့် စာသားနှင့် အတူ ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရ လက်ထက်က လျှပ်စစ်မီးရရှိမှုအခြေအနေများဖြင့် နှိုင်းယှဥ်ကာ စစ်ကောင်စီ၏လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ပြစ်တင် ဝေဖန်ထားသည်။

" သခင်အားရ ကျွန်ပါးဝကောင်တွေ အများကြီးပဲ"
ဟု အဆိုတော် ဗျူဟာက ယင်းဗီဒီယိုဖိုင်တွင် ပြောထားသည်ကို တွေ့ရသည်။

၄မိနစ်ခန့်ကြာသည့် ယင်းဗီဒီယိုဖိုင်သည် လူမှုကွန်ရက်သုံးစွဲသူများနှင့် ၎င်း၏ ပရိတ်သတ်များကြား အလွန်ပျံ့နှံ့ခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးမည်ကို စိတ်ပူကြောင်းလည်း မှတ်ချက်ပြုထားကြသည်။
ထိုဗီဒီယိုဖိုင်လွှင့်တင်ပြီးနောက်တွင်လည်း အဆိုတော်ဗျူဟာကို ဖမ်းဆီးပေးရန် စစ်ကောင်စီ၀ါဒဖြန့် တယ်လီဂရမ်ချန်နယ်များက တိုက်တွန်းမှုများ ရှိခဲ့သည်။ ထို့နောက် ယင်းနေ့ ညပိုင်းတွင်ပင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။အဆိုတော် ဗျူဟာကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စစ်ကောင်စီ၀ါဒဖြန့် ယ်လီဂရမ်ချန်နယ်များက ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဓာတ်ပုံများနှင့် တကွ ဖော်ပြထားသည်။

" ကိုဗျူဟာကို မြောက်ဒဂုံက သူ့နေအိမ်မှာ မနက်က စစ်သားနဲ့ရဲတွေလာရောက်ခေါ်ဆောင်သွားပါတယ်။အခုထိ ဘယ်ကိုခေါ်သွားလဲ သေချာမသိရသေးပါဘူး။ လာခေါ်တဲ့အချိန်မှာ အေးဆေးစကားပြောတာတောင် ထိုးကြိတ်သွားသေးတယ်လို့ သူ့ဇနီးဆီကတဆင့် သိရပါတယ်" ဟု အဆိုတော်ဗျူဟာ၏ ညီ မင်းရဲမြန်မာ၏ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ယနေ့ညနေ ၃နာရီခန့်က တင်ထားသည်ကို တွေ့ရသည်။

အဆိုတော်ဗျူဟာ ဖမ်း‌ဆီးခံရသည့် သတင်းထွက်ပေါ်လာပြီးနောက် ၎င်းအတွက် စိုးရိမ်ကြောင်း ပရိတ်သတ်များက မှတ်ချက်ပြုရေးသားနေကြသည်။

" အနာပေါ်ကျလို ထိစပ် လောင်မြိုက်နေကြတာ။ ယောကျ်ာကြီးတွေဖြစ်ပီး မြင်မကောင်းဘူးဟယ်။

အမှန်တရားကို အပြောတောင်မခံတာ စဥ်းစားသာကြည့်ကြပါတော့" ဟု ပရိတ်သတ်တစ်ဦးက ရေးသားထားသည်။

ပရိတ်သတ်တစ်ဦးကလည်း" ဖမ်းသွားပြီတဲ့။ အမှန်တရားတွေ ပြောခွင့်မရှိတဲ့ ငါတို့တိုင်းပြည်။

အမှန်တရားတွေ ခါးသီးလွန်းတဲ့ငါတို့တိုင်းပြည်။
အမှန်တရားတွေအတွက် စတေးခံနေရတာ ခါးသီးလွန်းပါတယ်" ဟု ရေးသားထားသည်။

မြောက်ဒဂုံတွင် နေထိုင်သော အငြိမ်းစားအရာရှိတစ်ဦးက လျှပ်စစ်မီးပြတ်တောက်မှုသည် အလွန်ဆိုးရွားနေပြီး လျှပ်စစ်ရုံးသို့ ဖုန်းဆက်ခေါ်ပြီး ‌ငွေပေးမှ မီးပေးသည့် အခြေအနေဖြစ်နေကြောင်း မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် အဆိုတော်ဗျူဟာကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ နောက်ဆက်တွဲအခြေအနေကို သိရှိနိင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုတော်ဗျုဟာသည် နာမည်ကြီးတေးရေးဆရာနိုင်မြန်မာ၏ သားဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#ဟစ်ဟော့အဆိုတော်ဗျူဟာ
#စစ်ကောင်စီ
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😢2🔥1
Media is too big
VIEW IN TELEGRAM
May - 24 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews
#themizzimaprimetime
#reels
#shorts
👍3🍌2
မြန်မာ့တော်လှန်ရေး အောင်မြင်မလား၊ ရှုံးနိမ့်မလား | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၅၄)
====================

မြန်မာ့တော်လှန်ရေး အောင်မြင်မလား၊ ရှုံးနိမ့်မလား ဆိုတာ အခြေခံအားဖြင့် မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်ပါတယ်
……………………………………………………………………
အကြမ်းဖက်စစ်တပ်ဟာ ရုရှားစစ်တပ်လိုပဲ အရည်အချင်း လုံးဝကင်းမဲ့နေတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နှက်နေတယ်။ ပြည်သူတွေရဲ့မုန်းတီမှုကို ခံနေရတယ်....ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/yxynMF2sgeI
👍8😁3💩2❤1
​​ရေးမြောက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးဟုဆို
==================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီးတွင် ရေးအခြေစိုက် ခလရ(၁၀၆)မှ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ခန့် သေ ဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အင်အား ၂၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဝါပသဲကျေး ရွာအနီးသို့စစ်ကြောင်းထိုးလာ၍ ကျားဖြူစစ်ကြောင်းမှ တပ်ခွဲ(၁)နှင့်တပ်ခွဲ(၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆုတ်ခွာလာသည့်စစ်ကောင်စီတပ်သားများ အား ကျားဖြူစစ်ကြောင်းမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ခလရ(၁၀၆)မှ စစ်ကူများလည်းတက်လာရာ နှစ်ဖက် ထိတွေ့တိုက်ပွဲ သုံးနာရီခွဲဝန်းကျင်ခန့် ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ရာ သေနက်တစ်လက်ပျက်စီးခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ရန်နိုင်က ပြောသည်။

“ကျနော်တို့ရဲဘော်တစ်ဦး လက်မှာရှပ်ထိဒဏ်ရာရပြီး သေနတ်တစ်လက်ပျက်စီးသွားပါတယ်။ သူတို့ အခု တော့ ဆုတ်သွားပါပြီ။ မနေ့တနေ့ကဆို လမိုင်းဖက်မှာ ခလရ(၁၀၆)က တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးတယ်။ သတင်းတော့ ဖုံးထားတယ်”ဟု ဗိုလ်ရန်နိုင်ကမဇ္ဈိမကို ပြောသည်။

သေဆုံးသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မျက်မြင်တွေ့ခဲ့ရသည့် သက်သေများဖြင့် အတည် ပြုထားကြောင်း ဆိုသည်။
ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဝါပသဲကျေးရွာအနီးရှိ ကျားဖြူစစ်ကြောင်း တပ်စခန်းရှိရာ နေရာသို့ စစ်ကောင်စီတပ်ကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျားဖြူစစ်ကြောင်းမှ မခင်သန္တာဆွေ(ခ) မမြင့်၊ ကိုဇွဲမာန်လင်း(ခ)စနေနှင့် ကိုထွန်းလင်းအောင်(ခ)ကိုမြကြီးတို့သုံးဦးကျဆုံးခဲ့ရပြီး ထိုရဲဘော်သုံးဦး အတွက်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူးစောဝင်းဇော်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“မင်းတို့အကို အကြွေးတော့ ပြန်တောင်းလိုက်တာပဲ။ ၃၀ ကျော်ပဲဆိုတော့ မတန်သေးဘူး တပည့်တို့” ဟု ရေးသားထားသည်။
ဝါပသဲကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင် အတွင်းတည်ရှိပြီး မေလအတွင်း စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဝါပသဲကျေးရွာအနီးတဝိုက် ရှိ ဘဲလမု၊ ချောင်းနှစ်ခွ စသည့်ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၆)နယ်မြေ

#ကျားဖြူစစ်ကြောင်း
#ရေးမြို့နယ်
#ဝါပသဲကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3❤2👏1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ မေ ၂၀၂၃) 
=======================

အကြမ်းဖက်စစ်ကောင်စီမှ မုန်တိုင်းသင့်ပြည်သူများကို ကူညီမှုများစတင်နေပြီးဟုပြောဆိုသော်လည်း တကယ့်လက်တွေ့တွင် မုန်တိုင်းတိုက်ပြီး တစ်ပတ်ကြာသည်အထိ အကူအညီများမရသေးကြောင်း ပြည်သူများမှပြောဆိုကြသည်ကို ကြည့်ခြင်းဖြင့် စစ်တပ်၏ စီမံခန့်ခွဲမှုအရည်အချင်းနှင့် ပြည်သူအပေါ် အမှန်တကယ်စေတနာထားဆောင်ရွက်မှုမရှိသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1
မေလ ( ၂၄ ) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

⁃ရခိုင်မှာ မိုခါ မုန်တိုင်းအပြီး ၁၀ ရက်ကြာတဲ့အထိ ကုန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်တဲ့အကြောင်း

⁃ထိုင်းညွန့်ပေါင်းအဖွဲ့က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးအတွက် နှုတ်ဆိတ်နေတဲ့အကြောင်း

⁃အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်တွေသာမက ဘက်ထရီစက်ဘီးတွေကိုလည်းဖမ်းဆီးနေတဲ့အကြောင်း

⁃BGF စခန်းအား KNLA ဝင်ရောက်တိုက်ခိုက်၊ တပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း

⁃လောင်းလုံးမြို့လဝကရုံးစီးနင်းတိုက်ခိုက်ခံရပြီး ဒုဦးစီးမှူးသေဆုံးကာ၊ မြို့ခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားတဲ့သတင်း

⁃အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားခြင်း မရှိတဲ့အကြောင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးမှာပါ။

https://www.youtube.com/live/QPmRC2B1kRk?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🤮2❤1😁1🍌1
​​ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ကြွေးမြီထောင်ချောက်ထဲ ကျရောက်တော့မှာလား 
=========================

တရုတ်သည် ဒေသတွင်း ကြီးမားသောဈေးကွက်ရှိခြင်းကြောင့် တောင်အာရှနိုင်ငံများနှင့် အမြဲဆက်နွှယ်မှုရှိကြောင်း သမိုင်းဆိုင်ရာ အချက်အလက်များက သက်သေပြနေသည်။ ဘင်္ဂလားဒေ့ရှ်၏ ပထဝီနိုင်ငံရေးအရ ထူးကဲမှုနှင့် စီးပွားရေးအရ စိတ်ဝင်စားဖွယ်ကောင်းမှုတို့ကြောင့် တရုတ်က ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်လာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👎2❤1🔥1👏1