ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥3
ချင်းစစ်ဘေးရှောင် ပြည်သူများရဲ့ မျှော်လင့်ချက် (ဆောင်းပါး)
=====================
ယောလင်းထန်း(မဇ္စျိမ)
ပြည်တွင်းစစ်အရှည်ကြာဆုံးသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့သည် ပြည်တွင်းစစ်ကြောင့်တိုက်ပွဲဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြည်နယ်များတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် အတွေ့အကြုံအရ တိုက်ပွဲဖြစ်ပွားမှုနှင့် ယဥ်ပါးနေကြပြီဖြစ်သော်လည်း ချင်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲမရှိသလောက် ရှားပါးသည် ။
သို့သော် ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(ULA/AA)ပေါ်လာပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင် အခြေစိုက်စခန်းများချခဲ့ရာမှ စစ်တပ်နှင့်အေအေနှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ပလက်ဝဒေသခံများနှင့်ဆမီးဒေသခံတို့ စစ်ဘေးရှောင်ရတော့သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက မဲစာရင်းကို အကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ၎င်းနောက်ပိုင်းတစ်နိုင်ငံလုံးဆန္ဒပြပွဲများအပြင် ဒေသအလိုက်၊ လူမျိုးအလိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ(PDF)ပေါ်ပေါက်လာခဲ့သည်။ ချင်းပြည်နယ်တွင်လည်း Chinland Defence Force (CDF)တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

👍10🔥3😁1
ပြည်တွင်းစစ်ဖြစ်ပေါ်လာသည့်အပေါ် CDFတပ်ရင်းမှူးတစ်ဦးက ``စစ်တပ်က အာဏာမသိမ်းရင် CDF၊ PDFဆိုတာ ပေါ်လာစရာအကြောင်းမရှိဘူး။ ပြည်တွင်းစစ်ရဲ့ တရားခံက မင်းအောင်လှိုင်ပဲဖြစ်တယ်´´လို့ ကောက်ချက်ချ ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ရန် မြန်မာနိုင်ငံ၊ ဒေသအနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF/CDF)များ ပေါ်ပေါက်လာပြီး လက်နက်ကြီးသံ၊ သေနတ်သံမကြားဖူးသော ဒေသများတွင် တိုက်ပွဲသံများပေါ်ထွက်လာတော့သည်။ ထိုဒေသထဲတွင် ချင်းပြည်နယ်လည်း ပါဝင်သည်။
ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)သည် လက်နက်၊ အင်အားအခြေအနေကြောင့် ချင်းပြည်နယ်အတွင်းတွင် ကြီးကြီးမားမား တိုက်ပွဲမဖော်ဆောင်နိုင်ခဲ့ကြောင်း CNF တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရသိရသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး(CNA/CNF)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု (Nationwide Ceasefire Agreement - NCA)လက်မှတ်ထိုးနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှအပ ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
``အာဏာမသိမ်းခင်မှာတော့ ပလက်ဝနယ်ထဲမှာ AAနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ပလက်ဝပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်´´လို့ ဆမီးမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
၂
၀၂၁ခုနှစ်၊ ဧပြီလမှ စတင်ပြီး ချင်းပြည်နယ်တွင် တိုက်ပွဲအသံ စတင်ထွက်ပေါ်လာခဲ့သည်။ မင်းတပ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ရိုးရာတူမီးဖြင့် စစ်ကောင်စီတပ်ကို စတင်တော်လှန်တိုက်ခိုက်ခဲ့သော တိုက်ပွဲအသံပင်ဖြစ်သည်။
၎င်းတိုက်ပွဲမှ တစ်ဆင့် ချင်းပြည်နယ်တစ်ဝန်းသို့ တဖြည်းဖြည်းကူးစက်လာခဲ့ပြီး မြို့နယ်အလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အသီးသီးဖွဲ့စည်းကာ စစ်ကောင်စီတပ်ကို ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်တော့သည်။
သေနတ်သံနှင့် မရင်းနှီးဖူးသော ချင်းပြည်သူများသည် ကရင်၊ ကချင်၊ ရှမ်းတို့ထက် အတွေ့အကြုံအရ အလွန်နုသေးသည်ဟု ဆိုရမည်ဖြစ်သည်။
``တိုက်ပွဲဆိုတာ ကြားပဲ ကြားဖူးတာ၊ မကြုံဖူးဘူး။ ကိုယ့်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်တော့ အိပ်မက်လို့တောင် ထင်ယောင်ထင်မှားဖြစ်နေတာ´´လို့ မင်းတပ်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက မိမိအတွေ့အကြုံကို ပြောဆိုခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအပါအဝင် အစစအရာရာတွင် အခြားပြည်နယ်များထက် ခေတ်နောက်ကျနေသော ချင်းပြည်နယ်သည် စစ်မြေတလင်းဖြစ်လာပြီး ဒေသခံပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့အဝင်/အထွက်များကို ပိတ်ဆို့ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ချင်းပြည်သူစုစုပေါင်း တစ်သိန်းကျော်သည် ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ထုတ်ပြန်ထားသည်။
``စစ်ဘေးရှောင်အများစုက နေရပ်ပြန်ချင်နေကြပြီ။ အထူးသဖြင့် သက်ကြီးရွယ်အိုပိုင်းတွေက နေအိမ်ကို အရမ်းလွမ်းနေကြတယ်။ အိမ်လွမ်းတဲ့စိတ်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်စေတယ်။ မခံသာလို့ နေကြပေမယ့် မိမိဒေသလို ပျော်ရွှင်တဲ့ရက်မရှိသလောက်ပါပဲ´´လို့ မီဇိုးရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများ၏ ခံစားချက်ကို ချင်းစစ်ဘေးရှောင်ကော်မတီမှ တာဝန်ခံအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
ချင်းစစ်ဘေးရှောင်ပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရင်း သေဆုံးသူအများအပြားလည်းရှိနေပြီဖြစ်သည်။ သက်ကြီးရွယ်အိုများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် သေဆုံးမှုပိုများသည်။ မိသားစုဝမ်းရေးအတွက် ရုန်းကန်ရှာဖွေရင်း မတော်တဆထိခိုက်မှုများကြောင့် လူရွယ်လူလတ်များလည်း သေဆုံးကြရသည်။
အသက် ၅၀ ကျော်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ``ဘယ်ချိန်တိုက်ပွဲပြီးဆုံးမလဲဆိုတာ မသိပေမယ့် မိမိအိမ်ကို ဖြစ်နိုင်ရင် ချက်ချင်းပြန်ချင်တယ်။ ဒီမှာနေရတာ မျှော်လင့်ချက်မရှိဘူး။ သေတဲ့အခါ ကိုယ့်ဒေသ၊ ကိုယ့်အိမ်မှာပဲ သေချင်တယ်´´ဟု ပြောဆိုသည်။
အိမ်နှင့် မခွဲခွာဖူးသော ချင်းတိုင်းရင်းသားများသည် စစ်ကောင်စီက အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ကာ တစ်ပါးပြည်နယ်တွင် အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံဖြင့် ရုန်းကန်နေထိုင်ခဲ့ရသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီက မြို့တွင်းကိုသာ အဓိကထိန်းချုပ်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ယခင်ထက် တိုက်ပွဲပိုမိုပြင်းထန်လျက်ရှိသည်။
သို့သော်စစ်ပွဲပြီးချိန် တစ်နေ့နေ့ တစ်ချိနိချိန်တွင် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်မည်ဟူသော မျှော်လင့်ချက်ကိုယ်စီဖြင့် နေ့ရက်များကို ချင်းစစ်ဘေးရှောင်ပြည်သူများက ရင်ဆိုင်ကျော်ဖြတ်နေဆဲ ဖြစ်သည်။
#ဆောင်းပါး
#mizzima
#မျှော်လင့်ချက်
#ချင်းစစ်ဘေးရှောင်
#မင်းတပ်မြို့နယ်

Facebook
#ဆောင်းပါး – Explore
explore #ဆောင်းပါး at Facebook
👍20🔥1😁1🤔1
ထိုင်းတွင် သွေးလွန်တုပ်ကွေးကူးစက်မှုက ၃ နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိ၍ သတိပေးချက် ထုတ်ပြန်
======================
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၁၈,၁၇၃ ဦး ရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် ယှဉ်ပါက ၄ ဒသမ ၂ ဆ ပိုများသလို ယင်းသည် သုံးနှစ်တာအတွင်း အမြင့်ဆုံး ဖြစ်နေကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ သရိုက်ဆုရီး ထိုင်ဆရန်းကူက ဇွန်လ ၁၂ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၁၈,၁၇၃ ဦး ရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် ယှဉ်ပါက ၄ ဒသမ ၂ ဆ ပိုများသလို ယင်းသည် သုံးနှစ်တာအတွင်း အမြင့်ဆုံး ဖြစ်နေကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ သရိုက်ဆုရီး ထိုင်ဆရန်းကူက ဇွန်လ ၁၂ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
မုန်တိုင်းဒဏ်သင့် ရခိုင်သို့ အကူအညီ ပေးပို့မှု ဆိုင်းငံ့ခြင်းအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ထပ်မံ ပြောဆို
=======================
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ရရေးကို စစ်ကောင်စီ၏ ဆိုင်းငံ့ထားမှုအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ဇွန် ၁၂ ရက် ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ရရေးကို စစ်ကောင်စီ၏ ဆိုင်းငံ့ထားမှုအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ဇွန် ၁၂ ရက် ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😁4
ကမ္ဘောဒီးယားခေါင်းဆောင်က နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထားလျက် ရွေးကောက်ပွဲဥပဒေ ပြောင်းလဲရန် ညွှန်ကြား
=======================
မ္ဘောဒီးယားနိုင်ငံ၏ ယခုလာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် ပျက်ကွက်သူတိုင်းကို ရှေ့ကာလတွင် အစိုးရရာထူးအာဏာအတွက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲဥပဒေများ ပြောင်းလဲဖြည့်စွက်ရန် ဝန်ကြီးချုပ် ဟွန်ဆန်က ဇွန်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်သည်။ ယင်းလုပ်ဆောင်ချက်က ပြည်ပတွင် သွားရောက်နေထိုင်နေရသည့် နိုင်ငံရေးပြိုင်ဘက်များအပေါ် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မ္ဘောဒီးယားနိုင်ငံ၏ ယခုလာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် ပျက်ကွက်သူတိုင်းကို ရှေ့ကာလတွင် အစိုးရရာထူးအာဏာအတွက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲဥပဒေများ ပြောင်းလဲဖြည့်စွက်ရန် ဝန်ကြီးချုပ် ဟွန်ဆန်က ဇွန်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်သည်။ ယင်းလုပ်ဆောင်ချက်က ပြည်ပတွင် သွားရောက်နေထိုင်နေရသည့် နိုင်ငံရေးပြိုင်ဘက်များအပေါ် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4🤮4❤2👍1
Media is too big
VIEW IN TELEGRAM
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံမှာ မြန်မာကိုယ်စားပြုမှုချန်လှပ်ထားဖို့ ဆုံးဖြတ်
Watch more detail - https://www.youtube.com/watch?v=zd4yYv1iKjw
#BusinessRoundUp #shorts #reels #ILO #Mizzima

👍7😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယက မြန်မာကို ရူပီးဖြင့် ကုန်သွယ်မှု အမြန်စတင်ဖို့ တောင်းဆို
Watch more detail - https://www.youtube.com/watch?v=zd4yYv1iKjw
#BusinessRoundUp #shorts #reels #India #Mizzima #Myanmar

❤3🤬2😁1
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်တွင် စစ်ရှောင်အမျိုးသမီး မြွေကိုက်ခံရ
====================
ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်တဲတွင်နေ ထိုင်သော စစ်ဘေးရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရကြောင်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူ များအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မြွေဆိုးကိုက်ခံရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူ ခရိုင်မှ တာဝန်ရှိသူက ပြောသည်။
“မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေးလေးလုံး၊ အိန္ဒိယနိုင်ငံထုတ်မြွေဆိပ်ဖြေဆေး ၁၀ လုံးအထိ ထိုး ပေးရပါတယ်။ ဒီ ၆ လပိုင်းထဲမှာ ကိုက်ခံရတာသုံးယောက်ရှိတယ်။ နှစ်ယောက်ကတော့ အခု ကျန်းမာရေး ကောင်းနေပြီ” ဟု ၎င်းကပြောသည်။
ကန့်ဘလူခရိုင်အတွင်း၌ ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စသည့်ဒေသများသည် မြွေဆိုးကိုက်လူနာ အများဆုံးတွေ့ရသော ဒေသများဖြစ်သည်။
“အသိပညာပေး ဟောပြောပွဲတွေကိုတော့ လုံခြုံရေးအရ မလုပ်ပေးနိုင်ဘူးဗျ။ နောက်တခုက စစ်ရှောင် တွေက တောထဲမှာ ပြန့်ကြဲနေကြတော့ တနေရာနဲ့တနေရာ အလှမ်းလည်းဝေးတယ်ဗျ။ ဒီတော့ ပညာပေး ဆွေးနွေးတာတွေ မလုပ်နိုင်ဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်း စစ်ဘေးရှောင်ရှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရသည်။
ထို့ပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေး ငယ်တဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ဘေးရှောင်
#မြွေအန္တရာယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်တဲတွင်နေ ထိုင်သော စစ်ဘေးရှောင်အမျိုးသမီးတဦး မြွေကိုက်ခံရကြောင်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူ များအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မြွေဆိုးကိုက်ခံရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူ ခရိုင်မှ တာဝန်ရှိသူက ပြောသည်။
“မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေးလေးလုံး၊ အိန္ဒိယနိုင်ငံထုတ်မြွေဆိပ်ဖြေဆေး ၁၀ လုံးအထိ ထိုး ပေးရပါတယ်။ ဒီ ၆ လပိုင်းထဲမှာ ကိုက်ခံရတာသုံးယောက်ရှိတယ်။ နှစ်ယောက်ကတော့ အခု ကျန်းမာရေး ကောင်းနေပြီ” ဟု ၎င်းကပြောသည်။
ကန့်ဘလူခရိုင်အတွင်း၌ ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စသည့်ဒေသများသည် မြွေဆိုးကိုက်လူနာ အများဆုံးတွေ့ရသော ဒေသများဖြစ်သည်။
“အသိပညာပေး ဟောပြောပွဲတွေကိုတော့ လုံခြုံရေးအရ မလုပ်ပေးနိုင်ဘူးဗျ။ နောက်တခုက စစ်ရှောင် တွေက တောထဲမှာ ပြန့်ကြဲနေကြတော့ တနေရာနဲ့တနေရာ အလှမ်းလည်းဝေးတယ်ဗျ။ ဒီတော့ ပညာပေး ဆွေးနွေးတာတွေ မလုပ်နိုင်ဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်း စစ်ဘေးရှောင်ရှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရသည်။
ထို့ပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက်ရှစ်နှစ်အရွယ်ကလေး ငယ်တဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ဘေးရှောင်
#မြွေအန္တရာယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9🔥4👍1
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရ၍ ၃ ဦးသေ
====================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
ကန့်ကလူမြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် ၀ါသ၀ ဦးဆောင်သည့် ပျူစောထီးများနှင့် စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် ဇွန်လ ၁၂ ရက်နေ့က ရွှေဘိုမြို့နယ် ကိုးပင်တပ်မှ တစ်ဆင့် ခင်ဦးမြို့နယ် အနောက်ဘက် တောအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းနေ့ နံနက်ပိုင်းအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ကျီးကန်နှင့် မကျီးတုံကျေးရွာကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
“စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းက ခင်ဦးဘက်ကို သွားရင်း တောလမ်းထဲက ဖြတ်တက်တာမှာ ပျူစခန်းရှိတဲ့ မကျီးတုံကျေးရွာအနီးမှာ တိုက်မိုင်းမိတာ။ စစ်ကြောင်းက သုံးဦးသေသွားတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိခိုက်မှုများရှိသည့် စစ်ကောင်စီတပ်သည် အနီးရှိတောအတွင်းမှ ပြည်သူလေးဦးကို ဖမ်းဆီးကာ မကျီးတုံပျူရွာအတွင်း ၀င်ရောက်သွားခဲ့သည်။
ထိုသို့ ၀င်ရောက်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို သင်္ဂြိုဟ်ခြင်း၊ အနီးရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီးနဲ့ ပစ်တာမှာ သံဘိုကျေးရွာထဲကို လက်နက်ကြီး ကျတာတွေ ရှိတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး။ မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အချိန် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ရတာလည်း ရှိခဲ့တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ လေးဦး၏ အခြေအနေကို လက်ရှိအချိန်အထိ မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် မကျီးတုံပျူရွာရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ခင်ဦးမြို့တွင်းသို့ ၀င်ရောက်လာကြောင်း သိရသည်။
“ မနက်ကတော့ ကားနှစ်စီး၊ ဆိုင်ကယ် အစီး ၂၀ ၊ စက်လတ်တင်ထားတဲ့ ကားတွေပါတဲ့ စစ်ကောင်စီတပ် ခင်ဦးမြို့ပေါ်ကို ရောက်လာပါတယ်။” ဟု ခင်ဦးမြို့နယ် တပ်ရင်း (၃) တာ၀န်ခံ ကိုစိုက်ပျိုးရေးက မဇ္စျိမကို ပြောသည်။
လက်ရှိအချိန်တွင် ခင်ဦးမြို့ပေါ်ရှိ နေရာအများစုတွင် အင်အား ၁၈၀ ခန့်၀န်းကျင်ရှိသည့် စစ်ကောင်စီတပ်က ဖြန့်ကြက်တပ်စွဲထားကာ မြို့အတွင်း လှုပ်ရှားမှုများရှိနေကြောင်း ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် မည်သည့် နေရာသို့ ဆက်လက်စစ်ကြောင်းထိုး ထွက်ခွာမည်ကို မသိရသေးဘဲ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကာကွယ်ရေးတပ်ဖွဲ့များ
#ဒေသခံများ
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#ခြေလျင်စစ်ကြောင်း

👍15😁3
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံများက မြန်မာ့ကော်ဖီအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေး
Watch more detail - https://www.youtube.com/watch?v=zd4yYv1iKjw
#BusinessRoundUp #shorts #reels #Mizzima #Japan #China

👏5🔥2👍1
ဇွန်လ (၁၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================
- စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်က ဂိတ်စခန်း နေရာ ၂ ခု တိုက်ခိုက်ခံရတဲ့ သတင်း
- ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုမှ လက်မခံတဲ့ သတင်း
-တော်လှန်ရေးအင်အားစုတွေကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်း
- တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်တဲ့ သတင်း
-ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်များရဲ့ စံနမူနာဖြစ်စေရန် မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြောတဲ့ သတင်းနဲ့
- အမေရိကန်ဟာ ဇူလိုင်လကစပြီး အဖွဲ့ဝင်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ စီစဉ်နေကြောင်း ယူနက်စကိုပြောကြားတဲ့သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်
https://www.youtube.com/live/IisqCw-I7bk?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၁၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
- စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်က ဂိတ်စခန်း နေရာ ၂ ခု တိုက်ခိုက်ခံရတဲ့ သတင်း
- ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုမှ လက်မခံတဲ့ သတင်း
-တော်လှန်ရေးအင်အားစုတွေကို နေအိမ်တိုက်ခန်း ငှားရမ်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်း…

👍11❤2🍌2
This media is not supported in your browser
VIEW IN TELEGRAM
ပြီးခဲ့တဲ့ မေလအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးများ အနိမ့်ဆုံးသို့ ကျဆင်းခဲ့
Watch more detail - https://www.youtube.com/watch?v=zd4yYv1iKjw
#BusinessRoundUp #shorts #reels #Mizzima

👍2🔥2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဇွန် ၂၀၂၃)
========================
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့်အနီးတဝိုက်တွင် မြို့ပြပြောက်ကြားတိုက်ခိုက်မှုနှင့် ထိတွေ့ တိုက်ပွဲများဖြစ်လာသည်ကို ကြည့်လျှင် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာလုစစ်တပ်သည် စတင် ရှုံးနိမ့်လာနေသည်ဟုဆိုရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့်အနီးတဝိုက်တွင် မြို့ပြပြောက်ကြားတိုက်ခိုက်မှုနှင့် ထိတွေ့ တိုက်ပွဲများဖြစ်လာသည်ကို ကြည့်လျှင် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာလုစစ်တပ်သည် စတင် ရှုံးနိမ့်လာနေသည်ဟုဆိုရမည်ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
ကွန်ဂိုအရှေ့ပိုင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် လူ ၄၆ ဦးသေဆုံး
==================
https://youtu.be/B7P0axeC3Dk

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

👏3🔥2