Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၆ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်
ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
"တရားဝင်မှုရဖို့ နည်းလမ်းမျိုးစုံနဲ့ကောက်ကျစ်နေတဲ့ စကစကို ပြည်သူ့အားနဲ့ဆန့်ကျင်ကြ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍13❤6😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်ထုတ်လွှင့်မှုများ

https://youtu.be/F1UK5cOk8As
👍10🤮3🍌2
မေလ( ၂၇ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စမ်းချောင်းမှာ လူငယ် ၁၆ ဦးကို အရပ်ဝတ်စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတဲ့သတင်းနဲ့အတူ မုန်တိုင်းဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအတွက် လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/nRTxue4unTg
👍15❤1🔥1🥰1👏1
ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့

-သမိုင်းဝင် ရှရာနာ ဘာဗေ့ရှ်ဝါ ရာ့သာ ယာထရာပွဲတော်ကို ကာနာတာယာရဲ့ ကာလာဘူရီမြို့မှာကျင်းပ

-အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမူရင်းတေးသီချင်းဆုကို”RRR”ဇာတ်ကားမှ “Naatu Naatu”ကရရှိ

-ကမ္ဘာလှည့်ခရီးသည်များက အိန္ဒိယနိုင်ငံ တောင်ပိုင်း နီလ်ဂီရီခရိုင်က ဆင်စခန်းတစ်ခုကိုသွားရောက်ခဲ့ကာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဇာတ်လမ်းတိုဆုကို ရရှိခဲ့တဲ့ “The Elephant Whisperpers”ထဲက ကြယ်ပွင့်လေးကိုသွားရောက်ကြည့်ရှူခဲ့

-ဘောဘိဝုဒ်မင်းသမီးများက မွမ်ဘိုင်းက Laken Fashion Weekမှာ ပါဝင်လျှောက်လှမ်းခဲ့ကြပြီး မိမိတို့ရဲ့ အလှအပများကိုပြသခဲ့ကြ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/Qhi8Z5r7CDY
👍8🔥4👎1
​​တရုတ်၏ ကုန်ထုတ်လုပ်ငန်း အမြတ်အစွန်း ၄ လဆက်တိုက်ကျဆင်း

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှ အမြတ်အစွန်းသည် ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း ကျဆင်းသွားပြီး စီးပွားရေး ပြန်လည်ကောင်းမွန်ရန် အလားအလာနည်းနေချိန်တွင် ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်ကို ကာမိစေရန်နှင့် ဝယ်လိုအား ကျဆင်းမှုများအတွက် ရုန်းကန်နေရကြောင်း မေ ၂၇ ရက်က တရားဝင် ထွက်ပေါ်လာသည့် အချက်အလက်များတွင် ဖော်ပြထားသည်။
👍12👏5🔥1😁1
96 Soldiers - PDF အညာဒေသ တပ်ခွဲ ခေါင်းဆောင် ကိုဇေယျာလွင် (အင်တာဗျူး)

https://youtu.be/l6vII-guM5E
👍18😁2
မြန်မာအာဏာသိမ်း စစ်တပ်ကို အမြန်ဆုံးအရေးယူပေးရန် နယ်သာလန် နိုင်ငံခြားရေးရုံးနှင့် ICJ ရုံးရှေ့တွင် ဆန္ဒပြ

မဇ္ဈိမ
မြန်မာအာဏာသိမ်း စစ်တပ်ကို အမြန်ဆုံး အရေးယူပေးရန် နယ်သာလန်ရောက် မြန်မာနိုင်ငံသားများက နယ်သာလန်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး( ICJ) ရုံး ရှေ့တွင် မေလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။
အာဏာသိမ်း စစ်တပ်၏ ထောင်သွင်းအကျဉ်းချ ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန်၊ ရိုအင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်သော စစ်အာဏာရှင်အား ICJ သို့အမြန်ဆုံးခေါ်ဆောင်ရန်၊ မြန်မာနိုင်အတွင်း ကျူးလွန်ထားသော စစ်ပွဲများ၊ လူ့အခွင်ရေးချိုးဖောက်မှူများနှင့် ပတ်သက်၍ စစ်အာဏာရှင်အား အမြန်ဆုံး ICC သို့ ပို့ဆောင်တရားစွဲဆိုရန် စသည့်အချက်များကို တောင်းဆိုဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဓာတ်ပုံ- (CJ)

#နယ်သာလန်
#စစ်အာဏာရှင်ကိုအရေးယူပေး
#ICJICC
#Mizzima
👍20❤7😁3
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းခန့် အမေရိကန် ကူညီ

မြန်မာနိုင်ငံတွင် လူ ငါးသန်းကျော်ထက်မနည်းပေါ် သက်ရောက်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ကြုံတွေ့ပြီးနောက် လူသားချင်း စာနာထောက်ထားသည့် လိုအပ်ချက်များကို တုံ့ပြန်ရန် ထပ်တိုး လူသားချင်း စာနာထောက်ထားသည့် အကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါးကို အမေရိကန် နိုင်ငံကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှတစ်ဆင့် အမေရိကန်က ထောက်ပံ့ကူညီသည်။
👍17🤮2
​​ဖားကန့်တွင် KIO မြို့နယ်အဆင့်အရာရှိနှင့် မိသားစုဝင်များကို စစ်ကောင်စီ ဖမ်းဆီး၊ နေအိမ်ကို ချိတ်ပိတ်ပြီး ကျောက်စိမ်းတုံးများ သိမ်းယူသွားဟုဆို

အဂမ်
(မဇ္ဈိမ)။ ။ဖားကန့်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် မိသားစုဝင်များကို ကျောက်စိမ်းအရိုင်းတုံးအမြောက်အများနှင့်အတူ စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။
မေလ ၂၅ ရက်နေ့ နံနက်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ် ကွက်(၃) ရှိ KlO လက်အောက်ခံပြည်သူ့လုံခြုံရေးအဖွဲ့မှ ဗိုလ်အဆင့်ရှိသူ လဘုန်(ခ)ဒေါ့ဖုန်း၏ အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခြင်းဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
" သူ့(လဘုန်)မိန်းမနဲ့ ကလေးတွေကိုလည်း ခေါ်သွားတယ်လို့ ပြောတယ်။ နောက်ပြီး အခုဝင်ဖမ်းတဲ့ အိမ်ကိုလည်း သူတို့ (စစ်တပ်) ချိတ်ပိတ်လိုက်ပြီ"ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသူများတွင် လဘုန်၏ကိုယ်ရေးအရာရှိဒိုင်ခေါင်းဆိုသူလည်းပါဝင်သည်ဟု သိရသည်။ လဘုန်၏ အိမ်ကို စီးနင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းသွားသူအရေအတွက်ကို မဇ္ဓျိမအနေဖြင့် အသေးစိတ်သတင်းအချက်အလက်မရရှိသေး‌ပေ။
လဘုန်နှင့်အတူ မိသားစုဝင်အချို့၊လဘုန်၏ကိုယ်ရေးအရာရှိတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA
စစ်ရေးချုပ်ရုံးမှ အမည်မဖော်လိုသည့် သတင်းရင်း မြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။
ထို့အပြင် လဘုန်၏ နေအိမ်မှ ကျောက်စိမ်းအရိုင်းတုံးအမြောက်အများကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ လဘုန်အားကျောက်စိမ်းတုံးများနှင့်အတူဖမ်းမိကြောင်းကို စစ်ကောင်စီက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ မေလ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဖားကန့်ဒေသ ကျောက်စိမ်းတူးဖောက်ရေးလုပ်ငန်းများတွင် စစ်ကောင်စီရော ‌KIO/KIA ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက ပြစ်တင်ဝေဖန်နေသည်။
လဘုန်အား စစ်ကောင်စီက ဖမ်းဆီးသွားခြင်းနှင့် လဘုန်ထံမှ ကျောက်စိမ်းတုံးအမြောက်အများပါ သိမ်းမိထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်အပေါ် အသေးစိတ်မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မဇ္ဈိမက ယနေ့မေလ ၂၇ရက် နံနက်တွင် ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းကိုင်ဆောင်သော်လည်း ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အဖြေမရခဲ့ပေ။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် KIA၊PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ
မကြာခဏ ပြုလုပ်နေကြကြောင်း ဒေသခံများကပြောသည်။
စာတည်း -မောင်ကြီး

#mizzima
#ဖားကန့်
#KIOအုပ်ချုပ်ရေးအရာရှိ
#ကျောက်စိမ်း
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬19👍9👏2🔥1😁1