NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးဖြစ်သူ၏ အကိုအကြီးဆုံး အသတ်ခံရ
======================
မိုးသောက်
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို အကြီးဆုံးဖြစ်သူ ဦးသန်းမြင့်သည် မနေ့က ညပိုင်းတွင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
“ အိမ်နားမှာ အမည်မသိလူတစ်စုက လာသတ်သွားတယ်ပြောတယ်၊ ဒီသတ်ဖြတ်မှုက ရည်ရွယ်ချက်ရှိနိုင်တယ်” ဟု ဦးအောင်ကျော်မိုးက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။
အသက် ၄၅နှစ်အရွယ် ဦးသန်းမြင့်သည် မနေ့ကဇွန်လ ၇ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ သူ၏နေအိမ်နှင့် ကိုက် ၅၀၀ ကျော်အကွာ၌ ဓားဖြင့် သုံး လေးချက်ခန့်အထိ ထိုးသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ဆက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် အမျိုးသားရေးလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ဦးတင့်လွင်နှင့် အဆိုတော် ဒေါ်လီလီနိုင်ကျော် အသတ်ခံရပြီးနောက်ပိုင်းတွင် ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန် စစ်တပ်ထောက်ခံသူများက ပစ်မှတ်ထားလာကြသည်ကို တွေ့ရသည်။
အထူးသဖြင့် တော်လှန်ရေးတွင်ပါဝင်နေသည့် အနုပညာရှင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ မိသားစုဝင်များကို ရှာဖွေကြရန်အတွက် စစ်ကောင်စီလော်ဘီချန်နယ်များတွင် ဖော်ပြနေကြသည်။
လီလီနိုင်ကျော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယတရားခံနှစ်ဦးဖြစ်သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့အနက် ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့်အစ်မဖြစ်သူ သည်လည်း မနေ့က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကိုကောင်းဇာနည်ဟိန်း
#ဦးသန်းမြင့်
#ဒေါ်လီလီနိုင်ကျော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬13😢7👍5❤2🔥1
ဘင်္ဂလားဒေ့ရှ်၌ ဆယ်စုနှစ်များအတွင်း အရှည်ကြာဆုံးသော အပူလှိုင်းကျရောက်စဉ် ကျောင်းများ ပိတ်ပြီး ဓာတ်အားလျှော့ချမှုများ လုပ်ဆောင်နေရ
=====================
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရာစုနှစ်ဝက်တစ်ခုအတွင်း အရှည်ကြာဆုံးသော အပူလှိုင်းတစ်ခုကို ဖြတ်ကျော်ရန် အပြင်းအထန် ကြိုးပမ်းနေရစဉ် စာသင်ကျောင်းပေါင်း ထောင်ချီကို ပိတ်ထားရကြောင်း သိရသည်။ ထို့ပြင် ပျံ့နှံ့ပေါ်ပေါက်နေသော လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်မှုများကြောင့်လည်း ပြည်သူတို့၏ အခက်အခဲဒုက္ခများကို ပိုဆိုးစေလျက် ရှိသည်။

👍5😁2🔥1
မြိုင်တွင် စစ်ကောင်စီရိက္ခာယာဉ်တန်း လုံခြုံရေးစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးထက် မနည်းသေဆုံးဟုဆို
====================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမှ စက်မှု(၂)သို့ ရိက္ခာလာပို့သော ယာဉ်ငါးစီးအတွက် လုံခြုံရေးယူပေးနေ သည့် အင်အား ၂၀ ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောသည်။
“ကျနော်တို့က အရင်မိုင်းဆွဲလိုက်တာ ပြီးတော့ ဒီကောင်တွေက ပြီးသွားပြီဆိုပြီးထအလာမှာ Auto သမားက ၅၀၊ ၆၀ နဲ့ ဝိုင်းပစ်တာ ဒီကောင်တွေ တော်တော်ထိသွားတယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး မြိုင်ဆေးရုံသို့ ပို့ဆောင်းထားရကြောင်း မြိုင်(ပကဖ)၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ဇွန်လ ၇ ရက်နေ့ ည ၇နာရီခန့်တွင် မြိုင်မှပြန်လာသည့် စစ်ကောင်စီကားနှစ်စီးကို တွင်းမပျူစခန်းနှင့် ကမ္မစခန်းကြားတွင် မိုင်းပွိုင့်နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ကားများ ပျက်စီးမှုရှိကြောင်း မြိုင် (ပကဖ) မှ ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများကို မြိုင် (ပကဖ) တပ်ရင်း(၁) တပ်ခွဲ(၁)၊ တပ်ခွဲ (၂-ဂဠုန်) ၊ တပ်ခွဲ (၄-စင်္ကြာ) ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ KMDF ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့ ၊Anonymous Special Task force (ပေါက်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ GOD တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#စစ်ကောင်စီယာဉ်တန်း
#မြိုင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရိက္ခာယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမှ စက်မှု(၂)သို့ ရိက္ခာလာပို့သော ယာဉ်ငါးစီးအတွက် လုံခြုံရေးယူပေးနေ သည့် အင်အား ၂၀ ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောသည်။
“ကျနော်တို့က အရင်မိုင်းဆွဲလိုက်တာ ပြီးတော့ ဒီကောင်တွေက ပြီးသွားပြီဆိုပြီးထအလာမှာ Auto သမားက ၅၀၊ ၆၀ နဲ့ ဝိုင်းပစ်တာ ဒီကောင်တွေ တော်တော်ထိသွားတယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး မြိုင်ဆေးရုံသို့ ပို့ဆောင်းထားရကြောင်း မြိုင်(ပကဖ)၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ဇွန်လ ၇ ရက်နေ့ ည ၇နာရီခန့်တွင် မြိုင်မှပြန်လာသည့် စစ်ကောင်စီကားနှစ်စီးကို တွင်းမပျူစခန်းနှင့် ကမ္မစခန်းကြားတွင် မိုင်းပွိုင့်နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ကားများ ပျက်စီးမှုရှိကြောင်း မြိုင် (ပကဖ) မှ ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုများကို မြိုင် (ပကဖ) တပ်ရင်း(၁) တပ်ခွဲ(၁)၊ တပ်ခွဲ (၂-ဂဠုန်) ၊ တပ်ခွဲ (၄-စင်္ကြာ) ဝံပုလွေပြောက်ကျား တပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ KMDF ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ မုန်တိုင်းတပ်ဖွဲ့ ၊Anonymous Special Task force (ပေါက်)၊ TYK ပြောက်ကျားတပ်ဖွဲ့၊ GOD တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#စစ်ကောင်စီယာဉ်တန်း
#မြိုင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏4😁2
မအူပင်မြို့ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲအခြေအနေ
================
မင်းထက်
(မဇ္ဈိမ)။ ။ဧရာဝတီတိုင်း၊မအူပင်မြို့တွင် ယမန်နေ့ ညနေက လှုပ်ခဲ့သည့် ငလျင်အရှိန်ကြောင့် နောက် ဆက်တွဲအင်အားအနည်းငယ်အဆင့် ငလျင်အချို့ ယနေ့နေ့လည်အထိ လှုပ်ရှားနေပြီး ငလျင်ကြောင့် အဆောက်အဦအချို့ပျက်စီးကာ နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်သည် မအူပင်မြို့တွင် ယမန်နေ့ ဇွန်လ ၇ ရက်၊ ညနေ ၄ နာရီ ၂၀မိနစ်ခန့်မှစတင်ကာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ယနေ့ ဇွန်လ ၈ရက် နေ့လယ် ၁၂နာရီခန့်အထိ နောက်ဆက်တွဲငလျင် ခြောက်ကြိမ်လှုပ်ခဲ့သည်ဟု မြို့ခံများကပြောသည်။
" ငလျင်ကတော်တော်ပြင်းပြင်းလှုပ်သွားတာဆိုတော့ ပျက်စီးမှုတွေလည်းများတယ်"ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။
ယမန်နေ့က ပထမဆုံးအကြိမ်လှုပ်သည့် ငလျင်ကြောင့် မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး အဆိုပါ အဆောက်အဦအတွင်းရှိ သီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။
ထို့အပြင် အထည်ချုပ်စက်ရုံမျက်နှာကျက်ပြိုကျကာ အလုပ်သမားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။ အဆောက်အဦပျက်စီးမှုအနေဖြင့် မအူပင်မြို့နယ် ထွေအုပ်ရုံး၊ ဆယ်သွယ်ရေးရုံး ၊ဆေးရုံ၊မိုးကုတ်ဝိပဿနာကျောင်းတိုက်၊အထည်ချုပ်စက်ရုံ၊ မအူပင်နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊တရားရုံးနှင့် လူနေအိမ်အချို့ ပျက်စီးမှုရှိခဲ့ပြီး ရွှေဘုန်းမြင့်စေတီတော်၏ စိန်ဖူးတော် ယိုင်လဲခဲ့သည်ဟုသိရသည်။
"ဆေးရုံ ခွဲခန်းရှေ့ လျှောက်လမ်းပြိုကျလို့ လူနာတွေ ဆင်းခိုင်းတယ်။ အရေးကြီးသူပဲ ထားတယ်" ဟုဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့ညနေက ငလျင်လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နေ၍ မြို့ခံများ သည် စိုးရိမ်ထိန့်လန့်ကာ နေအိမ်များပေါ်မှ ဆင်းနေခဲ့ကြသည်။ ဇွန်လ ၇ ရက်နေ့ ည ၉ နာရီခန်နှင့် ယနေ့ဇွန်လ ၈ ရက်နေ့နေ့လယ် ၁၂ နာရီခန့်တွင် ငလျင်နှစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ငလျင်၏ သဘောသဘာဝအရ အင်အားပြင်းငလျင်မလှုပ်ခင် ရှေ့ပြေးငလျင်အဖြစ် အင်အားအနည်း ငယ်အဆင့်ရှိသော ငလျင်များ လှုပ်ခတ်သလို အင် အားပြင်းငလျင်လှုပ်ပြီးပါကလည်း နောက်ဆက်တွဲ ငလျင်အဖြစ် အင်အားအနည်းငယ်အဆင့်ရှိသော ငလျင်များ လှုပ်ခတ်လေ့ရှိသည်။ငလျင်ပြင်းအား ရစ်(ခ်)တာစကေး ၃ဒဿမ၉ အဆင့်အထိကို အင်အားအနည်းငယ်အဆင့်ငလျင်၊ ရစ်(ခ်)တာစကေး ၄မှ ၄ဒဿမ၉ အဆင့်အထိကိုအင်အားအနည်းငယ်အဆင့်၊ရစ်(ခ်)တာစကေး ၅မှ ၅ဒဿမ၉အတွင်းကို အင်အားအသင့်အတင့်အဆင့်နှင့် ရစ်(ခ်)တာစကေး၆အထက်ကို အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ထားသည်။
ယမန်နေ့က လှုပ်သော ငလျင်သည် ညောင်တုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်။အမေရိကန် လူမိလေ့လာရေးဌာန USGS ကမူ အဆိုပါ ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုကာ ပြင်းအား ရစ်(ခ်)တာစကေး ၄ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။
ငလျင်လှုပ်ရှားမှုကို မအူပင်မြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်း၊ ဘိုကလေး၊ ဖျာပုံမြို့နှင့် ရန်ကုန်မြို့တွင်လည်း သိသိသာသာခံစားခဲ့ရကြောင်း သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံများကပြောသည်။ ရန်ကုန်မြို့ အနောက်ဘက် ဝန်းကျင်နှင့် ဧရာဝတီတိုင်း ထိစပ်ဒေသများတွင် အင်းအားအနည်းငယ်နှင့် အသင့်အတင့် လှုပ်ရှားလေ့ရှိသော ပြတ်ရွေ့အသေးများ ရှိနေပြီး အင်အားပြင်းအဆင့်ငလျင် လှုပ်ရှားလေ့မရှိကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် မေလ ၃၁ရက်ညနေကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ဒဿမ၉အဆင့် လှုပ်ခတ်သွားခဲ့ပြီး ပျက်စီးထိခိုက်မှုအချို့ရှိခဲ့သည်။
စာတည်း - မောင်ကြီး
#mizzima
#မအူပင်
#ငလျင်လှုပ်ရှား
#နောက်ဆက်တွဲငလျင်
ဓာတ်ပုံ - ငလျင်ကြောင့် မအူပင်နည်းပညာတက္ကသိုလ်ပျက်စီးမှု

👍12🔥2
Media is too big
VIEW IN TELEGRAM
ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ
Watch more detail -
https://youtu.be/WI9nhDmIH3w
#သောက်သုံးရေ #ရခိုင် #မုန်တိုင်းသင့်ဒေသ #VideoNews #shorts #Reels #Mizzima

🔥3❤1
နတ်သံကွင်းတွင် စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းများပါသုံး၍ စစ်အင်အားထပ်မံတိုးမြှင့်
======================
YT
(မဇ္ဈိမ) ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့တွင် စစ်ကောင်စီတပ်မှ ကုန်းလမ်းသာမက ရေလမ်းကြောင်းကိုပါအသုံးပြု၍ စစ်အင်အား ထပ်မံတိုးမြှင့်နေကြောင်း သိရ သည်။
“ မနေ့ ( ဇွန်လ ၇ ရက်နေ့) က ပျဥ်းမပင်ရွာမှာ စုနေကြပြီး နတ်သံကွင်းမြို့ထဲကို မြစ်ထဲကနေကူးပြီး နေရာယူတာ။ အင်အား ၂၀၀ လောက်လို့ပြောတယ်။ ကျိုးသွားတဲ့တံတား (စစ်တောင်းတံတား)နဲ့ ညောင်ဝိုင်း ပျဥ်းမပင်ကတဆက် တည်းပဲလေ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ ပြောသည်။
ဇွန်လ ၆ ရက်နေ့က နတ်သံကွင်း မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏နေရာငါးခုကို တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။
ယင်းနေ့၌ပင် စစ်ရေးအတွက်အဓိကအသုံးပြုနေသည့် စစ်တောင်းတံတား၊ နတ်ရွာတံတားနှင့် သာစည်တံတားတို့ အား KNLA ပူးပေါင်းတပ်မှဖျက်ဆီးခဲ့သဖြင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းပြန်ထိုးရန် ရေလမ်းကိုပါအသုံးပြုနေ ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်တောင်းတံတားအနီးရှိ ညောင်ဝိုင်း၊ ပျဉ်းမပင်၊ ကွင်း ချောင်းဝကျေးရွာများမှတဆင့် နတ်သံကွင်းမြို့အတွင်းသို့ ပြန်လည်စစ်ကြောင်းထိုးလာနေကြောင်း သတင်းရင်းမြစ် ကဆိုသည်။
ထို့ပြင် ဖျက်ဆီးခံထားရသည့် စစ်တောင်းတံတားထိပ်၊ နတ်သံကွင်းမြို့ ရပ်ကွက်(၁) ရဲစခန်း၊ တံခွန်တိုင်ရပ်ကွက်၊ ရပ်ကွက်(၄)တို့တွင်လည်း စစ်အင်အားဖြန့်ထားကြောင်း သိရသည်။
စစ်တောင်းတံတား (နတ်သံကွင်း) ထိပ်ရှိ စစ်ကောင်စီဂိတ်တွင် ဇွန်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်ပစ်ခတ်မှုအချို့ ရှိခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ခမရ(၃၅၁)၊ ခလရ(၆၀)ကဲ့သို့သော အခြေစိုက်တပ်ရင်းများရှိနေပြီး စစ်ကောင်စီအနေဖြင့် ထိုတပ်ရင်းများအား ရိက္ခာ၊ ကျည်၊ လူအင်အား ထောက်ပို့ခြင်း၊ နယ်မြေစိုးမိုးရေးများအတွက် စစ်အင်အားထပ်မံ တိုးမြှင့်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အခြား ဒေသတွင်းသတင်းရင်းမြစ်တဦးကလည်း ပြောသည်။
ဇွန်လ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံး၍ ၁၂ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော်လေးဦးကျဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများအတွင်း G-3 တလက်၊ MA-1 တလက်၊ MA-3 တလက်၊ MA-4 တလက်၊ MA ကျည်ဘောက် ၁၀ ခု၊ MA ကျည် ၃၈၄တောင့်၊ M 16 ကျည်ဘောက်တခု၊ ယူနီဖောင်းခြောက်စုံ၊ M14 မိုင်း ၆၀ လုံး၊ ကျောပိုးအိတ် ခြောက်လုံး၊ 79 လက်နက်ကြီးကျည် တလုံး၊ မိုင်းရှာစက် နှစ်စုံ၊ ယမ်းကူး ၁၅ ခု၊ မြန်မာငွေ ၄၈,၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အသက်ငါးနှစ်အ ရွယ်ကလေးနှစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ အသက် ၅၀ အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရထားပြီး ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း တပ်မဟာ (၃) KNLA တပ်မှူးတဦးထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#နတ်သံကွင်း
#စစ်အင်အားတိုးမြှင့်
#ညောင်လေးပင်ခရိုင်
#ကုန်းလမ်း
#ရေလမ်း
ဓါတ်ပုံ- ဇွန်လ ၆ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသော စစ်တောင်းတံတား (နတ်သံကွင်း)

👍9🤬2🔥1😁1
တရုတ်လေယာဉ်များ ဝင်ရောက်လာသောကြောင့် လေကြောင်းရန် ကာကွယ်ရေးကို ထိုင်ဝမ် စတင် လုပ်ဆောင်
=====================
တရုတ်၏ မကြာသေးမီက လေကြောင်းရန် ကျုးကျော်မှု အဖြစ် စစ်လေယာဉ် ၃၇ စင်းသည် အနောက်ပစိဖိတ်ဒေသသို့ ပျံသန်းသွားကြောင်း သတင်းရရှိပြီးနောက် ထိုင်ဝမ်သည် ၎င်း၏ လေကြောင်းကာကွယ်ရေးစနစ်များကို ဇွန် ၈ ရက် တွင် စတင် လုပ်ဆောင်လိုက်သည်။

👍13🔥2
ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
ပုလောမြို့ မင်းထိန်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်၍ ၁ ပတ်အတွင်း ၃ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရ
===============
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မင်းထိန်ကျေးရွာအုပ်စုရှိ ၊ မင်းထိန်ကျေးရွာကို ခလရ (၂၈၅) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇွန်လ ပထမပတ်အတွင်း သုံးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။
“ ဒီရွာမှာက ဇွန်လ ၁ ရက်နေ့ ကတည်းက ရွာခံတွေ အချို့ နေအိမ် စွန့်ခွာ နေတာ ရှိပါတယ်။ အဓိကကတော့ နောက်ထပ် စစ်တပ်က လက်နက်ကြီးနဲ့ ထပ်ပစ်မှာကို စိုးရိမ်ပြီး ပြောင်းရွေ့နေတာ ဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက် ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးပြီး ထိုပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့က သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးဖိုးချောင်းဆိုသူဖြစ်ပြီး ဒဏ်ရာရသူအမျိုးသမီးမှာ ဒေါ်စီစီဆိုသူဖြစ်သည်။
“စစ်တပ်က ပစ်လို့ လက်နက်ကြီး ရွာထဲ ကျပြီး ဒေသခံတွေ ရှစ်ဦးထက် မနည်း ထိတဲ့ အထဲမှာ နှစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံပို့ အချိန်မှာ အမျိုးသား တစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်”ဟု ဒေသခံ တစ်ဦးကသည်။
ပုလောမြို့နယ် အခြေစိုက် ခလရ (၂၈၅) တပ်ရင်းသည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ပုလောမြို့နယ် အနီးတဝိုက်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတောနှင့် ကဒဲ စသည့် ကျေးရွာများတွင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။ ပုလောမြို့နယ် သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ဖြစ် သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၃ ဦးသေ
#၁၀ ဦးကျော်ဒဏ်ရာရ
#မင်းထိန်ရွာ

👍5🤬4😢3🔥2😁1
မန်ယူနိုက်တက် ရောင်းချခြင်း - ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်က ကလပ်ကို ဝယ်ယူဖို့ ၅ ကြိမ်မြောက်နဲ့ နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်
====================
ရှိတ်ဂျာဆင်း ဘင်ဟာမက် အယ်သာနီဟာ ဒီသီတင်းပတ်အစောပိုင်းက မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ၅ ကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း ကာတာဘဏ်လုပ်ငန်းရှင်နဲ့ နီးစပ်သူတစ်ဦးအရ သိရပါတယ်။
ဒါဟာ ရှိတ်ဂျာဆင်းရဲ့ နောက်ဆုံး ကမ်းလှမ်းမှုဖြစ်ပြီး သူဟာ သောကြာနေ့ကုန်ရင်တော့ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တော့မှာ မဟုတ်ပါဘူး။
အခုကမ်းလှမ်းမှုဟာ ကလပ်ရဲ့ ၁၀၀ ရာခိုင်နှုန်းအတွက်ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကြွေးမြီတွေကို ရှင်းပေးမှာဖြစ်ပြီး ကလပ်နဲ့ ဒေသတွင်းအသိုင်းအဝိုင်းအတွက် သီးခြားရန်ပုံငွေတစ်ခုရှိမှာပါ။

👍8🔥3
တူမီးထီအပတ်စဉ် (၁၃) မှ ရရှိလာသော ကန်ဒေါ်လာ ၇၀၀ကျော်ကို CDF ထံပေးအပ်
==================
ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ်တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသော တူမီးထီအပတ်အစဉ်(၁၃) မှ ရရှိလာသည့် ရန်ပုံငွေ ကန်ဒေါ်လာ၇၆၅ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Tonzangထံ ပေးအပ်ခဲ့ကြောင်း တူမီး ထီက ဇွန်လ ၇ရက်နေ့တွင်ထုတ်ပြန်သည်။
တူမီးထီကို တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာဖြင့် ရောင်းချနေပြီး မေလအတွက် အပတ်စဉ် (၁၃) တွင် ၂၀၅စောင် ရောင်းချရသောကြောင့် စုစုပေါင်း ၁၀၂၅ ဒေါ်လာရရှိခဲ့သည်။ ဆုကြေးငွေ ဒေါ်လာ၂၅၀နှင့် အေးဂျင့်အတွက် ၁၀ဒေါ်လာ သုံးစွဲခဲ့သဖြင့် ကျန်ရှိသော ၇၆၅ဒေါ်လာကို CDF – Tonzangထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တူမီးအပတ်စဉ် ၁၃မှာ ပေါက်တဲ့သူမရှိပါဘူး။ ဒါပေမဲ့ဆုကြေးငွေ ဒေါ်လာ၂၅၀ ကတော့ နောက်လာမဲ့အပတ်စဉ်မှာ ထပ်ပေါင်းချီးမြှင့်သွားမှာပါ” ဟု တူမီးထီက တာဝန်ရှိသူ တစ်ဦးကပြောသည်။
တူမီးထီအပတ်စဉ်(၁၃)မှ ဆုကြေးငွေ ဒေါ်လာ၂၅၀ကို ထပ်ပေါင်းထည့်မည်ဖြစ်သဖြင့် လာမည့်အပတ်စဉ်(၁၄) တွင် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၃၀၀ စတင်သတ်မှတ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။
အပတ်စဉ်(၁၄) အတွက် တူမီးထီများကိုရောင်းချလျက်ရှိပြီး ဇွန်လ ၃၀ရက်နေ့တွင် ကံထူးရှင်ရွေးချယ်သွားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် တူမီးထီ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့်ဆက်သွယ်ပြီး ကူညီအားဖြည့်နိုင်သည်ဆိုသည်။
တူမီးထီ အပတ်စဉ် (၁၂) မှ ရရှိလာသော ရန်ပုံငွေ ကျပ် ၃၂၂၀,၀၀၀(သုံးဆယ့်နှစ်သိန်းနှစ်သောင်း) ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet ထံ ပေးပို့ခဲ့ကြောင်းသိရသည်။ တူမီးထီမှ ရရှ်ိငွေကို ထောက်ပံ့ရာတွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ အိန္ဒိယရူပီးငွေ စသည်ဖြင့် လိုအပ်ချက်ပေါ်မူတည်၍ အဆင်ပြေရာ ငွေကြေးဖြင့် ထောက်ပံ့ခြင်းဖြစ်သည်။
တူမီးထီမှ ရရှိသောဘဏ္ဍာငွေများကို ချင်းတော်လှန်ရေးအင်အားစုများထံသို့ထောက်ပံ့နေပြီး ထီထိုးသူနည်းလျှင် ထောက်ပံ့ငွေနည်းပါးသဖြင့် ပြည်သူများအနေဖြင့် များများပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။
တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဉီးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန်အတွက် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ်ထီဖြစ်သည်။
စာတည်း - မောင်ကြီး
#mizzima
#တူမီးထီ
#CDF – Tonzang
ဓာတ်ပုံ - CDF တပ်ဖွဲ့ဝင်များ

👍8❤2😁2
NUG ၏ ရန်ကုန် PDF တပ်ရင်းက ကြိုတင်ပြင်ဆင်သည့် ဆောင်ရွက်ချက်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော
====================
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရန်ကုန်တိုင်းတွင် ပထမဆုံး PDF တပ်ရင်း ဖွဲ့စည်းခြင်းသည် ရန်ကုန်တွင် ချက်ချင်းလက်ငင်း စစ်ရေး လုပ်ဆောင်ချက် ဖြစ်ပေါ်လိမ့်မည်ဟု အဓိပ္ပါယ် သဘော မသက်ရောက်သော်လည်း ယင်းက ရန်ကုန်၌ ရှေ့ကာလ စစ်ဘက် စစ်ဆင်ရေးတစ်ခုအတွက် ကြိုတင်ပြင်ဆင်သော ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်းနှင့် ထို တပ်ရင်းက ရန်ကုန်ကို ဦးတည်ပြီး ချီတက်မည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

👍18❤2🔥1😁1
ဇွန်လ ၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================
-NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချလိုက်တဲ့သတင်း
-NUG လူ့အခွင့်အရေးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံး လုပ်ကြံခံရတဲ့အကြောင်း
-အညာဒေသက စစ်ဘေးရှောင်တွေ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုနှင့် ကြုံတွေ့နေရ
-မအူပင်မြို့ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲအခြေအနေ
-ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်တဲ့အကြောင်း သတင်းအပါအဝင် တခြားအရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
https://www.youtube.com/live/PS7DWPf35x0?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ ၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
ဇွန်လ ၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
============
-NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချလိုက်တဲ့သတင်း
-NUG လူ့အခွင့်အရေးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံး လုပ်ကြံခံရတဲ့အကြောင်း
-အညာဒေသက…

❤7👍2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဩဇာလွှမ်းမိုးမှု စုံစမ်းစစ်ဆေးရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီး ပိုလန်နိုင်ငံကို အရေးယူဖို့ အီးယူစတင်လုပ်ဆောင်
https://www.facebook.com/reel/2012648632409276
#Internationalnews #Mizzima #Russia #EU #Poland #Reels #Shorts

🔥3😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဇွန် ၂၀၂၃)
==========================
၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ မဲရှုံး၍ အာဏာလုပြီးမှ လူကြားကောင်းအောင် စစ်တပ်က တရားမဝင်ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေချိန် ကြံ့ဖွံ့ ဥက္ကဋ္ဌ ခင်ရီ က စစ်လုပ်မည့် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်အောင်လုပ်မည်ဟု ပြောဆိုနေခြင်းသည် လူအများအတွက် လှောင်ရီစရာတစ်ခုပင်ဖြစ်နေသည်။

👍5😁3🔥1