Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ကောင်စီတပ်ဖွဲ့၀င်များ အရပ်ဝတ်ဖြင့် သွားလာနေသည့် အမှတ် (၈) လမ်းမကြီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးမှုများပြုလုပ်မည်
========================

YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်ကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအား ဆက်သွယ်ထားသော အမှတ််(၈) လမ်းမကြီးပေါ် ဒေသခံများနှင့် ရောနှော ဖြတ်သန်းသွားလာနေ၍ တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ထိုသို့ ဖြတ်သန်းသွားလာပြီး စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများ၊ ကင်းတဲများ၊ရဲစခန်းများသို့ စစ်အင်အားတိုးမြှင့်ခြင်း၊ ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများ သယ်ယူခြင်းတို့ကို ပြုလုပ်နေသဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သည့်အခါ ဒေသခံများ ထိခိုက်မှုရှိနိုင်သဖြင့် ထိုအန္တရာယ်အား ကာကွယ်ရန် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ သွားတယ်၊ လာတယ်၊ လက်နက်တွေကိုဖွက်သွားတယ်။ ဒေသခံတွေနဲ့ ပေါင်းပြီးသွားတယ်။ တစ်ခုခုဖြစ်လို့ရှိရင် သူတို့က ပြည်သူတွေနဲ့ အတူတကွသွားတဲ့အတွက် ပြည်သူတွေထိခိုက်တယ်လေ။ အဲ့ဒီအန္တရာယ်ကိုကာကွယ်ဖို့ ကြိုတင်ပြီး စာထုတ်တဲ့သဘောပါ" ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Operation Force) တာဝန်ခံကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။

KNLA တပ်ရင်း (၂၇) တပ်ရင်းမှူး စောနယ်ဒါထူးလက်မှတ်ထိုးခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် အချက်လေးချက်ပါဝင်ပြီး အမှတ် (၈) လမ်းမကြီးသို့ ဖြတ်သန်းသွားလာနေသော ပြည်သူများအနေဖြင့် တောလှန်ရေးတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ စစ်ဆေးခွင့်ပြုရန်နှင့် စစ်ကောင်စီနှင့် ပတ်သက်သည်များအား သယ်ဆောင်ခြင်းမပြုရန် မေတ္တာရပ်ခံထားပြီး ထိုထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိ၍ တစ်စုံတစ်ရာဖြစ်လာပါက တာဝန်ယူမည်မဟုတ်ကြောင်း ဆိုထားသည်။

" စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ၊ အသွားအလာတွေကို အဓိက ပိတ်ပင်သွားမှာဖြစ်တယ်" ဟု ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမှတ် (၈) လမ်းမကြီး​၏ မွန်ပြည်နယ်ဘက်ခြမ်းဖြစ်သည့် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့သည် KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၂၇) အုပ်ချုပ်ရာ နယ်မြေဖြစ်သည်။ ထို့ပြင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) ဘိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နယ်မြေစိုးမိုးရေးအတွက် ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အမှတ် (၈) လမ်းမကြီး​
#လုံခြုံရေးတိုးမြှင့် စစ်ဆေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3
ဇွန်လ (၁၁) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

စစ်ကောင်စီကို ပံ့ပိုးကူညီနေတဲ့ ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUCC ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ

ရိုဟင်ဂျာတွေကို ပြန်ပို့မယ့် အစမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်က ရပ်ဆိုင်းသင့်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြားလိုက်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။

ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ စွန့်ခွာဖို့ ပြောဆိုမှုအပေါ် အသံနဲ့ အမြင်တွေကိုတင်ဆက်ပေးထားပါတယ်။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/joY-IXAXfWc

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮4
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဇွန် ၂၀၂၃)
============

အမျိုးသားညီညွတ်ရေး အစိုးရ

• မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီကို ထင်ရှားစွာ ပံ့ပိုးကူညီနေသည့် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သို့ စစ်လက်နက် ပစ္စည်းများ ၊ စစ်ထောက်လှန်ရေး နည်းပညာများ ပံ့ပိုးမှုများကို ရပ်ဆိုင်းရန် သတိပေးကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ဇွန် ၁၀ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့်အကူအညီများ ဆက်လက် ထောက်ပံ့ပေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

• စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် Zarmani Revolution Forece အဖွဲ့ခေါင်းဆောင်၊ အခြားအဖွဲ့ဝင် နှင့် ဒေသခံတစ်ဦး အပြင် ကျေးရွာတစ်ခု၏ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံတို့ကို ဖမ်းဆီး ခဲ့မှု နှင့် သေဆုံးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖြေရှင်းပေးရန် စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းမှူးက ဇွန် ၁၀ ရက်က စာထုတ်ပြန်တောင်းဆိုလိုက်သည်။
👍17😁2
ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း
👍4🔥3
ရခိုင်ကို ဝင်‌မွှေနေတဲ့ နောက်တိုးမုန်တိုင်း
===============

ရွှေနွယ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုံစားရွာက ဆွေရိပ်မျိုးရိပ်မရှိရှာတဲ့ ဒေါ်မသန်းစိန်တစ်ယောက် သူ့ခြံထဲက သရက်ပင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားပါတယ်။ပုံစားရွာခံတွေကို အထိန့်တလန့်ဖြစ်စေခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ ဖြစ်ခဲ့တာပါ။

အဲ့ဒီနေ့ မနက်ဝေလီဝေလင်းမှာ ပုံစားရွာလယ်လမ်းကိုဖြတ်လျှောက်လာတဲ့ မအေးပုံ(အမည်လွှဲ) တစ်ယောက် အထိန့်တလန့်မြင်ကွင်းတစ်ခုကြောင့် ‌ကြက်သေသေသွားခဲ့ပါတယ်။ အရုပ်ကျိုးပြတ်သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းဟာ လမ်းဘေးခြံထဲက သစ်ပင်မှာ တွဲလောင်းကျနေပါတယ်။

သေဆုံးနေသူက မအေးပုံနဲ့ တရွာတည်းနေသူ ဒေါ်မသန်းစိန်။ မိုခါမုန်တိုင်းတိုက်ခံရလို့ အိမ်ပြိုသွားတာကြောင့် ရုတ်တရက် အိမ်ခြေမဲ့သွားသလို စားဝတ် နေရေးလည်း အဆင်မပြေရှာတာကြောင့် လူလော ကထဲ မနေချင်တော့ကြောင်း ဒီရက်ထဲနေ့စဉ်ရက် ဆက် ငြီးတွားနေတဲ့ဒေါ်မသန်းစိန်။မအေးပုံတယောက် ရုတ်တရက် မင်သက်နေရာကနေ အသိဝင်လာပြီး ဘေးပတ်ဝန်း ကျင်ကို အော်ခေါ်လိုက်တယ်။ ရွာလူကြီးကိုလည်း အကြောင်းကြားလိုက်တယ်။ ရွာလူကြီးရောက်လာပြီးတဲ့နောက် ဒေါ်မသန်းစိန်ရဲ့ အလောင်းကို သစ်ပင်ကနေ ဖြုတ်ပြီး စစ်ဆေးကြတယ်။ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့အကြောင်း စိစစ်အတည်ပြုပြီးတဲ့နောက်မှာတော့ ခြံဝန်းတ‌နေရာမှာ ဒေါ်မသန်းစိန်ရဲ့နာရေးကိုပြင်လိုက်ပါတယ်။ ဆွေမျိုး အရင်းအချာမရှိရှာသူမို့ ရွာကလူတွေကပဲ နာရေးကိုစီစဉ်ပေးလိုက်ကြပါတယ်။
အသက် ၄၀ အရွယ် ဒေါ်မသန်းစိန်ဟာ ရွာမှာ ရရာအလုပ်ကို နေ့စားလိုက်လုပ်ပြီး ချို့ချို့တဲ့တဲ့နဲ့ပဲ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရသူပါ။ကောက်စိုက်၊ ပျိုးနှုတ် ရရာအလုပ်အကုန်လုပ်တယ်။ရတဲ့ငွေကိုခြစ်ချုပ်စုပြီး သစ်သားနဲ့ဝါးရောရာ အိမ်သေးသေးလေးတစ်လုံးသူဆောက်ခဲ့တယ်။ ပုံစားရွာသူ၊ရွာသားတွေရဲ့ လုပ်အားနဲ့ လွန်ခဲ့တဲ့ ‌၆ နှစ်လောက်က ဆောက်ခဲ့တာပါ။ အဲ့ဒီခေတ် ကာလက ကာလပေါက်ဈေး ၁၅သိန်းကျပ်ခန့် ကုန်ကျခဲ့ပြီး ဒီအိမ်လေးအပေါ် ဒေါ်မသန်းစိန်က တော်တော်လေး သံယောဇဉ်ကြီးရှာတယ်လို့ ပုံစားရွာခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ရက်တုန်းက ရခိုင်ပြည်နယ်ကို မွှေနှောက် ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းဟာ ဒေါ်မသန်းစိန်တို့ရဲ့ ပုံစားရွာလေးကိုလည်း ချေမွပစ်လိုက်ပါတယ်။ အိမ်ခြေ ၈၀ ခန့်ရှိတဲ့ ပုံစားရွာမှာ မလဲမပြိုခဲ့တာဆိုလို့ ငါးအိမ်ပဲ ရှိပြီး ဒေါ်မသန်းစိတ်ရဲ့အိမ်လေးကတော့ နေလို့မရအောင်ကို ပျက်စီးသွားခဲ့တာပါ။ နောက်ရက်‌တွေမှာတော့ ဒေါ်မသန်းစိန်တစ်‌ယောက်နေ့စဉ်လို တမှိုင်မှိုင်တထွေထွေဖြစ်နေခဲ့တယ်လို့မအေးပုံက ဆိုပါတယ်။ တရွာလုံး မုန်တိုင်းဘေးသင့်ခဲ့တာကြောင့် အချင်းချင်းလည်း မကူညီနိုင်ခဲ့ကြပါဘူး။ရွာကလည်း ဘယ်ကိုကြည့်ကြည့် အပျက်အစီးမြင်ကွင်းတွေပဲ တွေ့နေရတာက စိတ်ထိခိုက်စရာလို့ ဆိုကြပါတယ်။ ပုံစားရွာတရွာလုံးကိုယ့်အပူနဲ့ကိုယ် လောင်မြိုက်နေရချိန်မှာ ဒေါ်မသန်းစိန်ကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ သူ့ရင်ဆိုင်နေရတဲ့ဒုက္ခတွေကနေ လွတ်မြောက်ရာလမ်းကို ထွက်သွားခဲ့တယ်လို့ မအေးပုံက ဆိုပါတယ်။

“တကိုယ်တည်းလည်းဖြစ်၊ အားကိုးရာလည်းမရှိ၊ သူ့အပိုင်အိမ်လည်းပျက်၊ တရွာလုံးလည်းပျက်တဲ့အခြေအနေမှာ စိတ်အားလျော့သွားပုံရပါတယ်" လို့ မအေးပုံကပြောပါတယ်။

မုန်တိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦး အခုလို အဆုံးစီရင်သွားခြင်းဟာ ဘေးသင့်ရခိုင်ပြည်သူလူ ထုရဲ့ လတ်တလော ဒုက္ခတွေကို လူ့အဖွဲ့အစည်းက သတိထားမိအောင် လှစ်ဟပြသလိုက်တဲ့ အဖြစ် အပျက်လို့ ကျောက်တော်မြို့ခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံနဲ့အဝှမ်း အစစအရာရာ ချွတ်ခြုံကျနေတဲ့ အခြေအနေမှာမှ မိုခါက အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ မြန်မာကို ဝင်လာခဲ့တာပါ။ ရှုပ်ထွေးတဲ့ နိုင်ငံရေးဂယက်အောက်က ရခိုင်ပြည်နယ်ဟာ မိုခါမုန်တိုင်းဘေးကို တည့်တိုးရင်ဆိုင်ခဲ့ရသလို မုန် တိုင်းဘေးကြိုတင်ကာကွယ်ရေးရော၊ ပြန်လည်ထူ ထောင်ရေးမှာပါ အမိမဲ့သား ရေနည်းငါးဘဝကို ရင်ဆိုင်ခဲ့ရတယ်လို့ ဘေးသင့်ပြည်သူတချို့ကပြောပါတယ်။

စာတည်း - မောင်ကြီး

#mizzima

#မိုခါဆိုင်ကလုန်းမုန်တိုင်း
#ရခိုင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍7🔥2❤1
​​မြင်းခြံမြို့နယ်တွင် ကင်းပတ်ထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး
====================

MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်အတွင်းရှိ ကြည်ရွာမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)၊ တပ်ခွဲ (၁)၊ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ် ကြည်ရွာမှ ဆီးမီးခုံဖက်သို့ ဆိုင်ကယ် ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း NYSGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကင်းပတ်ထွက်တာ နေ့တိုင်းနီးပါး ထွက်တယ်။ သူတို့ ပြန်တောင်မပစ်နိုင်ဘူး ချက်ခြင်းတန်းလဲသွား တာ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-1 တလက်၊ 5.56 ကျည် ၁၆ တောင့်နှင့် ဖုန်း တလုံးသိမ်းဆည်းရမိခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်း NYSGF အဖွဲ့က ထုတ် ပြန်ထားသည်။

ယင်းအပြင် နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ NYSGF အဖွဲ့အနေဖြင့် မြင်းခြံခရိုင်အတွင်း စစ်ဆင်ရေး များကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်သွားလာခြင်းများကို ရှောင်ရှားကြပါရန် အသိပေးကြေညာ ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31👏2😁1🥴1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
========================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ငါတို့အလှည့်မကြာခင်လာမည် စစ်ခွေးမျိုးသုဥ်းစေရမယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေ ရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၉)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍23❤9😁2
​​ဗီယက်နမ်၌ ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် လူ သေဆုံး၊ ဒဏ်ရာရမှုများ ရှိ
=======================

ဗီယက်နမ်နိုင်ငံ အလယ်ကုန်းမြင့်ဒေသ၌ ဇွန်လ ၁၁ ရက်တွင် ရဲစခန်းနှစ်ခု၌ ပစ်ခတ်မှုများ ဖြစ်ပွား၍ လူတချို့ သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
👍14🔥3
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်ဆက်လက်ချီတက်
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း ၍ ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဇွန်လ၁၁ရက် တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်းကို ကိုင်စွဲပြီးစစ်အာဏာရှင်အလိုမရှိကြောင်းကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြ ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သောဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ် မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၈၁၃) ရက်မြောက်ဖြစ်ကြောင်းသိရသည်။

#ဆန္ဒပြ
#Mizzima
❤29👍5🥰2😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/qmlhDYVgUkc

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
======================

ဓာတ်ပုံတွေ လှလှ ရိုက်နိုင်မယ့် ဆွီဒင်က Youseum ဆယ်လ်ဖီပြတိုက်ကို သွားတဲ့ ကမ္ဘာတလွှား ခရီးသွား အစီအစဥ်၊ မက္ကာအိုကျွန်းမှာ ကိုဗစ်အလွန် ကာဆီနိုလုပ်ငန်းကရတဲ့ ဝင်ငွေက အဆပေါင်းများစွာ တိုးလာနေ၊ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ပါကစ္စတန်မှာ ငွေကြေးဖေါင်းပွမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်၊ စသည် အာရှစီးပွားရေးသတင်းများ၊ သတင်းမှားတွေ၊ သတင်းတုတွေကို ရည်ညွှန်းတဲ့ အင်္ဂလိပ်စာလုံးတွေအကြောင်း သတင်းထဲက အင်္ဂလိပ်စာတို့ကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်၊ တနင်္လာမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/UhQl2_mKP0o

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2🔥2😁1
ဇွန်လ (၁၂) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကျောက်တံတားမြို့နယ်က အခွန်ရုံးဖောက်ခွဲမှုပြုလုပ်သူ ၅ဦးကို စစ်ကောင်စီဖမ်းဆီးလိုက်တဲ့သတင်းနဲ့အတူ

မန္တလေးမှာ စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရတဲ့အကြောင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။

ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ စွန့်ခွာဖို့ ပြောဆိုမှုအပေါ် အသံနဲ့ အမြင်တွေကိုတင်ဆက်ပေးထားပါတယ်။

https://youtu.be/CXPVert3Vn4

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2