တော်လှန်ရေးအင်အားစုများကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု စစ်ကောင်စီထုတ်ပြန်
🔥3👍1👏1😁1

================
ဂန္ဒမာ
မဇ္ဈိမ။ ။ တော်လှန်ရေးအင်အားစုများကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟု ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။
နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် အိမ်ငှားများ၏ ကိုယ်ရေးအချက်အလက်နှင့် အထောက်အထားများကို ရယူရမည်ဖြစ်ပြီး တော်လှန်ရေးတွင် ပါဝင်သူများကို ငှားရမ်းပါက ချိပ်ပိတ်သိမ်းဆည်းသွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆောင်၊ နေအိမ် ၊ တိုက်ခန်းပိုင်ရှင်များအနေဖြင့် အိမ်ငှား၏ ကိုယ်ရေးအချက်အလက်များကို ရယူပြီးပါကလည်း သက်ဆိုင်ရာရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် ကိုယ်တိုင်ကိုယ်ကျ ဧည့်စာရင်းတိုင်ကြားခြင်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပါရှိသည်။
တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူများအနေဖြင့် ၎င်းတို့အား အလွယ်တကူခြေရာမခံမိစေရန် အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်မှု ပြုလုပ်ခြင်းကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အကယ်၍ ငှားရမ်းနေထိုင်သူမှာ တော်လှန်ရေးတွင်ပါဝင်သူဖြစ်ပါက ၎င်းအား စစ်ကောင်စီဘက်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်အချိန်တွင် ငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
“အိမ်ပိုင်ရှင်တွေအနေနဲ့ သန်းနဲ့ချီတဲ့လူတွေကို ဘယ်သူကPDF ၊ ဘယ်သူကUGပါဆိုပြီး အားလုံးသိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြို့ပြတော်လှန်ရေးအင်အားစုတွေကို ဒီကိစ္စလောက်နဲ့ ဘာမှ ကြီးကြီးမားမားထိခိုက်ပြီး ပြောင်းလဲမှာမဟုတ်ဘူး ။ အားလုံးက ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ ။ အရင်အတိုင်းပဲ မြို့ပြမှာ မစ်ရှစ်တွေများစွာ ရှိနေဦးမှာဖြစ်တယ်"ဟု တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လတ်တလောတွင်လည်း ရန်ကုန်တွင် တော်လှန်ရေးအင်အားစု အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများရှိခဲ့ပြီး ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်ပိုင်ရှင်နှင့် ပွဲစားဆောင်ရွက်ပေးသူမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်မှတစ်ဆင့် သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရန်ကုန်တိုင်း
#မြို့ပြပြောက်ကျား
#အိမ်ရှင်အိမ်ငှါး
ဓာတ်ပုံ - စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းခဲ့သော နေအိမ် အဆောက်အဦများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🔥3👍2👏1😁1
ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ FCC India club မှ နိုင်ငံခြားသတင်းသမားများ နုတ်ထွက်
========================
အိန္ဒိယနိုင်ငံ နိုင်ငံခြားသတင်းသမားများ အဖွဲ့ FCC India club ၏ ဥက္ကဋ္ဌဖြစ်သူ ရှီရူမယ်လာဗန်ကတ် နာရာယန်သည်ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်သို့ လာရောက်ကာစစ်ကောင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တွေ့ဆုံကြောင်း စစ်ကောင်စီထုတ်ဝေသည့် Global New Light of Myanmar သတင်းစာတွင်ဖော်ပြခဲ့သည့်နောက် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပွားပေါ်ပေါက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အိန္ဒိယနိုင်ငံ နိုင်ငံခြားသတင်းသမားများ အဖွဲ့ FCC India club ၏ ဥက္ကဋ္ဌဖြစ်သူ ရှီရူမယ်လာဗန်ကတ် နာရာယန်သည်ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်သို့ လာရောက်ကာစစ်ကောင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တွေ့ဆုံကြောင်း စစ်ကောင်စီထုတ်ဝေသည့် Global New Light of Myanmar သတင်းစာတွင်ဖော်ပြခဲ့သည့်နောက် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်ပွားပေါ်ပေါက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7❤2👍2🔥1
This media is not supported in your browser
VIEW IN TELEGRAM
မေရိကန်ဟာ ဇူလိုင်လကစပြီး အဖွဲ့ဝင်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ စီစဉ်နေကြောင်း ယူနက်စကိုပြောကြား
https://www.facebook.com/reel/974551143765564
#internationalnews #reels #shorts #Mizzima #American

👍3😁2
Forwarded from Mizzima+ TV Channel
ချပ်သင်းတိုက်နယ်အတွင်းမှ စစ်ရှောင်တဲများအား စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
🔥4🤬3😁1

==================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ချပ်သင်းတိုက်နယ် ဇင်းကျေးရွာအနီး တနယ်ကြီးကွင်း (အရပ် ခေါ်)အတွင်းရှိ စစ်ရှောင်တဲများကို စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)နှင့် ပျူစောထီးပူးပေါင်းစစ် ကြောင်းက ဇွန်လ ၁၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီတပ်မီးရှို့လို့ တနယ်ကြီးကွင်းအတွင်းက စစ်ရှောင်တဲ ကိုးလုံး၊ ကျွဲတရှင်း(နှစ်ကောင်)၊ ဆန် တင်း ၆၀ နဲ့ ဝက်တကောင် ဆုံးရှုံးခဲ့တယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကတ္တာကျေးရွာမှ နေ အိမ်တလုံးကိုလည်း ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်က ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီး ခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့၌ပင် ချပ်ကြီးရွာမှ စစ်ကြောင်းထိုးထွက်လာသော ပျူစောထီးစစ်ကြောင်းသည် ပိတောက်ပင်ရွာမှ အမျိုးသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင်လည်း ယင်းစစ်ကြောင်းသည် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်း ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၂၈ လုံးနှင့် စပါးတိုက် ၁၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူခရိုင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ချပ်သင်းတိုက် နယ်အတွင်းရှိ ဇင်းရွာနှင့်အနီးအနားရှိကျေးရွာများ၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းနှင့် အနီး အနားရှိကျေးရွာများမှ ပြည်သူ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတင်းထုတ် ပြန် ထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#Mizzima
#စစ်ကိုင်းတိုင်း
#ကျွန်းလှ
#ကန့်ဘလူ
ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
(ဇွန်လ ၁၀ ရက်နေ့တွင် စစ်ဘေးရှောင်နေကြသည့် ထန်းကုန်းတိုက်နယ်အတွင်းကျေးရွာများမှ ပြည်သူများ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ချပ်သင်းတိုက်နယ် ဇင်းကျေးရွာအနီး တနယ်ကြီးကွင်း (အရပ် ခေါ်)အတွင်းရှိ စစ်ရှောင်တဲများကို စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)နှင့် ပျူစောထီးပူးပေါင်းစစ် ကြောင်းက ဇွန်လ ၁၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီတပ်မီးရှို့လို့ တနယ်ကြီးကွင်းအတွင်းက စစ်ရှောင်တဲ ကိုးလုံး၊ ကျွဲတရှင်း(နှစ်ကောင်)၊ ဆန် တင်း ၆၀ နဲ့ ဝက်တကောင် ဆုံးရှုံးခဲ့တယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကတ္တာကျေးရွာမှ နေ အိမ်တလုံးကိုလည်း ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်က ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်အလုံး ၂၀ မီးလောင်ပျက်စီး ခဲ့သည်။
ဇွန်လ ၁၀ ရက်နေ့၌ပင် ချပ်ကြီးရွာမှ စစ်ကြောင်းထိုးထွက်လာသော ပျူစောထီးစစ်ကြောင်းသည် ပိတောက်ပင်ရွာမှ အမျိုးသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင်လည်း ယင်းစစ်ကြောင်းသည် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်း ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၂၈ လုံးနှင့် စပါးတိုက် ၁၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူခရိုင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ချပ်သင်းတိုက် နယ်အတွင်းရှိ ဇင်းရွာနှင့်အနီးအနားရှိကျေးရွာများ၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းနှင့် အနီး အနားရှိကျေးရွာများမှ ပြည်သူ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတင်းထုတ် ပြန် ထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#Mizzima
#စစ်ကိုင်းတိုင်း
#ကျွန်းလှ
#ကန့်ဘလူ
ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
(ဇွန်လ ၁၀ ရက်နေ့တွင် စစ်ဘေးရှောင်နေကြသည့် ထန်းကုန်းတိုက်နယ်အတွင်းကျေးရွာများမှ ပြည်သူများ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
Log in or sign up to view
See posts, photos and more on Facebook.
🔥4🤬4👍1😁1
စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းအား KNLA ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်
==================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင် စစ်ကောင်စီတပ်စခန်းအား ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထောက်ပို့ရန် လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) ပါဝင်သော စစ်ကြောင်း (၁) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း SOF က ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ကွီလုံတိုင်စခန်းအား ရိက္ခာနှင့်လက်နက်ခဲယမ်းများ ထောက်ပို့ရန်လာသော အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ကွီလုံတိုင်စခန်းနှင့် ရေသရောက်စခန်းအကြား၊ ဒေါနတောင်ထိပ်တွင် KNLA၊ SOF စစ်ကြောင်းက စောင့်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
" စစ်ကြောင်းက စစ်ကြောင်းမှူးအပါ ၅၀ အထက်မှာရှိတယ်။ တိုက်ပွဲဖြစ်ရာနေရာက KNU တပ်ရင်း (၁၇) လှုပ်ရှားနယ်မြေပေါ့နော်။ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာပဲ ရေသရောက်စခန်းနဲ့ ကွီလုံတိုင်စခန်းကြားပေါ့နော်။ ပြီးတော့ ထိုင်းနယ်စပ်လည်းဖြစ်တယ်။ ထိုင်းနဲ့ မြန်မာ Border Line တည့်တည့်လည်း ဖြစ်တယ်။ တိုက်ပွဲဖြစ်တာက ထိုင်းနဲ့ မြန်မာနယ်စပ် ဒေါနတောင်ထိပ်တည့်တည့် အဲ့ဒီမှာဖြစ်တာပါ" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။
စစ်ဆင်ရေးအား စနိုက်ပါပစ်ခတ်ခြင်းဖြင့် စတင်ခဲ့ပြီး ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှူး (ဒု-တပ်ရင်းမှူး)တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါး ကြာမြင့်ခဲ့ကာ ညနေ ၆ နာရီတွင်မှ ပြီးဆုံးကြောင်း၊ တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းမှူးအပါအဝင် သုံးဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် အဆိုပါစစ်ကြောင်းမှ အသက်ရှင်ကျန်ရစ်နေသော စစ်သားများသည် သေဆုံး၊ ဒဏ်ရာရ စစ်သားများအား သယ်၍ ဖရိုဖရဲပုံစံများဖြင့် ထိုင်းဘက်ခြမ်းသို့ ကူးကာ ထွက်ပြေးသွားကြကြောင်း သိရသည်။
" ထိုင်းဘက်ကိုက သူတို့စစ်ကြောင်းတစ်ကြောင်းလုံးပဲပေါ့နော် ထွက်ပြေးတာ။ စစ်ကြောင်းတစ်ကြောင်းလုံးဆိုတာက သူတို့က သေသွားတဲ့ရဲဘော်တွေရဲ့ အလောင်းတွေလည်း ပြန်ဆွဲသွားတယ်။ ဒဏ်ရာရတဲ့ရဲဘော် ၁၃ ကောင်ရှိတော့ သူတို့အဲ့ဒါတွေလည်း ပြန်သယ်သွားတယ်။ စစ်ကြောင်းတစ်ကြောင်းလုံးကတော့ ဖရိုဖရဲပုံစံနဲ့ ထိုင်းဘက်ခြမ်းကို ကူးသွားတာ" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။
KNLA၊ SOF ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း သိရသည်။
KNLA၊ SOF အနေဖြင့် စစ်ကောင်စီစစ်ကြောင်းအား ပိတ်ဆို့၍ အပြီးသတ်ချေမှုန်းရန် ပြုလုပ်ခဲ့သော်လည်း နယ်မြေအနေအထားအရ အခက်အခဲများစွာရှိခဲ့၍ အပြီးတိုင်ချေမှုန်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့က အဓိကကတော့ သူတို့စစ်ကြောင်းတွေကို ပိတ်ဆို့ပြီးတော့ ချေမှုန်းတာပေါ့။ သို့သော်လည်း မြေပြင်အနေအထားအရ လျှိုတွေ တောင်ဆင်းတောင်တက်တွေ၊ ချိုင့်ဝှမ်းတွေ များတဲ့အတွက် ပိတ်ဆို့ပြီးတော့ စစ်ဆင်ရေးလုပ်ရတဲ့အခါမှာ နည်းနည်း အခက်အခဲရှိပါတယ်။ အဲ့ဒါကြောင့် စစ်ကြောင်းကို အပြီးတိုင် ချေမှုန်းနိုင်တဲ့အနေအထားမရှိခဲ့ဘူး" ဟု ကိုအောင်စံရှားက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့နယ်ခန်းမ (ခ) ဇမိခန်းမအား KNU တပ်မဟာ (၆) KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးနှင့်အထက် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများခဲ့ကာ ဇမိခန်းမ၏ အဆောက်အဦများ ကြေမွပျက်စီးခဲ့ရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ကွီလုံတိုင်စခန်း
#KNLA
#SOF
ဓါတ်ပုံ- KNLA၊ SOF ပူးပေါင်းစစ်ကြောင်း

👍10❤3😁2
ဇွန်လ (၁၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:01 − စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်က ဂိတ်စခန်း နေရာ ၂ ခု တိုက်ခိုက်ခံရတဲ့ သတင်း
02:32 − အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူတွေကို အရေးယူမယ်လို့ CDF ဟားခါးနဲ့ ကောင်စီ ပြောတဲ့သတင်း
04:23 − ဖမ်းဆီးခံ PDF ၂ ဦးကို စစ်ကောင်စီက စခန်းတည်နေရာလိုက်ပြခိုင်းတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ပြီးကယ်ထုတ်တဲ့သတင်းနဲ့
10:11 − အမေရိကန်ဟာ ဇူလိုင်လကစပြီး အဖွဲ့ဝင်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ စီစဉ်နေကြောင်း ယူနက်စကိုပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/bjNdZkrs0wA
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၁၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 − စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်က ဂိတ်စခန်း နေရာ ၂ ခု တိုက်ခိုက်ခံရတဲ့ သတင်း
02:32 − အမည်အလွဲသုံးစားလုပ် ငွေညှစ်နေသူတွေကို အရေးယူမယ်လို့ CDF ဟားခါးနဲ့ ကောင်စီ ပြောတဲ့သတင်း
04:23 − ဖမ်းဆီးခံ PDF ၂ ဦးကို စစ်ကောင်စီက စခန်းတည်နေရာလိုက်ပြခိုင်းတဲ့အချိန်…

👍3🍌2
Business Roundup (13 June 2023)
================
- အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်ထားဖို့ ဆုံးဖြတ်
- အိန္ဒိယက မြန်မာကို ရူပီးဖြင့် ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို
- ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံများက မြန်မာ့ကော်ဖီအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး
- ပြီးခဲ့တဲ့ မေလအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးများ အနိမ့်ဆုံးသို့ ကျဆင်းခဲ့
https://youtu.be/zd4yYv1iKjw
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
- အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်ထားဖို့ ဆုံးဖြတ်
- အိန္ဒိယက မြန်မာကို ရူပီးဖြင့် ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို
- ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံများက မြန်မာ့ကော်ဖီအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး
- ပြီးခဲ့တဲ့ မေလအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးများ အနိမ့်ဆုံးသို့ ကျဆင်းခဲ့
https://youtu.be/zd4yYv1iKjw
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
Business Roundup (13 June 2023)
- အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်ထားဖို့ ဆုံးဖြတ်
- အိန္ဒိယက မြန်မာကို ရူပီးဖြင့် ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို
- ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံများက မြန်မာ့ကော်ဖီအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး…

😁3👍1🍌1
"ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်" (ရုပ်၊ သံ)
======================
KMN
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဟူးကောင်းလွင်ပြင်၊ ဖားကန့်မြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံတဲ့ ဥရုမြစ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါဆုံး ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက် တခုပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုထားတဲ့ ကျောက်စိမ်းတူး ဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေ၊ ရွှေတူးဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် မြစ်ကြောင်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။
ဟုမ္မလင်းမြို့နယ်တွင်း ဥရုမြစ်တလျှောက်က ရွှေတူးဖော်လုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ရွှေ ထွက်ရှိနှုန်းနဲ့ရွှေတူးစက်အင်ဂျင်ပါဝါပေါ်မူတည်ကာ ငွေကျပ်ငါးသိန်းမှ သိန်းရာချီ ဆက်ကြေးပေး ဆောင် နေရတယ်လို့ ဥရုမြစ် တလျှောက်လေ့လာခဲ့တဲ့ Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ပါတယ်။
https://youtu.be/EyFWO-Gy884
တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden
#Mizzima
#ဥရုမြစ်
#ရွှေတူးဖော်ရေး
#မြစ်စာပုံ
#လက်နက်ကိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
KMN
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဟူးကောင်းလွင်ပြင်၊ ဖားကန့်မြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံတဲ့ ဥရုမြစ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါဆုံး ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက် တခုပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုထားတဲ့ ကျောက်စိမ်းတူး ဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေ၊ ရွှေတူးဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် မြစ်ကြောင်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။
ဟုမ္မလင်းမြို့နယ်တွင်း ဥရုမြစ်တလျှောက်က ရွှေတူးဖော်လုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ရွှေ ထွက်ရှိနှုန်းနဲ့ရွှေတူးစက်အင်ဂျင်ပါဝါပေါ်မူတည်ကာ ငွေကျပ်ငါးသိန်းမှ သိန်းရာချီ ဆက်ကြေးပေး ဆောင် နေရတယ်လို့ ဥရုမြစ် တလျှောက်လေ့လာခဲ့တဲ့ Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ပါတယ်။
https://youtu.be/EyFWO-Gy884
တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden
#Mizzima
#ဥရုမြစ်
#ရွှေတူးဖော်ရေး
#မြစ်စာပုံ
#လက်နက်ကိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်"
KMN(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဟူးကောင်းလွင်ပြင်၊ ဖားကန့်မြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံတဲ့ ဥရုမြစ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါဆုံး ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက် တခုပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုထားတဲ့…

👍7🔥3😢1
ဟားခါးမြို့နယ် လုံခါရ်တောင် တိုက်ပွဲတွင် ချင်းရဲဘော် ၂ဦးကျဆုံး
====================
ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၌ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း The Zotung Post က ဇွန်လ ၁၂ရက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဇွန်လ ၁၂ရက် နံနက် ၄ နာရီ ၃၀မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
CNA တပ်ဖွဲ့ဝင် ဇိုတုန်းလူငယ် နှစ်ဦးဖြစ်သော ဆလိုင်းဆန်းဦး နှင့် ဆလိုင်း ထောင်နော်ဟွေ တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တည်ကြည်ရဲရင့်သော စိတ်ဓာတ်ကို လေးစားအသိမှတ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းပြီး ၎င်းတို့၏ ပေးဆပ်မှုသည် ဇိုတုန် အမျိုးသားတစ်ရပ်လုံးတွင် ထာဝရတည်ရှိမည်ဖြစ်ကြောင်း CDF – Zotung မှ မှတ်တမ်းတင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၆ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ဖြင့် ဟားခါးမြို့နယ်မှ ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ CNA နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ ဟာခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများနှင့် မြေပြင်ထိုးစစ်ကို ကူညီပေးခြင်းများ ရှိနေကြောင်း သိရသည်။
ထိုသို့ စစ်ကူများ ရှိနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ခန့် ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ သီးမစ်လွင်ပြင် တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ၁၇ဦးကျဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#ဟားခါးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

😢14👍6👏1😁1🙏1