Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2🤬1
အာဒိုဝမ်ရဲ့ တူရကီနိုင်ငံခြားရေးမူဝါဒ | VOA On Mizzima
================

တူရကီနိုင်ငံမှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ သမ္မတ ရီဂျပ်တာရစ် အာဒိုဝမ် Recep Tayyip Erdogan ဟာ ရုရှားနဲ့  အနောက်မဟာမိတ်များကြား ဆက်ဆံရေးကို ဟန်ချက်ညီထားရှိရမယ့် စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို တူရကီကဆက်လက် ကန့်ကွက်နေတာဟာ အနောက်အုပ်စုအပေါ် သူ့ရဲ့ သစ္စာစောင့်သိမှုကို စမ်းသပ်ချက် ဖြစ်ပြီး တဖက်မှာလည်း အာဒိုဝမ်ဟာ အမေရိကန်နဲ့ ပြန်သင့်မြတ်ဖို့ ကြိုးစားလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။  ဗွီအိုအေ သတင်းထောက် ဒိုရီယမ်ဂျုံး အစ္စတန်ဘူလ်မြို့တော်က သတင်းပေးပို့ တာကို ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။ 

https://youtu.be/lvGykWhwf_I
  
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍4❤1
Media is too big
VIEW IN TELEGRAM
ပါတီတွင်းသမ္မတလောင်းနေရာအတွက် ထရန့်နဲ့ ပြိုင်မယ့် မိုက်ပန့်စ် | VOA On Mizzima

Watch more detail - https://youtu.be/An2NhqzNb_w

#VOA #VideoNews #ပါတီတွင်းသမ္မတလောင်းနေရာအတွက် ထရန့်နဲ့ ပြိုင်မယ့်မိုက်ပန့်စ် #shorts #Reels
👍6😁4
စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀၀၀ ကျော် အသတ်ခံရ
========================

နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေး သုတေသနအင်စတီကျု (PRIO) က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ လပေါင်း ၂ဝ အတွင်း အရပ်သားခြောက်ထောင်ကျော် (၆၃၃၇ ဦး) သတ်ဖြတ်ခံရပြီး နှစ်ထောင်ကျော် (၂၆၁၄ ဦး) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအစီရင်ခံစာပါ ဖေါ်ပြတဲ့ အရေအတွက်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း လပေါင်း ၂၀ အတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် သိသိသာသာ များနေပါတယ်။
မြန်မာနိုင်ငံအတွင်းက သေဆုံးမှုကို ရေတွက်ခြင်း၊ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာဟာ Peace Research Institute ရဲ့ မြို့နယ်တွေမှာ အခြေခံတဲ့ စောင့်ကြည့်ရေးစနစ်နဲ့ တခြား အချက်အလက် အရင်းအမြစ် နှစ်ခုကို ပေါင်းစပ် ကိုးကားထားတာပါ။

https://youtu.be/JDrh06MRknM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢12👍2🔥2🤬1
သံလွင်တံတားပေါ်တွင် စစ်ကားက ဆိုင်ကယ်ကိုဝင်တိုက်၊ စစ်သားနှင့် ဆိုင်ကယ်မောင်းသူ သေဆုံး
❤8
သံလွင်တံတားပေါ်တွင် စစ်ကားက ဆိုင်ကယ်ကိုဝင်တိုက်၊ စစ်သားနှင့် ဆိုင်ကယ်မောင်းသူ သေဆုံး
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့မှ မော်လမြိုင်မြို့သို့ သွားသည့် သံလွင်တံတားပေါ်တွင် FAW အမျိုးအစား စစ်ကားကြီး တစ်စီးသည် ဆိုင်ကယ်နှစ်စီးကို တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး တံတားအောက်သို့ ပြုတ်ကျသေဆုံးပြီး စစ်ကားလည်းတိမ်းမှောက်ခဲ့ရာ စစ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မုတ္တမမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကားကြီး တစ်စီးသည် မော်လမြိုင်မြို့သို့အဝင် သံလွင်တံတားပေါ်တွင် ကားကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောတွင် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် မုတ္တမမြို့တွင် နေထိုင်သည့် ဆိုင်ကယ်သမားတစ်ဦးသည် တံတားပေါ်မှ ပြုတ်ကျပြီး ခါးရိုးကျိုးကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိသည့် စစ်ကားသည်လည်း အရှိန်လွန်ကာ တံတားဘောင်ကို တိုက်မိရာမှ တိမ်းမှောက်သွားခဲ့ပြီး စစ်ကားပေါ်ရှိ စစ်သားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်သမားက တစ်ယောက်ပဲ၊ စစ်ကားပေါ်ကတစ်ယောက် သေသွားတယ်၊ အဲ့ဒါပြီးတော့ တံတားကို ပိတ်ထားတယ်၊ နှစ်ဖက်လုံးကို ခဏပိတ်လိုက်တာ၊ ကားကို သယ်ပြီးတော့မှ ပြန်ဖွင့်ပေးလိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားနှင့် နောက်ထပ် ဆိုင်ကယ်သမားတစ်ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် သံလွင်တံတားကို ပိတ်လိုက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီခွဲကျော်တွင် ပြန်လည်သွားလာခွင့်ပြုလိုက်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#သံလွင်တံတား
#ပေါင်မြို့နယ်
#စစ်ကားဆိုင်ကယ်ကိုဝင်တိုက်
#Mizzima
ဓါတ်ပုံ-လူမှုကွန်ရက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6❤3👍2
Media is too big
VIEW IN TELEGRAM
အာဒိုဝမ်ရဲ့ တူရကီနိုင်ငံခြားရေးမူဝါဒ | VOA On Mizzima

Watch more detail - https://youtu.be/lvGykWhwf_I

#VOA #VideoNews #အာဒိုဝမ်ရဲ့ တူရကီနိုင်ငံခြားရေးမူဝါဒ#shorts #Reels
😁3👍1
​​မိုးဗြဲမြို့တွင် တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုကြောင့် ကျည်ဆန် အရေးပေါ်လိုအပ်နေ
======================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကျည်ဆန်များအရေးပေါ်လိုအပ်နေကြောင်း မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ) တာဝန်ခံက မဇ္စျိမကို ပြောသည်။

လက်ရှိ မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ)တွင် တိုက်ပွဲ နှစ်ပွဲစာအတွက်သာ ကျည်ဆန် လက်ကျန်ရှိပြီး M-16 ကျည်ဆန် ၂,၀၀၀ နှင့် AKကျည်ဆန် ၁,၀၀၀ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။

"ပြည်တွင်း ၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ခွန်အားနဲ့ မတတ်ရင်တောင် ငွေ ၅၀၀ ၊ ၁၀၀၀ ကအစ ပါဝင်ပေးကြပါ ။ ဒါမှ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက်ချေမှုန်းနိုင်မှာဖြစ်တယ်၊ပါဝင်လှူဒါန်းတဲ့ ပြည်တွင်း၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ကျွဲချိုထောက်ပို့ Page ၏ Chat box မှာ ဆက်သွယ်လှူဒါန်းပေးကြပါ” ဟု ၎င်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။

လိုအပ်နေသည့် ကျည်ဆန်များကို ဇွန်လ ၁၃ ရက်မှ ၃၀ရက်အတွင်း ဖြည့်ပေးကြရန် အရေးပေါ် တောင်းဆိုထားသည်။ လက်ရှိတွင် မိုးဗြဲမြို့ နေရာသုံးနေရာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

" စက်တော်ရာ ဘုရားတောင်ပေါ်ရယ်၊ မြို့တွင်း ညောင်ဝိုင်းနဲ့ မိုးဗြဲ-ပီကင်း ရထားလမ်းရယ် အဲ့နေရာသုံးခုကို နေရာယူထားပြီး ဒီရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်"ဟု မိုးဗြဲ PDF (ကျွဲချိုတပ်ခွဲ) တာဝန်ခံက ပြောသည်။

ထိုတိုက်ပွဲများအတွင်း အရပ်သားပြည်သူ ဦးရေ၂၀ သေဆုံးခဲ့ရပြီး အသက် ၁၈ အရွယ်သမီးနှင့် အမေဖြစ်သူတို့ စစ်ကောင်စီတပ်၏ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

အရေးပေါ်ကျည် ထောက်ပံလိုသူများအနေဖြင့် (m.me/mbkywegyo )Telegram-(https://t.me/kywegyo) သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုးဗြဲမြို့
#ကျည်ဆန် အရေးပေါ်လိုအပ်နေ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀၀၀ ကျော် အသတ်ခံရ

Watch more detail -
https://youtu.be/JDrh06MRknM

#စစ်အာဏာသိမ်း #အသတ်ခံရ#အရပ်သား #VideoNews #shorts #reels #Mizzima
🤬5🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 14 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍2🍌2😁1
ဖိလစ်ပိုင်လူကုန်ကူးတိုက်ဖျက်ဖို့ အွန်လိုင်းလောင်းကစားကို ကိုင်တွယ် | VOA On Mizzima
==========================

Crypto ငွေကြေး လိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ ဖိလစ်ပိုင်မှာ အွန်လိုင်းလောင်းကစား ချိတ်ဆက်လည်ပတ်မှုတွေ ကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ အာရုံစိုက်လာကြပါတယ်။ VOA သတင်းထောက် Dave Grunebaum သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ပြပေးပါမယ်။ 

https://youtu.be/mfiwqoIgonQ
 
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3
​​မုန်တိုင်းသင့်ဒေသသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပြန်လက်ခံရန် ကုလသမဂ္ဂ တိုက်တွန်း
=====================

မြန်မာအာဏာပိုင်များအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် နိုင်ငံ၌ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့် ပြန်လည်ခွင့်ပြုရန် ကုလသမဂ္ဂက တိုက်တွန်းပြီး အသက်ကယ် အကူအညီများကို နှောင့်နှေးလေးဖင့်အောင် လုပ်ဆောင်နေသည်ဟု မြန်မာအာဏာပိုင်များကို စွပ်စွဲပြစ်တင်သည်။

“အကူအညီ ပေးပို့ခွင့်ကို ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ စစ်ကောင်စီကို ကျွန်တော်တို့ တိုက်တွန်းတယ်၊ အကူအညီတွေ ဖြန့်ဝေရေးနဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေအတွက် ကနဦးက ခွင့်ပြုထားတာကို ပြန်လည်ခွင့်ပြုပေးဖို့ တိုက်တွန်းတယ်”ဟု လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး( OCHA )မှ ပြောခွင့်ရသူက ယန်း လာကီက ဂျီနီဗာရှိ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်နယ်၌ တိုက်ခတ်ပြီး တစ်လအကြာတွင် စစ်ကောင်စီက လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ခွင့်ကို ဆိုင်းငံ့ထားခြင်း ဖြစ်သည်။
👍8🤣3😁1
ဇွန်လ (၁၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

-NUG ဗဟိုဘဏ် အထူးအကြံပေးအဖြစ် ပါမောက္ခရှောင်တာနဲလ်ကို ခန့်အပ်တဲ့သတင်း

-တနင်္သာရီတိုင်းအတွင်း မေလထဲမှာ အရပ်သား ၄၀၀ ကျော်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီးတဲ့သတင်း

-နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်က စစ်ဆေးရေးဂိတ် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်တဲ့သတင်း

-ယူကရိန်းစစ်ပွဲက ဒဏ်ရာရစစ်သည်တွေကို ပူတင်ကဆုတံဆိပ်တွေချီးမြှင့်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တက်ဆက်ပေးမှာပါ။

https://youtu.be/7v2lthLYxxc

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🥱2😁1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်လူကုန်ကူးတိုက်ဖျက်ဖို့ အွန်လိုင်းလောင်းကစားကို ကိုင်တွယ် | VOA On Mizzima

Watch more detail - https://youtu.be/mfiwqoIgonQ

#VOA #VideoNews #အွန်လိုင်းလောင်းကစား #shorts #Reels
👍7😁3
​​မွန်ပြည်နယ်၊ ရေးမြို့ ဝင်းသုခရွှေဈေးမှ ရွှေဆိုင် ၁ ဆိုင် လုယက်ခံရ
===================

ဂျူချန်း
(မဇ္ဈိမ) ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဝင်းသုခရွှေဈေးမှ ရွှေလဝန်းရတနာရွှေဆိုင် ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်က လုယက်ခံရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ရွှေလဝန်းရွှေဆိုင်ပိုင်ရှင်မှ ဆိုင်ဖွင့်နေစဉ် ကားတစီးပေါ်မှ အမျိုးသားတဦးက ဆိုင်ရှေ့တွင်ချထားသည့် နားကပ်များထည့်ထားသောရွှေပုံးကို လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ရေးမြို့ခံတဦးကပြော သည်။

“ဆိုင်ရောက်ရောက်ချင်း ပုံးကိုအပြင်မှာထားတုန်း လုသွားတာ။ ဆိုင်ထဲ မသွင်းရသေးဘူး။ ကားထဲမှာ တော့ ဘယ်နှယောက်လည်းမသိဘူး။ ကားမောင်းတာ တယောက်၊ လုတာ တယောက်။ အဲ့ဒီဆိုင်က အမြဲ တမ်း အစောကြီးဆိုင်ထွက်တာ။ တခြားဆိုင်တွေမရောက်သေးဘူး” ဟု ရေးမြို့ခံက ပြောသည်။

လုယက်ခံလိုက်ရသည့် ရွှေထည်များသည် ကာလပေါက်ဈေး သိန်း ၄၀၀ နှင့် ၅၀၀ ကြားရှိနိုင်ကြောင်း ဒေသခံများကပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ သတင်းရေးသားချိန် ဇွန်လ ၁၄ ရက်နံနက်ပိုင်းအချိန်အထိ လုယက်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခိုးမှုနှင့် လုယက်မှုများပိုမိုများပြားလာသည့် ရေးမြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း တရားဥပဒေစိုးမိုးမှုအားနည်းပြီး လုယက်သူအများစုကိုလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ဆင်ဖြူတော် ရွှေဆိုင်တွင် ဓါးထောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရေးမြို့နယ်
#ရွှေဆိုင်
#လုယက်ခံရ
#ဝင်းသုခရွှေဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3😢3
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းရဲ့ထိုးစစ်က ပူတင်ကိုဆွေးနွေးညှိနှိုင်းမှုတွေဆီ တွန်းအားပေးနိုင်မယ့် အောင်မြင်မှုတစ်ခု ဖြစ်လာဖို့ ဘလင်ကင်မျှော်လင့်

https://www.facebook.com/reel/610870517821511

#internationalnews #Ukraine #Putin #reels #shorts
👍8🔥1🤮1
​​ကမ္ဘာတစ်ဝန်း အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရသူဦးရေ စံချိန်တင် သန်း ၁၁၀ အထိ ရှိဟု ကုလ ပြော
========================

ကမ္ဘာတစ်ဝန်း၌ လက်ရှိအချိန်တွင် အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရသူဦးရေသည် စံချိန်တင် သန်း ၁၁၀ အထိ ရှိနေကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်သည်။ ယင်းသည် ကြီးကြီးမားမား တစ်ရှိန်ထိုးတက်သည့် ကိန်းဂဏန်းဖြစ်သည်ဟုလည်း ဆိုသည်။

ယူကရိန်းအပေါ် ရုရှား ကျူးကျော်စစ်ဆင်နွှဲမှု၊ ဆူဒန်ရှိ တိုက်ပွဲများနှင့် အာဖဂန်နစ္စတန်တို့မှ ဒုက္ခသည်များ ထွက်ပြေးကြရမှုတို့ကြောင့် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံများအတွင်းမှာပင် နေရပ်စွန့်ခွာကြရသူများနှင့် ပြည်ပ၌ ခိုလှုံရန် မဖြစ်မနေ တောင်းခံကြိုးပမ်းကြရသည့် ဒုက္ခသည်များ၏ စုစုပေါင်း အရေအတွက်ကို မကြုံစဖူး လယ်ဗယ်တစ်ခုသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR )က ပြောသည်။

ယမန်နှစ်ကုန်အထိ လူပေါင်း ၁၀၈ ဒသမ ၄ သန်းခန့် နေရပ်စွန့်ခွာခဲ့ကြရသည်ဟု UNHCR က ယင်း၏ နှစ်စဉ် ထုတ်ပြန်နေကျ အစီရင်ခံစာတွင် ဖော်ပြသည်။
👍5🔥3❤1😢1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာရဲ့ လူသားချင်းစာနာမှုအကူအညီများ ဝင်ရောက်ခွင့်ပိတ်ဆို့ထားတဲ့အပေါ် နားမလည်နိုင်ကြောင်း ကုလပြစ်တင်ရှုတ်ချ

https://www.facebook.com/reel/517574297137926

#internationalnews #Myanmar #UNHRC #reels #shorts
😢8👍6😁5