Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)
တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။
ယင်းလှုပ်ရှားမှုတွင်"သွေးမအေးဒူးမထောက် အမြဲရဲရဲတောက်"စာတန်းပါ ဘန်နာကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြ‌ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုအား ဗမာလူငယ်များကွန်ရက်(ဗလက) မှ ဦးဆောင်၍ ဒေသခံကျောင်းသားလူငယ်များ ၊အမျိုးသမီးများနှင့် ရပ်ရွာလူထု အများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#အာဏာရှင်ဆန့်ကျင်ရေး
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍8🔥1😁1
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်တွင် စစ်ကောင်စီ တပ်က အရပ်ဘက်ပစ်မှတ်များအပေါ် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် တစ်ပတ်အတွင်း ဒေသခံ တဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ မေလ ၂၇ ရက်နေ့ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူ လူထု ထိခိုက်ဒဏ်ရာရပြီး ဘာသာရေးအဆောက်အအုံများ၊ ဒေသခံများ၏နေအိမ်များအပြင် ဥယျာဉ်ခြံ များ၊ အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးရသည်” ဟု KNU ဗဟိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၉၇) မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ နေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ပြီး ခြံအတွင်း ရပ်ထားသော ကားတစ်စီးပါ ပျက်စီးခဲ့ကြောင်း သိရသည်။
😢10🤬5❤1🔥1😁1
ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ(၉၇)မှ ၁၂၀ မမ အမျိုးအစားလက်နက်ကြီးဖြင့် အကြိမ်ရေ ၄၀ ခန့်ပစ်ခတ်ခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေး ရွာနှင့် ရွာတန်းရှည်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာမှ အသက်(၆၂)နှစ်အရွယ် ဦးအသောင်း နှင့် အသက်(၃၁)နှစ်အရွယ်ရှိကိုကျော်မင်းထွန်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွာတန်းရှည်ကျေးရွာမှ တိရစ္ဆာန် များလက်နက်ကြီးထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့မှုကြောင့် ကျိုက်ဒုံမြို့နယ်၊ ရပ်ကွက်(၁)ရှိ နေအိမ်တစ်အိမ် အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်တစ်ဦးသေဆုံး၍ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“နှစ်ယောက်က ညီအစ်ကိုတွေပါ။ သေသွားတာက အကြီးလေး လည်ပင်းကို ကျည်စဝင်သွားတာ။ အငယ် လေးကတော့ ဒဏ်ရာပြင်းတယ်။ သူတို့အိမ် ခေါင်မိုးတွေလည်း ပျက်စီးသွားတယ်။ အခြားပျက်စီးတဲ့ အိမ်တွေလည်းရှိတယ်” ဟု ကျိုက်ဒုံမြို့နယ်မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်နက်ကြီးကျည်ထိမှန်၍ အသက်(၁၅)နှစ်အရွယ် စောသန်းနိုင်ဦးမှာ လည်ပင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာ၌ပင်သေဆုံးခဲ့ရပြီး ၎င်း၏ ညီဖြစ်သူ အသက်ခုနစ်နှစ်အရွယ်ရှိ မောင်စန်းဦးမှာ ထိခိုက် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း KNU အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြိး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၆)နယ်မြေ
#စစ်ကောင်စီတပ်
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🔥1😁1
​​ဗီယက်နမ်က နှစ်စဉ် ဆန်တင်ပို့မှုကို ၄၄ ရာခိုင်နှုန်း လျှော့ချမည်

ဗီယက်နမ်သည် ယမန်နှစ်က တစ်နှစ်တာ ပြည်ပဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၁ သန်းရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်ထက်နောက်မကျဘဲ ဆန်တင်ပို့မှုကို တစ်နှစ်လျှင် တန်ချိန် ၄ သန်းအထိ လျှော့ချသွားရန် ရည်မှန်းထားကြောင်း နိုင်ငံ၏ ဆန်တင်ပို့မှု မဟာဗျူဟာ ထုတ်ပြန်ဖော်ပြချက်တစ်ရပ်ထဲတွင် အစိုးရက ပြောသည်။
👍5❤1🔥1👏1
ကျွန်းစုမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် တိုက်ပွဲဖြစ်၊ ဒေသခံ ၂,၀၀၀ နီးပါး ထွက်ပြေးနေရ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာသို့ စစ်သင်္ဘောနှင့် စက်လှေများဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
ယမန်နေ့ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်က ဘန္ဒနဲကျေးရွာအုပ်စုသို့ စစ်ကောင်စီက စစ်သင်္ဘော တစ်စီးနှင့် စက်လှေငယ် ခြောက်စီး (ဒေသ အခေါ် သားပေါက်) ဖြင့် ရေကြောင်းမှ ဝင်ရောက် လာစဉ် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား အဖွဲ့တို့က ပူးပေါင်း ကြားဖြတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
👍6🔥1👏1
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက“တိုက်ပွဲက မနေ့က ဖြစ်ခဲ့တယ် ဆိုတော့ အခုချိန် အထိတော့ နှစ်ဖက် စစ်ရေး တင်းမာနေဆဲပါ။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်နေတော့ လက်နက်ချင်း အင်အား မမျှတော့ ကျွန်တော်တို့အဖွဲ့က ပြန်ဆုတ်ခဲ့ရတယ်”ဟု ပြောသည်။
လက်ရှိတွင် ဘန္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာ လေးရွာမှ ဒေသခံဦးရေ ၂,၀၀၀ နီးပါးသည် နီးစပ်ရာ ဇရပ်တောနှင့် ဥယာဥ်ခြံများအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အရေအတွက်ကို တိတိ ကျကျ မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ် ၊ ဘန္ဒနဲကျေးရွာအုပ်စုတွင် ကျေးရွာ ၁၄ ရွာရှိပြီး ဘန္ဒနဲကျေးရွာသည် ယခု ၂၀၂၃ ခုနှစ် မတ်လထဲတွင် ပထမ အကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား လေးဦး သေဆုံးပြီး လေးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဘန္ဒနဲကျေးရွာအုပ်စု
#ဒေသခံ ၂,၀၀၀ နီးပါး ထွက်ပြေးနေရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​KIO နှင့် PSLF တို့ တွေ့ဆုံဆွေးနွေးပြီး ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းရန် သဘောတူကြောင်း ထုတ်ပြန်

ကချင်လေး
(မဇ္ဈိမ)။ ။ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ နှစ်ရက်တာ အထူးတွေ့ဆုံမှု အပြီး ထာဝရမဟာမိတ်စာချုပ်အား ဆက်လက် အသိအမှတ်ပြု ထိန်းသိမ်းအကောင်အထည်ဖော်ပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် သဘောတူကြောင်း ယနေ့ မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် အချို့ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းအပြင် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ် အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲ နေထိုင်သွားရန်၊ အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်း စကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆိုသည့်အချက်လည်း ထုတ်ပြန်ချက်၌ ပါဝင်သည်။
ကချင်နိုင်ငံရေးလေ့လာသုံးသူ သတင်းရင်းမြစ်တစ်ဦးက "ရှမ်းမြောက် ဒေသ ( Kachin Sub-State )မှာ နှစ်ဖက်အတွက် နာမးလည်နိင်မှုတွေ တိုးပွားလာရင် အခြေအနေမကောင်း အကြောင်းမလှတဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာနိင်တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီထုတ်ပြန်ချက်မှာထက် ပိုပြီး လေးနက်တဲ့ အကြောင်းအရာများကို ဆွေးနွေးထားပြီးလောက်ပြီလို့ သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ဒေသတွင်းရှိ ဒေသခံများဖြစ်ကြသည့် ကချင်၊ တအာင်း(ပလောင်)၊ ရှမ်း လူမျိုးများနှင့် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်အချက်များလည်း ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် သတင်းဖလှယ် အသိအမှတ်ပြု အားပေးရန်နှင့် အခြားလိုအပ်သည့် ကိစ္စများကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထာဝရ မဟာမိတ်စာချုပ်
#KIO
#PSLF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2😁1
​​စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက ‘ဖြတ် ၄ ဖြတ်’ နည်းနာနှင့် ဆက်စပ်နေ

အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုနေခြင်း၏ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့အနေဖြင့် ရိက္ခာ၊ ရန်ပုံငွေ၊ ထောက်လှမ်းရေးသတင်းနှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ခြင်းတို့ ပါဝင်သည့် စစ်တပ်၏ “ဖြတ် လေးဖြတ်” နည်းနာကို အကောင်အထည်ဖော်လိုနေခြင်းဖြစ်သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ သုတေသီနှင့် နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သည့် ကိုမိုးထက်နေက ပြောသည်။
👍7😁3
မေလ (၂၈) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ကော့သောင်းမှာ စစ်ကောင်စီက အသက် မပြည့်သေးသူ အပါအဝင် ၈ ဦးကို စစ်ကြောရေးမှာ ပစ်သတ်လိုက်တဲ့သတင်းနဲ့အတူ

ဒိုက်ဦးအကျဉ်းထောင်ကနေ နိုင်/ကျဉ်း ၂၀ ဦးကို စစ်ကြောရေးကို ခေါ်ဆောင်သွားပြီးတဲ့နောက် ၁ ဦး အသတ်ခံလိုက်ရတဲ့သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/V9v8KBpe6fc
👍2😁2👏1🤔1
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရေဘေးသင့်ကျေးရွာများ အကူအညီလိုအပ်နေ

KMN
(မဇ္ဈိမ)။ ။မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက် ပြီး ရေဘေးသင့်ခဲ့သည့် စစ်ကိုင်တိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း မှ ကျေးရွာများအတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ တောင်ယမားချောင်းဘေးမှ ကျေးရွာ ၁၂ ရွာ၊ မြောက်ယမားချောင်းဘေးမှ ကျေးရွာသုံးရွာ၊ စုစုပေါင်း ကျေး ရွာ ၁၅ ရွာခန့် ရေဘေးကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
“ပုသိမ်၊ မုံရွာလမ်းဘေးဝဲယာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။ လက်ရှိအခြေနေကတော့ ရေဘေးသင့်ပြည်သူတွေ အိမ်ပြန်ဝင်ဖို့အခြေနေပေးပေမယ့် စစ်ကောင်စီတပ်အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်" ဟု ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တာဝန်ရှိသူက ဆိုသည်။
👍6🔥4😢3
လတ်တလောတွင် ရေးဘေးသင့် စစ်ဘေးရှောင်များအား အလှူရှင်များအကူအညီဖြင့် ပရဟိတအဖွဲ့များ က ထမင်းဟင်းချက်ပြုတ်ကျွေးမွေးနေကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းမှ ကျေးရွာများမှာ တရုတ် ကုမ္မဏီများဖြစ်ကြသည့် ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများအတွက် အကာကွယ်ပေးရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းများကြောင့် တလလျှင် သုံးကြိမ်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။
ရေဘေးသင့်ကျေးရွာများအတွက် “ပြည်သူမှပြည်သူ ရေဘေးကူ” အစီအစဉ်ကို ပြုလုပ်နေပြီး ဇွန်လ ၁၀ ရက်နေ့အထိ ပြည်သူမှပြည်သူသို့၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ စသည့် လူမူကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့အစည်များမှ ထုတ် ပြန်ထားသည်။
ဓာတ်ပုံ - ပြည်သူမှ ပြည်သူသို့/FB (ပုံဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ယင်းမာပင်မြို့နယ်
#စစ်ဘေးရှောင်
#ရေဘေးသင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥2