Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မိုးဗြဲတိုက်ပွဲတွင် PDF ၃၂ ဦးကျဆုံးသည်ဟု သတင်းမှားဖြန့်
===================

ZZ
မဇ္ဈိမ။ ။ကရင်နီပြည်နယ် မိုးဗြဲတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၃၂ ဦး ကျဆုံးသည် ဆိုသောသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
ကျော်စွာ တယ်လီဂရမ်ချန်နယ်မှ ဇွန်လ ၁၂ ရက်နေ့တွင် “ မိုးဗြဲကယားပဒက် ၃၂ ကင် စံချိန်တင်ကျဆုံး” ဆိုသည့် စာသားနှင့်အတူ ပုံတပုံအားဖော်ပြကာ ဖြန့်ဝေထားသည်။

ယင်းသတင်းအား အခြားတယ်လီဂရမ်ချန်နယ် ခုနစ်ခုမှလည်း ပြန်လည်ကူးယူဖော်ပြထားပြီး ကြည့်ရှုသူ ၂၉,၀၀၀ ကျော်နေပြီ ဖြစ်သည်။

ထိုချန်နယ်ခုနစ်အနက်မှ နန်းငယ်တယ်လီဂရမ်ချန်နယ်၏ ပြန်လည်ဖြန့်ဝေမှုတွင် ဓာတ်ပုံခြောက်ပုံပါဝင် နေသည်ကိုတွေ့ရသည်။ မဇ္ဈိမမှ ယင်းဓာတ်ပုံခြောက်ပုံအားစစ်ဆေးခဲ့ရာ သုံးပုံမှာ ဈာပနအခမ်းအနား ဓာတ်ပုံများဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁၀၀၇)မှ ဖော်ပြထားသည့် ရဲဘော်နှစ်ဦး၏ ဈာပနအခမ်းအနားမှ ပုံများဖြစ်သည်။

မူရင်းလင့် - https://bit.ly/3oZXXBI
ကရင်နီပြည်နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့ကတည်းက အင်အားအလုံးအရင်း ဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများတွင် ဒေသခံ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအခြေစိုက်သတင်းဌာနဖြစ် သည့် ကန္တာရဝတီတိုင်းသတင်းဌာနနှင့် ကရင်နီအသံ(Karenni’s Voice)ဖေ့စ်ဘုတ်စာမျက်နှာများမှ ဇွန်လ ၁၀ ရက်နှင့် ၁၃ ရက်နေ့များတွင် သတင်းဖော်ပြထားသည်။

မူရင်းလင့် - https://bit.ly/440kOfj , https://bit.ly/3N62GJT
တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်နှင့်ပူးပေါင်းတပ်များမှ ရဲဘော်လေးဦးကျဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ် ဖေ့စ်ဘုတ်ပေ့ချ်မှ သတင်းထုတ်ပြန်ထားသည်။

မူရင်းလင့် - https://bit.ly/3Coicw3 . https://bit.ly/3JeSOwn
ယုံကြည်စိတ်ချရသည့်သတင်းဌာနများမှလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံး ကြောင်းကို ဖော်ပြထားခြင်းမရှိပေ။

ထို့ကြောင့် မိုးဗြဲတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦးကျဆုံးသည်ဆိုသည်မှာ သတင်းအမှား သာဖြစ်ပြီး ဒေသခံများ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Karenni
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၅ ဇွန် ၂၀၂၃)
==========

အမျိုးသားညီညွတ်ရေး အစိုးရ
•   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့ အနီးတစ်ဝိုက်တွင် အကြမ်းဖက် စစ်တပ်က ဇွန် ၆ ရက်မှ ၈ ရက် အတွင်း ဒေသခံပြည်သူ ၂၆ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

•   ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ(ခ)နိုင်ထွန်းဖေ နှင့် NLD ပါတီမှ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းတို့၏ နေအိမ် များကို စစ်ကောင်စီမှ ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

•   အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စား လှယ်ကို အသိအမှတ်ပြုသင့်သည့် အခြေအနေရောက်နေပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောသည်။
👍11🔥1😁1
​​ကိုနွေဦးကို ပကဖအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲလိုက်သည့်အပေါ် NUG ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးမည်ဟုဆို
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကိုင်းဖိုရမ်တွင်ပါဝင်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေဦးကို ပ.က.ဖ တာဝန်မှ ယာယီရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ NUG ၏ကာကွယ်ရေးဝန်ကြီးနှင့်ဆွေးနွေးရန်ရှိကြောင်း စစ်ကိုင်းဖိုရမ်ထံမှသိရသည်။

” အချင်းချင်းကြား နားလည်မှုလွဲတဲ့ ကိစ္စရပ်တွေလို့မြင်ပါတယ်။ ကျနော်တို့ဘက်ကနေ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ရှိပါမယ်ဗျ “ ဟု စစ်ကိုင်းဖိုရမ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ကိုခန့်ဝေဖြိုးကပြောသည်။

စစ်ကိုင်းဖိုရမ်တွင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါဝင်ခဲ့သည့်အတွက် ကိုနွေဦးကို NUG ၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဒေသမှူးတို့ထံ ရှင်းလင်းရန်ညွှန်ကြားထားသော်လည်း ပြန်လည်တင်ပြခြင်းမရှိခြင်း၊ အခြားအဖွဲ့အစည်းတွင် တစ်ဦးတည်းသဘောဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ခရိုင်တာဝန်ခံက အစီရင်ခံစာပြန်လည်တင်ပြပြီးသည်အထိ မြို့နယ် ပ.က.ဖ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲမည်ဟု တိုင်း ပ.က.ဖ က ဇွန်လ ၁၀ ရက်နေ့တွင် အကြောင်းကြားခဲ့ခြင်း ဟု သိရသည်။

ထိုသို့အကြောင်းအကြားပြီး ယာယီရပ်စဲလိုက်သည့်အပေါ်တွင် ဖြေရှင်းသွားရန်မရှိကြောင်း ကိုနွေဦးကလည်း မဇ္ဈိမသို့ပြောသည်။
စစ်ကိုင်းဖိုရမ်အတွင်း ဆွေးနွေးချက်များသည် စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေမည့် အရာများမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် ဒေါက်တိုင်တစ်ခုဖြစ်ရန် ဆွေးနွေးခဲ့ကြကြောင်း ကိုနွေဦးကဆိုသည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့ တို့တွင်ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတော်လှန်နေကြသည့် သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေးအဖွဲ့များ၊ CDM ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍဟူ၍ ကဏ္ဍ လေးရပ်ခွဲကာ ဆွေးနွေအဖြေရှာခဲ့ကြခြင်းဟုသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းဖိုရမ်
#ပ.က.ဖ
#ကာကွယ်ရေး
#NUG
Photo- NUG(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🥰3😁2❤1😢1
စစ်ကောင်စီတပ်သားများ မူးယစ်ဆေးသုံးစွဲပြီး မဲကနယ်ဒေသကို စစ်ကြောင်းထိုးခဲ့ခြင်းကြောင့် အကျအဆုံးများခဲ့
====================

မဇ္ဈိမ။ ။ကရင်ပြည်နယ် ၊ မြဝတီခရိုင်၊ မဲကနယ်ဒေသတွင် စစ်ကောင်စီတပ်၊ BGFတပ်ဖွဲ့တို့ နှင့် ကရင့်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ၂၅ရက်နေ့မှစတင်ပြီး ဧပြီလ၁၄ရက်နေ့အထိ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် စစ်ကောင်စီတပ်သားများသည် အင်အားအများအပြားဖြင့် မဲကနယ်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ ထိခိုက်ကျဆုံးမှု များစွာရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း (၁) စစ်ကြောင်းမှူးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGFတပ်ဖွဲ့ဝင် ဦးရေ ၆၀ကျော် သေဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ကော်ဘရာစစ်ကြောင်း (၁) မှ စစ်ကြောင်းမှူး အပါအဝင် ရဲဘော်များကို မေးမြန်းတင်ဆက်ထားသည်။

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/PCUtw-OWSVY

#Mizzima
#မူးယစ်ဆေးသုံးစွဲ
#မဲကနယ်ဒေသ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤9😁3👏1
​​မတ္တရာတွင် ကြံ့ဖွံ့ရပ်/ကျေးဥက္ကဋ္ဌဟောင်း အုပ်ကြီး အသတ်ခံရ
=================

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဇွန်လ ၁၄ ရက် ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဥက္ကဋ္ဌဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက် ရကြောင်း သတင်းရရှိသည်။

“နာမည်က ဦးဖိုးကျော်တဲ့၊ တူးမြောင်းဘောင်ပေါ်မှာ သေနတ်နဲ့လေးငါးခြောက်ချက်လောက် အပစ်ခံရပြီး ပွဲချင်းပြီးဂန့်(သေ)တာ၊ အရင်က ကြံ့ဖွံ့ဥက္ကဋ္ဌလုပ်ခဲ့တယ်၊ စစ်တပ်အာဏာသိမ်းတော့ အုပ်ကြီးဆက်လုပ် တယ်၊ မနေ့က ညနေပိုင်းက ဂန့်(သေ)တာ” ဟု ဒေသခံတစ်ဦးကပြော သည်။

အသတ်ခံရသူမှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော် (၅၄ နှစ်)ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က လက်ဖက်ရည်ဆိုင်မှအိမ်သို့ပြန်လာစဉ် ရေနံ့သာကျေး ရွာအနီးရှိ တူးမြောင်းဘောင်ပေါ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“လည်ပင်းဖောက်၀င် ဒဏ်ရာအပါအ၀င် ဒဏ်ရာတွေအများကြီးနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်” ဟု နီးစပ်သူတဦးကပြောသည်။
ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းအထိ မသိရသေးသော်လည်း PDF လက်ချက်ဖြစ်သည်ဟု စစ်အုပ်စုလော်ဘီ သတင်းရပ်ကွက် ကဆိုသည်။

မတ္တရာမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့ကလည်း ဘိုကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုး၀င်း(၆၀ နှစ်)ဆိုသူ နေအိမ်ခြံ၀င်းအတွင်း သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရ သေးပေ။

မတ္တရာမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်သတ်ခံထားရသည့် ပိုင်ရှင်မဲ့အမျိုးသား အလောင်းသုံးလောင်း တွေ့ရှိခဲ့ရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#ကျေးရွာအုပ်ချုပ်ရေးမှူး
#ကြံ့ဖွံ့ပါတီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1
မန္တလေးတွင် အခွန်ရုံးဗုံးပစ်ခံရပြီး ၀န်ထမ်းဒဏ်ရာရ
👍8❤1🔥1
မန္တလေးတွင် အခွန်ရုံးဗုံးပစ်ခံရပြီး ၀န်ထမ်းဒဏ်ရာရ
===============

007
မဇ္စျိမ ။ ။ မန္တလေးမြို့တွင် ပြည်တွင်းအခွန်များဦးစီးဌာန (အခွန်ရုံး) ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး အကြီးတန်းစာရေးအဆင့်၀န်ထမ်းတစ်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“ ဗုံးက လုံခြုံရေးဂိတ်တဲဘေးက ကားပါကင်ထဲကျပြီး ပေါက်ကွဲတယ်။ အဲဒီမှာရှိနေတဲ့ ၀န်ထမ်းဗုံးစမှန်တယ်။ ကားနှစ်စီးထိတယ်။ ဗုံးစထိတဲ့၀န်ထမ်းကိုတော့ ဆေးရုံပို့ထားတယ် ” ဟု အဆိုပါရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ လမ်း ၆၀၊ ၁၀၁ (အေ) လမ်းနှင့် ၁၀၂ လမ်းကြားရှိ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၅)ကို ဆိုင်ကယ်စီးလူနှစ်ဦးက လက်လုပ်ဗုံးဖြင့်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။

လမ်း ၆၀ အတိုင်း၊ တောင်မှမြောက်သို့ စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ လူနှစ်ဦးက၊ အချိုရည်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်သည်။

ဗုံးသည် အခွန်ရုံး၏ လုံခြုံရေးဂိတ်တဲဘေး၊ ကားပါကင်အတွင်းကျရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး၀န်ထမ်း အကြီးတန်း စာရေးဦးမြင့်သန်း (အသက် ၅၁ နှစ်) ၏ ဝဲဘက်ခြေသလုံးကို မိုင်းစထိမှန်ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ကြောင်းဆိုသည်။

ထို့အပြင် မော်တော်ယာဉ်နှစ်စီးလည်း ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ခဲ့ကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အ၀န်းထံမှသိရသည်။

အဆိုပါဗုံးပစ်ခြင်းကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ယနေ့ညနေပိုင်းအထိ သိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်အုပ်စု လော်ဘီသတင်းများကဆိုကြသည်။

မန္တလေးမြို့တွင်၊ ဇွန်လ ၁၀ ရက်နေ့ကလည်း၊ ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ၊ မြန်မာ့အာမခံလုပ်ငန်း (ရုံး) နှင့်၊ အောင်မြေသာစံမြို့နယ် ၁၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့နေအိမ်လိုင်းခန်းတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။

အဆိုပါတိုက်ခိုက်မှုကိုတော့ No More Dictatorship People Defence Force က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden

#အခွန်ရုံး
#ဗုံးပစ်ခံရ
#မန္တလေးမြို့
#ဒဏ်ရာရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤6🔥1🥱1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/USZgknvcavU

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌1
​​ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိ
=================

ပါခွီး ၊ လွှမ်းမိုး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force (ASF) ထံမှ သိရသည်။

ကံဇီးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရဲနဲ့ပျူတွေ အစည်းအဝေးလုပ်မယ်ဆိုတာကို ကြိုတင်သတင်းရထားတဲ့အတွက် ဝင်တိုက်ခဲ့တာပါ။ ဖမ်းမိ ထားတဲ့ပျူတွေကို စစ်ဆေးနေပြီး သက်ဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီကို လွှဲပြောင်းပေးသွားမှာပါ” ဟု ASF တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အစည်းဝေးပြုလုပ်နေသည့် ရဲနှင့်ပျူများကို လုံခြုံရေးယူကင်းပတ်နေသည့် ရဲများအား ရွာအစပ်တွင် မိုင်းခွဲ တိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ပြီးနောက် ရွာအတွင်းသို့ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲဖြစ်ပွာချိန် တနာရီကျော်အတွင်း ပျူစောထီး ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးအင်အားစု များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၅)တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသော We Must Win ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၁၅) C.R.A တပ်ခွဲ(၁)၊ ဗန္ဓုလအဖွဲ့ ၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ One LPDF ၊ အညာ မိုင်းအဖွဲ့နှင့် အညာဒေသတော်လှန်ရေးအင်အားစုများ စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကံဇီး ၊ ကုလားကြီး ၊ ကင်းမွန်ထော်ကျေးရွာတို့မှာ သုံးရွာဆက်ရွာတန်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များနေ ထိုင်ကြကာ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင် လိုက်ပါခြင်း၊ ကျေးရွာများ အား မီးရှို့လုယက်ခြင်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းနေရာများကို အတတ်နိုင်ဆုံးရှောင် ရှားသွားလာပေးကြ ရန်နှင့် ရန်သူကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ်လိုအပ်နေသော လက်နက်ခဲယမ်းများ ကူညီ အားဖြည့်ပေးကြပါရန် Aung San Force က အသိပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ချောင်ဦးမြို့နယ်
#ကံဇီးကျေးရွာ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍49😁4👏3🔥2👎1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁၆ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

လူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အသံတိတ် လူသတ်သမား အပူလိုင်းအကြောင်းနဲ့ လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/5ZMSIQDbLyk

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
ဇွန်လ ( ၁၆ )ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ ILOအနေနဲ့ NUG ကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီလို့ အလုပ်သမားရေး ဒုဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ မိုးဗြဲမှာ ၃ ရက်အတွင်း အရပ်သား ၂၆ ဦး သတ်ဖြတ်ခံခဲ့ရတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/pP3n57GVhCE
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3🔥1
စစ်ကောင်စီတပ် အမှန်တကယ် အင်အားချိနဲ့နေပြီလား
===================

တရုတ်နဲ့ ရုရှားဆီကနေ ခေတ်မီစစ်လက်နက် အကူအညီတွေရနေပေမယ့ စစ်အာဏာရှင်တော်လှန်ရေးအင်အား စုတွေရဲ့ဖိအားကို တစ်နေ့တခြား ရင်ဆိုင်ဖို့ခက်ခဲလာတဲ့စစ်ကောင်စီရဲ့အခြေအနေကို ဆန်းစစ်လေ့လာမှုတွေ လုပ်လာကြတာ တွေ့ရပါတယ်။

နိုင်ငံတကာကတော့မြန်မာစစ်တပ် အင်အားကို ၃ သိန်းနဲ့ ၄ သိန်းကြားရှိမယ်လို့ ခန့်မှန်းပြီး မြန်မာနိုင်ငံရဲ့တစ်ခုတည်းသောအခြေခိုင်မာတဲ့ အင်တီကျူးရှင်းအဖြစ် ရှုမြင်နေကြဆဲဖြစ်ပါတယ်။

ဒါပေမဲ့မြန်မာစစ်တပ်နဲ့ပတ်သက်ပြီး အစဉ်တစိုက်လေ့လာအကဲဖြတ်သူတွေကတော့ လက်ရှိမြန်မာစစ်တပ်ရဲ့အင်အားမှာ ၂ သိန်းတောင် မပြည့်ချင်တော့ဘူးလို့ သုံးသပ်လာကြတာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ တစ်နိုင်ငံလုံးအနှံ့ထိုးဖောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကိုမထိန်းနိုင်တော့သလို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသူတို့ဘက်ပါလာအောင် လိုက်လံစည်းရုံနေတာကိုကြည့်ရင် စစ်ကောင်စီ အခြေအနေမဟန်တော့ဘူးလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

https://youtu.be/IvuWXrA0bf0

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍27😁3❤2
အသံတိတ်လူသတ်သမား အပူလိုင်း | VOA On Mizzima
======================

အခု ရာစုနှစ်အကုန်မှာ လူပေါင်း နှစ်ဘီလီယံကျော်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အထိ အပူလွန်ကဲတဲ့ နိုင်ငံတွေမှာ နေထိုင်ကြရလိမ့်မယ်လို့  ဥရောပနဲ့ တရုတ်နိုင်ငံက သုတေသီတွေက ပြောလိုက်ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေအရ အဲဒီအချိန် ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတပုံဟာ ဒီအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။

https://youtu.be/3_Bd0qkGvp0
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5👍3
"မနှိမ်ကြေး- I am proud of myself "
================

"ဘာလိုလို့လဲ" ဇာတ်လမ်းတွဲမှ "မနှိမ်ကြေး"ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတိုတပုဒ်
ဂေးဆိုတဲ့ လိင်တူချင်း ချစ်သူတွေကို ခွဲခြား ဆက်ဆံသင့်ပါသလား....
သူတို့ရဲ့ မွေးရာပါ ဖြစ်တည်မှုတွေကို အသိအမှတ်မပြုသင့်ဘူးလား။
စတဲ့ အကြောင်းအရာတွေ ဖော်ပြထားတဲ့ ဇာတ်လမ်းတိုကြည်နူးကကော ဒီဇာတ်လမ်းမှာ ဘယ်နေရာက ပါမှာလဲ...?

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/SvlxAUbz1zY

#barloelohlae
#ဘာလိုလို့လဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4🤮3👍2❤1
Media is too big
VIEW IN TELEGRAM
အသံတိတ်လူသတ်သမား အပူလိုင်း | VOA On Mizzima

Watch more detail - https://youtu.be/3_Bd0qkGvp0

#VOA #VideoNews #အသံတိတ်လူသတ်သမား အပူလိုင်း #shorts #reels
👍7🔥3
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
=====================

အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့သတင်းတိုလေးတွေကို ပြောပြပေးချင်ပါတယ်။ အရောင်အသွေးအလှဆုံး ခရမ်းရောင်စွက် ပန်းရောင်စိန်တုံးကြီးတတုံးကို လေလံဈေးအမြင့်ဆုံးနဲ့ ရောင်းလိုက်ရပါတယ်။ အိန္ဒိယမှာတော့ တကီလို ဒေါ်လာ ၁၂၀၀ တန် ဂျပန်သရက်သီးစိုက်ပျိုးရောင်းချနေပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေး တွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။

https://youtu.be/KXZIIoc95hg
  
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🔥1🤮1
​​အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာ
======================

001
မဇ္စျိမ။ ။ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံးပေါင်း ၇၀,၃၂၄ လုံးရှိလာပြီဖြစ်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များမှာ စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းနှင့် ချင်းပြည်နယ်မှာ ဒုတိယနှင့် တတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မကွေးတိုင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အလုံးပေါင်း ၁၀,၄၅၁ လုံးရှိပြီး ချင်းပြည်နယ်တွင် နေအိမ်အလုံးပေါင်း ၁,၆၃၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာတွင် ဧပြီလအတွင်းက စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၃၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူအချို့မှာ လက်ရှိအချိန်ထိ ဘုန်းကြီးကျောင်းတွင် နေထိုင်နေရကြောင်း မြို့သစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့သူတွေကတော့ ဖြစ်သလိုပဲ။ တချို့ အများလှူတဲ့ဟာလေးတွေ ရှိသလို၊ တချို့ မလှူတဲ့ဟာလေးတွေကျတော့ ကျွန်တော်တို့ အဖွဲ့အစည်းလေးတွေကနေ အလှူခံပြီး နေဖြစ်ထိုင်ဖြစ်ရုံလေး ထန်းရွက်တဲလေးတွေဆောက်ပြီး ကြမ်းလေးထိုးပြီး ဖြစ်သလိုလေးနေရတာပေါ့။ မဆောက်နိုင်တဲ့သူကျတော့ ဘုန်းကြီးကျောင်းတွေမှာ ထားရတယ်။ စားရေးသောက်ရေးကျတော့ အများလှူတာတွေနဲ့ စားရတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

Data for Myanmar၏ ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ် မေလမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နေအိမ်အလုံးပေါင်း ၆၀,၄၅၉ လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည့်အတွက် သုံးလအတွင်း နေအိမ်အလုံးပေါင်း ၉,၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်းကာလ
#မီးရှို့ခံရ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#မြို့သစ်ကျေးရွာ
Photo- Fire Service Department MOHAI - NUG
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍4❤1🔥1😁1
​​ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအား တိုကျိုတွင် ကျင်းပမည်
=======================

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲနှင့် ဆုတောင်းပွဲကို ဇွန် ၁၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည် ဖြစ်သည်။

ဇွန် ၁၉ ရက်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တိုကျိုရှိ တိုယာမာပန်းခြံတွင် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီမှစကာ ကျင်းပသွားမည် ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤14😁1🤮1