Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မအူပင်မြို့ငလျင် စေတီ ၁ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အဦပြိုကျ၍ သီလရှင်၁ပါး ကွယ်လွန်
👍4😢3❤1😁1
မအူပင်မြို့ငလျင် စေတီ ၁ဆူ စိန်ဖူးတော်ကျိုးကျ၊ အဆောက်အဦပြိုကျ၍ သီလရှင်၁ပါး ကွယ်လွန်
==================

ဂန္ဒမာ၊မင်းထက်
(မဇ္ဈိမ)။ ။ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ယနေ့ဇွန်လ၇ရက် ညနေ ၄ နာရီကျော်က အင်အားပြင်းထန်သည့်ငလျင်လှုပ်ရှားသွားခဲ့ပြီး အဆောက်အဦပြိုကျ၍ သီလရှင်တစ်ပါးကွယ်လွန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများကပြောသည်။

ငလျင်သည် ယနေ့ညနေ ၄နာရီ ၂၀မိနစ်ခန့်တွင်စတင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မအူပင်မြို့ခံများကပြောသည်။
" မအူပင်မှာ အပျက်အစီးတွေ ရှိတယ်။ ရွှေဘုန်းပွင့်ဘုရားနားမှာ သီလရှင်တစ်ပါး အုတ်တွေ ပိပြီးသေဆုံးတယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။

မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး ယင်းအဆောက်အဦအတွင်းရှိ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ကာ အမျိုးသမီးတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မြို့ခံများကပြောသည်။ ဒဏ်ရာရသောအမျိုးသမီးကို ဆေးရုံသို့ပို့ဆောင်ထားပြီး နောက်ဆက်တွဲအခြေအနေကိုမသိရသေးပေ။

မအူပင်မြို့ နည်းပညာတက္ကသိုလ်အဆောက်အဦသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအချို့ရှိခဲ့ပြီး ရွှေဘုန်းပွင့်စေတီလည်း စိန်ဖူးတော်ကျိုးကျခဲ့သည်ဟု မြို့ခံများကပြောသည်။

ငလျင်သည် ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ဒဿမ၈အဆင့်ဖြင့် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်။အမေရိကန် လူမိလေ့လာရေးဌာန USGS ကမူ အဆိုပါ ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုကာ ပြင်းအား ရစ်(ခ်)တာစကေး ၄ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ရှားမှုသည် မအူပင်မြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ဘိုကလေး၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တွင်လည်း သိသာခဲ့ကြောင်း မြို့ခံများကပြောသည်။

ရန်ကုန်မြို့တွင် ကမာရွတ်၊အလုံ၊ အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့တို့၌ ငလျင်လှုပ်ရှားမှုကို သိရှိလိုက်ရသည်ဟု ဒေသခံများကပြောသည်။

" ၄ နာရီ ၂၄ မိနစ်မှာလှုပ်တာ။ နည်းနည်းလေးလည်းကြာတယ်။ လွှဲနေသလိုပဲ တော်တော်သိသာတယ်" ဟု အလုံမြို့နယ်မှ ဒေသခံကမဇ္ဈိမ ကို ပြောသည်။

ယနေ့ညနေ ၅နာရီ ‌၄၀ မိနစ်အထိ နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။ ဗဟိုချက်ဖြစ်သော မအူပင်မြို့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ခတ်နေ၍ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများကပြောသည်။
ပြီးခဲ့သည့် မေလ ၃၁ရက်ညနေကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ဒဿမ၉အဆင့် လှုပ်ခတ်သွားခဲ့ရာ မြန်မာနိုင်ငံအတွင်းတွင် ၈ ရက်အတွင်း အင်အားသိသိသာသာပြင်းထန်သော ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#မအူပင်
#ရန်ကုန်
#ငလျင်လှုပ်ရှား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😢4😁1
​​လူသေဆုံးမှုများတဲ့ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ဆီနီဂေါအတိုက်ခံတွေ ပြစ်တင်ရှုတ်ချ

https://www.facebook.com/reel/611090160982512

#internationalnews  #reels  #shorts
👍5😁2
​​May - 7 [ 7 Pm ] The Mizzima Primetime 

Mizzima Headline News 

#7pmnews #themizzimaprimetime #reels #shorts
🍌2
မိန်းမပျိုလေး ကနေပြီ | မရွှေမိုး (ကိုရီယား)“လေးညှို့သံ” − အပိုင်း (၅၆)
=================

မြန်မာပြည်သူလူထုကို ကိုယ်စားပြုမိန်းမပျိုလေးက အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်တို့ အလယ်မှာ က နေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/bNVUaXzbOrE

#မရွှေမိုး
#မိန်းမပျိုလေးကနေပြီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1🖕1
ဇွန်လ (၇) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
===================

-ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံလိုက်တဲ့သတင်း

-ရဟန်းတော်တစ်ပါးကားတိုက်ခံရပြီး ရုပ်ကလာပ်ကို သစ်ပင်အောက်မှာ စွန့်ပစ်ခဲ့သွားတဲ့ကားသမားကို ဖမ်းမမိသေးတဲ့သတင်း

-နိုင်ငံရေးပါတီ(၂၂)ပါတီကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ခွင့်ပြုထားတဲ့အကြောင်း

-ဧရာဝတီတိုင်း မြို့နယ် ၃ ခုက စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ် ဖြုတ်သိမ်းနေတဲ့သတင်း

-အင်းစိန်ထောင်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အကြောင်း

-ပြင်သစ်သမ္မတကတော်ရဲ့ ဆွေမျိုးတော်စပ်သူကို တိုက်ခိုက်ခဲ့တဲ့ သူနှစ်ယောက်ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/Hng4K1Woqhs?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮1🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဇွန် ၂၀၂၃) 
=====================

ယနေ့ရရှိထားသည့်အချက်အလက်များအရ အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ပြည်သူများစစ်ရှောင်နေသည့်နေရာများကို ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်နေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🤬1
ဇွန်လ (၇) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့....

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေနဲ့ဒေါ်လာအမှု အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံလိုက်တဲ့သတင်းနဲ့အတူ ပျူစောထီးမင်းကောင်းမှုတော် ဗူးဘုရား မိုးကြိုး ၄ ချက်ထိမှန်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/3EgogLFKIFI

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤1😁1🤮1
ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အစိုးရစနစ်အမျိုးအစား အပိုင်း(၂) | ပင်လုံသစ္စာအလွန် ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အပိုင်း(၇)
==========================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပြီး Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/zWWJkVWpRM8

#ပင်လုံသစ္စာ
#ဖက်ဒရယ်
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
နတ်သံကွင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရ
🤬10👍4🔥1😁1😢1
နတ်သံကွင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရ
====================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်း မြို့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုတို့ကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့ကြောင်း KNLA သတင်းရင်းမြစ် တဦးထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းမှစ၍ နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏ ပစ်မှတ် ငါးခုကို တပ်မဟာ (၃)နှင့် KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းသာမက ဂျက်ဖိုက်တာသုံးစင်း အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဗုံးသီးများသည် ဒေသခံများ၏နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဒဏ်ရာရသူ ငါးဦးရှိပါတယ်။ အမျိုးသမီးသုံးဦးနဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦးပါ။ လက်ရှိမှာတော့ ဘေးလွတ်ရာမှာရှိနေကြပါတယ်။ နတ်သံကွင်းမြို့၊ နောင်ကုန်းရွာ၊ ရန်မျိုးအောင်ကျေးရွာတွေကပါ။ အရမ်းမပြင်းထန်ပါဘူး သက်သာနေကြပါပြီ” ဟု တပ်မဟာ (၃) KNLA တပ်ခွဲမှူးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

တိုက်ပွဲများအတွင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များ၏ စစ်အင်အားဖြည့်ခြင်း၊ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်ရာတို့တွင်အဓိကအသုံးပြုသော စစ်တောင်းတံတားနှင့် နတ်ရွာတံတား အား မိုင်းခွဲဖျက်ဆီးခဲ့သည်။

“ဒီနေ့မနက် စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်က စစ်တောင်းအနောက်ဘက်ခြမ်း၊ ကွင်းချောင်းဝရွာ နားမှာ စခန်းချနေတာကို ဒေသခံတွေသွားလာရင်းတွေ့ကြတယ်။ အရှေ့ဘက်ကို စစ်အင်အား ထပ်တိုးဖို့ ဖြစ်မယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နတ်သံကွင်းမြို့အရှေ့ဘက်ရှိ ရေတွင်း ကုန်းကြီးနှင့်ဘုံသဘောကျေးရွာများမှ ဒေသခံများသာမက ကျောက်တံခါးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဒေသခံများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့က နတ်သံကွင်းမြို့တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရဲနှင့် စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်လေးဦး ကျဆုံး ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးထံက သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#နတ်သံကွင်း
#လေကြောင်းတိုက်ခိုက်
#လက်နက်ကြီး
#ကလေးငယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬10🔥2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဇွန်လ ၇ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/XSyatBh8YHE


#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဘောင်မဝင် တန်းမဝင်(စကစ) ငါတို့ပြည်သူ လူရာမသွင်းဘူး ကိုယ့်နေရာကိုသိ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၅)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍18❤10🔥1😁1
​​ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် လီယွန်နယ် မက်ဆီ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာဖြစ်
=========================

အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ဆော်ဒီအာရေးဗီးယားကလပ် အလ်-ဟီလာလ်ထံမှ ပိုမိုအကျိုးရှိတဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ စီစဉ်ထားပါတယ်။

မိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီချက်မှာ Adidas နဲ့ Apple တို့လို အမှတ်တံဆိပ်တွေဆီက ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပါတယ်။
👍7👏2🔥1
​​ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမတိုင်ခင် ဖီအိုရင်တီးနား ပရိသတ်တွေ ဝက်စ်ဟမ်းပရိတ်သတ်တွေကို တိုက်ခိုက်ခဲ့
==================

ပရာ့ဂ်မှာ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမတိုင်ခင် ဝက်စ်ဟမ်းပရိသတ်တွေဟာ ဖီအိုရင်တီးနား ပရိသတ်တွေရဲ့ တိုက်ခိုက်ခံရအပြီးမှာ လူ ၁၆ ဦးကို ချက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အခင်းဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုမှုနဲ့အတူ Rytirska လမ်းရှိ ဘားတစ်ခုမှာ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

အမည်မဖော်လိုတဲ့ ဝက်စ်ဟမ်းပရိသတ်တစ်ဦးက သူ့သူငယ်ချင်းဖြစ်သူမှာ ခေါင်းကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံရကာ တော်တော်လေးနာသွားခဲ့ရကြောင်း PA News ကို ပြောပါတယ်။
🔥4👍2🤬1