အင်အားပြသမှုအဖြစ် နေတိုးရဲ့ မကြုံစဖူး လေကြောင်းလေ့ကျင့်မှုကို စတင်
===================
https://youtu.be/hR_LZxTNAGw
===================
https://youtu.be/hR_LZxTNAGw
YouTube
အင်အားပြသမှုအဖြစ် နေတိုးရဲ့ မကြုံစဖူး လေကြောင်းလေ့ကျင့်မှုကို စတင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

👍4😁3👎1🔥1
Media is too big
VIEW IN TELEGRAM
Jun - 13 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍6😁2❤1
မစ္စတာရှောင်တာနယ်လ်ကို ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUG ခန့်အပ်
=======================
001
(မဇ္စျိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို ခန့်အပ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။
" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားသော အခွင့်အာဏာကိုကျင့်သုံး၍ Mr. Sean Turnell အား ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကြားကာလဗဟိုဘဏ်ရကထုတ်ပြန်ထားသည်။
NUG ၏ စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအား ကြားကာလဗဟိုဘဏ်အဖြစ် ဇွန်လ ၁ ရက်နေ့တွင် အာဏာအပ်နှင်းခဲ့ပြီး ယင်းဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဥက္ကဌအဖြစ် ပူးတွဲတာဝန်ယူထားသည်။ ကြားကာလဗဟိုဘဏ်ဖွဲ့စည်းပြီး ၁၃ရက်အကြာတွင် မစ္စတာရှောင်တာနယ်လ်ကို အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။
မစ္စတာရှောင်တာနယ်လ်မှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာ သိမ်းပြီးနောက် ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားစွဲခဲ့သည်။ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီးနောက်၂၀၂၂ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ဩစတြေးလျနိုင်ငံသို့ ပြန်ရောက်ရှိပြီးနောက် မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီ၏ ဥပဒေမဲ့လုပ်ရပ်များကို နိုင်ငံတကာမီဒီယာများမှတဆင့် ဖွင့်ချအသိပေးခဲ့သည်။
" မစ္စတာရှောင်တာနယ်လ်လိုပုဂ္ဂိုလ်က NUG အစိုးရရဲ့ ကြားကာလဗဟိုဘဏ်မှာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူလိုက်တာက စိတ်လှုပ်ရှားစရာသိပ်ကောင်းတယ်။ ဒါက NUG ရဲ့ အောင်မြင်မှုတစ်ခုလည်းဖြစ်တယ်"ဟု ရန်ကုန်မြို့မှ ဆန်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
NUG ၏ ကြားကာလဗဟိုဘဏ်မှာ ပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားရန်၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို ထိရောက်စွာထိန်းကျောင်းတည့်မတ်နိုင်ရန်နှင့် အများပြည်သူပိုင်နိုင်ငံခြားအရန်ငွေအား စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုနေခြင်းကို တားဆီးကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတ၊ဒူဝါလရှီးလက ဇွန်လ ၁ရက်တွင် ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#ကြားကာလဗဟိုဘဏ်
#အထူးအကြံပေးပုဂ္ဂိုလ်
#မစ္စတာရှောင်တာနယ်လ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤23👍8😁5
ဇွန်လ (၁၃) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူကိုမှ လက်ခံတာမရှိဘူးဆိုတဲ့သတင်း နဲ့အတူ
တော်လှန်ရေးအင်အားစုတွေကို နေအိမ်တိုက်ခန်း ငှားရမ်းမယ်ဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး
အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။
နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါ။
https://youtu.be/zwED-ccCrIM
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူကိုမှ လက်ခံတာမရှိဘူးဆိုတဲ့သတင်း နဲ့အတူ
တော်လှန်ရေးအင်အားစုတွေကို နေအိမ်တိုက်ခန်း ငှားရမ်းမယ်ဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရမှာဖြစ်ပြီး
အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ကြရမှာပါ။
နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါ။
https://youtu.be/zwED-ccCrIM
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၃) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်များ
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ILO ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူကိုမှ လက်ခံတာမရှိဘူးဆိုတဲ့သတင်း နဲ့အတူ
တော်လှန်ရေးအင်အားစုတွေကို နေအိမ်တိုက်ခန်း ငှားရမ်းမယ်ဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ သတင်းတွေအပါအဝင်…

👍12🍌2
ရုရှားဆီက လျှော့ဈေးနဲ့ ရေနံတင်ပို့မှုကို ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်ရရှိ
==================
https://youtu.be/Jh13zxlMCn8
==================
https://youtu.be/Jh13zxlMCn8
YouTube
ရုရှားဆီက လျှော့ဈေးနဲ့ ရေနံတင်ပို့မှုကို ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန်ရရှိ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…
👍8😁5❤1
မုံရွာ ကျောက်စစ်ပုံအမြောက်တပ် ၅ ရက်အတွင်း ၂ ကြိမ် တိုက်ခိုက်ခံရ
=====================
ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီအမြောက်တပ် ငါးရက် အတွင်း နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ကျောက်စစ်ပုံကျေးရွာအနီးရှိ အမှတ်(၅၀၈)အမြောက်တပ်ကို ဇွန်လ ၁၂ ရက်နေ့က ရှော့တိုက်ဒုံးငါးလုံး ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန် ထားသည်။
ပစ်မှတ်သို့ ရှော့တိုက်ဒုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်းသိရသည်ဟု ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် အထိနာခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ် ခတ်သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်အတူ Special Regional Attacks Force – Monywa နှင့် မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမြောက်တပ်သည် ဇွန်လ ၇ ရက် နံနက် ၄ နာရီ ၄၀ မိနစ်က မုံရွာမြို့နယ် ရေကန်စုကျေးရွာသို့ ဝင်ရောက်ကာ အနီးရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကိုဝင်ရောက်စီးနင်းပြီး ကာကွယ်ရေး ရဲဘော်၊ ရဲမေ လေးဦးနှင့် ဒေသခံနှစ်ဦး စုစုပေါင်းခြောက်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေးတပ်ပေါင်းစုမှအဖွဲ့လေးဖွဲ့ခွဲကာ ဇွန်လ ၇ ရက် ည ၇ နာရီဝန်းကျင်တွင် ၁၀၀ မမ ၃၅ လုံး၊ ၈၀ မမ ၁၅ လုံးနှင့် ၆၀ မမငါးလုံးဖြင့် အမြောက် တပ်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တိုက်ခိုက်မှုကြောင့် တပ်အတွင်း ထိခိုက်ပျက်စီးမှုများရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အရေ အတွက်ကိုသိရခြင်းမရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Force ၊ မုံရွာခရိုင်တပ်ရင်း အမှတ် (၁၂) တပ်ခွဲ(၃) တပ်ခွဲ(၄) ၊ စဉ့်ကိုင်မြို့နယ် ပကဖ ၊ LPDF Sagaing ၊ ရန်ရှင်းဒေသကာကွယ်ရေးတပ်ဖွဲ့၊ အညာ မြေတိုက်နယ်တပ်ပေါင်းစုတို့ မှ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/SWLAl7MsmLA
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ကျောက်စစ်ပုံအမြောက်တပ်

ကျောက်စစ်ပုံကျေးရွာအနီးရှိ အမှတ်(၅၀၈)အမြောက်တပ်ကို ဇွန်လ ၁၂ ရက်နေ့က ရှော့တိုက်ဒုံးငါးလုံး…

👍26👏4😁2❤1
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကျောက်ကြီးတွင် ဒေသခံများထွက်ပြေးတိမ်း ရှောင်နေရ
=====================
https://youtu.be/JM6HR_PKzdg
#တပ်မဟာ(၃)နယ်မြေ
#ကျောက်ကြီးမြို့နယ်
#စစ်ဘေးရှောင်
#ဘီလူးစစ်ကြောင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
https://youtu.be/JM6HR_PKzdg
#တပ်မဟာ(၃)နယ်မြေ
#ကျောက်ကြီးမြို့နယ်
#စစ်ဘေးရှောင်
#ဘီလူးစစ်ကြောင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကျောက်ကြီးတွင် ဒေသခံများထွက်ပြေးတိမ်း ရှောင်နေရ
YT (မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ် မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။
“လက်ရှိအခြေအနေမှာ ဇွန်လ ၁၂ ရက်နေ့ည ၉ နာရီကျော်က လက်နက်ကြီးနဲ့တကြိမ်၊…

😢7🔥3👍1👎1😁1
လယ်ယာမြေကို အကွက်ရိုက်ခြင်း အိမ်ဆောက်ခြင်းအား အရေးယူမည့်ကိစ္စ မြေ၀ယ်ထားသူများ အခက်တွေ့နေဟုဆို
=================
007
(မဇ္စျိမ) ။ ။လယ်ယာမြေများအား မြေကွက်ရိုက်ခြင်း၊ အိမ်ရာတည်ဆောက်ခြင်းများအား အရေးယူသွားမည်ဟု၊ ပြင်ဦးလွင်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ကြေညာချက်နှင့်ပတ်သက်၍၊ မြေ၀ယ်ယူထားမိသူများ စိုးရိမ်သောကဖြစ်နေကြကြောင်း သိရသည်။
“အကွက်ရိုက်ရောင်းချနေတဲ့ကာလတွေမှာ၊ ကြေညာချက်မထုတ်ဘဲ၊ ရောင်းလို့ ချလို့တော်တော်လေးပြီးသွားမှ ဒါတွေက ဥပဒေနဲ့မညီဘူး၊ အရေးယူမယ်ဆိုတော့၊ ၀ယ်ထားမိသူတွေ ဗျာများကုန်တာပေါ့၊ ခက်တာက ဒီနိုင်ငံမှာက ရောင်းမှား၀ယ်မှား ပြဿနာတိုင်းမှာ ၀ယ်သူပဲ အရှုံးဖြစ်တယ်၊ ရောင်းသွားသူက ဆိုင်ရာပိုင်ရာနဲ့ ပေါင်းလုပ်သွားတာ” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
လယ်ယာ မြေပေါ် အိမ်ရာတည်ဆောက်ခြင်းအား စိစစ်တွေ့ရှိပါက၊ စည်းကမ်းပျက်လယ်ယာမြေအဖြစ်သတ်မှတ်ပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က၊ ဇွန်လ ၅ ရက်နေ့တွင် မန္တလေးနေ့စဉ်သတင်းစာမှ တစ်ဆင့် အသိပေးကြေညာခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း၊ လယ်ယာမြေများအား စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ - ၇)ထုတ်ပေးခြင်းကိုသာ ဥပဒေနှင့်အညီခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး၊ စည်းကမ်းတကျအသုံးပြုမှုမရှိခြင်း၊ လယ်ယာမြေဥပဒေနှင့်ညီညွတ်မှုမရှိဘဲ မြေကွက် ရိုက်ရောင်းချခြင်း၊ အိမ်ရာတည်ဆောက်ခြင်းများအား ပြုလုပ်ကြောင်းစိစစ်တွေ့ရပါက၊ စည်းကမ်းပျက်လယ်ယာမြေအဖြစ် သတ်မှတ် သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
ဥပဒေမဲ့လုပ်ဆောင်ထားသော လယ်ယာမြေများအား၊ မူလလယ်ယာမြေအမျိုးအစားအတိုင်း ပြန်လည်ရောက်ရရှိသည်အထိ ဆောင်ရွက်သွားကြရန် နှိုးဆော်ထားပြီး၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“ဘယ်လိုအရေးယူမယ်ဆိုတာ တိတိကျကျမပါဘူး၊ အရေးယူမယ်ပြောထားတယ်၊ အဓိကက အကွက်ရိုက်ရောင်းထားတဲ့ လယ်ယာမြေတွေ အနေနဲ့ မူလအတိုင်း မူလလယ်ယာမြေအမျိုးအစားအတိုင်းပြန်လုပ်ထားရမယ်ပေါ့၊ ပြန်လုပ်ပြီးရင်လည်း မသိနားမလည်သူတွေကို ပြန်လုပ် စားကြဦးမှာပဲဆိုတော့၊ ဒီလိုနဲ့ပဲ သံသရာလည်နေဦးမှာပဲ၊ ခံရတော့ အ၀ယ်သမားတွေ၊ မန္တလေးမှာလည်း ပုသိမ်ကြီးဘက်မှာ အခု အဲဒီလိုပြဿနာတွေဖြစ်နေတယ်” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ၊ မြေလွတ် မြေလပ်နှင့်မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် ခွင့်ပြုချထားပေးသည့်နည်းလမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ မြေကွက်များအား ကွက်စိပ်ရိုက်၍ စျေးနှုန်းသက်သာစွာဖြင့် အိမ်ခြံမြေ အကျိုးဆောင်များ ပွဲစားများမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချခြင်းများ ရှိနေသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍၊ တရားမ၀င်ကြောင်း သက်ဆိုင်ရာက ယမန်နှစ်မေလတွင်အသိပေးချက်ထုတ်ပြန်ခဲ့သည်။ ပုံစံ(၇)ရရှိထားသော်လည်း၊ ပုံစံ(၇)ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး၊ ခွင့်ပြုချက်မရှိဘဲ မြေကွက်များအကွက်ရိုက်ခြင်း၊ အဆောက်အအုံဆောက်လုပ်နေခြင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေ ခြင်း၊ မြို့မြေများပေါ်ရှိ မြေဂရန်အငှားချထားခြင်းခံရသူများမှလည်း၊ မြေငှားဂရန်စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ၊ လိုက်နာဆောင်ရွက် ခြင်းမရှိဘဲ ကွက်စိပ်များရိုက်၍ ရောင်းချနေခြင်း၊ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်သည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းပါ၀င်သည် ဟုဆိုကာ အဆိုပါရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရား၀င်ဆောက်လုပ်ခွင့်ရှိကြောင်း ပြည်သူများအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြော်ငြာ၍ မြေကွက်များရောင်းချလုပ်ဆောင်နေသည်တို့ကို စိစစ်တွေ့ရကြောင်း၊ အဆိုပါမြေကွက်များအား ၀ယ်ယူမိပါက နောင်တစ်ချိန်တွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)
#mizzima
#မြေကွက်များ
#ပြင်ဦးလွင်ခရိုင်
#လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့
#မြေငှားဂရန်စာချုပ်

👍19🔥2😁1
ကမ္ဘောဒီးယားခေါင်းဆောင်က နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထားလျက် ရွေးကောက်ပွဲဥပဒေ ပြောင်းလဲရန် ညွှန်ကြား
========================
ကမ္ဘောဒီးယားနိုင်ငံ၏ ယခုလာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် ပျက်ကွက်သူတိုင်းကို ရှေ့ကာလတွင် အစိုးရရာထူးအာဏာအတွက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲဥပဒေများ ပြောင်းလဲဖြည့်စွက်ရန် ဝန်ကြီးချုပ် ဟွန်ဆန်က ဇွန်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်သည်။ ယင်းလုပ်ဆောင်ချက်က ပြည်ပတွင် သွားရောက်နေထိုင်နေရသည့် နိုင်ငံရေးပြိုင်ဘက်များအပေါ် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ကမ္ဘောဒီးယားနိုင်ငံ၏ ယခုလာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် ပျက်ကွက်သူတိုင်းကို ရှေ့ကာလတွင် အစိုးရရာထူးအာဏာအတွက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲဥပဒေများ ပြောင်းလဲဖြည့်စွက်ရန် ဝန်ကြီးချုပ် ဟွန်ဆန်က ဇွန်လ ၁၃ ရက်တွင် ညွှန်ကြားလိုက်သည်။ ယင်းလုပ်ဆောင်ချက်က ပြည်ပတွင် သွားရောက်နေထိုင်နေရသည့် နိုင်ငံရေးပြိုင်ဘက်များအပေါ် သက်ရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4❤3🤮2
မအူပင်မြို့တွင် အင်အားအနည်းငယ်အဆင့် ငလျင် ၂ကြိမ် ထပ်လှုပ်
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ယနေ့ ဇွန်လ ၁၃ ရက်နေ့ တစ်ရက်တည်း ငလျင်နှစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။
ယနေ့ နံနက် ၁၁ နာရီခန့်က ငလျင်တစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ည ၈ နာရီကျော်ခန့်တွင် နောက်တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ခြင်းဟု သိရသည်။
" တချို့တွေတော့ ဟိုရက်ကလို အဆောက်အဦးတွေပြိုကျမှာစိုးလို့ လမ်းပေါ်ထွက်နေကြတယ်။မနက်ကလှုပ်တာက နည်းနည်းသိသာတယ်။ဒီည လှုပ်တာတော့ သိပ်မသိသာဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။
မအူပင်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ရစ်(ခ်)တာစကေး ၄ဒဿမ ၈ အဆင့်ငလျင်လှုပ်ခဲ့ရာ လှုပ်ရှားမှုပြင်းထန်ခဲ့ပြီး အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊အမှတ် ၆ ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျပြီး အဆိုပါ အဆောက်အဦအတွင်းရှိ သီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ထိုနေ့တစ်ရက်တည်း ငလျင် ခြောက် ကြိမ်ထက်မနည်း လှုပ်ခတ်ပြီး ဒေသခံများသည် ငလျင်အန္တရာယ်ကို စိုးရိမ်နေကြစဥ် ယနေ့ ထပ်လှုပ်ခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းငလျင်လှုပ်ခတ်မှုအပြီးတွင် မြို့ပေါ်ကျောင်းများ၌ ကျောင်းတက်နေသည့် ကျောင်းသား၊ကျောင်းသူများအား ၎င်းတို့၏ မိဘများက ပြန်လာခေါ်သွားခဲ့ကြောင်း ဒေသခံကပြောသည်။
ယနေ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာ မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သတ်၍ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားမှု တစုံရာတရာ မတွေ့ရသေးပေ။ ယင်းဌာနက ပုံမှန်အားဖြင့် ရစ်(ခ်)တာစကေး ၃အထက်ငလျင်များကိုသာ ထုတ်ပြန်ခြင်းဖြစ်သည်။ မအူပင်မြိုတွင် ယနေ့လှုပ်သော ငလျင်နှစ်ကြိမ်သည် အင်အားအနည်းငယ်အဆင့် နောက်ဆက်တွဲငလျင်လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးက သုံးသပ်သည်။
မအူပင်မြို့အပါအဝင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ထိစပ်ဒေသများတွင် အင်းအားအနည်းငယ်နှင့် အသင့်အတင့် လှုပ်ရှားလေ့ရှိသော ပြတ်ရွေ့အသေးများ ရှိနေပြီး အင်အားပြင်းအဆင့်ငလျင် လှုပ်ရှားလေ့မရှိကြောင်း အထက်ပါ ဘူမိဗေဒပညာရှင်ကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#မအူပင်မြို့
#နောက်ဆက်တွဲငလျင်
ပုံ-ဇွန်လ ၇ရက်က ငလျင်ကြောင့် မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု

👍6🔥5
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/_SFNPIEvsb4

#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

❤4🍌3👍1
"ရွေးကောက်ပွဲလို့ လေလည်လိုက်တာနဲ့ အမြီးမနှံ့နဲ့ အသက်ရှုရပ်သွားတတ်တယ်" စာတန်းကိုင်စွဲပြီး ကြံခင်းမှာ ဆန္ဒပြ
===================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
"ရွေးကောက်ပွဲလို့ လေလည်လိုက်တာနဲ့ အမြီးမနှံ့နဲ့ အသက်ရှုရပ်သွားတတ်တယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၁)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ

❤24👍17😁4👏1
ဇွန်လ (၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်းစီက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတဲ့သတင်းနဲ့အတူ မစ္စတာရှောင်တာနယ်လ်ကို ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUG ကခန့်အပ်လိုက်တဲ့ အကြောင်းတွေပါဝင်တဲ့
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးတသငင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/TI-W-lL1Sf4
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်းစီက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတဲ့သတင်းနဲ့အတူ မစ္စတာရှောင်တာနယ်လ်ကို ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUG ကခန့်အပ်လိုက်တဲ့ အကြောင်းတွေပါဝင်တဲ့
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးတသငင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/TI-W-lL1Sf4
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်းစီက အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတဲ့သတင်းနဲ့အတူ မစ္စတာရှောင်တာနယ်လ်ကို ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUG ကခန့်အပ်လိုက်တဲ့ အကြောင်းတွေပါဝင်တဲ့
နောက်ဆုံးရ ပြည်တွင်…

👍13😁2
တရုတ်နဲ့ စစ်ကောင်စီအတွက် အထမမြောက်ခဲ့တဲ့ မိုင်းလားဆွေးနွေးပွဲ
====================
နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ပြန်လည်ဆွေးနွေးမယ်ဆိုတဲ့ စကားရပ်နဲ့ မိုင်းလားဆွေးနွေးပွဲကတော့ ပြီးဆုံးသွား ခဲ့ပါတယ်။ တရုတ်ရဲ့ကမကထပြုမှုနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုးကန့်အဖွဲ့ နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) ကိုယ်စားလှယ်တို့ ဇွန် ၁ ရက်ကစပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလား မြို့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
https://youtu.be/-CyWecRw6Rw
#politics
#newsfeature
-------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ပြန်လည်ဆွေးနွေးမယ်ဆိုတဲ့ စကားရပ်နဲ့ မိုင်းလားဆွေးနွေးပွဲကတော့ ပြီးဆုံးသွား ခဲ့ပါတယ်။ တရုတ်ရဲ့ကမကထပြုမှုနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုးကန့်အဖွဲ့ နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) ကိုယ်စားလှယ်တို့ ဇွန် ၁ ရက်ကစပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလား မြို့မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
https://youtu.be/-CyWecRw6Rw
#politics
#newsfeature
-------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
တရုတ်နဲ့ စစ်ကောင်စီအတွက် အထမမြောက်ခဲ့တဲ့ မိုင်းလားဆွေးနွေးပွဲ
နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ပြန်လည်ဆွေးနွေးမယ်ဆိုတဲ့ စကားရပ်နဲ့ မိုင်းလားဆွေးနွေးပွဲကတော့ ပြီးဆုံးသွား ခဲ့ပါတယ်။ တရုတ်ရဲ့ကမကထပြုမှုနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊…
😁12❤1👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၄ ရက်၊ ၂၀၂၃ | VOA On Mizzima
======================
အရင်ကသမ္မတထရန့်ကို ဝေဖန်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ဒုသမ္မတဟောင်းပန့်စ် သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ တရားဝင်ကြေညာအပြီး ချက်ချင်းဆိုသလိုပဲ ထရန့်ကို ဝေဖန်ထိုးနှက်၊ တူရကီနိုင်ငံမှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ အာဒိုဝမ် တူရကီနဲ့ အနောက်၊ ရုရှား ဆက်ဆံရေးတွေကို ဘယ်လိုထိန်းညှိကိုင်တွယ်၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၄ ရက်၊ ဗုဒ္ဓဟူးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/F1tWmMpl6Gc
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
အရင်ကသမ္မတထရန့်ကို ဝေဖန်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ဒုသမ္မတဟောင်းပန့်စ် သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ တရားဝင်ကြေညာအပြီး ချက်ချင်းဆိုသလိုပဲ ထရန့်ကို ဝေဖန်ထိုးနှက်၊ တူရကီနိုင်ငံမှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ အာဒိုဝမ် တူရကီနဲ့ အနောက်၊ ရုရှား ဆက်ဆံရေးတွေကို ဘယ်လိုထိန်းညှိကိုင်တွယ်၊ စတဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေ အပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၄ ရက်၊ ဗုဒ္ဓဟူးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/F1tWmMpl6Gc
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၄ ရက်၊ ၂၀၂၃ | VOA On Mizzima
အရင်ကသမ္မတထရန့်ကို ဝေဖန်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ဒုသမ္မတဟောင်းပန့်စ် သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ တရားဝင်ကြေညာအပြီး ချက်ချင်းဆိုသလိုပဲ ထရန့်ကို ဝေဖန်ထိုးနှက်၊ တူရကီနိုင်ငံမှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ အာဒိုဝမ် တူရကီနဲ့ အနောက်၊ ရုရှား ဆက်ဆံရေးတွေကို…
👍12😁1
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကို ၄ နှစ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိဟု ဆို
=========================
ဘင်းမ်စတက် (ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့) စီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် ဘန်ကောက်နှင့် ကိုးလ်ကတ္တားကို ချိတ်ဆက်မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးသည် လာမည့် သုံး၊ လေးနှစ်အတွင်း အသင့်ဖြစ်နိုင်သည်ဟု အိန္ဒိယ၊ ထိုင်း တို့၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီခန့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့က ပြောကြားခဲ့သည်ဟု The Times of India သတင်းတစ်ပုဒ်အရ သိရသည်။
ဇွန်လ ၁၃ ရက်တွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် အိန္ဒိယ ကုန်သည်အသင်း တို့က စီစဉ်သော စီးပွားရေး ဆွေးနွေးပွဲ၌ တက်ရောက်လာသည့် ဒေသတွင်း သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီးများက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
အဆိုပြုထားသည့် စီမံကိန်း အစီအစဉ်အရ အဆိုပါ သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ စတင်မည် ဖြစ်ပြီး ဆုခိုထိုင်၊ မဲဆောက်ကဲ့သို့ မြို့ကြီးများကို ဖြတ်ကာ ထိုမှတစ်ဆင့် အိန္ဒိယကို မရောက်မီ မြန်မာနိုင်ငံ၏ ရန်ကုန်၊ မန္တလေး၊ ကလေးဝနှင့် တမူးမြို့တို့ကို ဖြတ်မည် ဖြစ်သည်။

😁6👍4
ပါတီတွင်းသမ္မတလောင်းနေရာအတွက် ထရန့်နဲ့ ပြိုင်မယ့် မိုက်ပန့်စ် | VOA On Mizzima
========================
အမေရိကန် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် Donald Trump နဲ့အပြိုင် ဝင်အရွေးခံကြမယ့် သူတွေထဲမှာတော့ နှစ်ပေါင်းများစွာ သူ့ဘက်က ရပ်တည်ခဲ့တဲ့ ဒုသမ္မတ မိုက်ပန့်စ် Mike Pence လည်း ပါဝင် ပါတယ်။ အရင်က သမ္မတထရန့်ကို ဝေဖန်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ပန့်စ်ဟာ သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ တရားဝင်ကြေညာအပြီး ချက်ချင်းဆိုသလိုပဲ ထရန့်ကို ဝေဖန်ထိုးနှက်လိုက်ပါတယ်။ ဗွီအိုအေ အကြီးတန်း သတင်းထောက် စတိဗ်ဟာမန် Steve Herman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
https://youtu.be/An2NhqzNb_w
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
အမေရိကန် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် Donald Trump နဲ့အပြိုင် ဝင်အရွေးခံကြမယ့် သူတွေထဲမှာတော့ နှစ်ပေါင်းများစွာ သူ့ဘက်က ရပ်တည်ခဲ့တဲ့ ဒုသမ္မတ မိုက်ပန့်စ် Mike Pence လည်း ပါဝင် ပါတယ်။ အရင်က သမ္မတထရန့်ကို ဝေဖန်ဖို့ တွန့်ဆုတ်ခဲ့တဲ့ ပန့်စ်ဟာ သမ္မတလောင်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ တရားဝင်ကြေညာအပြီး ချက်ချင်းဆိုသလိုပဲ ထရန့်ကို ဝေဖန်ထိုးနှက်လိုက်ပါတယ်။ ဗွီအိုအေ အကြီးတန်း သတင်းထောက် စတိဗ်ဟာမန် Steve Herman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
https://youtu.be/An2NhqzNb_w
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပါတီတွင်းသမ္မတလောင်းနေရာအတွက် ထရန့်နဲ့ ပြိုင်မယ့် မိုက်ပန့်စ် | VOA On Mizzima
အမေရိကန် ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် Donald Trump နဲ့အပြိုင် ဝင်အရွေးခံကြမယ့် သူတွေထဲမှာတော့ နှစ်ပေါင်းများစွာ သူ့ဘက်က ရပ်တည်ခဲ့တဲ့ ဒုသမ္မတ မိုက်ပန့်စ် Mike Pence လည်း ပါဝင် ပါတယ်။ အရင်က သမ္မတထရန့်ကို ဝေဖန်ဖို့…
👍8😁1
Myanmar authorities 'effectively paralysing' aid distribution: UN
======================
https://youtu.be/ibolQjVMN7k

The United Nations slams the Myanmar junta's decision to suspend travel authorisations for aid workers trying to reach more than a million people in cyclone-ravaged Rakhine state. Jens Laerke, spokesman for the UN humanitarian agency OCHA, tells reporters…
😁1