Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံမှာ အာဏာသိမ်းခြင်းဖြစ်ပွားနေပြီဆိုတဲ့ သတင်းအမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6746297305405117/?_rdc=1&_rdr

#Misinformation_Buster #Fake_News #Shorts #Reels #Thai #MFP #Pita #Coup
💩4👍2😁2
This media is not supported in your browser
VIEW IN TELEGRAM
အွန်လိုင်းဆယ်လီတွေရဲ့ live ကို ပြန်လည်အသုံးပြုပြီး လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူတာတွေ ရှိနေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6745664745468373/

#Misinformation_Buster #Fake_News #Shorts #Reels #Cele #Live
🔥3💩1
​​ဂျပန်ရောက် ရခိုင်လူမှုရေးအသင်းက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင် ကောက်ခံရရှိ

ကီရာ
(မဇ္ဈိမ)။ ။မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဂျပန်ရောက် ရခိုင်လူမှုရေးအသင်းမှ ယန်း ၁၀ သောင်း မတည်ခဲ့ပြီး ဂျပန်ရောက် ရခိုင်လူမျိုးများ၏ပါဝင်လှူဒါန်းမှုများဖြင့် လက်ရှိတွင် မြန်မာငွေကျပ် သိန်း ၂၀၀ ဝန်းကျင်ရရှိထားကြောင်း သိရသည်။
“မြေပြင်ကို တိုက်ရိုက်ရောက်အောင် စီမံသွားမှာပါ။ အရင်က ကျနော်တို့ လှူဒါန်းခဲ့ဖူးတဲ့နေရာတွေလည်း ထိခိုက်ပျက်စီးတာတွေရှိလို့ အဲဒီနေရာတွေကိုပါ လှူဒါန်းနိုင်အောင် စီမံသွားမှာပါ။ ဒီနေရာမှာ ကယ်ဆယ် ရေးဆိုတာထက် ပြန်လည်နေရာချထားရေးကို ပိုပြီးဦးစားပေးလုပ်ဆောင်သွားမယ်။ နေရာတွေကတော့ အထိခိုက်အများဆုံးနေရာတွေဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းပါ ခင်ဗျ” ဟု ရခိုင်လူမှုရေးအသင်း(ဂျပန်)ဥက္ကဋ္ဌ ဦးခင်မောင်ချင်းက ပြောသည်။
မုန်တိုင်း‌ဒဏ်သင့် ဒေသများအတွက် အလှူငွေကောက်ခံခြင်းများကို ယခုမေလကုန်အထိ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး အလှူငွေကောက်ခံမှုများပြီးစီးပါက ပြန်လည်နေရာချထားရေးအတွက်စတင်လုပ် ဆောင်တော့မည်ဖြစ်ကြောင်း ဦးခင်မောင်ချင်းက ဆက်လက်ပြောကြားသည်။
ရခိုင်လူမှုရေးအသင်း(ဂျပန်)ကို ၁၉၉၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ပရဟိတလုပ် ငန်းများလုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် ဂျပန်ရောက် ရခိုင်မိသားစု မိတ်ဆုံစားပွဲများ၊ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲများ၊ Golden week ခရီးစဉ်၊ နွေရာသီခရီးစဉ်၊ New year ခရီးစဉ် အပျော်ခရီးထွက်ပြီးရန်ပုံငွေရှာခြင်းများအပြင် ဂျပန် ရောက်စလူငယ်များ ငွေကြေးအခက်အခဲရှိပါက ယန်း ၅၀,၀၀၀ ကို အတိုးမဲ့ ခြောက်လချေးပေးခြင်းနှင့် ဂျပန်ရောက် ရခိုင်မိသားစုများ၏ သာရေးနာရေးများတွင် အလှူငွေကောက်ခံပေးခြင်းများကို လုပ်ဆောင် ပေးလျက်ရှိသည်ဟု သိရသည်။
ထို့ပြင် ပြည်တွင်း၌လည်း ရခိုင်သဟာယအသင်း(ရန်ကုန်)မှ နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ သုံးဦးကို ပညာသင်ထောက်ပံ့ကြေးပေးခြင်းနှင့် ပညာရေးဖောင်ဒေးရှင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများ တွင် အဆောက်အအုံနေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအတွက် ဆန်အိတ်များလှူဒါန်းပေးခြင်းများကို လုပ် ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်း
#ရခိုင်လူမှုရေးအသင်း(ဂျပန်)
#ဂျပန်နိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2💩2
စာပို့ငှက်များနှင့် စကားပြောခြင်း

တစ်ဦးနှင့် တစ်ဦး စာပို့ခြင်းဖြင့် တော်လှန်ရေးကို အထောက်အကူဖြစ်စေနိုင်သော အစီအစဉ်တစ်ခုကို ငှက်တစ်အုပ်က ဖန်တီးထားကြသည်။ " သို့ စာပို့မယ်" ဟု နာမည်ပေးထားသောအစီအစဉ်တွင် စာလွှာပါးနေကြသော အချစ်ငှက် တဖြစ်လဲ အဆိုတော် သဇင်ညွန့်အောင်၊ ခို နဲ့ ကျီးတို့ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

https://youtu.be/t4gltJXrXEg
❤9👍5😁2
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၉၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၈ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်
ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
"ဒါတိုက်ပွဲ အမှန်တရားအတွက်တိုက်ပွဲ ငါတို့ပြည်သူအဆုံး၊ ထိသွားမယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

#ဆန္ဒပြ
#Mizzima
👍23❤9😁2
မေလ (၂၉) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မြန်မာ့အရေး ကိုင်တွယ်ဖို့ အာဆီယံအနေနဲ့ ကြားဝင်မစွက်ရေးမူကို စွန့်လွှတ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း ပြောတဲ့သတင်းနဲ့အတူ

KIO နဲ့ PSLF တို့ တွေ့ဆုံဆွေးနွေးပြီး ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက်အသိအမှတ်ပြု ထိန်းသိမ်းဖို့ သဘောတူကြောင်း ထုတ်ပြန်ထားတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/KPUAl5ULs5c
👍12😁2
ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေယျာမျိုး သေဆုံး

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း KNDF ပူးပေါင်းတပ်နှင့် ဖြစ်ပွားခဲ့သော မေလ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသက် (၃၅) နှစ်အရွယ် ဗိုလ်မှူး ဇေယျာမျိုး သေဆုံးသွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးထံမှ သိရသည်။
ဗိုလ်မှူး ဇေယျာမျိုးသည် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၄၂၅) မှဖြစ်ပြီး ၎င်း၏ ရက်လည်ဆွမ်းသွပ်ကို ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မိသားစုတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
“ဗိုလ်မှူး ဇေယျာမျိုးသည် ဒီးမော့ဆိုမြို့ တစ်နေရာတွင် မေလ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ကျဆုံးသွားသည်” ဟု မိသားဝင်တစ်ဦးက ရေးသားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထိုသို့ရေးတင်ခဲ့သူ မိသားစုဝင်မှ အဆိုပါ ပိုစ့်ကို ပြန်လည်ဖြုတ် ချသွားသည်ကို တွေ့ရသည်။
👍20😁5❤3
ဒီးမော့ဆို အရှေ့ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၄၂၅)၊ ခမရ (၅၁၇) ၊ ခလရ (၂၈၇) တပ်ရင်းများနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထိုသို့ ၁၀ ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး၊ ဗိုလ်အဆင့်ရှိသူ နှစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူး ဇေယျာမျိုးသည် အဆိုပါ တိုက်ပွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၊ ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ထက်မနည်းပြုလုပ်ခဲ့ပြီး KA မှ ရဲဘော် တစ်ဦးနှင့် KNDF မှ ရဲဘော် ခုနစ် ဦးကျဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင်မူ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေါလျားခူကျေးရွာ အရှေ့ဘက်တောင်ပေါ်မှ ဒေါတငူးသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ထိတွေ့တိုက်ပွဲများရှိနေသေးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ယနေ့ မေလ ၂၈ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲပေါင်း ၆၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂,၀၀၀ နီးပါးသေဆုံးကာ KNDF ၊ PDF၊ KA ဘက်မှ ကျဆုံးသူ ၂၅၀ ကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
#ဒီးမော့ဆို
#ဗိုလ်မှူးဇေယျာမျိုး
#ဒီးမော့ဆို
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤6😁3🥰1💔1
စစ်ကောင်စီလက်ထက် ဇောက်ထိုးဆင်းနေသော အညွှန်းကိန်းများ

အရပ်သားအစိုးရဆီကနေ အာဏာလုယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ့ အညွှန်းကိန်းတွေဟာ စိုးရိမ်ရေမှတ်ရောက်လာနေပါတယ်။ အာရှမှာ အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာသလို စားနပ် ရိက္ခာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲလည်းရောက်လာပါတယ်။ ဒါ့အပြင် သတင်း လွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ အဂတိလိုက်စားမှု အများဆုံးနိုင်ငံတစ်ခုလည်း ဖြစ်လာနေတာပါ။

https://youtu.be/hZeq6hOg7jE
👍16🔥2
ခေတ်ပျက်ကြီးမှာ ပိုမိုကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေနဲ အသားကျလာတဲ့ ပြည်သူများ

ကီရာ
“၂၄နာရီပြည့်တာနဲ့အရင်းကော အမြတ်ကော ပြန်ထုတ်လို့ရတယ်။ ကလစ်လုပ်ရုံနဲ့ ပိုက်ဆံတွေဝင်နေပြီး ကံစမ်းမဲတွေလဲရှိတယ်။ လူမရှာတတ်ဘူးဆိုတဲ့သူတွေအနေနဲ့လည်း လူမရှာပဲငွေသွင်းထားရုံ အိမ်မှာထိုင်နေရုံနဲ့ ငွေတွေအလကားနေရင်း ဝင်နေမှာနော်။ ပေးထားတဲ့အတိုးကများလို့ လက်ဖက်ရည်ဖိုးလောက် လုပ်ချင်ရင်တော့စမ်းကြည့်ကြပါ” ဆိုသည့်စာသားသည် အွန်လိုင်းရင်းနှီးမြှပ်နှံမှုငွေရှာဂရုဟုအမည်ပေးထားသောဂရုတစ်ခုမှ ပိုစ့်ဖြစ်သည်။
အဆိုပါပိုစ့်ကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်က Exxon Film Inverstmentဟူသော အွန်လိုင်းအက်ပလီကေးရှင်းမှ လူ၃သောင်းကျော် ငွေသိန်းပေါင်းများစွာ အလိမ်ခံရထားသည့်လူများစုဝေးရာ ဂရုတစ်ခုထဲတွင် စိုင်းနေအောင်ဆိုသောအကောင့်ပိုင်ရှင်မှ လာရောက်တင်ထားခဲ့သည်ကိုတွေ့ရခြင်းဖြစ်သည်။
ယခုလိုပုံစံတူ ဂရုများထဲသို့ မမျှော်လင့်ပဲရောက်ရှိရာမှ ၎င်းတို့ရေးသားထားသော မက်လုံးများနှင့် အကြောင်းအရာများကြောင့် ငွေများထည့်သွင်းမိပြီး ငွေအလိမ်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်ဟုသိရှိရပြီး အဆိုပါလူများထဲတွင် ကိုဝင်းဇော်လွင်သည်လည်းတစ်ဦး အပါအဝင်ပင်။
👍6😁5
‘’ဘယ်သူကအဲဂရုထဲ ထည့်လိုက်လဲမသိပါဘူး အဲ့ဂရုထဲရောက်နေတာကနေ စာတွေလိုက်ဖတ်ကြည့် လေ့လာကြည့်ရင်းနဲ့ အဲ့ကအဖွဲ့ခေါင်းဆောင်ထင်ပါတယ်။ အပြောအဆိုတွေ အရေးအသားတွေ ကောင်းတဲ့သူတစ်ယောက်ကို ချိတ်ဆက်ရင်းလေ့လာကြည့်ချင်တယ်လို့ပြောရင်းနဲ့ အဲ့မှာပါဝင်ဖြစ်သွားတာပါ’’ ဟု ကိုဝင်းဇော်လွင်က Exxon Film Inverstment ငွေအလိမ်ခံရသည့်ဖြစ်စဉ်တွင် မမျှော်လင့်ပဲ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြသည်။
သို့သော် ကိုဝင်းဇော်လွင်အတွက် အွန်လိုင်းအက်ပလီကေးရှင်းမှ ငွေအလိမ်ခံရခြင်းသည် ယခုဖြစ်စဉ်က ပထမဆုံးမဟုတ်ပေ။ ကိုဝင်းဇော်လွင်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်စတင်ပေါ်ပေါက်လာသည့် JOOM အက်ပလီကေးရှင်းတွင် ပထမဆုံး ပါဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းကြောင့် ငွေနှစ်သိန်းကျော် ဆုံးရှုံးနစ်နာခဲ့ရာမှ ယခု Exxon Film တွင် ဆက်လက်ပါဝင်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံး အလိမ်ခံခဲ့ရသည့် အတွေ့အကြုံမှ ရရှိခဲ့သည့် သင်ခန်းစာများကြောင့် ယခု အက်ပလီကေးရှင်းသည်လည်း လိမ်လည်မည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ကြောင်း သိရှိခဲ့သော်လည်း ယင်းအက်ပလီကေးရှင်းများသည် သတ်မှတ်ချိန်တစ်ခုအတွင်းသာ လှုပ်ရှားလေ့ရှိသည်ကို ခန့်မှန်းမိသောကြောင့် ပါဝင်ဖြစ်ခဲ့သည်ဟု ကိုဝင်းဇော်လွင်ကပြောသည်။
သတ်မှတ်ချိန်အတွင်း ရင်းနှီးငွေမြန်မြန်ထည့်ပြီး အချိန်မီပြန်ထုတ်နိုင်လျှင် အကျိုးရှိနိုင်သည်ဟု ကိုဝင်းဇော်လွင်က ယူဆသည်။
“ဘယ်လိုအလိမ်အညာမျိုးဖြစ်မလဲဆိုပြီးအချိန်ပေးရင်းလေ့လာကြည့်ရင်းနဲ့ နည်းနည်းလေးအချိန်ကြာမယ်ထင်ခဲ့တာ။
ဒီဆိုဒ်တွေရဲ့သဘောသဘာဝကတော့ အချိန်တန်ရင် ရိုက်စားဖြစ်ဖြစ်သွားကြတာများတယ်လေ။ အဲ့ဒီအတွက်ရိုက်စားဖြစ်မှာပဲဆိုတာကတော့ သိတယ်၊ သိပေမယ့် တော်တော်နဲ့မဖြစ်လောက်သေးဘူးဆိုတဲ့ ယုံကြည်မှုအတိုင်းအတာလေးတွေကိုသူတို့က ချပြထားတာတော်တော်လေးများတယ်။ အလှူအတန်းလုပ်တာတွေပြထားတာတို့ ကုမ္ပဏီကို For Show လုပ်ထားတာတို့ ပြီးတော့ ဆယ်လီတွေက ကြော်ငြာပေးတာတွေကြောင့်လဲ ကြာမယ်ထင်ခဲ့လို့ အဲ့ဒါကို လုပ်ဖြစ်သွားတာပါ”ဟု ၎င်းပါဝင်ဖြစ်ခဲ့ပုံကို ရှင်းပြသည်။
အဆိုပါ Exxon Filmသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီတွင် ရပ်ဆိုင်းခဲ့သည့်အတွက် အချိန်ကာလ လေးလခန့်အထိသာ ဟန်ပြရပ်တည်နိုင်ခဲ့သည်။သို့သော် လေးလအတွင်း ကုမ္ပဏီတရားဝင်လုပ်ငန်းလိုင်စင်ဖြင့် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ၃ရက်တွင် လုပ်ဆောင်ခဲ့ပြီး ၊၎င်းတို့၏ ရုံးခန်းကိုလည်း လှိုင်သာယာမြို့နယ် KTA-6-FMIအိမ်ရာတွင် ဖွင့်လှစ်ခြင်းနှင့် ဆယ်လီ ဖူးပွင့်ခိုင်၊လမင်းကဗျာ၊ မှူးသခင်နှင့် လုလင်ပျိုတို့ဖြင့် ကြော်ငြာခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အလှူအတန်းလုပ်ပြခြင်းများ၊ ကုမ္ပဏီ မိတ်ဆုံစားပွဲများနှင့် အဖွဲ့ဝင်များ တွေ့ဆုံခြင်းများကိုလည်း လုပ်ဆောင်ပြခဲ့သည်။ ယင်းအချက်များကြောင့် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်သည်ဟုကိုဝင်းဇော်လွင်က ခန့်မှန်းခဲ့ပြီး ယင်းတို့ အက်ပလီကေးရှင်းတွင် ရင်းနှီးငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ပါက အမြတ်ပြန်ရနိုင်သည်ဟုသူက ပြောပါသည်။
အွန်လိုင်း အက်ပလီကေးရှင်း ငွေလိမ်နည်း
အဆိုပါ အက်ပလီကေးရှင်း၏ လုပ်ဆောင်ပုံသည် အဖွဲ့ဝင်များကို နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ခွဲခြားထားသည်ကိုတွေ့ရသည်။ Newbie Zone ၏လုပ်ဆောင်ပုံမှာ မိမိလက်အောက်တွင် တခြားအဖွဲ့ဝင်ထပ်မံရှာစရာမလိုအပ်ပဲ မြန်မာငွေကျပ် ၄၀၀၀၀ သွင်းရုံဖြင့် မည်သည့်အရာမှလုပ်ဆောင်ရန်မလိုအပ်ပဲ ၁.၈ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ ၅၀၀ ရရှိမည်ဟုသိရသည်။၅၀၀၀၀ သွင်းပါက ၁.၈ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ၉၀၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် ရေတိုအဖွဲ့ဝင်နှင့် ရေရှည်အဖွဲ့ဝင်ဟုလည်း ခွဲခြားထားပြီး ဇုန် ၁ ၊၂၊ ၃ ဟူ၍လည်း ခွဲထားသည်။ဇုန်အလိုက် ငွေထည့်သွင်းပြီး ငွေပြန်လည်ထုတ်ယူရန် စောင့်ရမည့်ရက်များလဲ မတူညီပဲ ရရှိသည့် ရာခိုင်နှုန်းများကိုလဲ ခွဲခြားထားပြန်သည်။ သို့သော်ငွေပိုမိုရရှိရန် လူအသစ်များ ထပ်မံရှာဖွေရမည့်အချက်ကို အဓိကထည့်သွင်းထားပြီး လူသစ်ရှာနိုင်သည်နှင့် အဆင့် ရာထူးတက်ပြီး ရရှိသည့် ရာခိုင်နှုန်းများကိုလည်း ထပ်မံတိုးမြှင့်ပေးထားသည်ကို တွေ့ရသည်။ ငွေပြန်ထုတ်ယူရန် တစ်ပတ် ၊ တစ်လ စသည်ဖြင့် အချိန်အမျိုးမျိုးကို ၎င်းတို့မှ သတ်မှတ်ထားသော်လည်း ငွေပြန်ထုတ်ယူပြီး အဆင့်များ ဆက်လက်တက်နေရန် ငွေပြန်ထည့်သွင်းရသည့်အချက်ကိုလည်း သတ်မှတ်ထားပြန်သည်။
ကိုဝင်းဇော်လွင်သည်လည်း သူ၏အသိမိတ်ဆွေများကို ငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ရန် ပြောပြခဲ့ပြီး ၎င်း၏လက်အောက်မှ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးခဲ့သည်ဟု ပြောသည်။
👍5😁2🔥1
“ကိုယ်ကနေပြီး တခြားမိတ်ဆွေလေးတွေကို ထမင်းအိုးတည်ပေးတဲ့အနေနဲ့ ဒီထဲငွေဝင်ဖို့ ပြောပေးခဲ့တာတွေ ရှိတယ် ပိုက်ဆံမရှိရင် ငါခဏစိုက်ပေးမယ်ပေါ့။ မြန်မြန်ဆန်ဆန်ငွေထည့် မြန်မြန်ဆန်ဆန်ပြန်ထွက်ပေါ အမြတ်ရပြီဆိုရင်ကိုယ့်အမြတ်လေးယူထား မြန်မြန်ထွက်လိုက်ဆိုတဲ့သဘောနဲ့ လုပ်ထားပေးတာတွေက နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ တကယ်လို့ သူတို့က ကြာဦးမယ် နည်းနည်းအချိန်ဆွဲပြီးတော့သွားနိုင်မယ့် အနေအထားမျိုးလေးတွေလဲပြင်ဆင်ထားတဲ့အတွက်ကြောင့် ကြာဦးမယ်ဆိုရင်တော့ အမြတ်ရနိုင်တဲ့အနေအထားပါ။ကိုယ်တစ်ယောက်ထဲ မဟုတ်ပဲ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပြောပြပေးခဲ့တဲ့ လူတွေကော ရနိုင်တဲ့အတွက် ထည့်ပေးလိုက်တာပါ”ဟု ပြောသည်။
သူအနေဖြင့် JOOM တွင်ရရှိခဲ့သည့် သင်ခန်းစာကြောင့် ယခုတကြိမ်တွင် ငွေအမြန်ထည့်သွင်းပြီးငွေ အမြန်ပြန်ထုတ်သည့်အတွက်ကြောင့် ငွေအရှုံးမရှိခဲ့ကြောင်း ပြောပြသည်။
သို့သော် ၎င်း၏မိတ်ဆက်ပေးမှုကြောင့် ရောက်ရှိလာသူများနှင့် ကိုဝင်းဇော်လွင်ကဲ့သို့ အဖွဲ့ဝင်များ၏ မိတ်ဆက်ပေးမှု ၊ လူရှာဖွေစုဆောင်းပေးရာတွင် ပါဝင်ခဲ့သူများသည် ငွေအမြန်ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိပဲငွေဆုံးရှုံး နစ်နာခဲ့ရသည်။
မသဲသဲ(အမည်လွှဲ)သည်လည်း Facebook မှတဆင့် လာမိတ်ဆက်သည့် Bhone Htet Myat အကောင့်ပိုင်ရှင်နှင့် စကားပြောမိရာမှ Exxon Film တွင် ငွေထည့်ဝင်ဖြစ်ခဲ့ပြီး ငွေကျပ် ၂၇သိန်း ဆုံးရှုံးခဲ့ရသူဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ညီမတို့ဘက်မှာက အလုပ်တွေက ခက်ခဲတယ် အလုပ်မရှိကြဘူးပေါ့။ အဲ့မှာသူက ကူညီပေးတဲ့သူလိုလို ဘာလိုလိုပေါ့”ဟု Facebook မှတဆင့် လာမိတ်ဆက်သည့် Bhone Htet Myat နှင့်စတင်တွေ့ခဲ့သည့်ပုံစံကို မသဲသဲက ပြန်လည်ပြောပြသည်။
အွန်လိုင်းမှတဆင့် ဆက်သွယ်လာသည်ကို ယုံကြည်ခြင်းကြောင့် ငွေထည့်သွင်းဖြစ်ခဲ့ခြင်းမဟုတ်ပဲ Exxon Filmမှ ပြသထားသည့် အချက်အလက်များ ၊ ဆယ်လီများ၏ ကြော်ငြာများနှင့် အစပိုင်းတွင် ငွေအမှန်တကယ် ထုတ်လို့ရခဲ့သည့်အတွက် ယုံကြည်မိခဲ့သည်ဟု ပြောသည်။
“ညီမတို့တွေကလဲ ဒီလောက်ထိ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုလာမိတ်ဆက်တာနဲ့ ရော့အင့်ဆိုပြီး ရင်းတဲ့သူတွေထဲမှာမပါပါဘူး။ သူတို့က အလှူလုပ်တာဆိုရင် သူတို့ သိန်း၄၀ကုန်တယ်ဆိုတာနဲ့ ဆယ်လီတွေကလဲ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပေါ့ ကြော်ငြာခရတဲ့ ငွေပမာဏလေးနဲ့ သူတို့နာမည်အပျက်ခံပြီး မကြော်ငြာပါဘူးလို့လဲ ပြောတယ်။ ပြီးတော့ လုပ်ငန်းတရားဝင်လိုင်စင်ကော ပြပေးတာနဲ့ ရုံးခန်းလဲရှိတယ် အဲ့မှာလဲ သွားပြီး လေ့လာကြည့်လို့ရတယ်ပေါ့။ အဲ့လိုအချက်တွေကြောင့် အမှန်တကယ်ပါလို့ ယုံကြည်မိပြီး အစမှာတော့ ငွေလဲတကယ်ထုတ်လို့ရတာဆိုတော့ ပိုပြီးစိတ်ချမိတယ်”ဟု မသဲသဲက ပြောသည်။
မသဲသဲသည် အစပိုင်းအနေအထားတွင် ငွေထုတ်ရခဲ့သည့်အတွက် ပိုမိုစိတ်ချယုံကြည်မိပြီး အဆင့်ရာထူးတက်ရန်အတွက် ငွေများမထုတ်ယူတော့ပဲ အကောင့်ထဲတွင် ဆက်လက်သိမ်းထားခဲ့ပြီး တခြားသူများဆီကပါ ငွေများချေးယူ၍ ထပ်မံ ငွေထည့်သွင်းခဲ့သည်ဟု ပြောပြသည်။
မြန်မာဆယ်လီများက ကြော်ငြာပေးမှုများကြောင့် သူမအပြင် သူမနှင့် ဆက်စပ်သူများသည်လည်း ပိုမိုယုံကြည်ပြီး ပါဝင်ဖြစ်ခဲ့သည်ဟုလည်း မသဲသဲက ပြောသည်။ ဆယ်လီဖူးပွင့်ခိုင်ကလည်း Exxon Filmမှ မဟုတ်တာတွေ လုပ်နေသည်ကို သိရှိခဲ့သည့်အတွက် သူမအနေဖြင့် ကုမ္ပဏီနှင့် ပြဿနာတက်ခဲ့ပြီး နောက်ထပ် ကြော်ငြာရန် ထပ်လာမဌားဖို့ ပြောဆိုခဲ့ကြောင်းနှင့် ကြော်ငြာခ ရရှိငွေ သိန်း၂၀ကိုလည်း SIV AIDS မိဘမဲ့ဂေဟာတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် သုံးစွဲမှု မပြုခဲ့ကြောင်း ၂၀၂၃ မတ်၁၉ရက်က ၎င်းလူမှုကွန်ရက်တွင် Exxon Filmနှင့် ပတ်သက်၍ ရေးသားခဲ့သည်ကို တွေ့ရသည်။ သို့သော် Exxon Film လိမ်လည်မှုပြုလုပ်ပြီး ရက်၂၀ကျော်မှ အဆိုပါစာကိုရေးသားခဲ့ခြင်းဖြစ်ပြီး ရေးသားပြီး အချိန်ပိုင်းအတွင်း အဆိုပါရေးသားမှုကိုလည်း ပြန်လည်ဖျက်သွားခဲ့သည်။ဆယ်လီ လမင်းကဗျာသည်လည်း ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၃တွင် Exxon Film ကြော်ငြာကို ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့ပြီး လိမ်လည်မှုများဖြစ်ပွားပြီးချိန်တွင် အဆိုပါကြော်ငြာကို ပြန်ဖြုတ်ထားခဲ့သည်ကိုတွေ့ရသည်။ လမင်းကဗျာကို Exxon Film ကြော်ငြာကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပထမတကြိမ်တွင် မအားသေးကြောင်း ပြော၍ ဒုတိယအကြိမ် ဆက်သွယ်ရာတွင် ဖြေကြားမှု မလုပ်နိုင်ကြောင်း ပြောသည်။
အွန်လိုင်းအက်ပလီကေးရှင်း ကြော်ငြာပေးသူတွေကို အရေးယူနိုင်သလား
အဆိုပါ အွန်လိုင်းအက်ပလီကေးရှင်းကိုကြော်ငြာပေးသူများသည်လည်း ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး နစ်နာသူများအနေဖြင့် သက်သေအချက်အလက်များဖြင့် တိုင်ချက်ဖွင့်နိုင်သည်ဟု အထက်တန်း ရှေ့နေတစ်ဦးက ဆိုသည်။
“သူတို့ကလဲ ကြော်ငြာတဲ့အနေနဲ့ပါဝင်ထားတာမို့ ဆက်သွယ်ရေးဉပဒေနဲ့ ငြိနေပါတယ်။ လိမ်တာကိုသိခဲ့တယ် မသိဘူးဆိုတာကတော့ တရားရုံးမှာပဲ ဖြေရှင်းရမှာပါ။ သူတို့ပါဝင်ကြော်ငြာထားတဲ့အချက်အလက်တွေကို ပြသပြီး တိုင်ချက်ဖွင့်လို့ရပါတယ်”ဟု Exxon Filmတွင် ပါဝင်ကြော်ငြာပေးသူများနှင့် ပတ်သက်၍ အထက်တန်းရှေ့နေက ယခုလိုပြောပြသည်။
👍6🔥2