Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
👍8🔥2😁1😢1
ပုလဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
======================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်၏စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူ များထံမှ သိရသည်။

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ ထွက်လာသည့် အင်အား ၁၇၀ ၀န်းကျင် ပါစစ်ကောင်စီတပ်သည် ဇွန်လ ၈ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးမှုများ စတင်လုပ်ဆောင်နေသည်။

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“အခု ဒီစစ်ဘေးရှောင်စခန်းမှာဆို စုစုပေါင်းခန့်မှန်းကျေးရွာ ၁၆ ရွာ၀န်းကျင်လောက်က ပြည်သူတွေရှိ တယ်။ ပုလဲမြို့နယ်အတွင်းမှာဆိုရင် လူဦးရေ ၁၀,၀၀၀ လောက် စစ်ဘေးရှောင်နေကြရတာပါ။
မိုးတွင်း ကာလဆိုတော့ အစစအရာရာ လိုအပ်ချက်တွေချည်းပါပဲ။ အဓိကတော့ စား၀တ်နေရေးပြဿနာ ပိုဖြေ ရှင်းနေရတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် မြို့နယ် ပကဖ၊ ပအဖ အဖွဲ့အစည်းများနှင့် Beyond The Chindwin Oraganization (BOC) အဖွဲ့တို့ ပူးပေါင်းကာ လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက် ပေးလျက်ရှိသည်။

စစ်ဘေးရှောင်နေရသူများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များလည်းပါ၀င်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေး၀ါးအကူအညီများလည်း လိုအပ်လျက်ရှိသည်။

“သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကိုတော့ မြို့နယ်ကျန်းမာရေးအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်း တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတယ်။ စစ်ဘေးရှောင်တွေအတွက် လေကြောင်းရန်ကိုတော့ အရမ်းစိုးရိမ်ပါတယ်” ဟု Beyond The Chindwin Oraganization (BOC) တာ၀န်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးလျက်ရှိပြီး ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က နွယ်ရှောက်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင်လည်း နွယ်လျှောက်ကျေးရွာမှတဆင့် လှော်ကား ကျေးရွာအတွင်း၀င်ရောက်ကာ အင်မထီးကျေးရွာမှ ပျူစောထီးများက ပြည်သူများ၏ပစ္စည်းများအား ခိုးယူနေကြကြောင်း ဒေသကာကွယ်ရေးတပ်တာ၀န်ရှိသူတဦးက ပြောသည်။

“ စစ်ကြောင်း၀င်တဲ့ရွာတွေကို လက်ရှိအချိန်အထိ မီးရှို့တာမရှိသေးဘူး။ လုယက်သောင်းကျန်းတဲ့ အဆင့် ပဲရှိသေးတယ်။ သူတို့ရည်ရွယ်ချက်က ပျူရွာတွေကို လှမ်းခေါ်ပြီး ရိက္ခာစုပေးချင်ပုံရတယ်။ ထိတွေ့တိုက်ပွဲ တွေမရှိပေမယ့် မိုင်းဆွဲတိုက်ခိုက်မှုတွေတော့ရှိတယ်။ အသေးစိတ်ကတော့ ရှေ့တန်းကသတင်း မပို့သေး လို့ မသိရသေးဘူး”ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၇) သတင်းမှန်ပြန်ကြားရေးအဖွဲ့တာ၀န်ရှိသူကဆို သည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် သည် ယင်းမာပင်နှင့် ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်မှာ တပတ်နီးပါးရှိလာပြီ ဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးနေချိန်တွင် ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဇွန်လ ၉ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များမှဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာအနီးတ၀ိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ဒေသခံ ၂,၃၀၀ ကျော် စစ်ဘေးရှောင်နေကြရ ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပုလဲမြို့နယ်
#ညောင်ပင်ကြီးရဲစခန်း
#စစ်ဘေးရှောင်
#စားနပ်ရိက္ခာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2😁1🤬1
Media is too big
VIEW IN TELEGRAM
June - 12 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🍌1🖕1
ဇွန်လ (၁၂) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=========================

- စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ကျဆင်းလာတဲ့သတင်း

- ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့သတင်း

- ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပ်ကနေ နှုတ်ထွက်ခွင့်မပြုဘဲ ချောင်းသာကမ်းခြေကို အပန်းဖြေခရီးပို့ဆောင်ပေးတဲ့သတင်း

- သရက်ချောင်းမြို့နယ် ကနက်သီရိရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလာနိုင်တဲ့သတင်း

- အယ်နီညိုနှစ်ဖြစ်လာလို့ စံချိန်တင်အပူတိုးလာမယ့်ဘေး သိပ္ပံပညာရှင်တွေစိုးရိမ်နေတဲ့သတင်းနဲ့

- ရွှေ့ပြောင်းနေထိုင်မှုနဲ့ စီးပွာရေးဆိုင်ရာကိစ္စရပ်တွေကို အီးယူခေါင်းဆောင် သုံးဦး တူနီးရှားမှာ တွေ့ဆုံဆွေးနွေးကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/nwAdD0tgqKM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🍌2
​​ပေါင်းတည်မြို့တွင် စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး
========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လက်ပံခုံကျေးရွာတွင် စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပျူစောထီးအဖွဲ့ဝင် ဦးတင်အောင်လေးဆိုသူအား ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)ကပစ်ခတ်ခဲ့၍ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“သူက ပြီးခဲ့တဲ့ရက်အတွင်း စစ်တပ်စစ်ကြောင်းထိုးတော့ လက်ပံခုံရွာသူရွာသားတွေကို တနေကုန်နေပူထဲ နေလှန်းထားဖို့ ဖန်တီးသူ။ ပြီးတော့ ရွာက ရွာခံတွေရဲ့အိမ်တွေကို တော်လှန်ရေးအင်အားစုတွေရဲ့အိမ်ဆို ပြီးလမ်းပြသူပါ” ဟု PPDF တာဝန်ရှိသူက ပြောသည်။
ဇွန်လပထမပတ်တွင် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ပံခုံရွာတွင် နှစ်ရက်တာ တပ်စွဲနေထိုင်သွားပြီး ကျေးရွာနေပြည်သူ ၇၀ ကျော်ကို ဇွန်လ ၂ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီကျော် အထိ အစာမကျွေးဘဲ ကွင်းပြင်တွင် နေလှန်းဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ အတည်ပြုချက်ရယူနိုင်ခြင်းမရှိ သေးပေ။

“လက်ရှိမှာလည်း စစ်ကြောင်းထိုးနေဆဲပဲ။ ပေါင်းတည်ဘက်မှာက သူတို့ပျူတွေကို လက်နက်ပေးကိုင် မထားဘူး။ လက်နက်ပါဆုံးရှုံးမှာစိုးလို့”ဟု PPDF တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင်လည်း ပေါင်းတည်မြို့နယ်အတွင်း စစ်ဆိုင်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှသိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် အုတ်ဖိုနှင့် နတ်တလင်းမြို့နယ်တို့၌လည်း လက်ရှိတွင် စစ်ရေးတင်းမာနေ ပြီး တိုက်ပွဲများလည်းဖြစ်ပွားနေကြောင်း ပဲခူးတိုင်းအနောက်ခြမ်း PDF တပ်ရင်းတပ်ဖွဲ့ဝင်တဦးကဆို သည်။

“သတင်းပေးတွေကြောင့် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတာတွေရှိခဲ့တယ်။ ဒီသတင်းပေးတွေ၊ ပျူ တွေက ရိုးမပေါ်က ကျွန်တော်တို့စခန်းတည်နေရာတွေကိုလည်း ထောက်လှမ်းတာရှိတယ်။

သတင်းပေး တွေကြောင့် ကျွန်တော်တို့ လုံခြုံရေးအန္တရာယ်လည်းရှိသလို အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရတာတွေ၊ အနိုင်ကျင့်ခံရတာတွေရှိပါတယ်” ဟု ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ် ကြောင်းလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးစကားဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပေါင်းတည်မြို့
#ပျူစောထီး
#စစ်ကောင်စီသတင်းပေး
#PPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
ညောင်ပင်ကြီးရွာ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
====================

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာက ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တွေက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့တိုက်ခိုက်ခံလိုက် ရတဲ့အချိန်ကစပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ အထိ ညောင်ပင်ကြီးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကို နေ့စဉ် ရက်ဆက် မီးရှို့ ဖျက်ဆီးတာတွေ လုပ်နေတယ်လို သိရပါတယ်။

လက်ရှိ မှာ နေအိမ်ပေါင်း ၂၃၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီလို့ ဆားလင်းကြီးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

https://youtu.be/RGn0eJSNPO4

တည်းဖြတ်/တင်ဆက် = MTO

#ညောင်ပင်ကြီး
#ရဲစခန်းအတိုက်ခံရ
#နေအိမ်များကိုစကစမီးရှို့
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🤬3😁2🔥1😢1
ဇွန်လ (၁၂) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့သတင်း နဲ့အတူ

အစ္စရေးကုမ္ပဏီက မြန်မာစစ်တပ်သို့စစ်လက်နက်တွေ ပေးပို့ခဲ့တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး

အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။

နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါရှင်။

https://youtu.be/cIrZKlNRAI4

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
စစ်ဗိုလ်ချုပ်တွေက ရခိုင်မှာ နိုင်ငံတကာ အကူအညီတွေကို ပိတ်ဆို့ခဲ့တာ ဘာကြောင့်လဲ (Editorial Talk)
=================

မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်းက “မိုခါ” မုန်တိုင်းသင့် ဒေသတွေကို အကူအညီပေးရေး အဖွဲ့တွေ ဇွန်လ ၇ ရက်နေ့က စတင်ပြီး သွားလာခွင့် မပြုဖို့ အာဏာသိမ်း စစ်ကောင်စီက အမိန့်ထုတ်လိုက်ပါတယ်။
ရလာဒ်တစ်စုံတရာ မထွက်ဘဲ ပြီးဆုံးသွားတဲ့ AA အပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ မိုင်းလားတွေ့ဆုံမှုအပြီး အခုလို့ ကန့်သတ်မှုတွေ ဖြစ်လာတာပါ။
ဒီအကြောင်း အမြင်နဲ့ သုံးသပ်ချက်တွေကို သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/p7coo9DJE74

#Editorialtalk
#Mizzima
#မိုခါမုန်တိုင်း
#နိုင်ငံတကာအကူအညီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8❤1🔥1👏1
ကရင်နီပြည် ကြားကာလအစိုးရ(IEC) ဖွဲ့စည်းခြင်းအကြောင်း မိတ်ဆက်စကားဝိုင်း
===================

https://youtu.be/havYM6OaBs8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11👍7🔥1😁1
​​CCTV ကြောင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ်များလာ၍ မလိုအပ်ဘဲမတပ်ဆင်ကြရန် တော်လှန်ရေးအင်အားစု များ တောင်းဆို
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။CCTV ကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ဖြစ်စဉ်များပြားလာ၍ လုံခြုံရေးကင်မရာ များကို မလိုအပ်ဘဲမတပ်ဆင်ကြရန် ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးအင်အားစုများမှတောင်းဆို ထားသည်။

“CCTV ကြောင့် ကျနော်တို့ မြို့ပြပြောက်ကျားတွေတင်မကဘူး တော်လှန်ရေးလုပ်နေတဲ့ တဦးခြင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ ကျနော်တို့ မြို့ပြပြောက်ကျားပိုင်းမှာ ပြောမယ်ဆိုရင် တောင် လမ်းကြောင်းထောက်လှမ်းတာကအစ CCTV ကို ရှောင်ရှားသွားလာရတာရှိတယ်။ မလိုအပ်ဘဲ အိမ်၊ လုပ်ငန်း၊ ဈေးဆိုင်တို့မှာ ကိုယ်ပိုင်ပစ္စည်းတွေကို စောင့်ရှောက်ဖို့တပ်တာမဟုတ်ဘဲ လမ်းပေါ်ကိုတပ် ထားတဲ့အခါကြ ရဲဘော်တွေက ရှောင်ရှားသွားလာရတာအဆင်မပြေဘူး။ သတိထားနေတဲ့ကြားက CCTV ရှိနေတဲ့နေရာကို ဖြတ်သွားမိတယ်ဆိုရင် စစ်ကောင်စီက အဲဒီကနေကြည့်ပြီး လိုက်လံဖမ်းဆီးတာမျိုး၊ မှတ်တမ်းယူသွားတာမျိုးတွေ လုပ်တယ်။ အဲဒီအတွက် သပိတ်အဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ အများကြီးအခက်အခဲဖြစ်ရတယ်။ CCTV ကြောင့် အဖမ်းခံရတယ်၊ အသက်တွေပစ္စည်းတွေ ဆုံးရှုံးတာမို့ မလိုအပ်ဘဲ လမ်းပေါ်တွေမှာ မတပ်ဆင်ဖို့ တောင်းဆိုပါတယ်” ဟု Freeland Attack Force အဖွဲ့တာဝန်ခံ ကိုနေမျိုးနွယ်ကမဇ္ဈိမကို ပြောသည်။

CCTV ကြောင့် မြို့ပြပြောက်ကျားများ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို ပြောဆိုနိုင်ရခြင်းမှာ စစ်ကောင်စီ သတင်းများကြေညာသည့် ရုပ်သံလိုင်းများ၊ စစ်တပ်ထောက်ခံအားပေးသည့် သတင်းများတင်သော တယ်လီဂရမ်ချန်နယ်များနှင့် ဖေစ့်ဘုတ်ပေခ်ျများမှ ထုတ်ပြန်သည့် တော်လှန်ရေးအဖွဲ့အစည်းများကို ဖမ်းဆီးရမိ‌ကြောင်း သတင်းများကို ကြည့်ခြင်းဖြင့် သိရနိုင်သည်ဟု ဆိုသည်။

CCTV မှတ်တမ်းတွင် ရဲဘော်တဦးပါသွားပါက ကွင်းဆက်အဖြစ် အဖွဲ့လိုက် အဖမ်းခံရပြီး အသက်ဆုံးရှုံး ရသည့် ဖြစ်စဉ်များကို တွေ့ရနိုင်ကြောင်း ၎င်းကပြောသည်။

“CCTV ကို မလိုအပ်ဘဲတပ်ဆင်ရင် အန္တရာယ်နှစ်ခုရှိပါတယ်။ မြို့ပြတော်လှန်ရေးအင်အားစု၊ UG ရဲဘော် တွေအတွက်အန္တရာယ်ရှိသလို တပ်ဆင်သူကိုယ်တိုင်အတွက်လည်း အန္တရာယ်ရှိပါတယ်။ CCTV ကြောင့် ရဲဘော်တွေဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။ နောက်ပြီး စစ်တပ်တို့ ၊ ရဲတို့က ကိုယ့်အိမ်မှာ CCTV ကို လာပြီးစစ်ဆေးမယ်ဆိုရင် မတော်တဆ ဖုန်းကိုယူစစ်တာတို့၊ တခြားဟာတွေစစ်ဆေးရင်းနဲ့ ဖမ်းခံ လိုက်ရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ဒီလိုတွေရှိ‌လို့ ပြည်သူတွေကို CCTV လုံးဝမတပ်ပါနဲ့လို့ မပြောလို ပါဘူး။ မလိုအပ်တဲ့နေရာတွေကို မချိန်ထားဖို့တောင်းဆိုတာပါ” ဟု စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ပီတာကြီးက မဇ္ဈိမ ကို ပြောသည်။

မြို့ပြတွင် CCTV အန္တရာယ် ကြီးမားလာခြင်းကြောင့် “မြို့ပြကို CCTV နဲ့ မသတ်နဲ့” အမည်ဖြင့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်းအား ယနေ့ ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းမှတဆင့် CCTV အား မလိုအပ်သည့်နေရာများတွင် တပ်ဆင်ခြင်းမပြုရန် တော်လှန်ရေး အင်အားစုများဖြစ်သော UG Supporter Group(USG) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) ၊ ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း (Octopus) ၊ Youth Association Of Thingangyn(YAT) ၊ Yangon Drone ၊ Youth Strike Committee (YSC) ၊ Milk Tea Alliance Yangon ၊ Yangon Fundraising Army (YGA) ၊ People Supply Force Yangon တို့မှ တညီတညွတ်တည်း တောင်းဆိုချက်ထုတ်ပြန်ထား သည်။

“ရန်သူက မြို့ပြမှာ CCTV ကို နည်းပညာမြှင့်ပြီး အားကိုးလုပ်ဆောင်နေပါတယ်။ ဒါဟာ မြို့ပြရဲဘော်တွေ အတွက် အတော်ကိုအန္တရာယ်များပြီး ကြီးမားတဲ့စိန်ခေါ်မှုပါ”ဟုလည်း မြို့ပြပြောက်ကျား၊ တော်လှန်ရေး အင်အားစုများအတွက် CCTV သည် အန္တရာယ်ရှိကြောင်းကို Yangon UG Association(YUA) မှ တာဝန်ခံ ဆရာကျောင်းက မှတ်ချက်ပြုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#CCTV
#တော်လှန်ရေးအင်အားစု
#ရန်ကုန်
#ဖမ်းဆီးခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍32🥰5❤1😁1
​​မတ္တရာမြို့နယ်က ကားလမ်းဘေးအနီး ဦးခေါင်းကို ပစ်သတ်ခံထားရသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိ
=================

007
(မဇ္စျိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မြောက်ဘက် ယက္ကန်းစင်တောင် သွား ကားလမ်းအနီးတွင် လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထား ရသည့် အမျိုးသားရုပ်အလောင်း နှစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာ ယက္ကန်းစင်တောင်သွား ကားလမ်းအနီးတွင် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“အလောင်းတွေမှာ မျက်နှာကိုလည်း အ၀တ်နဲ့ စည်းထားတယ်၊ လက်ပြန် ကြိုး လည်း တုပ်ထားတယ်၊ ခေါင်းမှာကျည်ဆန်ရာ တစ်ချက်စီနဲ့ ပစ်သတ်ခံထားရ တာပါ၊ အသက်သုံးဆယ်၀န်းကျင်အရွယ်တွေလို့ ဆေးရုံကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူနှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားများ ဖြစ်ပြီး အနီးအနားကျေးရွာက နယ်ခံများ မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

ထိုအမျိုးသား နှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ကို မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။
လက်ရှိတွင် ရုပ်အလောင်းနှစ်လောင်းစလုံးကို ပိုင်ရှင်မဲ့အလောင်းများအဖြစ် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ) သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုး၀င်းသည် ၎င်း၏ နေအိမ်ခြံ၀င်းအတွင်း ပစ်သတ်ခံခဲ့ရသည်။

၎င်းပစ်သတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် သလွန်ဖြူကျေးရွာ အရှေ့ဘက် မန္တလေး-မတ္တရာ မီးရထားလမ်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသော အသက် (၆၀) ၀န်းကျင်အရွယ် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သေးသည်။

အဆိုပါအလောင်းတွေ့ရှိမှု ဖြစ်စဉ်တွင်လည်း ယခုကဲ့သို့ အလောင်းအား မျက်နှာကို လုံချည်ဖြင့်စည်းထားပြီး ပါးစပ်တွင်အ၀တ်စ ဆို့ထားကာ နားထင်ကို သေနတ်ဖြင့် တေ့ပစ်ခံထားရသည့် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မတ္တရာ
#အမျိုးသားနှစ်ဦးပစ်သတ်ခံရ
#စစ်ကောင်စီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥4
ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို
🔥4👍1
ရခိုင်ဒေသ မုန်တိုင်းဘေးကယ်ဆယ်ရေး စစ်ကောင်စီ၏ မူဝါဒများ အစီအစဉ်မကျဟုဆို
======================

ရောင်နီ
(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာနှင့်အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့်ပိတ်ပင်ပြီး ၅ရက်အကြာတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် ယခင်အတိုင်း ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီက ထပ်မံအကြောင်းကြားလာသည်ဟု သတင်းရရှိသည်။

" ပထမ ပိတ်ပင်တယ်။နိုင်ငံတကာကပါ ဝေဖန်လာတော့ ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ရှင်းရှင်းလင်း လင်းမရှိဘူး။ မူဝါဒတွေက သူတို့ လုပ်ချင်သလို လုပ်နေတာမို့ အဆင်မပြေလှဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက အကြောင်းကြားခဲ့သည်။ ထို့နောက် ယမန်နေ့ ဇွန်လ ၁၁ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လိပ်မူပါ NGO အဖွဲ့အစည်းများကို ယခင်ခွင့်ပြုထားသည့် ခွင့်ပြုစာအတိုင်း လုပ်ငန်းများဆောင်ရွက်ခွင့်ပြုကြောင်း ပြန်လည်အကြောင်းကြားလာခြင်းဟု သိရသည်။

အကြောင်းကြားစာ နှစ်စောင်လုံးတွင် စစ်ကောင်စီ ၏ ရခိုင်ပြည််နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လက်မှတ်ထိုးထားသည်။ စာနှစ်စောင်လုံးသည် ရှင်းလင်းမှုမရှိသလို တိကျသည့် မူဝါဒမရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်သည်။

" ဘယ်အဖွဲ့တွေကို ခွင့်ပြုတာလဲဆိုတာလည်း မသိရဘူး။ နောက်ပြီး ပထမစာမှာ ခရီးသွားလာခွင့်ပိတ်တယ်တဲ့။ ဒုတိယစာကျတော့ ဒေသဖွဲ့ဖြိုးရေးတွေအရင်လို လုပ်လို့ရပြီတဲ့။ ဒါဆို အခု ခွင့်ပြုတာက ဟိုယခင်က လုပ်လက်စ ဒေသဖွဲ့ဖြိုးရေးတွေလုပ်ရမှာလား။ မုန်တိုင်းသင့်ပြည်သူတွေကို ထောက်ပံ့တာတွေ ပါလား၊ မပါဘူးလား။ လုံးဝရှင်းရှင်းလင်းလင်းရှိမနေပါဘူး"ဟု ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီက မည်သည့် NGO အဖွဲ့အစည်းများကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်ကူညီထောက်ပံ့ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA နှင့်မိတ်ဖက်အဖွဲ့အစည်း ၁၁ ခုက စစ်ကောင်စီနှင့်ဆွေးနွေးနေသည်ဟု သိရသည်။

ဇွန်လ ၁၁ရက်က အကြောင်းကြားစာပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခွင့်ပြုသည်ဆိုသည်မှာ မုန်တိုင်းသင့်ပြည်သူများအား လက်ရှိ အရေးပေါ်ကယ်ဆယ်ရေး ကူညီမှုများကို ခွင့်ပြုခြင်းမျိုးမဟုတ်ဘဲ ယခင်က လုပ်လက်စ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကိုသာ ခွင့်ပြုပေးခြင်းဖြစ်နိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

" သူတို့ ထုတ်ပြန်ချက်တွေက ရှေ့နောက်မညီတော့ တော်တော်လေး သတိထားနေရတဲ့ အခြေအနေပါ။ လပ်သိပ်ထိုးလှူနေရတဲ့အနေအထားဖြစ်နေပါတယ်"ဟု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှ အရပ်ဖက်အရေးဆောင်ရွက်သူတစ်ဦးကပြောသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ အဖွဲ့အစည်းအားလုံးကို ခွင့်ပြုပေးခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ လိပ်မူသည့် အဖွဲ့အစည်းများသာ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူလူထုသည် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ထုတ်ဖော်ပြောကြားထားသည်။ UNOCHAကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များအားရခိုင်ပြည် နယ် အတွင်း ခရီးသွားလာခွင့်နှင့်လူ သားချင်းစာနာမှုကူအညီ‌ ပေးပို့မှုပိတ်ပင်ခြင်း‌ကြောင့် အခြေအနေများပိုမိုဆိုးရွားလာနိုင်သည်ဟုဇွန်လ ၉ ရက်တွင်ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများသည် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေး၀ါးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။​

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ ၁၄၆ ဦး၊ ဒဏ်ရာရရှိသူ ၁၀ ဦးနှင့် ပျောက်ဆုံးသူ သုံးဦးရှိကာ လူ ၁၂သိန်းကျော် ဘေးသင့်ခဲ့ပြီး နေအိမ် နှစ်သိန်းကျော် ပျက်စီးခဲ့သည်ဟု ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်ထားသည်။
လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်သိရှ်ိနိုင်ရန် မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၁‌၂ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။

စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#NGO အဖွဲ့အစည်းများ
#အရေးပေါ်အကူအညီများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3❤1👏1
​​ထိုင်းဝန်ကြီးချုပ်လောင်း ပီတာကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးမည်
=======================

ထိုင်းဝန်ကြီးချုပ်နေရာအတွက် တစ်ပြေးနေသူဖြစ်သည့် ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျရွန်ရတ်အနေဖြင့် ပြီးခဲ့သည့်လ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီခဲ့ခြင်း ရှိ မရှိ ဆိုသည်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5😁5👍3🤮1