Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၂၅-၂၆ ရက် နှစ်ရက်ကြာ ညီလာခံကို ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များ၊ ပညာရှင်များ၊ မီဒီယာ လွတ်လပ်ခွင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၅၀ ကျော် တက်ရောက်သည့် အဆိုပါ ၂၀၂၃ နှစ် ပတ်လည် ညီလာခံကို Press Freedom and Media Innovation in the Age of AI (နည်းပညာ ဉာဏ် ရည်အတုခေတ်အတွင်းက မီဒီယာလွတ်လပ်ခွင့်နှင့် ဆန်းသစ်ဖန်တီးမှုများ) ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ သည်။ မြန်မာသတင်းမီဒီယာများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ အကြောင်းကို ဦးခင် မောင်၀င်းက ဗွီဒီယို မှတ်တမ်းဖြင့် တင်ပြခဲ့သည်။
(ထိုဗွီဒီယို မှတ်တမ်းကို ဤ link တွင် ကြည့်ရှုနိုင်ပါသည်-
https://youtu.be/mvaYUXrF7AI)
IPI World Congress ကျင်းပချိန်တွင် ကမ္ဘာတစ်ဝန်းက ထူးကဲစွမ်းဆောင်နိုင်ခဲ့သော သတင်းထောက် များကိုလည်း ဆုချီးမြှင့်လေ့ရှိသည်။ ၂၀၂၃ ခုနှစ်အတွက် သတင်းမီဒီယာ နှစ်ခု ဆုချီးမြှင့်ခံရသည်။ မြန်မာနိုင်ငံမှ Myanmar Now က Free Media Pioneer award ဆုချီးမြှင့်ခံရပြီး အယ်ဒီတာချုပ် ဦးဆွေ၀င်းက ဆုလက်ခံယူခဲ့သည်။ Free Media Pioneer award အတွက် ကမ္ဘာတစ်ဝန်းမှ သတင်း မီဒီယာ ၁၀ ဖွဲ့ ဆန်ခါတင်စာရင်း တင်သွင်းခံရသည့်အထဲမှ Myanmar Now ကို ရွေးချယ်ခဲ့ကြောင်း IPI-IMS ဆုရွေးချယ်ရေး ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အခြားဆုချီးမြှင့်ခံရသူတစ်ဦးမှာ မက္ကဆီကိုနိုင်ငံမှ အမျိုးသမီး သတင်းထောက် Carmen Aristegui ဖြစ်ပြီး World Press Freedom Hero Award အတွက် ချီးမြှင့်ခဲ့သည်။ International Media Support (IMS) က IPI နှင့်အတူ ဆုများ ပူးတွဲချီးမြှင့်သည်။
အလားတူ Free Media Pioneer Award ကို International Press Institute (IPI) က Mizzima သတင်းဌာန အား ၂၀၀၇ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။
Free Media Pioneer award ချီးမြှင့်ခံရခြင်းသည် Myanmar Now နှင့် အခြားသော လွတ်လပ်သည့် မြန်မာ့ မီဒီယာများ၏ စွမ်းဆောင်မှုကို ကမ္ဘာက အသိအမှတ်ပြုသည်ဟု ခံစားရကြောင်း၊ ကမ္ဘာ တစ်ဝန်း မီဒီယာများ ဘုံတူညီသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း၊ ဆုချီးမြှင့်ခြင်းအတွက် မြန်မာကို ကမ္ဘာက မေ့မထားဟု သိသာစေကြာင်း၊ AI နည်းပညာများကို ကောင်းကျိုးအတွက် အသုံးချနိုင်ကြောင်းများကို ဆုလက်ခံမိန့်ခွန်းတွင် ဦးဆွေ၀င်းက ထည့်သွင်းပြောကြားခဲ့သည်။
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် IPI ကို ၁၉၅၀ ခုနှစ်က စတင်တည် ထောင်ခဲ့သည်။ ကမ္ဘာတစ်၀န်း သတင်းမီဒီယာလွတ်လပ်ခွင့်တိုးတက်လာရေးနှင့် ပတ်သက်၍ အဖွဲ့၀င်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သောကိစ္စရပ်များ၊ ပိုမိုအားကောင်းစေနိုင်သော ကိစ္စရပ်များကို IPI World Congress အတွင်း စုပေါင်း အဖြေရှာ ဆွေးနွေးလေ့ရှိသည်။ နည်းပညာ ဉာဏ်ရည်အတု (Artificial Intelligence) သည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သလား၊ ထို့အတူ အထောက် အကူပြုနိုင်သလား ဆိုသည့် အဆိုး၊ အကောင်း ၊အကျိုး၊ အကြောင်းများကို ညီလာခံ အတွင်း ရှုထောင့်မျိုးစုံမှ ဆွေးနွေးခဲ့ကြသည်။ AI ကြောင့်ဖြစ်ရသော ဆိုးကျိုးများကို ထိန်းချုပ်နိုင်ရန် အတွက် ဥပဒေပြဋ္ဌာန်းသင့်သလားဆိုသည့် ဆွေးနွေးချက်ရှိခဲ့သလို၊ ဖြစ်စေနိုင်သည့် ဆိုးကျိုး အတိမ်အနက်ကို မသိနိုင်သေး၍ ဥပဒေပြဋ္ဌာန်းလျှင်လည်း လွှမ်းခြုံနိုင်မည် မဟုတ်ကြောင်း အပြန်အလှန် ဆွေးနွေးကြသည်။ သို့သော် အများစုမှာ ခေတ်သစ် နည်းပညာ AI က ပေးနိုင်သော ကောင်းကျိုးကို အများဆုံး ရယူအသုံးချနိုင်အောင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့ကြသည်။
IPI General Assembly ကိုလည်း မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်း သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်သည့် ကြေညာချက် လေးခုထုတ်ပြန်ခဲ့သည်။ IPI အနေဖြင့် မြန်မာနိုင်ငံမှ သတင်းမီဒီယာ အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ မြန်မာနိုင်ငံ မီဒီယာ လွတ် လပ်ခွင့်အတွက် လုပ်ဆောင်နေသော Myanmar Now ကို ဆုချီးမြှင့်ခြင်းမတိုင်မီ IPI မှ နောက်ဆုံး ပြုလုပ်ခဲ့သည့် ဆောင်ရွက်မှုမှာ မေလ ၆ ရက်နေ့ မြန်မာ့ သတင်းမီဒီယာ လွတ်လပ်မှုအေခြေအနေ online ဆွေးနွေးပွဲဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် Mizzima အယ်ဒီတာချုပ် ဦးစိုးမြင့်က မြန်မာ့သတင်းမီဒီယာ အခြေအနေကို ဆွေးနွေးခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
htt
ps://bit.ly/2VhJ12U
👍8❤2😁2🤮2🥰1
​​ဖားကန့်မြို့က ဥရုခ တည်းခိုခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်စီးပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီး

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊လုံးခင်းကျေးရွာအုပ်စု၊ အမှတ် (၅) ရပ်ကွက်ရှိ ဥရုခ တည်းခိုခန်းကို ယမန်နေ့ မေလ ၂၅ ရက် နံနက် ၄ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အမျိုးသားငါးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းအမျိုးသား ငါးဦးကို ကေအိုင်အေတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ခလရ (၇၆) တပ်နှင့် ဖားကန့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့သည် လုံးခင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ဥရုခတည်းခိုခန်းလိုက်ပို့ရန် ခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ ဝင်းစီးခဲ့ခြင်း ဖြစ်ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိရသည်။
"မနက် ၃ နာရီခွဲလောက်မှာ ဒီရပ်ကွက်ထဲက လူငယ်တစ်ယောက်ကို ဖမ်းပြီး၊ အဲ့တည်းခိုခန်းနေရာ လိုက်ပို့ခိုင်းတယ်။ အဲမှာရောက်တော့ သူတို့က တည်းခိုခန်းတစ်ခုလုံး ဝိုင်းပြီး တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ ဝင်စစ်ဆေးပြီး ဖမ်းတော့တာပဲ " ဟု လုံခင်းကျေးရွာနေ သတင်းအရင်းအမြစ်က ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခြင်းမှာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြု ပြောဆိုကြသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အသက် ၂၀ အရွယ် ကိုဆိုင်းထွယ်နော်၊အသက် ၄၀ အရွယ် ဦးအိုက်ပီး၊ ဦးအိုက်မြင့်မောင် နှင့် အမည်စုံစမ်းနေဆဲ အမျိုးသားနှစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တည်းခိုခန်းကို ဝင်ရောက်စီးနင်းပြီးချိန် နံနက် ၅ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးအား မျက်နှာနှင့် လက်နှစ်ဖက်ကို တိပ်များပတ်၍ သေနတ်ဖြင့်ပစ်သတ်သွားသည်ဟုဒေသခံများက ပြောသော်လည်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း မသိရသေးပေ။
အဆိုပါ ဥရုခတည်းခိုခန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် နံနက်အစောပိုင်းက ဖားကန့် Happy KTV တွင် ဗိုလ်မှူးဇော်မောင်နှင့်အတူ ကေအိုအေတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံခဲ့ရသည့် လုပ်ငန်းရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဦးဘတုတ်ပိုင်ဆိုင်သည့် တည်းခိုခန်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2👏1
မေလ ၂၆ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

- ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၉ဝဝ) နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော်မှာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်နေတဲ့သတင်း

- ဝမ်ပေါင်ကြေးနီစီမံကိန်း အစောင့်ရဲကင်းဂိတ် တိုက်ခိုက်ခံရတဲ့သတင်း

- မန္တလေးမြို့ကောင်းကင်ယံပေါ် ဒရုန်း ၁ စင်းပျံဝဲလို့ စစ်အုပ်စုကကြောက်လန့်ပြီး သေနတ်ဖြင့် လိုက်ပစ်တဲ့သတင်း

- စစ်ဘေးသင့်ဆီးရီးယားမှာ မွေးကင်းစကလေးတွေကို ဗလီတွေထဲနဲ့ သစ်ပင်တွေအောက်မှာ စွန့်ပစ်ထားခဲ့ကြတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/g0TJ4XFpwHw
👍5🔥3😁1
တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ၃ ဦးသေဆုံးဟုဆို

MTO
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ABSDF စစ်ကြောင်း (၃) က သတင်းထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂၅ ရက် ညပိုင်းတွင် တောင်ခင်ရန်း ရဲစခန်းကို ၆၀ မမ လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ABSDF စစ်ကြောင်း (၃)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုပြည့်ဖြိုးကျော်က ပြောသည်။
“မေလ ၂၅ ရက်နေ့ ညနေပိုင်း တောင်ခင်ရန်းရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုက ရဲ နဲ့ ပျူသုံး ဦးသေဆုံးပြီး အရာရှိတစ်ဦး ခြေထောက်ထိပြီး ဖြတ်လိုက်ရတယ်လို့ သတင်းပေးတစ်ဦးက ပြောတယ်ဗျ” ဟု ၎င်းကပြောသည်။
👍11😁2
တောင်ခင်ရန်းရဲစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများ မကြာခဏ ဝင်ထွက်သွားလာနေသည့် စခန်းတစ်ခုဖြစ်ပြီး စခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ နှင့် ပျူ‌စောထီး အင်အား ၄၀ နီးပါးရှိကြောင်း ရဲဘော်ပြည့်ဖြိုးကျော်က ဆိုသည်။
“ဒီရဲစခန်းကို အမှီပြုပြီး မြောက်ခင်ရန်းက ပျူစောထီးတွေဟာ အနီးအနားမှာရှိတဲ့ကျေးရွာတွေကနေ ရိက္ခာတွေ မကြာခဏယူဆောင်လေ့ရှိတယ်” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူအင်အားစုဆောင်းနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိမည်ထင်သည့်နေရာများကို စစ်ကြောင်းထိုး ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ရဲဘော်ပြည့်ဖြိုးကျော်က ဆိုသည်။
ယခုတိုက်ခိုက်မှုကို ABSDF စစ်ကြောင်း (၃) ၊ အမှတ် (၁၂)တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ နှင့် ဒေသခံ PDF များ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မကွေးတိုင်း
#ဂန့်ဂေါမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
​​ဖခင်သောက (သို့မဟုတ်) တေးရေးနိုင်မြန်မာ၏ သားအတွက် စိုးရိမ်ပူပန်မှု

မိုးသောက် မဲဆောက်
(မဇ္ဈိမ)
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော်ဗျူဟာကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသလို ဖမ်းဆီးခံရပြီး သုံးရက်မြောက်အထိ အဆက်အသွယ်မရသေးကြောင်း ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာက မဇ္ဈိမသို့ပြောသည်။
“ဘာအဆက်အသွယ်မှမရသေးပါဘူး။ ဘယ်ရောက်နေမှန်းလည်း စုံစမ်းလို့မရပါဘူး” ဟု တေးရေးနိုင်မြန်မာက ယနေ့ မေလ ၂၆ရက် နေ့လယ် ၁၂နာရီခန့်က ပြောသည်။
ဟစ်‌ဟော့အဆိုတော်ဗျူဟာသည် မေလ ၂၃ရက်နေ့လယ်က ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်ထက် ရန်ကုန်မြို့၌ လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှုနှင့်ပတ်သက်ပြီး ဒေါသထွက်ကာ စစ်ကောင်စီနှင့် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးကို ဆဲဆိုဝေဖန်ခဲ့သည့်အတွက် ထိုနေ့ည‌နေတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းနေထိုင်ရာ မြောက်ဒဂုံ၊ ဗထူးအိမ်ယာ၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးရက်မြောက်ဖြစ်သော ယနေ့မေလ ၂၆ရက် နေ့လယ်အထိ မိသားစုနှင့် အဆက်အသွယ်မရရှိသေးဟု သိရှိရသည်။
ကဗျာဆရာလည်းဖြစ်၊ နာမည်ကြီး တေးရေးဆရာလည်းဖြစ်သည့် နိုင်မြန်မာက သားဖြစ်သူ
ဖမ်းဆီးခံရပြီးနောက်"အော်ဟစ်ဆဲဆိုခြင်း ဋီကာ" ဟူသော ကဗျာတစ်ပုဒ်ကို ယနေ့မေလ ၂၆ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။
အလကားနေရင်း ဆဲနေတာမဟုတ်
"မတရားလေခြင်း"ဆိုပြီး ဆဲနေတာ
အကြောင်းရှာဖွေပြီး ဆဲနေတာမဟုတ်
"မကောင်းတာတွေချည်း"မို့ ဆဲနေတာ
သတ္တိကောင်းလွန်းလို့ ဆဲနေတာမဟုတ်
ရပ်ကြည့်လို့ မကောင်းတော့လို့ ဆဲနေတာ "ဟု အဆိုပါကဗျာတွင် ဖော်ပြပါရှိသည်။
ထို့အပြင် အဆိုတော်ဗျုဟာ ယခင်က သီဆိုခဲ့သော သီချင်းအချို့နှင့် ဗီဒီယိုဖိုင်အချို့ကိုလည်း တေးရေးနိင်မြန်မာက ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည် ဖြန့်ဝေထားသည်ကို တွေ့ရသည်။
ထိုအတောအတွင်း အဆိုတော်ဗျူဟာ သေဆုံးသွားပြီဆိုသော သတင်းများလည်း လူမှုကွန်ရက်ပေါ်တွင် ယနေ့ ပျံ့နှံ့လာသည်။ ညစ်ညမ်းပုံများ တင်လေ့ရှိသည့် ဖေ့စ်ဘွတ်ခ်အကောင့်တု တစ်ခုက ယနေ့နံနက်
၈နာရီခန့်တွင် စတင်ဖြန့်ဝေခြင်းဖြစ်သည်။
အဆိုတော်ဗျူဟာ၏ညီ မင်းရဲမြန်မာက ၎င်း၏ အစ်ကို၏ သတင်းများနှင့်ပတ်သက်၍ အချက်အလက်မခိုင်မာသော သတင်းများကို ဖြန့်ဝေခြင်းမပြုရန် လူမှုကွန်ရက်မှတဆင့် မေတ္တာရပ်ခံထားသည်။
" သတင်းတွေကို source သေချာမှ share ကြရန် မေတ္တာရပ်ခံပါသည်ခများ"ဟုမင်းရဲမြန်မာ၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ‌နေ့လယ်၁နာရီခန့်က ဖော်ပြထားသည်။
တေးရေးနိုင်မြန်မာသည် ၁၉၈၈ ခုနှစ်(၈၈)အရေးအခင်းကာလက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တွင် နာမည်ကြီးခဲ့သည့် တော်လှန်ရေးသီချင်းဖြစ်သော " ကမ္ဘာမကြေဘူး" သီချင်းကို ရေးသားခဲ့သူဖြစ်သည်။ " ကမ္ဘာမ‌ကြေဘူး" သီချင်းသည် ၂၀၂၁ ဖေ‌ဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် စတင်ခဲ့သော ပြည်သူလူထု၏ နွေဦးတော်လှန်ရေးသပိတ်များတွင်လည်း လူထုကြား အလွန်နာမည်ကြီးခဲ့သည်။
အဆိုတော်ဗျူဟာ၏ မေလ ၂၃ရက်က လုပ်ရပ်သည် ဖခင်ဖြစ်သူ၏ အနုပညာနှင့်ယုံကြည်ချက်‌က သားဖြစ်သူအပေါ် လွမ်းမိုးစီးဆင်းသွားခြင်းဖြစ်ပြီး ရဲရင့်သော သားအဖနှစ်ဦးဟု ပရိတ်သတ်များက မှတ်ချက်ပြုကြသည်။
ဖမ်းဆီးခံထားရ‌သောသားဖြစ်သူအပေါ် စိုးရိမ်ပူပန်မှုအပေါ် တေးရေးနိုင်မြန်မာက သီးခြားမှတ်ချက်မပြုသော်လည်း လတ်တလော ၎င်းရေးသားနေသည့် ကဗျာအချို့နှင့်ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ တင်နေသည့် အကြောင်းအရာများက ဖခင်တစ်ဦး၏ စိုးရိမ်မှုကို အတိုင်းသား မြင်တွေ့နိုင်သည်။
အဆိုတော်ဗျူဟာ သေဆုံးကြောင်းကောလာဟလများ ယနေ့ နံနက်ပိုင်း ထွက်ပေါ်လာပြီးနောက် တေးရေးနိုင်မြန်မာက စစ်ကောင်စီ၏ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့်အသိမိတ်ဆွေ၊ဆွေမျိုးသားချင်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC)ထံ အကြောင်းကြားရန် တိုက်တွန်းထားသည့်စာကို ဖြန့်ဝေခဲ့သည်။
ထို့အပြင် သားဖြစ်သူအဖမ်းခံရသည့်အပေါ် ရည်ရွယ်ရေးသားထားသည့် " အလကားကောင်တွေ" ဟု အမည်ပေးထားသောကဗျာတစ်ပုဒ်ကိုလည်း တေးရေးနိုင်မြန်မာက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
ငါက
ကိုယ့်ကိုယ်ကိုယ်တောင်မှ
အလကားပေးပစ်ခဲ့တဲ့ကောင်ပါကွာ
ခုတော့"ငါ့သား"ကိုပါ
အလကားယူသွားတာ
မြန်မာပြည်မှာတော့
ငါရို့လိုကောင်တွေ အလကားရတယ် " ဟူ၍။
စာတည်း - မောင်ကြီး
#mizzima
#နိုင်မြန်မာ
#ဗျူဟာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍9😁2❤1
​​ဆီဆိုင်နှင့် ပင်လောင်းရှိ စစ်ဘေးရှောင် ၁၆,၀၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရ

001
(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ဘေးရှောင်အရေအတွက် ၁၆,၄၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ၈,၄၀၀ ကျော်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၈,၀၀၀ ၀န်းကျင်ရှိကြောင်း ရှမ်းပြည်တောင်ပိုင်း၌ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အလှူရှင်များနည်းပါးလာပြီး နိုင်ငံတကာ အကူအညီများလည်း မရရှိသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်လာပြီး စစ်ဘေးရှောင်အများစုမှာ ပန်းရံနေ့စားလုပ်ကိုင်ပြီး ရှာဖွေစားသောက်နေရသကဲ့သို့ ချေးငှားပြီး စားသောက်နေရသူများ လည်းရှိကြောင်း သိရသည်။
“ဆီဆိုင်မှာတော့ နေရာတော်တော်များများ စားနပ်ရိက္ခာပြတ်သွားပြီ။ အလှူရှင်လည်း မလာတာ နှစ်လကျော် သုံးလနီးပါး ရှိတဲ့အခါကျတော့ တော်တော်များများ စားနပ်ရိက္ခာပြတ်ကုန်ပြီ။ လောလောဆယ်တော့ ရှစ်ထောင်၀န်းကျင်ရှိတယ်။ တချို့ကတော့ အခံနည်းနည်းပါတဲ့လူကတော့ ခံသေးတာပေါ့။ မပါတဲ့လူကတော့ နေ့စားခေါ်တဲ့သူရှိရင် နေ့စားလိုက်ပြီး စားနပ်ရိက္ခာဖြေရှင်းရတာပေါ့။ အလုပ်ကလည်း ပုံမှန်နေ့တိုင်းမရှိတဲ့အခါကျတော့ သူတို့အတွက် ခက်ခဲတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့နယ်သို့ ကရင်နီပြည်နယ် ဒီးမော့ဆိုမှ စစ်ဘေးရှောင်များ အများဆုံးလာရောက်ပြီး ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ လွိုင်ကော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ဘေးရှောင်အချို့လည်း လာရောက်ကြကြောင်း သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် နေ့စားလိုက်ပါက တစွနေ့လျှင် ကျပ် ၆,၀၀၀ ၀န်းကျင်သာရရှိပြီး အလုပ်အကိုင်မရသည့်နေ့လည်းရှိကြောင်း ဒီးမော့ဆိုမြို့နယ်မှ ဆီဆိုင်မြို့နယ် ဘုရားဖြူမွေတော်ကျောင်းသို့ လာရောက်စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။
“အခုက ဆန်ကျတော့ ကုန်တော့ ကုန်ခါနီးပြီ။ နည်းနည်းပဲကျန်တော့တယ်။ အယောက်တိုင်းပါပဲ ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ နေ့စားသွားတာလည်း နည်းနည်းပါးပါးလောက်ပဲ ဟင်းသီးဟင်းရွက်၀ယ်တာ အဲ့ဒီလိုမျိုးပဲရတယ်လေ”ဟု အဆိုပါ စစ်ဘေးရှောင်ကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များအတွက် ခြောက်လပိုင်းခန့်အထိ ဆန်ရိက္ခာ အဆင်ပြေနိုင်သေးသော်လည်း နောက်ပိုင်းတွင် လွန်စွာ အကျပ်အတည်းရှိလာနိုင်ကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူ နောက်တစ်ဦးကပြောသည်။
လက်ရှိတွင် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ထက်ဝက်ခန့်မှာ အပြင်တွင် နေ့စား တောင်ယာစိုက်ခြင်း၊ အခြားမြို့သို့ သွားရောက်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ကား၀ပ်ရှော့တို့တွင် လုပ်ကိုင်ခြင်းများလည်းရှိကာ သက်ကြီးပိုင်းများ၊ ရောဂါသည်များ၊ ကလေးမိခင်များစသည့် အလုပ်မလုပ်နိုင်သူများမှာမူ စစ်ဘေးရှောင်စခန်းများ ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်အများအပြားရှိသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ လာရောက်လှူဒါန်းမှုများ မရှိသည့်အပြင် ယခု နောက်ပိုင်းတွင် အခြားပြင်ပအလှူရှင်များလည်း လာရောက်မှုမရှိတော့​ကြောင်း အထက်ပါ စစ်​ဘေး​ရှောင် ကူညီနေသူက ပြောသည်။
“အခု အလှူရှင်က မလာတော့ဘူးဖြစ်နေတာ။ အဲ့တာကြောင့် နောက်လာမယ့် နှစ်လ၊ သုံးလ ဆိုရင် ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ နည်းနည်းတော့ စိတ်ဆင်းရဲတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် မကြာမီ မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက် ပင်လောင်းနှင့် ဆီဆိုင်ရှိ စစ်ဘေးရှောင်များအတွက် အဓိကလိုအပ်ချက် စားနပ်ရိက္ခာအပြင် ဆေးဝါးများ၊ ဆေးခြင်ထောင်များ၊ အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက် နှစ်သန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ကမေလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆီဆိုင်မြို့နယ်
#စစ်ပြေးဒုက္ခသည်
#ပင်လောင်းမြို့နယ်
#KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍4🔥2😁1
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာမှ ထွက်ခွာလာသည့် အင်းအား ၂၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို မေလ ၂၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး(CTPDF) တပ်ဖွဲ့က ထုတ်ပြန်သည်။
‌၎င်းစစ်ကြောင်းသည် လယ်ရှည်ရွာတွင် တစ်ညအိပ်ခဲ့ပြီး ဘန့်ဘွေးရွာသို့ ထွက်ခွာလာစဉ် မေလ ၂၅ ရက် နံနက် ၈ နာရီအချိန်ခန့်က တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့၍ ဘန့်ဘွေးရွာ အနီးတွင် ပဒေသာမိုင်း ၁၂လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း ချင်းတွင်းတိုက်ဂါး- (CTPDF) က ဆိုသည်။
"ထိတွေ့တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး၊ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဘန့်ဘွေးပျုရွာကိုပြန်လာတဲ့ စစ်ကြောင်းပါ" ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးမှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
👍9😁2
အင်းအား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ထိခိုက်ကျဆုံးသူများနှင့်အတူ ယမန်နေ့ မေလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဘန့်ဘွေးရွာကို ဝင်ရောက်သွားပြီး ယင်းနေ့ ညနေပိုင်းတွင် သေဆုံးစစ်သားများအား ဘန့်ဘွေးရွာ သုသာန်တွင် သေနတ်ပစ်ဖောက် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုများကို ချင်းတွင်း တိုက်ဂါး(CTPDF) နှင့်အတူ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး ဗိုလ်ဆံရှည်အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
#Mizzima
#CTPDF
Photo -CTPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
ရက်ပေါင်း ၈၀၀ မြောက် ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင့်ရေး ရက်ပေါင်း ၈၀၀ ရက်မြောက်အဖြစ် မေလ ၂၆ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် ယနေ့တွင် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်းကာ ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရက်ပေါင်း ၈၀၀ ချီတက်ခဲ့သည် ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုစောတာဒိုမှုး တို့မှ ဂုဏ်ပြုစကားများ ရုပ်သံများပေးပို့ခဲ့ကြောင်း သိရသည်။
👍12❤3😁2🔥1
ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်းရေး ပါဝင်လာသူများကို သပိတ်ရဲဘော်များမှ တော်လှန်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#သပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1