Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဂ တွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊အလွဲသုံးစား ပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်းများ ဟု ဖော်ပြထားပြီး အဆိုပါပုဒ်မအတွက် ၃နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ငွေဒဏ်နှင့်ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေချမှတ်နိုင်သည်ဟုဖော်ပြထားသည်။
ထို့အပြင် ရုပ်ရှင်ပိုင်းမှ လူများကို အသုံးချ၍ ကြော်ငြာများ လုပ်ဆောင်လာခြင်းကို ယခုနှစ်ပိုင်းမှ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆင့်ပွားစေ◌ျးကွက်ဖြန့်ချိရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖြတ်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က သုံးသပ်သည်။
“ရုပ်ရှင်ပိုင်းက လူတွေ ထုတ်သုံးတာက ဒီနှစ်ပိုင်းမှ ဖြစ်လာတာ။ အရင်ကတော့ လူလိမ်တွေပဲ သူတို့ဘာသူတို့ရအောင် လိမ်သွားကြတာ။ ဒီလိုလူတွေက ဝင်ပြီး ကြော်ငြာပေးရင် ပိုပြီး စိတ်ဝင်စားကြတာကတော့ ဟိုးအရင် အွန်လိုင်းအခြေပြုမဟုတ်ပဲ တီဗီကြော်ငြာတွေနဲ့တောင် လိမ်သွားတာမျိုး ရှိခဲ့ဖူးတယ်လေ။ ရှယ်ယာလုပ်ငန်းဘာညာဆိုတာပေါ့ ။အဲ့တော့ အဲ့သဘောက ရှိပြီးသား၊ သူတို့က အဲ့သဘောကို ပြန်သုံးတဲ့ပုံစံပါပဲ။ ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်လေ သူတို့သဘောကျပြီးသားလူတွေ ပြောလိုက်ရင် ပိုပြီး ယုံကြတာမျိုးလဲရှိတာကိုး”ဟု ကိုဇင်ဇေလွင်က သုံးသပ်ပြောသည်။
၎င်းတို့ကြော်ငြာပေးခဲ့သည့် အက်ပလီကေးရှင်းမှ လိမ်လည်မှုဖြစ်ပွားခဲ့သည့်အခြေအနေကိုသိရှိပြီးသည့်နောက် ကြော်ငြာပေးခဲ့သည့် ဆယ်လီများသည် ပြည်သူလူထုကို အတိအလင်း တောင်းပန်ရန် လိုအပ်သည်ဟု ကိုဇင်ဇေလွင်က ဆက်လက် ပြောသည်။
ထို့အပြင်Exxon Film Inverstment သည် ရုပ်ရှင်ပိုင်းမှ လူများထုတ်သုံးခြင်း ၊ အလှူအတန်းလုပ်ပြခြင်းများအပြင် ၎င်းတို့အကြောင်းကိုမိတ်ဆက်ရာတွင် အသုံးပြုသည့် အခြားနည်းလမ်းတစ်ခုမှာမြန်မာနိုင်ငံတွင်ရန်ကုန်ရုံးအနေဖြင့် တရားဝင် ရုံးအထိုင်ရှိသည်ကိုအဓိကထား ပြောဆိုခြင်းဖြစ်သည်။
ထို့အပြင် Exxon Film Inverstment မြန်မာနိုင်ငံ ရန်ကုန်ရုံးခွဲဟု ၎င်းတို့ပြောဆိုသုံးနှုန်းနေသော လှိုင်သာယာ FMI အိမ်ရာရုံးတွင် အထွေထွေ မန်နေဂျာအဖြစ် မအိအိကို ခန့်အပ်ထားသည်။ မအိအိနှင့် ဆက်သွယ်မေးမြန်းရာတွင် သူသည်လည်း Exxon Film တွင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသူတစ်ဦးဖြစ်ပြီး သူဌေးနဲ့ တယ်လီဂရမ်အကောင့်မှသာ ဆက်သွယ်စကားပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် သူဌေးမည်သူမည်ဝါမှန်း သိရှိခြင်းမရှိကြောင်း ပြောသည်။ အဆိုပါရုံးတွင်လဲ အလှူအတန်းလုပ်ရန်ကိစ္စတစ်ခုတည်းအတွက်သာ အချိန်ပိုင်းအလုပ်လုပ်သည်ဟုပြောသော်လည်း ၎င်း၏လက်အောက်တွင် အလုပ်လုပ်ကိုင်ရန် Exxon Filmတွင် ရှိနေသော အဖွဲ့ဝင် ၇ဦးကိုပင် ၎င်းကိုယ်တိုင် အလုပ်ခန့်ထားခဲ့သည်။ မားကတ်တင်းဝန်ထမ်း ၅ဦး၊ စာရင်းကိုင်တစ်ဦးနှင့် အထွေထွေဝန်ထမ်းတစ်ဦးကို မအိအိကိုယ်တိုင် ခန့်အပ်ထားသော်လည်း သူကိုယ်တိုင်က Exxon Film Inverstmentတွင် အလှူအတန်းများ ဓာတ်ပုံရိုက်ရန် ကူညီရသူတစ်ဦးအဆင့်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လိမ်လည်မည့်လုပ်ငန်းတစ်ခုဖြစ်မှန်း မသိခဲ့ကြောင်း ပြော၍ ၎င်းအာမခံ၍ ထည့်သွင်းပေးထားသော အဖွဲ့ဝင်များကို လည်း ယခုလိမ်လည်မှုဖြစ်ပြီးနောက် လျော်ကြေးများသူကိုယ်တိုင် ပြန်လည်ပေးအပ်သည်ဟုဆိုသည်။သို့သော် မအိအိသည်လည်း Exxon Film မပေါ်ပေါက်မှီ JOOM အက်ပလီကေးရှင်းတွင် ကိုဝင်းဇော်လွင်ကဲ့သို့ပင် ပါဝင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ ယခု Exxon Film တွင် မန်နေဂျာအဖြစ် တာဝန်ယူထားသော်လည်း သူ့အနေဖြင့် လိမ်လည်မှုနှင့် သက်ဆိုင်ခြင်းမရှိပဲ တရားဥပဒေအရ အပြစ်ရှိသည်ဟုလည်း မယူဆကြောင်းပြောသည်။
“ အစ်မက Inverstment ပိုင်းက မဟုတ်ဘူး။ အလုပ်ခေါ်ကတည်းက အလှူတွေလုပ်ရင်ကူပေးဖို့ပဲပြောထားတာ။ ငွေအသွင်းတွေအထုတ်တွေကိုင်တာမဟုတ်လို့ တာဝန်ရှိတယ်လို့ မထင်ဘူး။ အစ်မ အာမခံပေးပြီး အဖွဲ့ထဲထည့်ပေးမိတဲ့သူတွေကိုတော့ ငွေတွေ ပြန်လျော်ပေးရတာရှိတယ်။ ဒီမှာက အလှူကိစ္စတွေမှာ ဓာတ်ပုံရိုက်ပေးတာနဲ့ မန်နေဂျာအနေနဲ့ မျက်နှာသွားပြ တွေ့ပေးရတာရှိတယ်။ ပြည်တို့ မြန်အောင်တို့ဘက်က အဖွဲ့ဝင်တွေက ဒီအက်ပလီကေးရှင်းအကြောင်း ရှင်းပြပေးဖို့ ခေါ်ရင် သွားပေးရတယ်။ ဒါကလဲ အလုပ်ဝင်ပြီးသုံးကြိမ်လောက်ပဲ သွားတွေ့ခဲ့ရတာ “ဟု Exxon Film Inverstmentဧ အထွေထွေမန်နေဂျာ မအိအိက အဆိုပါရုံးတွင် သူလုပ်ဆောင်ခဲ့ရသည်များကိုပြောပြသည်။
သို့သော် အဆိုပါ အက်ပလီကေးရှင်း အသက်ဝင်ဖြစ်မြောက်ရန်အတွက် ပူးပေါင်းကြံစည်သည့်အနေအထားဖြင့် သူကိုယ်တိုင်လည်း ပါဝင်နေသည့်အတွက် ဆက်သွယ်ရေးဥပဒေနှင့် လိမ်လည်မှုဥပဒေ ပုဒ်မ၄၂၀တွင် အကျုံးဝင်နေသည်ဟု အထက်တန်းရှေ့နေတစ်ဦးက ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။
👍9🔥1😁1
လိမ်လည်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀သည် အမြင့်ဆုံးထောင်ဒဏ် ၇နှစ်အထိချမှတ်နိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုလုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။
လိမ်လည်ခံရသူများသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ၊ဧရာဝတီတိုင်း ၊တနသ်ာရီတိုင်း၊ တောင်ကြီး ၊ရှမ်းပြည်ဘက်တို့တွင် အဖြစ်များပြီး လူတစ်ဦးတစ်ယောက်မှ စတင်၍ ၎င်းနှင့်ဆက်စပ်သည့် မိသားစုများ အသိမိတ်ဆွေများ ရပ်ကွက် ပတ်ဝန်းကျင် အစရှိသဖြင့် လိမ်လည်ခံရပြီး အွန်လိုင်းမှတဆင့် ဆက်သွယ်လိမ်လည်ရာတွင် မြို့နယ်အလိုက် သက်ဆိုင်ရာလူများမှ တဆင့် ဆက်စပ်လိမ်လည်မှု ပြုလုပ်လေ့ရှိသည်ဟုသိရသည်။ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများသည် အွန်လိုင်းအက်ပလီကေးရှင်းများ၏ ပြစ်မှတ်ထားမှုပိုမိုခံရပြီး အဆိုပါ အလုပ်သမားများမှတဆင့် မိသားစုဝင်များအထိ ငွေထည့်ပါဝင်မှုများ လုပ်ဆောင်ကြသည်။ မြို့နယ်အလိုက်၊ ပြည်နယ်အလိုက် အဖွဲ့အုပ်စုများပင် ရှိတတ်ကြပြီး အဖွဲ့အလိုက် အွန်လိုင်းမှတဆင့် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ကြပြီးနောက် လူတွေ့စည်းရုံးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ကြသည်ဟုသိရသည်။
👍8🔥2
ရန်ကုန်ရုံး မန်နေဂျာဟု အမည်ခံယူထားသောမအိအိသည်လည်း ပြည်၊ မြန်အောင်လို နေရာမျိုးများအထိ အဖွဲ့ဝင်များ၏ ဖိတ်ကြားမှုဖြင့် အက်ပလီကေးရှင်းအကြောင်း သွားရောက်ရှင်းပြမှုများ လုပ်ရသည်ဟု ပြောသည်။
လိမ်လည်ခံရမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် ပညာရေး ၊ စီးပွားရေး အခက်အခဲများကြောင့်နှင့် ပြည်သူများ၏ အဆင်မပြေမှုများတဆင့် ၎င်းအက်ပလီကေးရှင်းများကို ထွက်ပေါက်တစ်ခုကဲ့သို့ စိတ်ဝင်စားလာကြခြင်းမှ စတင်သည်ဟု ဆင့်ပွားစေ◌ျးကွက်ဖြန့်ချိရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖြတ်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က ပြောသည်။
“ပြည်သူလူထုရဲ့ ပညာရေးရေချိန်၊ စီးပွားရေးရေချိန်နဲ့ ဆိုင်တာပေါ့။ လူတိုင်းက စီးပွားရေးလည်လည်ပတ်ပတ် ကောင်းကောင်းမွန်မွန်လုပ်လို့ရနေတယ်ဆိုရင် ဒီလိုဟာတွေကို စိတ်ဝင်စားချင်မှစိတ်ဝင်စားမှာလေ။ ကိုယ့်အလုပ်မှာလည်း အဆင်ပြေနေရင်ပေါ့။ များသောအားဖြင့်ကတော့ သိပ်အဆင်မပြေလို့ ထွက်ပေါက်တစ်ခုကို ရမလားဆိုပြီးတော့ စိတ်ဝင်စားကြတဲ့သဘောများတာပေါ့”ဟု ၎င်းကဆိုသည်။
နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် အက်ပလီကေးရှင်းများ၏ တူညီသည့်အချက်မှာ ငွေရင်းပြီးသည်နှင့် အချိန်တိုအတွင်း ၎င်းတို့ထည့်သွင်းထားသည့်ငွေထက် ပိုမိုများပြားသည့် ငွေပမာဏကို လွယ်လွယ်ကူကူ ပြန်လည်ရရှိမည့် ဆိုသည့် မက်လုံးများပင်ဖြစ်သည်။ အဆိုပါ မက်လုံးများပေးရန် ၎င်းတို့အက်ပလီကေးရှင်း၏ ငွေရနိုင်သည့်အကြောင်းများကို ရှင်းပြပေးရန်အတွက် ခေါင်းဆောင်များ ၊သင်တန်းပေးသူများလည်း ယင်းအက်ပလီကေးရှင်းအတွက် သပ်သပ်ရှိနေသည်ကိုတွေ့ရသည်။ အက်ပလီကေးရှင်းတစ်ခုရပ်ဆိုင်းလိုက်ပြီးနောက် နောက်အက်ပလီကေးရှင်းအသစ်တစ်ခုပေါ်လာချိန်တွင် ယခင်ခေါင်းဆောင်များ ၊သင်တန်းပေးသူများမှ တခြားပုံစံတမျိုးဖြင့် တခြားလူသစ်များကို ထပ်မံချဉ်းကပ်ကြလေ့ရှိသည်။ ထို့အပြင် ယခင်အဖွဲ့ဝင်များမှလည်း ယခင်က၎င်းတို့ဆုံးရှုံးထားသည့်ငွေများ ပြန်လည်ရရှိရန်အတွက် နောက်အက်ပလီကေးရှင်းအသစ်တစ်ခုတွင် ဆက်လက်ပြန်လည်ပါဝင်လာကြပြီး နောက်ထပ် အဖွဲ့ဝင်သစ် ထပ်မံရှာဖွေပြီး ငွေပြန်လည်ရရှိရန် ထပ်မံလုပ်ဆောင်ကြသည်။
“နားလည်တတ်ကျွမ်းပြီး အကင်းပါးတဲ့သူတွေကျတော့ အရင်းတွေပြန်ရကြတယ်။ အဲ့မှာကိုယ်က များများလူရှာလေ ပိုက်ဆံများများရလေဆိုပြီး လောဘတက်သွားတဲ့ ခေါင်းဆောင်တဲ့သူတွေက အတင်းတွေ ပိုက်ဆံတွေရှာပြီး ထည့်ခိုင်းကြတယ်။ Leaderလုပ်တဲ့သူတွေ Trainer လုပ်တဲ့သူတွေကျတော့ တလိုင်းပေါ့။ သူတို့ထည့်ထားတဲ့ အရင်းအနှီးပေါ်မှာလဲ ငွေရသလို သူတို့ရဲ့ ကော်မရှင်ကလဲ ကြီးတယ်။ အဲ့အခါကျတော့ သူတို့တွေက သူတို့ရဲ့သီးသန့်လိုင်းကနေပြီးတော့ သပ်သပ်သွားကြတာ။ သူတို့တွေရဲ့ အဆွယ်တွေ အပြောတွေအောက်မှာ ခံရတာတွေကအများကြီးပေါ့။ သူတို့တွေကတော့ မခံရဘူးပေါ့ သူတို့ဆွယ်လို့ ပါတဲ့သူတွေကတော့ ခံရတာပေါ့”ဟု ကိုဝင်းဇော်လွင်က အဆိုပါ အက်ပလီကေးရှင်းများတွင် ပါဝင်ခဲ့စဥ်က ၎င်းမြင်တွေ့ခဲ့ရသည်များကိုပြန်လည်ပြောပြသည်။
လိမ်လည်ခံရသူများသည် တိုင်တန်းရာတွင်လဲ တဆင့် လာရောက်မိတ်ဆက်သူများလောက်ကိုသာ တိုင်တန်းမှုပြုလုပ်နိုင်ကြပြီး အဓိက လုပ်ဆောင်သူများကိုသိရှိခြင်းမရှိသည့်အတွက် တိုင်တန်းမှု မလုပ်ဆောင်နိုင်ကြပေ။ သို့သော် ၎င်းတို့ငွေလက်ခံရာတွင် အသုံးပြုသည့် ဖုန်းနံပတ်များ KBZ PAY အကောင့်များကို သေချာစစ်ဆေးမှု ပြုလုပ်နိုင်ပါက တရားခံပေါ်ပေါက်လာနိုင်သည်ဟု ကိုဝင်းဇော်လွင်က ခန့်မှန်းသည်။ လိမ်လည်သည့် အက်ပလီကေးရှင်းများ၏ CEO သည် နိုင်ငံခြားလူမျိုးတစ်ဦးအဖြစ် အသွင်ဖမ်းထားပြီး တယ်လီဂရမ်နှင့် ဆက်သွယ်ပြောဆိုရာတွင်လဲ ဆက်သွယ်ပြောဆိုသူများမှ မြန်မာလိုပြောသည်ကို ၎င်းမှ အဂ်လိပ်စကားဖြင့်သာ ပြန်လည်ဆက်သွယ်ပြောဆိုမှု ပြုလုပ်လေ့ရှိသည်ဟု အဖွဲ့ဝင်အချို့က ပြောသည်။
👍6🔥2
👍1🔥1
Exxon Film အက်ပလီကေးရှင်းသည် ကမ္ဘာဇဘဏ်နှင့်ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်း ငွေထုတ် လုပ်ဆောင်မှုကို ၀၉၇၆၊၇၇၊၇၈၊၇၉ နံပတ်များဖြင့် စတင်သည့် တယ်လီနောဖုန်းနံပတ်များကိုအသုံးပြုပြီး KBZ PAY အကောင့် ပိုင်ရှင် နာမည်အမျိုးမျိုးဖြင့် ငွေသွင်းငွေထုတ်များအား လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ အဆိုပါလိမ်လည်သည့်အကောင့်များကို ကမ္ဘာဇဘဏ်သို့ အကြောင်းကြား၍ အကောင့်ပိတ်ရန် တောင်းဆိုမှု ပြုလုပ်ရာတွင်လည်း အကောင့်ယာယီပိတ်ရန်၊ ကိုယ်လွှဲထားသည့်ငွေပမာဏကို ပြောပြရန် အကြောင်းအရာများနှင့်အတူ အမှုဖွင့်ထားသည့် ရဲစာနှင့်တကွ လာရောက်ဆက်သွယ်၍ရသည်ဟု ကမ္ဘာဇဘဏ်ဝန်ထမ်းတစ်ဦးကဆိုသည်။ သို့သော် အကောင့်ပိတ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်၍ အဆိုပါ စစ်ဆေးမှုသည် မည်မျှ အချိန်ကြာမြင့်မည်ကို မသိနိုင်ဟုလည်း ပြောသည်။
၂၀၂၂ခုနှစ် ဇူလိုင်လတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့သော JOOM အက်ပလီကေးရှင်းသည်လည်း ကမ္ဘာဇဘဏ်ဖြင့် ချိတ်ဆက်ထားသော KBZ PAY ဖြင့် ငွေသွင်းငွေထုတ် လုပ်ဆောင်ခဲ့ပြီး KBZ PAYအကောင့်များအတွက် မိုင်တဲလ် ဖုန်းနံပတ်များဖြစ်သည့် ၀၉၆၆၊၆၇၊၆၈၊၆၉ ဖြင့်စတင်သည့် ဖုန်းနံပတ်များကို အသုံးပြုခဲ့ကြသည်ကို လေ့လာသိရှိရသည်။
နစ်နာသူတွေဘက်က အခက်အခဲအွန်လိုင်းတွင် ယခုလို အလိမ်အက်ပလီကေးရှင်းများ ဆက်တိုက်ဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ “အွန်လိုင်းပေါ်မှာ လိမ်လည်မှုဖြစ်နိုင်ချေရှိတဲ့ မသ်ကာစရာလုပ်ငန်းတွေကို အထူးတပ်ဖွဲ့တွေဘာတွေကနေ စောင့်ကြည့်တာ ၊ တကယ်လို့တိုင်ကြားတာတွေရှိရင် လိုအပ်သလိုစစ်ဆေးတာ အဲ့လိုမျိုးတွေက မရှိဘူးလေ။ အဲ့ဒါက ရှင်းရှင်းပြောရင်တော့ လူလိမ်တွေက လိမ်လို့ လွယ်စေတယ်။ သို့မဟုတ်လဲ လိမ်ပြီးသွားရင် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားစရာမလိုဘူး။ ရှောင်လို့ပြေးလို့ လွယ်နေတယ်။ အဲ့အတွက် တစ်ခုပြီးတစ်ခုထပ်လိမ်လို့လဲ ရနေတယ်လို့ ကျွန်တော်ကတော့ ယူဆတယ်”ဟု ကိုဇင်ဇေလွင်က သုံးသပ်သည်။
ထို့အပြင် အလိမ်ခံရသည့် နစ်နာသူများမှ တိုင်ကြားမှုပြုလုပ်သူများသည် မရှိသလောက် ဖြစ်ပြီး တိုင်ကြားမှုပြုလုပ်ရန် အဖွဲ့ဝင်များကိုလိုက်လံစည်းရုံးသော်လည်း လိုက်ပါတိုင်ကြားသူမရှိကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုဝင်းဇော်လွင်က ပြောသည်။
“အိမ်က အသိမခံချင်လို့ ၊ တချို့ကျတော့ မဖြစ်မနေ ငွေပြန်ရမှ တိုင်မယ်ဆိုတဲ့သူတွေကလဲ ရှိတယ်။ ပိုက်ဆံတွေထပ်ကုန်မှာစိုးလို့ မတိုင်ချင်တာဆိုတဲ့သူလဲရှိတယ်”ဟု ၎င်းကပြောသည်။
သို့သော် အလိမ်ခံရသူ ၁၀၀ရာခိုင်နှုန်းတွင် လူ၇၀ရာခိုင်နှုန်းခန့်သည် အစပိုင်း ငွေထုတ်ရသည့်အချက်ကို အဓိကကြည့်၍ ငွေထုတ်ပြီးသည်နှင့် ရပ်မသွားဘဲ အဆင့်များတက်ရန် ငွေထပ်မံရရန် အတွက် ငွေများ ထပ်မံထည့်သွင်းကြခြင်းဖြစ်သည်။ ယင်းအက်ပလီကေးရှင်းများသည် ရိုက်စားဖြစ်ပြီး အချိန်တစ်ခုကြာလျှင် ရပ်ဆိုင်းသွားမည့်အချက်ကို သိကြသော်လည်း ငွေမြန်မြန်ထည့်သွင်း ငွေမြန်မြန် ပြန်လည်ထုတ်ယူဟူသော အချက်ကို လက်ကိုင်ထား၍ အချိန် ၊အခြေအနေကို အကဲခတ်ပြီး ငွေများဆော့ကစားကြသူများသည် ၇၀ရာခိုင်နှုန်း ခန့်ရှိနေသည်ကို တွေ့ရသည်။ကျန် ၃၀ရာခိုင်နှုန်းသည် မည်သည့်အခြေအနေ အနေအထားမျှ သိရှိခြင်းမရှိပဲ မိသားစု ၊ အသိမိတ်ဆွေများ၏ ပြောဆိုစည်းရုံးမှု၊ ၎င်းတို့ ငွေပြန်လည်ထုတ်ယူရရှိသည်များကို တွေ့ရှိမှုများကြောင့် အချိန်တန် ငွေများဝင်လာမည်ဟူသောအတွေးဖြင့် ငွေများ ပါဝင်ထည့်သွင်းကြခြင်းဖြစ်သည်။
“လုပ်ငန်းဆိုတာ ဟန်ပြလုပ်နေလဲရတာပဲလေ။ အောင်မြင်နေမှ အမြတ်က များများပေးနိုင်မှာ ။သူတို့ပေးနေတဲ့ အမြတ်တွေက ဘယ်က ရတာလဲပေါ့။ အချင်းချင်း နောက်ကဝင်တဲ့လူရဲ့ပိုက်ဆံကိုရှေ့ကလူကို လှည့်ပြီးတော့ ပေးနေတာမျိုး ဖြစ်နိုင်လား ဒါမှမဟုတ် တကယ်ငွေဝင်လမ်းကြောင်း ကြီးကြီးမားမား ရှိနေလားပေါ့။ ဒါတွေကို ကျွန်တော်တို့က ထောက်စစ်ရမှာပေါ့။ တချို့ကတော့ရှိတယ် ကိုယ်ပိုက်ဆံရရင် ဒါမှန်တယ်လို့ အလွယ်တွေးတာပေါ့။ ပိုက်ဆံဆိုတာကတော့ လှည့်ပေးနေရင် ရတာပဲပေါ့ ။ နောက်ပိုင်းကျမှသာ ထိမှာလေ ရှေ့ပိုင်းမှာတော့ လှည့်လှည့်ပေးနေမှာပဲလေ။လွယ်လွယ်ပြောရရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ရတယ်ပေါ့။ အဲ့တော့ ပိုက်ဆံပေးတိုင်းတော့ ဒီလုပ်ငန်းတစ်ခုက မလိမ်ဘူးလို့ ပြောလို့ မရဘူးပေါ့။ အဓိက အဲ့လုပ်ငန်းရဲ့ ငွေဝင်လမ်းကြောင်းသည် ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ရမှာ။ အဲ့လို ဆန်းစစ်တတ်တဲ့သူများလာရင်တော့ လိမ်လို့ရတာ နည်းလာမှာပေါ့”ဟု ကိုဇင်ဇေလွင်က ပြောသည်။
👍10🔥2
မေလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏2
ပြည်သူ့အားမာန်သပိတ်စစ်ကြောင်နှင့် ပူးပေါင်းချီတက်ခဲ့သည့်ရွာပေါင်းစုံသပိတ်

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း၍ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းနှင့်အတူ မေလ ၂၈ ရက်နေ့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း (၈၀၂) ရက်မြောက်နေ့အဖြစ် ချီတက်ခဲ့ကြခြင်းဟုသိရသည်။
စတည်း ။။ Alden
#ယင်းမာပင်
#ဆားလင်းကြီး
#သပိတ်
#ပြည်သူ့အားမာန်
#ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2😁2
မေလ (၂၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:56 − မတ်လနဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၀၀၀ ကျော်သေဆုံးတဲ့သတင်း

03:14 − စစ်ခေါင်းဆောင် မန္တလေးကိုရောက်နေချိန် ခြေလျင်တပ်ရင်း နဲ့ အခွန်ရုံး တိုက်ခိုက်ခံလိုက်ရတဲ့သတင်း

05:00 − တေးသံရှင်ဗျူဟာကို ဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ့်သတင်းနဲ့

09:30 − ဒီကနေ့ရရှိထားတဲ့ ရွှေစျေး၊ ငွေစျေးနဲ့ အရေးကြီးကုန်စျေးနှုန်းတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/N015YbTH_gU
👍14😁2