Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေကုက္ကိုလ်နဲ့ မယ်ထော်သလေး ကာစီနိုလုပ်ငန်းနေရာနှစ်ခုကို ထိုင်းဘက်ကလျှပ်စစ်မီးစတင်ဖြတ်တောက်
================

ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားကို အသုံးပြုနေတဲ့ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီဘက်မြို့က ရွှေကုက္ကိုလ် ကာစီနိုမြို့သစ်နဲ့ မယ်ထော်သလေး ကာစီနိုမြို့သစ် နှစ်နေရာကို ထိုင်း လျှပ်စစ် ကုမ္ပဏီဘက်က ဇွန်လ ၅ ရက်ည ၁၂ နာရီ အချိန်ကစပြီး လျှပ်စစ်ဓာတ်အားပို့ လွတ် မှုရပ်ဆိုင်းလိုက်ကြောင်း ရွှေကုက္ကိုလ် မြို့ခံတွေထံက သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသ၊ မြဝတီမြို့တောင်ဘက်က လေးကေကော်မြို့သစ်နဲ့ အင်ကြင်းမြိုင်ဒေသတို့ကို ပေးဝေနေတဲ့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးတွေကို ဇွန်လ ၅ ရက်ကစပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှာဖြစ်တဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဘက်အခြမ်း ကရင်ပြည်နယ် မြဝတီခရိုင်ဘက်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားလိုင်းကို မြဝတီမြို့ကလွဲရင် ကျန်ရှိတဲ့ နေရာ (၃) ခုကို ဇွန်လ ၅ ရက်နေ့မှာ ထိုင်းအစိုးရက ဖြတ်တောက်တော့မယ်လို့ ထိုင်းသတင်း မီဒီယာတွေမှာ ဖော်ပြနေတာပါ။

https://youtu.be/-3R0Lt68oZw

#politicalnews
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2❤1👏1
​​နိုင်ဂျီရီးယားမြောက်ပိုင်း ရွာတွေမှာ လက်နက်ကိုင်တွေက လူ ၃၀ ထက်မနည်း သတ်ဖြတ်

https://www.facebook.com/reel/647155460787244

#internationalnews  
#reels  
#shorts
😁2🔥1
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ ကမ်ပိန်းသတ်မှတ််ရက် ၁၀ ရက် ထပ်တိုး
❤7😁3👍2
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ ကမ်ပိန်းသတ်မှတ််ရက် ၁၀ ရက် ထပ်တိုး
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လှုပ်ရှားနေသည့် Myingyan Black Tiger-MBT တပ်ဖွဲ့၏ “RPG-7 Campaign” မှာ သတ်မှတ်ပမာဏ၏ ၈၇ ရာခိုင်နှုန်းသာရရှိသေး၍ ကမ်ပိန်း သတ်မှတ်ရက်ကို ၁၀ ရက် ထပ်တိုးထားကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္ဈိမကိုပြောသည်။

အဆိုပါ ကမ်းပိန်းကို မေလ ၈ ရက်မှ ဇွန်လ ၈ ရက်အထိ တစ်လအတွင်း ကျပ်သိန်း ၄၀၀ ရရှိရန် ခန့်မှန်းထားသော်လည်း လက်ရှိတွင် ကျပ်သိန်း ၃၅၀ နီးပါးသာ ရရှိထားသည်။

"ဒီ RPG ရမှသာ ကျွန်တော်တို့က ရန်သူ့စခန်းကို သိမ်းနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင်လုပ်ရမှာဖြစ်တယ်။ MOD ရဲ့ထောက်ပံ့မှုက လည်းကောင်းမွန်စွာမရရှိသေးတဲ့ အတွက် လက်နက်ကို ကိုယ့်ဘာကိုယ်ဝယ်ရတာပါ။ သေနတ်တစ်လက်ကို သိန်းနှစ်ရာ သုံးရာ ပေးပြီးမဝယ်နိုင်ပါဘူး။ ဒီ RPG ရရင် ရန်သူ့စခန်းကို ကျွန်တော်တို့ တက်သိမ်းမယ်။ အဲ့ကနေ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင်လုပ်မယ်”လို့ ဗိုလ်မိုက်ခဲက ဆိုသည်။

MBT အဖွဲ့သည် စစ်ကောင်စီတပ်၏ စခန်းများကို မကြာခဏ တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ ငါးကြိမ်ခန့်ဆင်နွှဲခဲ့ကြောင်း ၎င်းကဆိုသည်။ သို့သော် စခန်းသိမ်းခါနီးတွင် ကျည်မလုံလောက်မှုကြောင့် ပြန်ဆုတ်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် RPG တစ်လက် လိုအပ်၍ “RPG-7 Campaign” ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Myingyan Black Tiger-MBT တပ်ဖွဲ့သည် ထောက်ပံ့ရရှိမှုနည်းပါးခြင်း ၊ ငွေကြေး မလုံလောက်ခြင်းများကြောင့် အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများ မလုပ်နိုင်ကြောင်း သိရသည်။ ကမ်ပိန်းတွင် ပါ၀င်လိုသူများအနေဖြင့် ဗိုလ်မိုက်ခဲ၏ ဖေ့ဘုတ်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်နိုင်ကြောင်း Myingyan Black Tiger-MBTက ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Myingyan Black Tiger-MBT
#RPG-7 Campaign
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2
​​ရွှေကုက္ကိုလ်နဲ့ မယ်ထော်သလေး ကာစီနိုလုပ်ငန်းနေရာနှစ်ခုကို ထိုင်းဘက်ကလျှပ်စစ်မီးစတင်ဖြတ်တောက်

Watch more detail - https://www.youtube.com/watch?v=-3R0Lt68oZw

#PoliticalNews 
#reels  
#shorts
👍5👏2🔥1😁1
နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက်ထား
==================

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက် ထားခဲ့ရာ လက်ရှိ၌ (၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီများအနက် လတ်တလောကာလအထိ ပါတီပေါင်း(၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကော်မရှင်၏ အချက်အလက်များအရ သိရသည်။

မှတ်ပုံတင်ခွင့်ပြုချက်ရထားသော ပါတီများထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦး ဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအသစ်အဖြစ် မှတ်ပုံတင်လျှောက်ထားသော အဖွဲ့အစည်းစုစုပေါင်း(၁၃)ဖွဲ့ရှိပြီး ၎င်းအဖွဲ့များအနက်(၆)ဖွဲ့ကို နိုင်ငံရေးပါတီများအဖြစ် ကော်မရှင်ကမှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။

ခွင့်ပြုပေးခဲ့သော နိုင်ငံရေးပါတီအသစ်(၆)ပါတီထဲတွင် နှင်းဆီပါတီဟု လူသိများသောပြည် ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ပါဝင်ကြောင်း ကော်မရှင်၏အချက်အလက်များအရ သိရသည်။

https://youtu.be/WH3KE-oZPbI

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4🤮3👍1
ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
​​နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ရာ (၂၂)ပါတီကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ခွင့်ပြုထား

Watch more detail - https://www.youtube.com/watch?v=WH3KE-oZPbI

#PoliticalNews #reels  #shorts  #Mizzima
😁5💩3👍2❤1
​​အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ (ဆောင်းပါး)
======================

အီရန် ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air ပိုင် လေယာဉ်တစ်စီးဟာ မေလအတွင်း အီရန်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်ကနေ မြန်မာနိုင်ငံကို အသွားအပြန် ပျံသန်းခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ ပါတယ်။ ဒီလေကြောင်းလိုင်းဟာ အီရန်ရဲ့လက်နက်ရောင်းဝယ်မှုတွေကို အဓိကကူညီပံ့ပိုးပေးနေတဲ့လေကြောင်း လိုင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့တဲ့လေကြောင်းလိုင်းလည်းဖြစ်ပါ တယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားပြည်တွင်းစစ်က အုပ်စုတွေကို လက်နက်တွေ ပို့ဆောင် ပေးခဲ့တာကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက Qeshm Fars Air ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့တာပါ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5💩3🔥1😁1
​​အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ (ဆောင်းပါး)
===============

https://www.facebook.com/reel/3288566124622163

#Iran #စစ်ကောင်စီ #Mizzima
😁4👍3💩1
မုန်တိုင်းသင့်ပြည်သူအတွက် ဒေါ်လာတသန်းခွဲကျော် အာဆီယံကူညီ
===================

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ဘေးရှောင် စခန်းတွေက ယာယီတဲအများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ ထိခိုက်ခံစားခဲ့ရသူတွေ အတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁.၆၄ သန်း ကူညီကြောင်း အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) က မေလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံရဲ့ အရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်ရေးအဖွဲ့က ဘေးသင့်ဒေသတွေမှာ ကနဦးအကဲဖြတ်မှုတွေ အပြီးသတ်ခဲ့ပြီး လတ်တလော အရေးပေါ် လိုအပ်ချက်တွေကိုလည်း အရင်အပတ်က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဘေးသင့်ဒေသတွေမှာ မုတ်သုံရာသီကြောင့် မိုးသည်းထန်၊ ရေကြီးမြေပြိုမှုအန္တရာယ် ပိုများလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အာဆီယံရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လာမယ့်ဇွန် ၁၆ ရက် ကနေ ၂၂ ရက်အထိ ပင်လယ်ရေကြောင်းနဲ့ ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

https://youtu.be/YcOOa2-RWGA

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤6😁1
Business Roundup (7 June 2023)
=============

ကမ္ဘာ့ဒုတိယအကြီးဆုံးကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ဟုဆို

နေရပ်ပြန်ရေးလက်ခံထားသူ ရိုဟင်ဂျာ ၂၃ဦးကို ကုလက အကူအညီရပ်နား

မြန်မာ့ကြက်သွန်နီ တရုတ်နဲ့ထိုင်း ဝယ်အားကြောင့် ဈေးတက်နေ

တရုတ်နိုင်ငံမှာ ဂျုံအသုံးပြုမှု မြင့်မားနေပြီး ပြောင်းတင်သွင်းမှု လျော့ကျ

ကမ္ဘောဒီးယားတွင်ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမူ ဒေါ်လာသန်း ၅၄၀ ကျော် ရရှိထား

https://youtu.be/VI06RWxO0Go

#BusinessRoundUp
---------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍2
​​စစ်ရေးဆက်ဆံမှု ခိုင်မာအားကောင်းရေး အင်ဒိုနီးရှားနှင့် ဂျာမနီတို့ သဘောတူ 
=====================

အင်ဒိုနီးရှားနှင့် ဂျာမနီနိုင်ငံတို့သည် ၎င်းတို့၏ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းရေးအတွက် တနင်္လာနေ့တွင် သဘောတူကြပြီး ဒေသတွင်း အခြားသော နိုင်ငံများနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန် စီစဉ်ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​ပြင်သစ်သမ္မတကတော်ရဲ့ ဆွေမျိုးတော်စပ်သူကို တိုက်ခိုက်ခဲ့သူနှစ်ဦးအား တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်

https://www.facebook.com/reel/647690856817203

#internationalnews  #reels  #shorts
👍4😁2
​​ခရစ္စတယ်မက်များကို မြန်မာဆိပ်ကမ်းများမှတစ်ဆင့် တင်ပို့နေဟု ကုလ အစီရင်ခံစာတွင် ဖော်ပြ
======================

မြန်မာနိုင်ငံတွင် မက်သာဖက်တမင်း မူးယစ်ဆေး ထုတ်လုပ်မှုက ပြီးခဲ့သည့်နှစ်တွင် မြင့်တက်ခဲ့ပြီး ခရစ္စတယ် မက်သာဖက်တမင်း တင်ပို့သူများသည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ပို့ဆောင်ခြင်းထက် ယခုအခါ တိုက်ရိုက် ပင်လယ်ရေလမ်းကြောင်းများကို စတင် အသုံးပြုလာလျက် ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) အဖွဲ့၏ မကြာသေးခင်က အစီရင်ခံစာတစ်ရပ်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
​​မုန်တိုင်းသင့်ပြည်သူအတွက် ဒေါ်လာတသန်းခွဲကျော် အာဆီယံကူညီ

Watch more detail - https://www.youtube.com/watch?v=YcOOa2-RWGA

#politicalnews #reels  #shorts  #Mizzima
❤2😁2