ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥2
စစ်ကောင်စီက ကလေးသူငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဦး ကျော်မိုးထွန်းက UN အစည်းအဝေးတွင် တင်ပြ
👍14🤣3😱1

=================
002
စစ်ကောင်စီက ကလေးသူငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဦး ကျော်မိုးထွန်းက UN အစည်းအဝေးတွင် တင်ပြခဲ့သည်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် UNICEF Executive Board နှစ်စဉ်ပုံမှန် အစည်းအဝေးအား ဇွန် ၁၃ ရက်မှ ၁၆ ရက်ထိ ကျင်းပ နေပြီး အထွေထွေရေးရာ မိန့်ခွန်းပြော ကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ခြင်းဖြစ် သည်။
စစ်တပ်သည် ကလေးသူငယ်များအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများပြုလုပ်၍ ကလေးသူငယ်အခွင့်အရေးကို လွန်ကဲစွာချိုးဖောက်လျက် ရှိကြောင်း၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၄၀၀ ကျော် အပါအဝင် လူပေါင်း ၃,၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ ကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၅ သန်းကျော် ရှိလာပြီး၊ ကလေးသူငယ် ၅ ဒသမ ၈ သန်းကျော်မှာ လူသားချင်း စာနာ ထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့သည် စစ်တပ်၏ လေကြောင်းဖြင့်တိုက်ခိုက်မှု အန္တရာယ်မှ ရှောင်လွှားလျက် ယာယီ ရွက်တဲဖျင်များ၊ ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေရကြောင်း၊ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကလေးသူငယ် ၃.၇ သန်းခန့်မှာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ပညာရေးအပြင် ကာကွယ်ဆေးထိုးမှုတွင် အခွင့်အရေးများ ဆုံးရှုံးနေ ကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကလေးသူငယ်များအားလုံး ကာကွယ်ဆေးထိုး နိုင်ရန် Myanmar’s Expanded Program on Immunization (EPI) ကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းပင်လျင် WHO နှင့် UNICEF ၏ အစီရင်ခံစာများအရ ကလေးသူငယ် ၈၀ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးနိုင်ခဲ့ကြောင်း၊ စစ်တပ်မှအာဏာသိမ်းယူ ပြီးနောက် ကလေးသူငယ်များ ကာကွယ်ဆေးထိုးမှုအစီအစဉ်များ ရပ်နားသွားသလောက် ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုသည် ၉၁ ရာခိုင် နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
ယင်းဖြစ်စဉ်များမှာ စစ်တပ်က ဖြတ် လေးဖြတ်မူဝါဒ ကြောင့် ဖြစ်ပွားနေပြီး ကလေးသူငယ်များအားကာကွယ်ပေးရေး၊ စစ်တပ်၏ ကျူးလွန်မှုများအပေါ် ပြန်လည်တာဝန်ယူမှုရှိရေးနှင့် ကျူးလွန် သူများ ဒဏ်ခတ်ခံရခြင်းမှ ကင်းလွတ်နေမှုများ အဆုံးသတ်နိုင်ရေး တို့အတွက် နိုင်ငံတကာမှ အလျင်အမြန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်အရေးယူရန် လိုအပ် နေသည်ဟု ဦး ကျော်မိုးထွန်းက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ခက်ခဲသောအခြေအနေကြားမှ ကူညီပေးနေသည့် UNICEF နှင့် နိုင်ငံတကာအလှူရှင်များအားကျေးဇူးတင်ကြောင်း၊ ထိုသို့သော အခက်အခဲများ ဖြစ်ပေါ်လာရသည့် အဓိက အကြောင်း တရားမှာ စစ်တပ်မှ တရားမဝင်စစ်တပ်အာဏာသိမ်းခြင်းနှင့် စစ်တပ်မှ ကလေးသူငယ်များအပါအဝင် ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့၏ အကျိုးဆက်များဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

👍15🤣3❤1
Breaking News နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ်ပျက်ကျပြီး ၂ ဦးသေဆုံး
=================
001
မဇ္စျိမ။ ။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ယနေ့ ဇွန်လ ၁၅ နံနက်ပိုင်းက ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းပြီး ပျက်ကျခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းကို နီးစပ်ရာစစ်ကောင်စီဆေးရုံဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

👏19🤣5👍1😁1
စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော
======================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ အရပ်ဘက်ယာဥ်ငယ်များဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား အမှတ် (၈) လမ်းမကြီးပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း J.O.C တောင်ပိုင်းတိုင်း အမှတ် (၃) စစ်ဒေသ၊ ဒု- စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" ခမရ (၅၉၁)၊ (၅၈၆) ၊ (၅၈၇) ၊ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ထုတ်နုတ်အင်အားများသည် ကားခြောက်စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့၍ ကားပေါ်ပါလာသော စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးဒဏ်ရခဲ့တယ်လို့ သိရပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် အရပ်ဘက်ကားအသေးခြောက်စီးခန့်ဖြင့် ရေးမြို့မှ စတင်ထွက်ခွာလာသော ခမရ (၅၉၁)၊ ခမရ (၅၈၆) ၊ ခမရ (၅၈၇) ၊ ခမရ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နှင့် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့တို့မှ တပ်သားများအား ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာအကြားရှိ ထီးမေဘောတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
" မိမိတို့ဘက်မှ ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်သာ ကြာခဲ့ပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာလာချိန်တွင်မှ စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အဆိုပါယာဉ်တန်း၏ ကားနှစ်စီးမှာ ထိုးရပ်သွားခဲ့ပြီး ပစ်ခတ်ချိန် ငါးမိနစ်အတွင်း ထိုကားနှစ်စီးပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ( ၃ )ရဲဘော်များဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာများအား သယ်ယူခြင်းမပြုရန်၊ စစ်ကောင်စီတပ်သားများနှင့် အတူစီးနင်းသွားလာခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပွားလာမည့်ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ အမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်ယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
#ရေးမြို့
#ဒူးပလာယာခရိုင်
------------------------

👍16😁2
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံချီတက်ခဲ့သည့် မုံရွာ-အမြင့်လမ်းသပိတ်
===================
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းဘေးရှိကျေးရွာစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင် ရေး လူထုဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည်။
မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်ကျင်းပခဲ့သည့်ဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဝန်းရံ၍ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ ဗေဒါအံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကိုင်ဆွဲပြီး ပန်းများကိုင်ဆောင် ကာ ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြသည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့သည် အဓမ္မအဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ဖြစ်ပြီး ယင်းနေ့တွင် သူမနှင့်အတူ အဖမ်းဆီးခံထားရ သော နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန် ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ် ရည်ကိုဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ်လူထုလှုပ်ရှားမှုကို ဖော်ဆောင်ဆင်နွှဲကြရန် သပိတ်ကော်မတီမှတိုက် တွန်းနိုးဆော်ထားသည်။
#Mizzima
#စစ်ကိုင်းတိုင်း

🥰12❤8👍2🔥1😁1
ဘိုကလေးမြို့တွင် လမ်းဘေးစျေးသည်များအား မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးဖယ်ရှားခိုင်း
================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လမ်းဘေး၌ စျေးရောင်းချနေသည့် စျေးသည်များကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးခိုင်းကာ ဖယ်ရှားခိုင်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် အပြီးဖယ်ရှားရမည်ဟုဆိုကာ စျေးသည်တစ်ဦးချင်းစီကို ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခြင်းမရှိပါက တရားစွဲဆိုမည်ဟု စည်ပင်ဝန်ထမ်းများက ခြိမ်းခြောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ လမ်းဘေးစျေးသည်တစ်ဦးက ပြောသည်။
ထိုသို့ ဖိအားပေးလက်မှတ်ထိုးခိုင်းပြီး လမ်းဘေးစျေးသည်များကို ဖယ်ရှားခဲ့သည့်အတွက် လမ်းရေမြောင်းအနောက်ဘက်တွင်သာ စျေးရောင်းချနေကြရသည်ဟု ဆိုသည်။
"ကြိုလည်းမပြောဘဲ အတင်းဖယ်ခိုင်းတာဆိုတော့ ဘာပြင်ဆင်ချိန်မှ မရဘူး။ မနေ့က မနက်ကဆိုရင် စျေးဦးတောင်မပေါက်တဲ့စျေးသည်တွေအများကြီးရှိတယ်။ ဒီကာလမှာ ထမင်းစားဖို့တောင် မနည်းရုန်းကန်နေတာကို ကြိုမပြောဘဲလုပ်တာတော့ တော်တော်လွန်တယ်"ဟု လမ်းဘေးစျေးသည်က ပြောသည်။
ဘိုကလေးမြို့နယ်စည်ပင်ရုံး ဝန်ထမ်းများက ဖယ်ရှားခိုင်းလိုက်သည့် လမ်းဘေးစျေးသည် စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟုရှိသည်ဟု သိရသည်။
လက်ရှိတွင် ဖယ်ရှားခံခဲ့ရသည့် စျေးသည်များအနက် အချို့စျေးသည်များမှာ လမ်းဘေးရေမြောင်းအနောက်ဘက်တွင် စျေးရောင်းချနေရပြီး အချို့မှာ စျေးမထွက်နိုင်ဖြစ်နေကြသည်ဟု စျေးသည်များ၏ပြောပြချက်အရသိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသည့် စည်ပင်ဝန်ထမ်းတစ်ဦးက "ဥပဒေအရ ဖယ်ရှားခိုင်းလို့ရတာ မှန်ပေမယ့်၊ ဒီလိုလုပ်မယ်ဆိုရင် စျေးသည်တွေကို ကြိုပြီးအကြောင်းကြားရပါမယ်။ ဒီကာလမှာ အားလုံးခက်ခဲနေတာဆိုတော့ ပိုပြီးတောင် ကြိုအကြောင်းကြားရဦးမယ်"ဟု ဝေဖန်သုံးသပ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းကလည်း ဧရာဝတီတိုင်း၊ မြို့နယ်အားလုံးရှိ လမ်းဘေးစျေးသည်များနှင့် လမ်းဘေးကျူးကျော်တဲများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ ဌာနဆိုင်ရာများက အင်အားသုံး ဖယ်ရှားခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဘိုကလေးမြို့နယ်
#ကျူးကျော်တဲ
#CDM
#စည်ပင်ရုံး

🤬9👍2❤1🔥1👏1
အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့
=====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာ တော်ပို့စ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ရွာထဲကိုမဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာဘုန်းကြီးကျောင်းက ဓမ္မာရုံကိုထိမှန်ခဲ့တယ်” ဟု ၎င်း ကပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက်အစောပိုင်းတွင် အရာတော် စခတ(၁၀)မှ ထွက်လာ သည့် စစ်ကြောင်းနှစ်ခုအနက်မှ တခုဖြစ်ကြောင်း အရာတော်ပို့စ်ကဖော်ပြထားသည်။
စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် မကျီးစောက်ရွာမှ နေအိမ်မည်မျှ မီးလောင်ပျက်စီးသွားသည်ကို သိရခြင်းမရှိသေးကြောင်း အရာတော်ပို့စ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကျီးစောက်ကျေးရွာမီးရှို့ခံရမှုမှာ သုံးကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မီးရှို့ခံရမှုနှစ်ကြိမ်တွင် နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးထားသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#မကျီးစောက်ကျေးရွာ

🤬11👍1🔥1😁1😢1
Media is too big
VIEW IN TELEGRAM
June - 15 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

😁2🍌1
တောင်ငူတွင် KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ
🤬15🔥1😁1
တောင်ငူတွင် KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ
===================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖွင့်လှစ်ထားသော ပဲခူးတိုင်း၊ တောင်ငူမြို့မှ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျောင်းသူအဆောင်တစ်ခုအနီးသို့ ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဟုသိရသည်။ ထန်းတပင်မြို့နယ်၊ ရေလျှံကျေးရွာနှင့် ရှားစေဘိုကျေးရွာအကြားရှိ ရှားစေဘိုစစ်ကောင်စီတပ်စခန်းမှ လှမ်း၍ ပစ်ခတ်ခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
" ညဆယ်နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျတယ်။ ကျောင်း ပရဝဏ်ထဲကျပြီး ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ပြင်းထန်ဒဏ်ရာရထားတာလည်း ရှိပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါကျောင်းတက်နေသော ကျောင်းသူများအနက် ခုနစ်တန်းကျောင်းသူသုံးဦး ဒဏ်ရာရပြီး တစ်ဦးသည် လက်၌ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ဆေးကုသမှုခံယူနေရကြောင်းသတင်းရရှိသည်။
ထိုလွီးဝါးအထက်တန်းကျောင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းတည်ရှိသည်။
KNU ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ခံ ခရိုင်အဆင့်ရှိကရင်လူထု အထက်တန်းကျောင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ဘော်ဒါကျောင်းသူ၊ ကျောင်းသားများအပါအဝင် အနီးအနားကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားဦးရေ ၂,၀၀၀ နီးပါး တက်ရောက်သင်ကြားနေသည်ဟု သိရသည်။ ယခုကဲ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းအား ခေတ္တပိတ်ထားရသည်။
ဒေသတွင်းသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် တောင်ငူမြို့ရှိ KNU တပ်မဟာ (၂)၊ တောင်ငူခရိုင်ဥက္ကဌ၏ နေအိမ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းအိမ်ကို မထိဘဲ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ခွဲခြင်းဟု သိရသည်။ ယင်းပြောကြားချက်ကို မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
" ခရိုင်မှူးအိမ်ကို ပစ်တာ။ ခရိုင်မှူးအိမ်ကိုတော့ မထိဘူး။ ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ခရိုင်မှူးအိမ်နဲ့ ကျောင်းနဲ့က ငါးသံကြိုးလောက်( ကိုက် ၁၀၀ ခန့်)ပဲဝေးတယ် "ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။
KNU တပ်မဟာ (၂) နယ်မြေတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် လူနေကျေးရွာများ၊ ရပ်ကွက်များအတွင်း မကြာခဏ ပစ်ခတ်လေ့ရှိပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများရှိကာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ မကြာခဏ ထိမှန်ပျက်စီးလေ့ရှိကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း စစ်ကောင်စီတပ်၏ အရပ်ဘက်ပစ်မှတ်များအပေါ် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU တပ်မဟာနယ်မြေများတွင် စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးခဲ့ကြောင်း KNU ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ကရင်အမျိုးသားအစည်းအရုံး
#ထိုလွီးဝါးအထက်တန်းကျောင်း
#လက်နက်ကြီးကျရောက်ပေါက်ကွဲ
ဓါတ်ပုံ- ထိုလွီးဝါးအထက်တန်းကျောင်း (ပုံဟောင်း)

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬10🔥1😁1
ဇွန်လ( ၁၅ )ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီ ထောက်ပံ့ပေးနေတဲ့ အကူအညီတွေရဲ့ တစ်ရာခိုင်နှုန်း လောက်ရရုံနဲ့တင် မြန်မာ့တော်လှန်ရေးဟာ လပိုင်းအတွင်း အောင်မြင်မှုကို ရယူနိုင်မှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးထိပ်တန်းခေါင်းဆောင်တွေကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော်မီး လောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/ibZlpV1pBs4
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ( ၁၅ )ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီ ထောက်ပံ့ပေးနေတဲ့ အကူအညီတွေရဲ့ တစ်ရာခိုင်နှုန်း လောက်ရရုံနဲ့တင် မြန်မာ့တော်လှန်ရေးဟာ လပိုင်းအတွင်း အောင်မြင်မှုကို…
👍7😁1🤮1
ချောင်းဦးမြို့နယ် ကံဇီးပျူရွာတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦး အရှင်ဖမ်းမိ
==================
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ကံဇီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားတွေသေဆုံးခဲ့ပြီး အရှင်ဖမ်းမိတဲ့ ပျူစောထီးတွေလည်းရှိကြောင်းလည်းဆိုပါတယ်။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက် လွှမ်းမိုးက တင်ဆက်ထားပါတယ်။
စာတည်း ။ ။ စောဖေ၊ Alden
သတင်း ။ ။ လွှမ်းမိုး
တည်းဖြတ် ။ ။ ဖိုးသား
https://youtu.be/Jz2mo3dxj64
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ကံဇီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားတွေသေဆုံးခဲ့ပြီး အရှင်ဖမ်းမိတဲ့ ပျူစောထီးတွေလည်းရှိကြောင်းလည်းဆိုပါတယ်။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက် လွှမ်းမိုးက တင်ဆက်ထားပါတယ်။
စာတည်း ။ ။ စောဖေ၊ Alden
သတင်း ။ ။ လွှမ်းမိုး
တည်းဖြတ် ။ ။ ဖိုးသား
https://youtu.be/Jz2mo3dxj64
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ချောင်းဦးမြို့နယ် ကံဇီးပျူရွာတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦး အရှင်ဖမ်းမိ
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ကံဇီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားတွေသေဆုံးခဲ့ပြီး…

👍10👏4🤣2