Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ (၆) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့ပြီးဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားပြန်ဝယ်နေတယ်ဆိုတဲ့သတင်းနဲ့အတူ

လူမှုကွန်ရက်စာမျက်နှာမှာ ဝါဒဖြန့်ချိခွင့်မရဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဝန်ခံလိုက်တဲ့သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး

အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။

နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါ။

https://youtu.be/fDVMdzkE1uM

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15❤1🔥1😁1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
==================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

"စစ်ခွေး မိစ္ဆာသုတ်သင်ပွဲ ပြည်သူအားလုံးပါဝင်နွှဲ အရေး တော်ပုံအောင်ရမည်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၄)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍15❤8🔥4😁1
ဇွန်လ (၇) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၂၀၀၀ ကျော်ကို ချေမှုန်းထားကြောင်း KNDF ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ

ကမ္ဘာမြေချစ်သူဆု ၄ နှစ်အတွင်း ပြန်လည်ပေးအပ်သွားမယ့်အကြောင်းတွေအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးတသငင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်ကို တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/V5DYHf5RSPI

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2❤1
​​ကရင်နီနယ်ကို ပွိုင့် 5 ရောက်ပြီ
==============

002
ကရင်နီနယ်ကို ပွိုင့် 5 ရောက်ပြီဖြစ် ကြောင်း KNDF ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း ထောက်ပို့ကို ဖြတ်တောက်ရန် ပြည်သူများထံမှ အလှူငွေကောက်ခံကာ ပွိုင့် 5 ဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကရင်နီပွိုင့်5 ဟုအမည်ရှိသည့် ပရောဂျက်ကို NUG အစိုးရ တာဝန်ရှိသူများ၊ တော်လှန်ရေးအင်အားစုများက ဝန်းရံကာ လှုံ့ဆော်ခဲ့ပြီး ဒေါ်လာလေးသိန်း ရရှိရန် ရည်မှန်းခဲ့သော်လည်း ပရောဂျက်ပြီးဆုံးချိန်တွင် ဒေါ်လာ သုံးသိန်းသာ ရရှိခဲ့သည်။

ရရှိခဲ့သော ငွေကြေးဖြင့် ပွိုင့် 5 နှစ်လက်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျည်ဆန်များလည်း ထပ်မံဝယ်ယူခဲ့သည်။

" ကရင်နီပွိုင့် 5 မှာ ဝါဝင်ပေးတဲ့တစ်ဦးချင်းစီတိုင်းကို အမှတ် ရနေမှာပါ။ ရရှိလာတဲ့ ကရင်နီပွိုင့် 5 လက်နက်များဟာလည်း ကျနော်တို့ပြည်နယ် လွတ်မြောက်ခြင်း၊ မြန်မာပြည်ကြီးလွတ်မြောက် ခြင်း၊ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ခြင်းစတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာပါ" ဟု KNDF ဗျူဟာ ၁ မှ တာဝန်ရှိသူက ပြောကြားသည်။

ပွိုင့် 5 ၏ အဓိကစွမ်းဆောင်ချက်များမှာ စကစ၏ စစ်ဆင်ရေး အသက်ဆက်ရန် ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းခြင်းကို ရပ်တန့်နိုင်ခြင်း၊ ဝေဟင်ကလာမည့် ထောက်ပို့လမ်းကြောင်း များကိုဖြတ်တောက်နိုင်ခြင်း၊ မြေပြင်စစ်ဆင်ရေးကလာမည့် သံချပ်ကာတင့်ကားများကို ရာနှုန်းပြည့်တိုက်ခိုက်ချေမှုန်းနိုင်ခြင်းများ ဖြစ်သည်။

ယင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဆိုပါက တော်လှန်ရေး၏ အဓိကရည်မှန်းချက်ဖြစ်သည့် နယ်မြေစိုးမိုးနိုင်မှုလွတ်မြောက်နယ် မြေ ဖော်ဆောင်နိုင်မည့်အပြင် ဖယ်ဒရယ်ပြည်ထောင်စု၏ ရှေ့ပြေးလမ်းပြဖြစ်သည်အထိ အောင်မြင်မှုများရရှိမည်ဖြစ် ကြောင်း KNDF ကဆိုသည်။

ကရင်နီပွိုင့် 5 ပရောဂျက်မှာ သတ်မှတ်ငွေကြေး မရရှိခဲ့သော်လည်း ရရှိသည် ငွေကြေးဖြင့် ဝယ်ယူနိုင်ခဲ့ ကြောင်း၊ ကပ်ပိန်းသတ်မှတ်ရက် ပြည့်သော်လည်း ပြည်သူများ၏ တောင်းဆိုမှုကြောင့် အလှုငွေများကို ဆက်လက်လက်ခံနေသည်ဟု ကရင်နီ ပွိုင့် 5 က သတင်းထုတ်ပြန်ထားသည်။
👍41❤11👏3😁3🙏1
ပြည်သူတွေ နေရေး၊ စားရေးအခက်အခဲဖြစ်အောင် စစ်ကောင်စီ တမင်လုပ်နေတာလား
=============================

စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေဟာ ပြီးခဲ့တဲ့ မေလ တစ်လတည်းမှာတင် နေအိမ်အလုံးပေါင်း ၄၀၀၀ ကျော် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မီးသတ်ဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး စစ်ကိုင်းတိုင်း တစ်တိုင်းတည်းတင် နေအိမ်ပေါင်း ၃၀၀၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်နဲ့ ဖော်ပြတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ အသိပေးထားပါတယ်။

https://youtu.be/hAJ0oGG4nIY

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤬7😁2❤1
​​ထိုင်ဝမ်ကို နိုင်ငံတကာ ထောက်ခံမှုအပေါ် တရုတ် ကာကွယ်ရေးဝန်ကြီး စိုးရိမ် 
=========================

ထိုင်ဝမ်သည် နိုင်ငံခြားမဟာမိတ်များ၏ အကူအညီဖြင့် နိုင်ငံ လွတ်လပ်ရေးအတွက် လှုပ်ရှားနေမှုများကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်သည်။
😁10👍2🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၇ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

နှလုံးခုန်နှုန်း မမှန်တာကို ပိုမိုထိရောက်ကောင်းမွန်အောင် ဓာတ်ကင်ကုသတဲ့နည်း စမ်းသပ်၊ ကင်ညာနိုင်ငံမှာ ယာခင်းတွေထဲ ဆင်တွေ ဝင်မမွှေနိုင်အောင် ပျားအုံတွေနဲ့ တားဆီးခြောက်လှန့်၊   စတဲ့ နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၇ ရက်၊ ဗုဒ္ဓဟူးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ 
 
https://youtu.be/i9CSu3VO2u4

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🤮2🔥1
လုပ်ငန်းခွင်ထဲကာယိန္ဒြေပျက်စေတဲ့အပြုအမူတွေအပြင်လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေအကြောင်း
====================

လူသားတွေရဲ့ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုမှ ကင်းလွှတ်တဲ့ လူမှုဝန်းကျင်တည်ဆောက်ကြပါစို့

https://youtu.be/NeSWPaGjOSs

#PSA
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1🖕1
နှလုံးခုန်မမှန်မှု ဓာတ်ရောင်ခြည်နဲ့ စမ်းသပ်ကုသ | VOA On Mizzima
=============================

အန္တရာယ်ရှိတဲ့ နှလုံးခုန်နှုန်း မမှန်တာကို ပိုမို ထိရောက် ကောင်းမွန်အောင် ကုသနိုင်ဖို့ အတွက် ဆရာဝန်တွေဟာ ပုံမှန်ဆိုရင် ကင်ဆာရောဂါမှာ အသုံးပြုတဲ့ ဓာတ်ရောင်ခြည်ကို နှလုံးကုသရာမှာ စမ်းသပ် အသုံးပြုနေကြပါတယ်။ နှလုံးကို တကြိမ် ဓာတ်ကင်ကုသလိုက်ရင် ယိုယွင်းပျက်စီးနေတဲ့ နှလုံးဆဲလ်တွေကို ပြန်လည်ပြုပြင်နိုင်ပြီး ငယ်ရွယ်ကျန်းမာတဲ့ ဆဲလ်တွေလို ပုံမှန်အတိုင်း ပြန်လည် နှလုံးခုန်စေနိုင်တယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။ ဒီလို နည်းနဲ့ ကုသနည်းကို ပုံမှန်အသုံးပြုရင် အမှန်တကယ် အလုပ်ဖြစ်မဖြစ်ကို သိရှိနိုင်ဖို့ အသေးစိတ်သုတေသနလေ့လာမှုတွေ စတင်ဖို့လည်း ရှိနေပါယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။

https://youtu.be/XQumo_1Gias

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
ဇွန်လ ၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
​​နှလုံးခုန်မမှန်မှု ဓာတ်ရောင်ခြည်နဲ့ စမ်းသပ်ကုသ | VOA On Mizzima

Watch more detail - https://youtu.be/XQumo_1Gias

#VOA #VideoNews #နှလုံးခုန်မမှန်မှု ဓာတ်ရောင်ခြည်နဲ့ စမ်းသပ်ကုသ” #shorts #Reels
❤6👍4🔥2
ဆင်ခြောက်တဲ့ ပျားအုံ | VOA On Mizzima
==============

ကင်ညာနိုင်ငံမှာ ယာခင်းတွေထဲ ဆင်တွေ ဝင်မမွှေနိုင်အောင် ပျားအုံတွေ သုံးနေကြပါတယ်။ ပျားတုပ်မှာ ကြောက်တဲ့ဆင်တွေက ယာခင်းထဲထိ ဆက်မသွားတော့ဘဲ လှည့်ပြန်သွားတတ်ကြတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။   

https://youtu.be/is19QLSV0FM

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
​​ဆင်ခြောက်တဲ့ ပျားအုံ | VOA On Mizzima

Watch more detail - https://youtu.be/is19QLSV0FM

#VOA #VideoNews #ဆင်ခြောက်တဲ့ ပျားအုံ#shorts #reels
👍8🔥2
​​June - 7 [12 Pm] Mizzima News Hour

Mizzima Headline News 

#12pmnews #mizzimanewshour #reels #shorts
😁1🍌1
ဇွန်လ (၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:00 - ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးကျော် သေဆုံး၊ ဒဏ်ရာရတယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်း

02:11 - တော်လှန်ရေးဦးတည်ချက်တွေကိုသာ အာရုံစိုက်ကြဖို့ အကျဉ်းထောင်တွေအတွင်းမှ နိုင်ငံရေးအကျဉ်း သားများ တိုက်တွန်းတဲ့သတင်း

03:52 - ကောလင်းတိုက်ပွဲ စစ်ကောင်စီကလေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်တဲ့သတင်း

05:29 - စစ်ကောင်စီတပ် ဝင်ရောက်ခဲ့တဲ့ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ် တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/IBVkPH9hKLU

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2