မလှိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး
================
လွှမ်းမိုး
မဇ္ဈိမ။ ။ မန္တလေးတိုင်း ၊ မလှိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။
ထိုနေ့ နေ့လယ် ၁ နာရီက သရက်ကောင်းပင် ကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ညနေ ၄ နာရီခန့်တွင် နွားထိုးကြီး - မလှိုင်လမ်းမ ဆူးရစ်ကုန်း ရွာ၏ တောင်ဘက်တွင် ဆက်ကြေးတောင်းနေသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒရုန်းဖြင့် ချလိုက်တဲ့ ဗုံးသီးဟာ နေ့လယ်စာ စားနေတဲ့ ထမင်းစားဆောင်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မျက်မြင် ပြည်သူတစ်ဦး၏ တွေ့ရှိမှုအရ စစ်သား ငါးဦးသေဆုံးခဲ့တယ် လို့ သိထားရပါတယ်” သရက်ကောင်းပင်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်အင်အား ၃၀ ခန့်ရှိသည့် သရက်ကောင်းပင် ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်မှုမှာ တတိယအကြိမ် ဖြစ်ပြီး ယခင်တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။
နွားထိုးကြီး - မလှိုင်လမ်းမ ဆူးရစ်ကုန်း ရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တပ်သားများသည် ခရီးသွားပြည်သူများထံမှ အဆမတန် ငွေတောင်းခံခြင်း ၊ ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း (Natogyi PDF) နှင့် Myingyan District Drone Strike Team အဖွဲ့ တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
https://youtu.be/U2hxnOQa9E8
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#သရက်ကောင်းပင် ကျေးရွာ
#ငါးဦးသေဆုံး
#ဒရုန်းဖြင့် တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မလှိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး
လွှမ်းမိုး(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ မလှိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။…
👍14😁3👏2
ပျူစောထီးမင်းကောင်းမှုတော် ဗူးဘုရား မိုးကြိုး ၄ ချက်ထိမှန်
==================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဇွန်လ ၆ ရက် ယမန် နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့ရာ ပျူစောထီးမင်း၏ကောင်းမှုတော် ဗူးဘုရားစေတီ မိုးကြိုးလေးချက်ထိမှန်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။
“ညဘက်ကြီး မိုးတအားရွာနေချိန် မိုးကြိုးတွေလည်း ပစ်တယ်။ အဲဒီမှာ ဗူးဘုရား မိုးကြိုးလေးချက်ခတယ်၊ ထန်းတောတွေဘက်မှာတောင် ဘာမှမဖြစ်ဘဲ ဗူးဘုရားမှာ သွားဖြစ်တာ။ ရှေး/သု ကတော့ မိုးကြိုးပစ်တာ ကနေ စက်ကွင်းထိတာလို့ပြောတယ်”ဟု ညောင်ဦးဒေသခံတဦးကပြောသည်။
ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မိနစ် ၂၀ ခန့် မိုးသည်းထန်စွာရွာ သွန်းနေချိန် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Bagan World Heritage Site မှ ဒါရိုက်တာ ဦးကျော်မျိုး၀င်းကအတည်ပြုချက်ထုတ်ပြန်သည်။
မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ဗူးဘုရားစေတီ၏လုံးပတ်တွင် တစ်လက်မခွဲအရွယ် အပေါက်ရာနှစ်ခုဖြစ် ပေါ်ခဲ့ပြီး ဇကောကွက်ကဲ့သို့အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့သွားခြင်း၊ ငှက်ပျောဖူးကြာ ဖက်ထိပ်ပိုင်း ခြောက်လက်မခန့်ပဲ့သွားခြင်းနှင့် ထီးတော်ပတ်လည်တွင်ချိတ်ဆွဲထားသော ကြေးခေါင်း လောင်းများ မဲသွားခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ပုဂံရှေးဟောင်းသုတေသနဌာနခွဲမှစိစစ်ရာတွင် စက်ကွင်းထိမှန် သောအပေါက်နှစ်ခုမှ မိုးရေ၀င်ရောက်နိုင်သဖြင့် အချိန်မီပြုပြင်ရန် သြဝါဒစရိယဆရာတော်ထံ သြဝါဒ ခံယူပြီး ရှေးဟောင်းသုတေသနရုံးချုပ်သို့တင်ပြကာ ယနေ့မှစ၍ ပြုပြင်သွားကြမည်ဖြစ်ကြောင်း သိရ သည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဗူးဘုရားစေတီ (စေတီပုထိုး အမှတ် ၁၆၅၇/၉၆၁)သည် ပုဂံဘုရင်တပါးဖြစ်သောပျူစောထီးမင်းက ဧရာ၀တီမြစ်ကမ်းဘေး တည်ခဲ့ သည့် ပုဂံခေတ်၏အစောဆုံးသော စေတီတဆူဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ပုဂံ
#ဗူးဘုရား
#မိုးကြိုး

Facebook
#မန္တလေးတိုင်း – Explore
explore #မန္တလေးတိုင်း at Facebook
👍12😁1
ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံ
=====================
001
မဇ္စျိမ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှုအထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာရန် ဇွန်လ ၂ ရက်နေ့က လက်ခံလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းထံမှ လာဘ်ယူသည်ဟုစွပ်စွဲပြီး စစ်ကောင်စီလက်အောက်ခံအထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင် အဆိုပါအမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့သည်။
ယင်းအမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားလွှတ်တော်ချုပ်ထံ ပထမအကြိမ် အယူခံတက်ရာ လက်ခံကြားနာပြီးနောက် ပယ်ချခံရသည့်အတွက် အထူးအယူခံဆက်တက်ထားခြင်းဖြစ်သည်။
“ (အထူးအယူခံ) ကြားနာရန် လက်ခံတယ်။ နှစ်ဖက်ကြားနာဖို့ ချိန်းတယ်။ နှစ်ဖက်ကြားနာဖို့ စောင့်ဆိုင်းရမယ် ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကြားနာမည့်ရက်ကိုမူ အတိအကျမသိရသေးကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာလက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးရဲထက်က တရားလိုပြုလုပ်ပြီးတရားစွဲခဲ့ခြင်းဖြစ်သည်။
သက်သေခံပစ္စည်းဖြစ်သည့် ရွှေနှင့် ဒေါ်လာများကိုမူ ဒေါ်အောင်ဆန်းစုကြည်ထံမှ သိမ်းဆည်းရမိခြင်းမရှိကြောင်း တရားလိုဦးရဲထက်က အထူးတရားရုံးတွင် ထွက်ဆိုခဲ့သည်။
တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများကို ဒေါ်အောင်ဆန်းစုကြည်ထံပေးခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ထွက်ဆိုခဲ့သည်။
သို့သော် ၎င်း၏ထွက်ဆိုချက်များမှာအဓိပ္ပါယ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က "All Absurd" ဟု ထိုစဉ်ကမှတ်ချက်ပေးခဲ့ဖူးသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင်အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။
အဆိုပါအမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် ပလပ်ခံရခြင်း၊ ပယ်ချခံရခြင်းများ ကြုံတွေ့နေရသည့်အတွက် အထူးအယူခံဆက်တက်လျက်ရှိသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#အတိုင်ပင်ခံပုဂ္ဂိုလ်
#ဒေါ်အောင်ဆန်းစုကြည်
#ရွှေနှင့်ဒေါ်လာ
#အထူးအယူခံ

👍7🤮3😁1
တနင်္သာရီမြို့နယ် ချောင်းညီကိုရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေ ဟုဆို
===================
ကိုရွှေမြိတ် |မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ချောင်းညီ ကိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် ဇွန်လ ၆ ရက်နေ့က တိုက် ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA-TCJF နှင့် တနင်္သာရီရိုးမ ပူးပေါင်းအဖွဲ့ များမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး PDF ရဲဘော် နှစ်ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံမှ သိရသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေရင်းနဲ့ မြေပြင် မျက်မြင်အရ စစ်တပ်ဘက် ၁၀ ဦးလောက်သေတယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရတယ်”ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရစာရင်းကို မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ် ဘန်းလမွန်ကျေးရွာအုပ်စုရှိ ဘန်းလမွတ်၊ ရမ်းဘို၊ ကမ်းတိုးနှင့် ချောင်းညီကိုကျေးရွာတို့တွင် မကြာခဏဆိုသကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံအများအပြား စစ်ရှောင်နေရသည်။
“ဒီရွာတွေက စစ်ရှောင်နေတာကြာပြီ။ အခုလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာတွေ ရှိနေပေမယ့် ဒေသခံတွေ ထိခိုက်တာမျိုး မကြာရသေးဘူး ”ဟု PDF ရဲဘော် တစ်ဦးက ပြော သည်။
လက်ရှိတွင် ထိတွေ့တိုက်ပွဲများကြောင့် စစ်ရေးတင်းမာနေပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဆေးဝါးနှင့် ကျည်ဆံများလည်း လိုအပ်နေ၍ မိဘပြည်သူများအနေဖြင့် ထောက်ပို့ပါဝင်ပေးကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့များမှ မေတ္တာရပ်ခံထားသည်။
https://youtu.be/928Mqgz8h1E
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#မြိတ်ခရိုင်
#ချောင်းညီကိုရွာ
#တိုက်ပွဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ကိုရွှေမြိတ် |မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ချောင်းညီ ကိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် ဇွန်လ ၆ ရက်နေ့က တိုက် ခိုက်ခံရသဖြင့် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ကပြောသည်။…
👍11❤3😁2
လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလို၍ ဖောက်ခွဲမှုများပြုလုပ်ခြင်းဟုဆို
=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အား လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလိုသည့်အနေဖြင့် ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်က ဆောက်လုပ်ရေးမှတ်တိုင်နဲ့ အောက်ထိပ်မီးပွိုင်ကြား မှာဖြစ်တာဗျ။ ရန်သူကတော့ ပေါက်ကွဲတဲ့နေရာတွေကို လိုသလို ဝါဒဖြန့်ထားတယ်။"ဟူ၍ မြေပြင်တွင် အမှန်တကယ် ဗုံးပေါက်ကွဲသည့်နေရာအား လှိုင်သာယာမြေပြင် ကင်းထောက်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ နံနက် ၅နာရီ ၂၇ မိနစ်တွင် ပထမအကြိမ်၊ ၅နာရီ ၄၂ မိနစ်၌ ဒုတိယအကြိမ် ဗုံးနှစ်လုံးဆက် ထပ်မံပေါက်ကွဲခဲ့ပြီး ၅နာရီ ၅၂မိနစ်၌ တတိယအကြိမ် ဗုံးနှစ်လုံးဆက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုသို့ ဗုံးများပေါက်ကွဲပြီးနောက် နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ ဘုတ်ဆုံမ စက်ရုံရှေ့လမ်းအား တစ်လမ်းသွားပုံစံပြုလုပ်ကာ ဘုတ်ဆုံမစက်ရုံအကျော်နားတွင် စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး စစ်ဆေးမှုများပြုလုပ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မြေသာယာဘုရားလမ်းထိပ်(ပုသိမ်လမ်း)ဘက်မှ အောက်ထိပ်ဘက်အထွက်လမ်းတစ်ခြမ်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပိတ်ဆို့ပြီး စစ်ကောင်စီတပ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးနှင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ရှိကာ စောင့်ကြပ်နေကြောင်းသိရသည်။
ယနေ့ပြုလုပ်သည့် စစ်ဆင်ရေးမှာ မြို့ပြမြေပြင်တိုက်ခိုက်ရေးအင်အားစုတစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြေပြင်ကင်းထောက်မှ အတည်ပြုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ဆင်ရေး
#မြေပြင်တိုက်ခိုက်ရေး
#လှိုင်သာယာမြို့နယ်
#ကင်းထောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်အား လုံးဝအုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း စစ်ကောင်စီအား အသိပေးလိုသည့်အနေဖြင့် ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်က ဆောက်လုပ်ရေးမှတ်တိုင်နဲ့ အောက်ထိပ်မီးပွိုင်ကြား မှာဖြစ်တာဗျ။ ရန်သူကတော့ ပေါက်ကွဲတဲ့နေရာတွေကို လိုသလို ဝါဒဖြန့်ထားတယ်။"ဟူ၍ မြေပြင်တွင် အမှန်တကယ် ဗုံးပေါက်ကွဲသည့်နေရာအား လှိုင်သာယာမြေပြင် ကင်းထောက်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ နံနက် ၅နာရီ ၂၇ မိနစ်တွင် ပထမအကြိမ်၊ ၅နာရီ ၄၂ မိနစ်၌ ဒုတိယအကြိမ် ဗုံးနှစ်လုံးဆက် ထပ်မံပေါက်ကွဲခဲ့ပြီး ၅နာရီ ၅၂မိနစ်၌ တတိယအကြိမ် ဗုံးနှစ်လုံးဆက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုသို့ ဗုံးများပေါက်ကွဲပြီးနောက် နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ ဘုတ်ဆုံမ စက်ရုံရှေ့လမ်းအား တစ်လမ်းသွားပုံစံပြုလုပ်ကာ ဘုတ်ဆုံမစက်ရုံအကျော်နားတွင် စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး စစ်ဆေးမှုများပြုလုပ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မြေသာယာဘုရားလမ်းထိပ်(ပုသိမ်လမ်း)ဘက်မှ အောက်ထိပ်ဘက်အထွက်လမ်းတစ်ခြမ်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပိတ်ဆို့ပြီး စစ်ကောင်စီတပ်ကားတစ်စီး၊ အိမ်စီးကားတစ်စီးနှင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ရှိကာ စောင့်ကြပ်နေကြောင်းသိရသည်။
ယနေ့ပြုလုပ်သည့် စစ်ဆင်ရေးမှာ မြို့ပြမြေပြင်တိုက်ခိုက်ရေးအင်အားစုတစ်ခုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြေပြင်ကင်းထောက်မှ အတည်ပြုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ဆင်ရေး
#မြေပြင်တိုက်ခိုက်ရေး
#လှိုင်သာယာမြို့နယ်
#ကင်းထောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣4
ယူကရိန်းရဲ့တန်ပြန်ထိုးစစ် အောင်မြင်ပါစေကြောင်း လက်သင်္ကေတနဲ့ ဘိုင်ဒင်ပြသ
https://www.facebook.com/reel/979947553159832
#InternationalNews #reels #shorts #Ukraine #Biden

❤14🤣3👍1
မုတ်သုံလေအားအလွန်ကောင်းနေ၍ နေရာကွက်မိုးကြီးမည့်သတိပေးချက် မိုးဇလထုတ်ပြန်
=======================
ဂျူချန်း
မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် မုတ်သုံလေအားအလွန်ကောင်းနေပြီး တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
လတ်တလောရာသီဥတုအခြေအနေကို ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုးဇလဌာနက ထုတ်ပြန််ထားခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်း ရာသီဥတုအခြေအနေအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထားသည်။
ထို့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တွင် မိုးတိမ်တောင်ဖြစ်နေပြီး မိုးတိမ်တောင်ရွေ့လျားသည့်နေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိထားထားသည်။
လာမည့် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်ဟု မိုးဇလဌာနက ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန့်မာကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ပေ ၉ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ယခုအခါ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နေပြီး အလယ်ပိုင်းဒေသများ၌ လေထုမငြိမ်မသက်ဖြစ်နိုင်ကြောင်းဇွန်လ ၅ရက်မှ ဇွန်လ ၁၁ရက်အတွင်း မိုးလေဝသကြိုတင်ခန့်မှန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇွန်လ ၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လေထုမငြိမ်မသက်ဖြစ်စဉ်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းတို့ သတိပြုရန်လည်း သတိပေးထားသည်။ မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းနယ်မြေတွင်ယမန်နေ့ညက မိုးသည်းထန်စွာရွာခဲ့ပြီး မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ဘင်္ဂလားပင်လယ်အော်
#လေဖိအားနည်းဆဲလ်
#မုတ်သုံလေအားအလွန်ကောင်း
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၁၅ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့စဉ်

👍11🔥3
ဇွန်လ (၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
- နတ်သံကွင်းမြို့တိုက်ပွဲ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိင်ခဲ့သလို စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်တဲ့သတင်း
-မြဝတီ-မဲဆောက် တံတားဖြတ်သန်းခွင့်ကို မြန်မာဘက်မှယာယီပိတ်တာကြောင့် အလုပ်သမားတွေ အခက်တွေ့ တဲ့သတင်း
-လူကုန်ကူးမှု အကြိမ်ကြိမ် ကျူးလွန်နေသည့် ပြည်သူ့စစ်တွေကို MNDAA က ထောင်ဒဏ်ချမှတ်တဲ့သတင်း
- အီရန်ကိုနျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုမှာမဟုတ်ကြောင်း အမေရိကန်ပြောကြားတဲ့သတင်းအပါအဝင် တခြားအရေးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/KKbzGS_lxYM
#2pmnews
#Mizzimanewshour
#MizzimaTV

01:07 - နတ်သံကွင်းမြို့တိုက်ပွဲ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိင်ခဲ့သလို စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်တဲ့သတင်း
03:36 - မြဝတီ-မဲဆောက် တံတားဖြတ်သန်းခွင့်ကို မြန်မာဘက်မှယာယီပိတ်တာကြောင့် အလုပ်သမားတွေ…

👍6🔥1😁1
အရာတော်တွင် စစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက် ခိုက်
==================
မောင်ခက်နွေ(မဇ္ဈိမ)။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ ကျင့်ရေးတပ် (စခတ ၁၀) (ဒေသအခေါ် အရှေ့တပ်)ကို ၁၀၇ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် မှာ ၁၀ မိနစ်ခန့်သာရှိကြောင်း ၎င်းကဆိုသည်။
“လေ့ကျင့်ရေးတပ်ထဲမှာ အင်အား ၈၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့က အလစ်ငိုက်ဝင်တိုက်ပြီး ဆုတ်ခွာခဲ့တယ်” ဟု Danger Force LPDF အဖွဲ့တာဝန်ခံ ဗိုလ်မောင်းလေးကဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ပြီး လက်ရှိအချိန်ထိ မြေပြင်အခြေ အနေကို ဆက်လက်စုံစမ်းနေကြောင်း ဗိုလ်မောင်းလေးက ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ခြောက်ကြိမ် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များအပါအဝင် အရပ်သားနေအိမ်များပါ ထိခိုက်ပျက်စီးခဲ့ခြင်းမရှိ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF နှင့်အတူ မုံရွာခရိုင် ရင်း(၆)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်များ အထိအခိုက်အကျဆုံးမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
https://youtu.be/wVAN4HCpwho
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
မောင်ခက်နွေ(မဇ္ဈိမ)။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ ကျင့်ရေးတပ် (စခတ ၁၀) (ဒေသအခေါ် အရှေ့တပ်)ကို ၁၀၇ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် မှာ ၁၀ မိနစ်ခန့်သာရှိကြောင်း ၎င်းကဆိုသည်။
“လေ့ကျင့်ရေးတပ်ထဲမှာ အင်အား ၈၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့က အလစ်ငိုက်ဝင်တိုက်ပြီး ဆုတ်ခွာခဲ့တယ်” ဟု Danger Force LPDF အဖွဲ့တာဝန်ခံ ဗိုလ်မောင်းလေးကဆိုသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရနိုင်ပြီး လက်ရှိအချိန်ထိ မြေပြင်အခြေ အနေကို ဆက်လက်စုံစမ်းနေကြောင်း ဗိုလ်မောင်းလေးက ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ခြောက်ကြိမ် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များအပါအဝင် အရပ်သားနေအိမ်များပါ ထိခိုက်ပျက်စီးခဲ့ခြင်းမရှိ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF နှင့်အတူ မုံရွာခရိုင် ရင်း(၆)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်များ အထိအခိုက်အကျဆုံးမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
https://youtu.be/wVAN4HCpwho
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အရာတော်တွင် စစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက် ခိုက်
မောင်ခက်နွေ(မဇ္ဈိမ)။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၁၀) စစ်အခြေခံလေ့ ကျင့်ရေးတပ် (စခတ ၁၀) (ဒေသအခေါ် အရှေ့တပ်)ကို ၁၀၇ မမဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့်…
ပြီးခဲ့သည့်…
👍13👏4🤣3❤2
လမိုင်းတွင် စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းပေါက်ကွဲပြီး အရပ်သား ၁ဦး အပြင်းအထန်ဒဏ်ရာရ
===================
ဂျူချန်း
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကြိုးတံတားကျေးရွာချောင်းအနီးတွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး ညာဘက်ခြေထောက် အပြင်းအထန်ဒဏ်ရာ ရသွားကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် ကြိုးတံတားကျေးရွာချောင်းအနီးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀နာရီခွဲခန့်က မော့ကနင်ကျေးရွာမှ ကိုချမ်းမွန်သည် မြေမြုပ်မိုင်းနင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။
“သူ့(ကိုချမ်းမွန်)ညာခြေထောက်က ကြေမွသွားတာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ကိုချမ်းမွန် သည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး ညာခြေထောက်မှာ ဒဏ်ရာပြင်းထန်၍ ဖြတ်တောက်ခံရဖွယ် ရှိကြောင်း သိရသည်။၎င်းအား လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါကြိုးတံတားချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ဒေသခံများကပြောသည်။
ဒေသခံအရပ်သားများသည် မကြာခဏ မိုင်းနင်းမိနေပြီး ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။
ထိုနေရာပတ်ဝန်းကျင်တွင် မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ်နှင့် ယခု ဇွန်လတွင်တစ်ကြိမ် စုစုပေါင်း အရပ်သား ငါးဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ မိုင်းပေါက်ကွဲမှုများအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#မွန်ပြည်နယ်
#လမိုင်းမြို့
#မြေမြုပ်မိုင်း
#ပေါက်ကွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ဂျူချန်း
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကြိုးတံတားကျေးရွာချောင်းအနီးတွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး ညာဘက်ခြေထောက် အပြင်းအထန်ဒဏ်ရာ ရသွားကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်စွဲထားသည့် ကြိုးတံတားကျေးရွာချောင်းအနီးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀နာရီခွဲခန့်က မော့ကနင်ကျေးရွာမှ ကိုချမ်းမွန်သည် မြေမြုပ်မိုင်းနင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။
“သူ့(ကိုချမ်းမွန်)ညာခြေထောက်က ကြေမွသွားတာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ကိုချမ်းမွန် သည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး ညာခြေထောက်မှာ ဒဏ်ရာပြင်းထန်၍ ဖြတ်တောက်ခံရဖွယ် ရှိကြောင်း သိရသည်။၎င်းအား လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါကြိုးတံတားချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ဒေသခံများကပြောသည်။
ဒေသခံအရပ်သားများသည် မကြာခဏ မိုင်းနင်းမိနေပြီး ထိခိုက်ဒဏ်ရာရမှုများရှိနေသည်။
ထိုနေရာပတ်ဝန်းကျင်တွင် မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ်နှင့် ယခု ဇွန်လတွင်တစ်ကြိမ် စုစုပေါင်း အရပ်သား ငါးဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ မိုင်းပေါက်ကွဲမှုများအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#မွန်ပြည်နယ်
#လမိုင်းမြို့
#မြေမြုပ်မိုင်း
#ပေါက်ကွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍2😁2❤1
ဗြိတိန်ကာကွယ်ရေးဝန်ကြီးကို နေတိုးအကြီးအကဲဖြစ်လာဖို့ ဝန်ကြီးချုပ်ဆူးနက်ခ် ဆန္ဒရှိ
https://www.facebook.com/reel/6177295689055843
#InternationalNews #reels #shorts

👍7😁4
မြန်မာနယ်စပ်က တရုတ် ကာစီနိုများကို ထိုင်းက လျှပ်စစ်မီး ဖြတ်တောက်
======================
မြန်မာနယ်စပ်၌ ရာဇဝတ်မှုများ လုပ်ကိုင်ဆောင်ရွက်နေသည်ဟု စွပ်စွဲခံရသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ကာစီနိုဝင်းများနှင့်အတူ နယ်စပ်မြို့နှစ်မြို့ကို မြန်မာဆီ လျှပ်စစ်မီး ပို့လွှတ်နေသည့် ထိုင်းနိုင်ငံပိုင် လုပ်ငန်းက လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ထိုင်းတာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောသည်။

👏8😁2👍1
အီရန်ကိုနျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပြုမှာမဟုတ်ကြောင်း အမေရိကန်ပြောကြား
https://www.facebook.com/reel/1207325573314339
#InternationalNews #reels #shorts
https://www.facebook.com/reel/1207325573314339
#InternationalNews #reels #shorts
👍6🥴1🤣1
ဝန်ကြီးချုပ်အဖြစ် အချိန်ကာလက ပြီးဆုံးသွားပြီဟု ထိုင်းဝန်ကြီးချုပ် ပြောဆို
=====================
နောက်ထပ် သက်တမ်း အာဏာပြန်လည်ရယူရေး သူ့အတွက် အခွင့်အရေးက နည်းလွန်းသည်ဟု သိမြင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက အင်္ဂါနေ့တွင် မှတ်ချက်ပြုပြောဆိုသည်။

👍13🔥1👏1😁1