Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ( ၈ )ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... NLD ဝန်ကြီး ၂ ဦးရဲ့ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တဲ့သတင်းနဲ့အတူ မတူပီ - မင်းတပ်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် CDF – Matupi က ခရီးသွားလာခွင့်ကို ယာယီပိတ်လိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။   

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။  
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/i7Z5rrc5hx0

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🤮1
၀◌မ်းဗိုက်အူကျွံနာကြောင့် ပုပ်ရဟန်းမင်းကြီး ခွဲစိတ်ကုသမှုခံယူ

https://www.facebook.com/reel/951227156103244

#Internationalnews #Mizzima #Reels #shorts
👍5🔥1
This media is not supported in your browser
VIEW IN TELEGRAM
June - 8 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🍌3👍2
ပြည်မြို့တွင် လူသတ်၍ ပစ္စည်းလုယက်မှုဖြစ်ပွား
🔥4🥴1
ပြည်မြို့တွင် လူသတ်၍ ပစ္စည်းလုယက်မှုဖြစ်ပွား
===============

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်မှနေအိမ်တခုတွင် လူသတ်၍ ပစ္စည်းလုယက်မှု ဖြစ် ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှတဆင့် သိရသည်။

အောင်ဆန်းပြည်သာယာရပ်ကွက် (၃) လမ်းထိပ်၊ ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်တခုတွင် ယနေ့ ဇွန်လ ၈ ရက် ညနေ ၄ နာရီခန့်က အမျိုးသမီးတဦးအားသတ်ဖြတ်မှုဖြစ်ခဲ့ခြင်းဟုဆိုသည်။

အခင်းဖြစ်ပွားရာနေအိမ်တွင် သေဆုံးသူအမျိုးသမီးနှင့် ကျောင်းနေအရွယ်ကလေးငယ်တဦး နေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူကျောင်းမှပြန်ရောက်သည့်အခါ မိခင်ဖြစ်သူအမျိုးသမီးကို ရေချိုးခန်းအတွင်း သေဆုံလျှက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီမှ သွားရောက်ကူညီကယ်ဆယ်ရာတွင် သတ်ဖြတ်ခံထားရသည် ကိုတွေ့ရှိရ၍ ရဲစခန်းအားအကြောင်းကြားကာ ရဲမှုခင်းအဖြစ် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

“ဖုန်းဆက်အကြောင်းကြားလာတော့ ရေချိုးခန်းအတွင်းချော်လဲတာဆိုလို့ သွားလိုက်တာ။ ဟိုရောက်တော့ စစ် ဆေးကြည့်မှ နားထဲကလည်း သွေးတွေထွက်တယ်။ ဒဏ်ရာတွေနဲ့ လည်ပင်းတွေမှာလည်း ညစ်ထားသလို အညို အမည်းဒဏ်ရာတွေနဲ့ တရွတ်တိုက် ဆွဲသွားသလိုတွေလည်း တွေ့ရတယ်" ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် (၃၀) ကျော်အရွယ်ဖြစ်ပြီး သတ်ဖြတ်လုယက်မှုကျူးလွန်သူမှာ မည်သူမည်ဝါ ဖြစ် ကြောင်း မသိရှိရသေးဘဲ ဆုံးရှုံးခဲ့သည့် ပစ္စည်းတန်ဖိုးစာရင်းကိုလည်း မရရှိသေးကြောင်း ပြောသည်။

အိမ်အတွင်းရှိ ဗီဒိုများအားဖွင့်ထားကာ ပစ္စည်းများ၊ အိတ်များမှာလည်း ခြေရာလက်ရာ ပျက်ယွင်းနေသည့်အတွက် လူသတ်၍ ဖောက်ထွင်းယူဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ မော်တော် ယာဉ်ဖြင့် ပြည်ဆေးရုံကြီး၊ ရင်ခွဲရုံသို့ စစ်ဆေးရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ကာလအတွင်း မြန်မာနိုင်ငံအဝှမ်း၌ လုယက်မှု၊ ဓားပြတိုက်မှု၊ အနုကြမ်းစီး လူသတ်မှုများနှင့် ဖောက်ထွင်းမှုများ များစွာဖြစ်ပွားလျက်ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီခွဲခန့်ကလည်း ပဲခူးတိုင်း လက်ပံတန်းမြို့ရှိ သိန်းသိန်းစတိုးဆိုင်တွင် နေအိမ်ဖောက်ထွင်းခံရပြီး ရွှေသုံးပိဿာနှင့် ငွေသားများပါသွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပြည်မြို့
#လူသတ်ဖောက်ထွင်း
#လုယက်မှု
#အောင်ဆန်းပြည်သာယာရပ်ကွက်
ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3🥴1
စစ်အာဏာသိမ်းအပြီး (၂)နှစ်အကြာ၊ ရန်ကုန်မှာ ဘာတွေဖြစ်နေပြီလဲ??
===================

ရန်ကုန်ရဲ့ အခက်အခဲအကြပ်အတည်းတွေအများကြီးထဲက လက်လှမ်းမှီသမျှကို ရုန်းကန်သံအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။ ရန်ကုန်လူထုရဲ့အသံတွေကို အတူတူနားထောင်ကြည့်ကြရအောင်ပါ။

https://youtu.be/I2_KT-Wxnak
 
#two_years_after_coup #episode1 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥3😁1
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော
🤬9🔥3👍2😢2
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော
==========================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံးကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်လိုက်သောကြောင့် မုန်တိုင်းဘေးသင့် ရခိုင်လူထုအတွက် စိုးရိမ်စရာအလွန်ကောင်းကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ဇွန်လ ၈ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာတွင် ပါရှိသည်။အဆိုပါ အကြောင်းကြားစာတွင် စစ်ကောင်စီ၏လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူက လက်မှတ်ထိုးထားသည်။

အဆိုပါ ညွှန်ကြားစာ လက်ခံရရှိထားပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်အဖွဲ့အစည်းများအားလုံးကို ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ယနေ့ မေလ ၈ရက်တွင် ပြောသည်။

" အရပ်ဖက်အဖွဲ့တွေကို စာပို့တယ်။ လူတွေ ငတ်သွားနိုင်တယ်။ ဒီနှစ်ပတ် သုံးပတ်အတွင်း တချို့နေရာတွေကို မရောက်သွားရင် လူတွေ ငတ်သွားနိုင်တယ်။ အခုလည်း ငတ်နေကြတယ်။ တချို့အိမ်တွေဆိုရင် ဆန်တစ်ပြည်တောင် မရှိဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယခင်ကလည်း လွတ်လပ်စွာ သွားလာခွင့် မရခဲ့သလို ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းသည် ဒေသခံပြည်သူများအတွက် ဒုက္ခများစွာ ကြုံတွေ့ရနိုင်ကြောင်း ကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ပြည်တွင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်ကာလတွင်သာ ထောက်ပံ့ထားနိုင်ပြီး နိုင်ငံတကာမှအကူအညီမရပါက ရေရှည်တွင် ဒေသခံပြည်သူများ အငတ်ဘေးဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ယခုကဲ့သို့ ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မိုင်းလားမြို့၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီမှု မရရှိခဲ့သဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိ‌နေသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၈ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းသည် အဆိုပါ ကိစ္စအား ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီယာအချို့က ယ‌နေ့ ရေးသားထားသည်။

စစ်ကောင်စီက ရခိုင်ဒေသအတွင်း ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား ခရီးသွားလာခွင့် ရပ်ဆိုင်းကြောင်း အကြောင်းကြားစာ လက်ခံရရှိခြင်းရှိမရှိကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-မြန်မာ (ICRC Myanmar)ထံသို့လည်းမဇ္ဈိမမှ ယနေ့ညနေက မေးမြန်းခဲ့ရာတွင်လည်း ယင်းအကြောင်းကို မဖြေကြားဘဲ ၎င်းတို့ထံ email ပို့ မေးရန်နှင့် အကြောင်းအရာပေါ်မူတည်ပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပေးမည်ဟု ဖြေကြားသည်။

ရခိုင်ပြည်နယ်မှ မုန်တိုင်းဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု နိုင်ငံတကာကူညီရေးအဖွဲ့များက ပြောဆိုနေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ရခိုင်လူထုကို ဒုက္ခပေးရန်အကြံအစည်ဟု မုန်တိုင်းဘေးသင့်ပြည်သူများကပြောသည်။ ပြီးခဲ့သည့် မေလ ၁၄ရက်က ရခိုင်ကမ်းရိုးတန်းသို့ဉီးတည် ဝင်ရောက်ခဲ့သော မိုခါဆိုင်လုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တပြည်နယ်လုံးအတိုင်းအတာအားဖြင့် မုန်တိုင်း ဘေးသင့်ခဲ့ရသည်။

စစ်ကောင်စီသည် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက်အကူအညီများကို ဖြတ်လေးဖြတ် မူဝါဒဖြင့် ဖြတ်တောက်နေသည်ဟု မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂသဘာဝဘေးအန္တရာယ်ကျရောက်မှုလျှော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေးအဆင့်မြင့်အရာရှိကြီးများမျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#နိုင်ငံတကာအဖွဲ့အစည်းများ
#ခရီးသွားလာခွင့်ရပ်ဆိုင်း
👍6🔥3🤬3👎1
ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တွေအတွင်း အရှည်ကြာဆုံး အပူလှိုင်းကြောင့် ကျောင်းတွေပိတ်ထားရ
=====================

https://youtu.be/Inj_k_UTErc

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥3