Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝန်းရံချီတက်ခဲ့သည့် မုံရွာ-အမြင့်လမ်းသပိတ်
===================

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းဘေးရှိကျေးရွာစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင် ရေး လူထုဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည်။

မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်ကျင်းပခဲ့သည့်ဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဝန်းရံ၍ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ ဗေဒါအံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကိုင်ဆွဲပြီး ပန်းများကိုင်ဆောင် ကာ ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့သည် အဓမ္မအဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ဖြစ်ပြီး ယင်းနေ့တွင် သူမနှင့်အတူ အဖမ်းဆီးခံထားရ သော နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန် ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ် ရည်ကိုဖော်ညွှန်းသောအားဖြင့်လည်းကောင်း ပန်းသပိတ်လူထုလှုပ်ရှားမှုကို ဖော်ဆောင်ဆင်နွှဲကြရန် သပိတ်ကော်မတီမှတိုက် တွန်းနိုးဆော်ထားသည်။

#Mizzima
#စစ်ကိုင်းတိုင်း
🥰12❤8👍2🔥1😁1
​​ဘိုကလေးမြို့တွင် လမ်းဘေးစျေးသည်များအား မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးဖယ်ရှားခိုင်း
================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လမ်းဘေး၌ စျေးရောင်းချနေသည့် စျေးသည်များကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများက လက်မှတ်ထိုးခိုင်းကာ ဖယ်ရှားခိုင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် အပြီးဖယ်ရှားရမည်ဟုဆိုကာ စျေးသည်တစ်ဦးချင်းစီကို ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခြင်းမရှိပါက တရားစွဲဆိုမည်ဟု စည်ပင်ဝန်ထမ်းများက ခြိမ်းခြောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ လမ်းဘေးစျေးသည်တစ်ဦးက ပြောသည်။

ထိုသို့ ဖိအားပေးလက်မှတ်ထိုးခိုင်းပြီး လမ်းဘေးစျေးသည်များကို ဖယ်ရှားခဲ့သည့်အတွက် လမ်းရေမြောင်းအနောက်ဘက်တွင်သာ စျေးရောင်းချနေကြရသည်ဟု ဆိုသည်။

"ကြိုလည်းမပြောဘဲ အတင်းဖယ်ခိုင်းတာဆိုတော့ ဘာပြင်ဆင်ချိန်မှ မရဘူး။ မနေ့က မနက်ကဆိုရင် စျေးဦးတောင်မပေါက်တဲ့စျေးသည်တွေအများကြီးရှိတယ်။ ဒီကာလမှာ ထမင်းစားဖို့တောင် မနည်းရုန်းကန်နေတာကို ကြိုမပြောဘဲလုပ်တာတော့ တော်တော်လွန်တယ်"ဟု လမ်းဘေးစျေးသည်က ပြောသည်။

ဘိုကလေးမြို့နယ်စည်ပင်ရုံး ဝန်ထမ်းများက ဖယ်ရှားခိုင်းလိုက်သည့် လမ်းဘေးစျေးသည် စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့်ရှိသည်ဟုရှိသည်ဟု သိရသည်။

လက်ရှိတွင် ဖယ်ရှားခံခဲ့ရသည့် စျေးသည်များအနက် အချို့စျေးသည်များမှာ လမ်းဘေးရေမြောင်းအနောက်ဘက်တွင် စျေးရောင်းချနေရပြီး အချို့မှာ စျေးမထွက်နိုင်ဖြစ်နေကြသည်ဟု စျေးသည်များ၏ပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသည့် စည်ပင်ဝန်ထမ်းတစ်ဦးက "ဥပဒေအရ ဖယ်ရှားခိုင်းလို့ရတာ မှန်ပေမယ့်၊ ဒီလိုလုပ်မယ်ဆိုရင် စျေးသည်တွေကို ကြိုပြီးအကြောင်းကြားရပါမယ်။ ဒီကာလမှာ အားလုံးခက်ခဲနေတာဆိုတော့ ပိုပြီးတောင် ကြိုအကြောင်းကြားရဦးမယ်"ဟု ဝေဖန်သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းကလည်း ဧရာဝတီတိုင်း၊ မြို့နယ်အားလုံးရှိ လမ်းဘေးစျေးသည်များနှင့် လမ်းဘေးကျူးကျော်တဲများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ ဌာနဆိုင်ရာများက အင်အားသုံး ဖယ်ရှားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘိုကလေးမြို့နယ်
#ကျူးကျော်တဲ
#CDM
#စည်ပင်ရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍2❤1🔥1👏1
​​အရာတော်မြို့နယ် မကျီးစောက်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့
=====================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာ တော်ပို့စ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ရွာထဲကိုမဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာဘုန်းကြီးကျောင်းက ဓမ္မာရုံကိုထိမှန်ခဲ့တယ်” ဟု ၎င်း ကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက်အစောပိုင်းတွင် အရာတော် စခတ(၁၀)မှ ထွက်လာ သည့် စစ်ကြောင်းနှစ်ခုအနက်မှ တခုဖြစ်ကြောင်း အရာတော်ပို့စ်ကဖော်ပြထားသည်။

စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် မကျီးစောက်ရွာမှ နေအိမ်မည်မျှ မီးလောင်ပျက်စီးသွားသည်ကို သိရခြင်းမရှိသေးကြောင်း အရာတော်ပို့စ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကျီးစောက်ကျေးရွာမီးရှို့ခံရမှုမှာ သုံးကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မီးရှို့ခံရမှုနှစ်ကြိမ်တွင် နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးထားသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#မကျီးစောက်ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍1🔥1😁1😢1
Media is too big
VIEW IN TELEGRAM
June - 15 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁2🍌1
တောင်ငူတွင် KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ
🤬15🔥1😁1
တောင်ငူတွင် KNU ဖွင့်ထားသည့် အထက်တန်း ကျောင်းအတွင်း စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရပြီး ကျောင်းပိတ်ထားရ
===================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖွင့်လှစ်ထားသော ပဲခူးတိုင်း၊ တောင်ငူမြို့မှ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ပစ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျောင်းသူအဆောင်တစ်ခုအနီးသို့ ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀ နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဟုသိရသည်။ ထန်းတပင်မြို့နယ်၊ ရေလျှံကျေးရွာနှင့် ရှားစေဘိုကျေးရွာအကြားရှိ ရှားစေဘိုစစ်ကောင်စီတပ်စခန်းမှ လှမ်း၍ ပစ်ခတ်ခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

" ညဆယ်နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျတယ်။ ကျောင်း ပရဝဏ်ထဲကျပြီး ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ပြင်းထန်ဒဏ်ရာရထားတာလည်း ရှိပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါကျောင်းတက်နေသော ကျောင်းသူများအနက် ခုနစ်တန်းကျောင်းသူသုံးဦး ဒဏ်ရာရပြီး တစ်ဦးသည် လက်၌ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ဆေးကုသမှုခံယူနေရကြောင်းသတင်းရရှိသည်။

ထိုလွီးဝါးအထက်တန်းကျောင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းတည်ရှိသည်။
KNU ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ခံ ခရိုင်အဆင့်ရှိကရင်လူထု အထက်တန်းကျောင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ဘော်ဒါကျောင်းသူ၊ ကျောင်းသားများအပါအဝင် အနီးအနားကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားဦးရေ ၂,၀၀၀ နီးပါး တက်ရောက်သင်ကြားနေသည်ဟု သိရသည်။ ယခုကဲ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းအား ခေတ္တပိတ်ထားရသည်။

ဒေသတွင်းသတင်းရင်းမြစ်တစ်ဦး​၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် တောင်ငူမြို့ရှိ KNU တပ်မဟာ (၂)၊ တောင်ငူခရိုင်ဥက္ကဌ​၏ နေအိမ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းအိမ်ကို မထိဘဲ ထိုလွီးဝါးအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ခွဲခြင်းဟု သိရသည်။ ယင်းပြောကြားချက်ကို မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

" ခရိုင်မှူးအိမ်ကို ပစ်တာ။ ခရိုင်မှူးအိမ်ကိုတော့ မထိဘူး။ ခုနစ်တန်းကျောင်းသူသုံးဦးထိတယ်။ ခရိုင်မှူးအိမ်နဲ့ ကျောင်းနဲ့က ငါးသံကြိုးလောက်( ကိုက် ၁၀၀ ခန့်)ပဲဝေးတယ် "ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

KNU တပ်မဟာ (၂) နယ်မြေတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် လူနေကျေးရွာများ၊ ရပ်ကွက်များအတွင်း မကြာခဏ ပစ်ခတ်လေ့ရှိပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများရှိကာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ မကြာခဏ ထိမှန်ပျက်စီးလေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း စစ်ကောင်စီတပ်​၏ အရပ်ဘက်ပစ်မှတ်များအပေါ် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် KNU တပ်မဟာနယ်မြေများတွင် စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးခဲ့ကြောင်း KNU ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး

#mizzima
#ကရင်အမျိုးသားအစည်းအရုံး
#ထိုလွီးဝါးအထက်တန်းကျောင်း
#လက်နက်ကြီးကျရောက်ပေါက်ကွဲ

ဓါတ်ပုံ- ထိုလွီးဝါးအထက်တန်းကျောင်း (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10🔥1😁1
ဇွန်လ( ၁၅ )ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီ ထောက်ပံ့ပေးနေတဲ့ အကူအညီတွေရဲ့ တစ်ရာခိုင်နှုန်း လောက်ရရုံနဲ့တင် မြန်မာ့တော်လှန်ရေးဟာ လပိုင်းအတွင်း အောင်မြင်မှုကို ရယူနိုင်မှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးထိပ်တန်းခေါင်းဆောင်တွေကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ စစ်ကောင်စီတပ်က သာဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော်မီး လောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/ibZlpV1pBs4

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🤮1
ချောင်းဦးမြို့နယ် ကံဇီးပျူရွာတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦး အရှင်ဖမ်းမိ
==================

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ပျူစောထီးကျေးရွာတစ်ရွာဖြစ်တဲ့ ကံဇီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၁၄ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သားတွေသေဆုံးခဲ့ပြီး အရှင်ဖမ်းမိတဲ့ ပျူစောထီးတွေလည်းရှိကြောင်းလည်းဆိုပါတယ်။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက် လွှမ်းမိုးက တင်ဆက်ထားပါတယ်။

စာတည်း ။ ။ စောဖေ၊ Alden

သတင်း ။ ။ လွှမ်းမိုး
တည်းဖြတ် ။ ။ ဖိုးသား

https://youtu.be/Jz2mo3dxj64

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10👏4🤣2
မိုးဗြဲအနောက်ဖက်ခြမ်း စစ်ရှောင်စခန်း လေယာဥ်ဖြင့် ဗုံးကြဲခံရ
🤬11🔥2😁1
မိုးဗြဲအနောက်ဖက်ခြမ်း စစ်ရှောင်စခန်း လေယာဥ်ဖြင့် ဗုံးကြဲခံရ
=================

ကိုဇာနည်
(မဇ္စျိမ)။ ။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၁၄ရက် ညနေ ၉ နာရီခွဲဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်း စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူတချို့နှင့် နေအိမ်တချို့ ပျက်စီးသွားခဲ့ကြောင်း မိုးဗြဲ PDF လင်းယုန်တပ်ခွဲက ယနေ့ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

" မနေ့ည ညနေ ၉ နာရီခွဲဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ တိုက်လေယာဥ်နဲ့ ၁၅ ကြိမ်ဝန်းကျင်လောက် အကြောင်းမဲ့လာကြဲသွားတယ်၊ ဒီမနက် ၂ နာရီအချိန်မှာလည်း တစ်ကြိမ် ဗုံးထပ်လာကြဲတယ်" ဟု မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လက်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ နေရာအနှံ့ နေရာယူထားပြီး တစ်ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှု ၂၆ ဦးအထိ ရှိလာပြီဟု သိရသည်။

ထို့ကြောင့် မိုးဗြဲမြို့အတွင်းတိုက်ပွဲ အချိန်မရွေးပြင်းထန်လာနိုင်သည့်အတွက် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုကြရန်နှင့် မိဘပြည်သူများ လက်နက်ကြီးနှင့်လေယာဉ်အန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင် သတိနှင့်နေထိုင်ကြပါရန် မိုးဗြဲ PDF လင်းယုန်တပ်ခွဲမှ အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးဗြဲမြို့
#စစ်ရှောင်စခန်း
#PDF
#တိုက်လေယာဥ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😢2🔥1😁1
Lion Battalion စစ်ကြောင်း၏ကမ်ပိန်း ကျပ် သိန်း ၃,၀၀၀ မပြည့်သေးဟုဆို
👍7😁3❤2
Lion Battalion စစ်ကြောင်း၏ကမ်ပိန်း ကျပ် သိန်း ၃,၀၀၀ မပြည့်သေးဟုဆို
===================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ ဗိုလ်အယ်စေးဝါဦးဆောင်သည့် Lion Battalion Commando - ဗျူဟာစစ်ကြောင်း၏ တစ်လအတွင်း ကျပ်သိန်း ၃,၀၀၀ ကမ်ပိန်းသည် လက်ရှိအချိန်ထိ ငွေကျပ်သိန်း ၁,၄၀၀ (သတ်မှတ်ပမာဏ၏ လေးဆယ်ရာခိုင်နှုန်း) ခန့်သာရရှိသေးသည်ဟု ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

" တောရှင်းမြို့လှုပ် စစ်အာဏာအမြစ်ဖြုတ်” ဆိုသည့်အမည်နှင့်ကမ်ပိန်းကို ပြီးခဲ့သည့် မေ ၂၅ ရက်နေ့မှ လာမည့် ဇွန် ၂၅ ရက်နေ့အထိ တစ်လတာပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆယ်ရက်ခန့်သာ ကျန်ရှိတော့သည်။

“ လောလောဆယ်မှာကမ်ပိန်းတွေက အောက်ချင်းကမ်ပိန်းတို့ ရန်ကုန်အတွက်အလင်းစက်တို့ မန္တလေး pdf အတွက် ပြည်တော်ဝင်ကမ်းပိန်းတွေထပ်နေတော့၊ အဲ့ဒီကမ်ပိန်းတွေ များပြားလာတာကြောင့် ကျွန်တော်တို့ရရှိထားတာ အတော်လေးနည်းတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယခုကမ်ပိန်းကို WE WILL WIN Fundraiser အဖွဲ့၊ CRPH-OFP အဖွဲ့နှင့် အခြားသော Fundraiser များက ကူညီထားခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်တွင် ငွေကျပ် သိန်း ၃,၀၀၀ မပြည့်သေးသည့်အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန်လည်း Lion Battalion စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျီဖက် ကလည်းဆိုသည်။

“ ကျွန်တော် စိုးရိမ်စိတ်တော့ရှိပါတယ်။ နှမ်းတစ်စိထဲနဲ့တော့ ဆီမဖြစ်ဘူး။ နှမ်းစိတွေများမှဖြစ်မယ်။ ကျွန်တော်တို့ကို ပါဝင် ကူညီပေးကြပြီး ဝိုင်းဝန်းပေးကြဖို့။ ကျွန်တော်တို့ တောင်းဆိုပါတယ်”ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုကမ်ပိန်းကို တော်လှန်ရေးခေါင်းဆောင်တချို့အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်အချို့ကလည်း ဝိုင်းဝန်းကူညီပေးရန် တိုက်တွန်းထားကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Lion Battalion
#ကမ်ပိန်း
#သိန်း၃၀၀၀
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤4😁3
ဇွန်လ ၁၅ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================

-ယူကရိန်းကိုပေးနေတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းရလျှင်ပင် လပိုင်းအတွင်း ပွဲပြတ်မယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေပြောတဲ့သတင်း

-ဖယ်ခုံအနောက်ခြမ်း ၁၀ ရက်ကျော်တိုက်ပွဲအတွင်း စစ်တပ်အရာရှိ အပါအဝင် အများအပြားသေဆုံးတဲ့သတင်း

- ILOအနေနဲ့ NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီလို့ အလုပ်သမားရေး ဒုဝန်ကြီးပြောလိုက်တဲ့အကြောင်း

-မုတ်သုံလေအားကောင်းလာတာကြောင့် ဇွန်လ ၁၈ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်အများစုမှာ မိုးရွာသွန်းနိုင်တဲ့သတင်း

-ညောင်ပင်ကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေကို ၇ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းနဲ့

-ဂူးဂဲလ်ဟာ အွန်လိုင်းကြော်ငြာဈေးကွက်အပေါ် လွှမ်းမိုးချုပ်ကိုင်မှုကို အလွဲသုံးစားလုပ်ကြောင်း အီးယူပြောကြားလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/7RP_tgkJV5Y?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
​​မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများ အနိမ့်ဆုံးလုပ်ခလစာအောက် ရရှိနေဟု လေ့လာချက်တွင် တွေ့ရှိ
======================

မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများ၏ လုပ်ခလစာရရှိမှုသည် အနိမ့်ဆုံးလုပ်ခလစာအောက် ရောက်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ၏ လေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်။ ILO သည် အဆိုပါ သုံးနိုင်ငံရှိ ရွှေ့ပြောင်း အိမ်အကူလုပ်သား ၁,၂၀၁ ဦးနှင့် အလုပ်ရှင် ၆၁၀ ဦးကို မေးမြန်းပြီး ယခုလေ့လာချက်ကို ဖော်ပြခြင်း ဖြစ်သည်။

ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများသည် နားလည်ရှင်းလင်းစွာ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် အခြားသူများ၏ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း ကဲ့သို့ တောင်းဆိုချက်မြင့်မားသော လွှဲပြောင်းပေးအပ်နိုင်သည့် အရည်အချင်းများကို လိုအပ်သည့် အလုပ်များကို လုပ်ကိုင်ကြရသည် ဆိုသော်လည်း ၎င်းတို့၏ အလုပ်အကိုင်ခန့်အပ်မှု အခြေအနေများက အားရစရာမရှိဟု လေ့လာချက်အရ သိရသည်။
👍3🔥3😁1