Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
South Asia Today အစီအစဉ်
==========

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

နီပေါနိုင်ငံ ဝန်ကြီးချုပ်ပူရှ်ပါကာမယ်ဒဟယ်မှ နှစ်နိုင်ငံ ချစ်ကြည်ရေးခိုင်မြဲစေရန် အိန္ဒိယသို့ လာရောက်

ဂျုံအရည်အသွေး ညံ့ဖျင်းမှုကြောင့်တရားမဝင် သိမ်းပိုက်ခံထားရသော ဂယ်ဂစ်ဘယ်တီစတန်တွင် ဆန္ဒပြမှုများဖြစ်ပေါ်

အိန္ဒိယနိုင်ငံရှိ ဂင်္ဂါဒယ်ရှယ်ရာပွဲတော်တွင် ဟိန္ဒူဘာသာဝင်များ ဂင်္ဂါမြစ်အတွင်း မြင့်မြတ်သောရေချိုးသန့်စင်မှုပြုလုပ်

နီပေါနိုင်ငံရှိတောင်တက်သမားများ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းရဲ့ ရွှေဖြူနှစ်ပတ်လည်ရတုအထိမ်းအမှတ်အဖြစ် တောင်းဆိုစုဝေးခဲ့ အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/HVUTpGSe-cA

#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤1🔥1👏1
​​သံတောင်ကြီးမြို့နယ်၌ လက်နက်ကြီးကျည်ထိမှန်၍ အဖွားအို သေဆုံး၊ ၂ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ချောင်းနှစ်ခွရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်‌ ပေါက်ကွဲမှုကြောင့် အဖွားအိုတစ်ဦး သေဆုံး၍ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံက သိရသည်။

“အားလုံးပေါင်း သုံးဦးထိတာ။ အဖွားတစ်ယောက်ကဆုံးသွားတယ် ။ နှစ်ဦးကို တောင်ငူဆေးရုံကိုပို့လိုက်တယ်။​ ပြင်းထန်ဒဏ်ရာနဲ့ပါ" ဟု တပ်မဟာ (၂) မှ သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၈ နာရီမှစတင်၍ သံတောင်ကြီးမြို့နယ်၊ ၁၆ မိုင် နှင့် ချောင်းနှစ်ခွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၂) KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၁၆ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်စခန်းများက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကာ ဒေသခံများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ခလရ(၃၀၆) ရှားစေဘို တပ်စခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ထိုလွီးဝါးအထက်တန်းကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ယင်းကျောင်းတွင် ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါကျောင်းတက်နေသော ခုနစ်တန်းကျောင်းသူသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#သံတောင်မြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13🔥5😢5👍1
​​အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ လိုက်နာရန်အချက်များ NUG အသိပေး
==========================

ပါခွီး
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသည့်မြန်မာနိုင်ငံသားများ လိုက်နာရန်အချက်များကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ထား သည်။

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများနှင့် ယင်းမြန်မာနိုင်ငံသား များဖွဲ့စည်းထားသည့် လူမှုအဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ထားသည့်အချက်များကို လေးစားလိုက် နာပေးကြရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း ဆိုသည်။

အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့် ပြုမူလုပ်ဆောင်မှုများကို ရှောင်ကျဉ်ကြရန် ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

မိမိတို့ရောက်ရှိ ခိုလှုံနေထိုင်နေသည့် ပြည်နယ်၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အရေးအရာများ ဥပမာ အားဖြင့် နိုင်ငံရေးပါတီများ၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြု အခြေတင်ဖြစ်မှုများ တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြပါရန် ဟုဆိုသည်။

“မဏိပူရပြည်နယ်မှာ ကသည်းတွေနဲ့ ကူကီးအပါအဝင် တောင်ပေါ်သားတွေနဲ့ လူမျိုးရေးပြဿနာဖြစ်နေ တာရှိတယ် အဲဒီအထဲမှာ ကူကီးတွေဖက်ကို မြန်မာပြည်က PDF တွေပါနေတယ်ဆိုပြီး စွပ်စွဲနေတာမျိုး ရှိတယ် အဲဒါတွေကြောင့် အခုလိုသတိပေးတာထင်တယ်” ဟု မြန်မာနိုင်ငံသားတဦးက ပြောသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ကသည်းလူမျိုးများနှင့် ကူကီးအပါအဝင် တောင်ပေါ်သားများနှင့် လူမျိုးရေးပဋိပက္ခဖြစ်ပွားနေပြီး ယင်းပြဿနာများတွင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်မှုများ ရှနေကြောင်း မဏိပူရနိုင်ငံရေးခေါင်းဆောင်တစ်ဦးက စွပ်စွဲပြောဆိုခဲ့မှုအပေါ် သုံး သပ်ပြီး ၎င်း၏အမြင်ကို မြန်မာနိုင်ငံသားက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မူးယစ်ဆေးဝါးနှင့် တောတိရိစ္ဆာန်များတရားမဝင် ရောင်းဝယ်သယ်ဆောင်မှု ပြုလုပ်ခြင်းအား ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြရန် အသိပေးထားသည်။

“ကျနော့်အနေနဲ့ ထုတ်ပြန်ချက်ကိုကြိုဆိုတယ်။ဒီအချက်တွေကို မြန်မာနိုင်ငံသားတွေကြားမှာ ကျယ် ကျယ်ပြန့်ပြန့် သိအောင်လုပ်ရမယ်။ ကိုယ့်လူတွေကို ပိုထိန်းကျောင်းဖို့ လိုနေတယ်လို့ထင်တယ်” ဟု မြန်မာစစ်ဘေးရှောင်များ ကူညီနေသည့် အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးက ပြောသည်။

မြန်မာနိုင်ငံသားများသာမကဘဲ ဒေသခံများကိုပါ သူတို့နားလည်နိုင်သည့် ဘာသာစကားဖြင့် အသိပေးနိုင်ပါက ၎င်းတို့ပြုလုပ်နေသည့် လူသားချင်းစာနာထောက်ထားသည့် လုပ်ငန်းများတွင်ပါ အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဖက်မှ မူးယစ်ဆေးဝါးများ မီဇိုရမ်ပြည်နယ်ဖက်သို့ ဝင်ရောက်လျက်ရှိပြီး ဖမ်းဆီးမှုများလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည့်အပေါ် ဒေသခံအချို့က မြန်မာနိုင်ငံသားများအပေါ် အမြင်မကြည်လင်မှု များ ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများ ရောက်ရှိနေထိုင်သည့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူလူထုနှင့်သင့်တင့် လျောက်ပတ်စွာ နေထိုင်ပေးကြရန်နှင့် ထုတ်ပြန်ထားသော လူမှုရေး ၊ ဘာသာရေး စည်းကမ်းများကို လည်း လိုက်နာပေးကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ် တော်ကိုယ်စားလှယ်များ ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား အသိပေးတိုင်ပင်ခြင်းနှင့် လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် အသိပေးထား သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအသိပေး မေတ္တာရပ်ခံချက် ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများကို ထပ်ဆင့် အသိပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။

အိန္ဒိယနိုင်ငံအတွင်း မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းပြည်နယ်များနှင့် နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံသား စစ်ဘေးတိမ်းရှောင်သူ ၅၀,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#NUG
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤3😁2🔥1
​​ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ထွက်ပြေးခိုလှုံရသည့် မြန်မာစစ်ဘေးဒုက္ခသည် ၃,၆၀၀ အထိ ရှိနေ
=======================

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ မယ်ဆာရန်းခရိုင် ဘန်ဆောင်ဟင် အရပ်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ မယ်စဲ့မြို့တွင် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢17👍5🔥1😁1🕊1
​​မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွက် ထိုင်း၏ ဖိတ်ကြားမှုကို အဓိကအာဆီယံအဖွဲ့ဝင်များ ငြင်းပယ်
======================

ထိုင်း၏ အိမ်စောင့်အစိုးရသည် ဇွန် ၁၈ ရက်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ၌ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဧည့်ခံရန် ရှိနေသော်လည်း အပြင်းအထန် ဝေဖန်ခံထားရသည့် ထိုအစည်းအဝေးတွင် အဓိကကျသည့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27😁4👏2🔥1
Media is too big
VIEW IN TELEGRAM
အရောင်းဆိုင်မရှိဘဲ ရွှေတောင်လိပ်စာနဲ့ အွန်လိုင်းမှာ ဆိုင်ကယ်နဲ့ တပတ်ရစ်ဖုန်းရောင်းချတဲ့ ပိုစ့်တွေတင်ပြီး ငွေကြေးလိမ်လည်တာတွေရှိနေပါတယ်။

အပြည့်အစုံ ဖတ်ရန် - t.ly/4-Fd

#Misinformation_Buster
#Fake_News
#Shorts
#reels
👍4🔥4
​​ခရလ(၂၇၄)မှပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ မဟာဓာတ်အားလိုင်း တာဝါတိုင်ပြိုလဲပြီး မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ လျှပ်စစ်ဓာတ်အားပြတ်တောက်
===================

မဇ္စိုမ။ ။မေလ ၃၁ ရက်နေ့က မင်းတပ်အခြေစိုက် ခရလ(၂၇၄) မှပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ မှန်ပြီး မဟာဓာတ်အားလိုင်းတာဝါတိုင်ပြိုလဲသွားခြင်းကြောင့် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ် များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။

“အခုဆိုရင် မင်းတပ်မှာမီးမလာတာကြာပြီ။ အရင်က ဆိုလာပြားတွေကိုသုံးနေတာ၊ ဒီရက်ပိုင်း မိုးက တောက်လျောက်ရွာနေတယ်။ နေကမထွက်တော့ ဆိုလာပြားတွေလည်းအဆင်မပြေတော့ ဆိုင်ကယ် ဘက်ထရီတွေကနေတဆင့် ဖုန်းအားသွင်းလို့ရအောင်လုပ်ပြီး သုံးနေရတယ်” ဟု မင်းတပ်ဒေသခံတဉီးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ပလက်ဝမြို့နယ်မှအပ ကျန်မြို့နယ်အားလုံးသည် ပေါက်၊ ကျောက်ထု၊ မင်း တပ်၊ မတူပီလမ်းတလျောက်ရှိ မဟာဓါတ်အားလိုင်းကိုသာအသုံးပြုနေရပြီး လက်ရှိပျက်စီးသည့် တာဝါ တိုင်နေရာမှာ ဒေသခံကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့်နေရာဖြစ်သည့်အတွက် ရက်အကန့် အသတ်မရှိ ဓာတ်အားပြတ်တောက်နေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က မတူပီမြို့တွင် စစ်တပ်ပိုင် ဘုံတလာရေအားလျှပ်စစ်ကိုအသုံးပြုနေသော်လည်း အာဏာသိမ်း ပြီးနောက်တွင် အဆိုပါဘုံတလာရေအားလျှပ်စစ်ကို ဗျူဟာကုန်းနှင့် (၁၄၀)တပ်ရင်းအတွက်သာ အသုံး ပြုနေသည့်အတွက် ဒေသခံကာကွယ်ရေးတပ်များမှ ဖေါက်ခွဲဖျက်ဆီးခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်ပြည်နယ်
#လျှပ်စစ်ဓာတ်အားပြတ်တောက်
#မဟာဓာတ်အားလိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬8❤2🔥2😁1
​​ကန်ပက်လက်မြို့ ရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ပစ်ခတ်
=====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့ရှိ မြို့မရဲစခန်းကို ရှော့ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ( CDF – Kanpetlet ) က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ရဲအင်အား ၃၀ခန့် တပ်စွဲနေသည့် ရဲစခန်းကို ဇွန်လ ၁၆ ရက် နံနက် ၉နာရီ ၃၀မိနစ်မှ ၁၀ နာရီ ၃၀ မိနစ်အထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရှော့ဒုံး ၁၀ လုံး ပစ်ခဲ့တယ် ။ သုံးလုံးက စခန်းထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ် ။

အထိအခိုက်သေဆုံးတာကိုတော့ အတိအကျမသိရသေးပါဘူး” ဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမကို ပြောသည်။

ရှော့တိုက်ဒုံးအချို့မှာ ပစ်မှတ်ကျော်ကာ တောတွင်းသို့ကျရောက်ခဲ့ပြီး သုံးလုံးမှာ စခန်းအတွင်းပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်းသို့ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်လက်မှ လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသို့ ၁၀ကြိမ် ထက်မနည်းပစ်ခတ်ခဲ့ရာ ဘုရားကျောင်းတစ်ကျောင်း နှင့် သာသနာ အဆောက်အအုံတစ်ခု ထိခိုက်ခဲ့ကြောင်း ဆလိုင်းထွန်းလိန်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို CDF – Kanpetlet နှင့်အတူ ညောင်ဦးခရိုင်တပ်ရင်း(၂) ညောင်ရမ်းတပ်ရင်းဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှော့ဒုံးများကို ညောင်ဦးတပ်ရင်း၏ နည်းပညာကို အသုံးပြုပြီး CDF – Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ပြစစ်ဆင်ရေးများတွင် အကျိုးရှိစေနိုင်ကြောင်း တပ်မဟာမှူးကပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့် ရဲစခန်းတွင် ဌာနအကြီးပိုင်းများ ရုံးစိုက်ပြီးအလုပ်လုပ်ကိုင်လျက်ပြီး ဘေးပတ်လည်ရှိ ရန်အောင်စေတီကုန်း ၊ သစ်တောရုံး ၊ ဘုန်းကြီးကျောင်းစသည့် နေရာများတွင် စစ်ကောင်စီ၏ ကင်းစခန်းများရှိကြောင်း သိရသည်။

မေလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အတွင်း မင်းတပ် - ကျောက်ထုလမ်းရှိ စစ်ကောင်စီတပ်များကို CDF – Kanpetlet နှင့်မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ၂၅ရက်နေ့နှင့် ၂၈ရက်နေ့တွင် တပ်ချိန်းပြုလုပ်သည့် စစ်ကောင်စီတပ်သားများ၏ လမ်း အသွားနှင့် အပြန်တွင် မင်းတပ် - ကျောက်ထုလမ်း၌ CDF -Mindat ၊ CDF – Kanpetlet ၊ ဂန့်ဂေါခရိုင်တပ်ရင်း(၁၃) (The Youth Force) နှင့် ဂန့်ဂေါခရိုင် တပ်ရင်း(၈) တို့မှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။

ထို့အပြင် မေလ ၂၉ရက်နေ့တွင် နေ့လယ် ၂နာရီနှင့် ည၈နာရီတို့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး မဟာမိတ်တပ်ဖွဲ့ဘက်မှ CDF – Mindat ရဲဘော်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရှော့တိုက်ဒုံး
#ချင်းကာကွယ်ရေးတပ်ဖွဲ့
#ကန်ပက်လက်မြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27❤4🔥2👏2😁1
​​ဘီးလင်းတွင် ၁ ရက်အတွင်း စစ်ကောင်စီဂိတ်စခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲခံရ
====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလုံခြုံရေးယူထားသော တပ်စခန်းနေရာသုံးခုအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် ဒေသတွင်း သတင်းအရင်းအမြစ်ထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော ဘီးလင်းတိုးဂိတ်အဟောင်း၊ ဘီးလင်းတံတားထိပ် ( မြို့တွင်းဘက်) ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်နှင့် ဘီးလင်း သကြားစက်အဝင်လမ်းရှိ စစ်ကောင်စီလုံခြုံရေး ဂိတ်စခန်းတို့အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" ၁၆ ရက်နေ့ ၉ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ ဘီးလင်းတိုးဂိတ်ဟောင်း၊ ဘီးလင်းတံတားထိပ်၊ သကြားစက်အဝင်လမ်းစစ်ဆေးရေးဂိတ်တို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာမှာ ရန်သူ ထိခိုက်မှုကို စုံစမ်းနေဆဲပါ" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုများအား တပ်မဟာ (၁) KNLA၊ PDF၊ LPDF ပူးပေါင်းအဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုပြီးသည့်နောက်တွင် ဘီးလင်းတံတားထိပ်ရှိ စစ်ကောင်စီဂိတ်စခန်း၊ ဘီးလင်းတိုးဂိတ်အဟောင်းရှိ စစ်ကောင်စီတပ်သားတို့သည် နီးစပ်ရာများသို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦး​ထံက သိရသည်။

" ဗုံးကွဲသံတွေတော့ ကြားရတယ်။ ပြီးတော့မှ သေနတ်သံတွေ ကြားရတာက ဘီးလင်းတံတားဘက်နဲ့ တိုးဂိတ်ဘက်ကနေပါ။ အထိအခိုက်ရှိတယ်တော့ မကြားမိဘူး" ဟု ၎င်းကဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် စခန်းများ၊ ဂိတ်စခန်းများ၊ ကင်းပုန်းများအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ့်လေ့ရှိကြောင်း သိရသည်။

ပြီးထဲ့သည့် မေလ ၁၈ ရက်နေ့မှ မေလ ၂၁ ရက်နေ့အတွင်း ဘီးလင်းမြို့နယ်ရှိ မဲပလီစစ်ကောင်စီစခန်း၊ ဘီးလင်းတိုးဂိတ်အဟောင်း၊ ဘီးလင်းတံတားထိပ်ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်၊ ဇီးတောကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း၊ မဲလံ BGF စခန်း၊ ရင်းအုံ BGF စခန်း စသည့် စစ်ကောင်စီစခန်း ခြောက်ခုအား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီဂိတ်စခန်း
#ဒရုန်းဖြင့် ဗုံးကြဲခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤9🔥1😁1
ပုလောမြို့ ပဝတ်ကုန်းရွာ အနီး တိုက်ပွဲတွင် အရပ်သား ကျည်ထိမှန်သေဆုံး
😢10🔥5👍1🤬1
ပုလောမြို့ ပဝတ်ကုန်းရွာ အနီး တိုက်ပွဲတွင် အရပ်သား ကျည်ထိမှန်သေဆုံး
====================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ ပဝတ်ကုန်းနှင့် ကဒဲကျေးရွာ အနီး ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ အရပ်သား တစ်ဦး ကျည်ထိမှန် သေဆုံးကာ ခရီးသည် အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း (၁) က ကဒဲကျေးရွာ အနီးရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးနေချိန် စစ်ကောင်စီ တပ်ဖွဲ့၏ လာရောက် ပစ်ခတ်မှုကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အင်အား ၁၅ ဦးပါ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ၏ ကားများ အကြား ကပ်လိုက်ပါလာပြီး လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ရာမှ ကျောက်တင်ကား မောင်းလာသူ ယာဉ်မောင်း အသက် ၄၀ နှစ်ခန့်ရှိ ဦးဝဏ္ဏတိုး ဆိုသူ ကျဉ်ထိမှန် သေဆုံးခဲ့ပြီး၊ ကော့သောင်းမြိုမှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာခရီးသည်တင် မှန်လုံယာဉ်ပေါ်ရှိ ခရီးသည် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ထံက သိရ သည်။

မြိတ်ခရိုင် တပ်ရင်း (၁) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက“ကျွန်တော်တို့ မြိတ်-ထားဝယ် လမ်းမကြီးပေါ်မှာ စစ်ဆေးရေး ပြုလုပ်နေချိန်မှာ စစ်တပ်က အရပ်သားကားနဲ့ လိုက်ပါလာပြီး လာရောက် ပစ်ခတ်သွားတာ ဖြစ်တယ်”ဟု ပြော သည်။

တိုက်ပွဲ ဖြစ်ပွားနေချိန် အတွင်း ခရီးသွား ပြည်သူများသည် စစ်ကာင်စီတပ်ဖွဲ့နှင့် နီးကပ်စွာ သွားလာခြင်း မပြုရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အသိပေး ထုတ်ပြန်ပြီး စစ်ရေး သတင်းများကိုလည်း လိုက်နာကြရန် လိုကြောင်း ၎င်းကပြောသည်။

မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ည ၇ နာရီမှ နံနက် ၄ နာရီ အချိန် အထိ ခရီးသွားလာခြင်း မပြုရန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က အသိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပုလောမြို့ ပဝတ်ကုန်းရွာ
#အရပ်သား ကျည်ထိမှန်သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😢6🔥2🤬1
ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့
🤬10🔥4👍2😁1😢1
ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့
=========================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။

“ဝက်လက်မြို့နယ်အနောက်ခြမ်း သားပျောက်ကုန်းရွာမှာ ရောက်နေတဲ့စစ်ကြောင်းက အနောက်ဘက်ကို ထွက်နေပါတယ်။ မောက်ကဒီးရွာတောင်ဘက်ရောက်နေတဲ့စစ်ကြောင်းက ရေဆိုးတွင်ရွာဘက်မှာ လက် နက်ငယ်တွေနဲ့ ပစ်နေတယ်လို့ သတင်းရထားတယ်” ဟု ဝက်လက်မြို့နယ် သတင်းကွန်ရက်မှ တာဝန်ရှိ သူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကံပလုပ်ရွာနှင့် တဲ ကောရွာတို့အား မီရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ဘုရားပြန်ရွာရှိ နေအိမ်များကို မီးရှို့၍ တဲကောရွာဘက်သို့ ပြန်လည်ထွက်ခွာကာ သားပျောက်ကုန်းရွာနှင့် မောက်ကဒီးရွာ တောင်ဘက် တို့အား အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေကြောင်း ဝက်လက်မြို့နယ် သတင်းကွန်ရက် (Wetlet Informational Network) ကထုတ်ပြန်ထားသည်။

ယင်းစစ်ကြောင်းသည် ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား ဇွန်လ ၁၃ ရက်မှ ၁၅ ရက် နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သည့် စစ်ကြောင်း ဖြစ်သည် ဟု သိရသည်။

ဇွန်လ ၁၃ရက်နေ့တွင် အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် သာဇင်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး မီးလောင်သေ ဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၄ ရက်တွင် အိုင်းဓမ္မရွာမှ နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မရွာတောင်ခြမ်းနှင့် မြောက်ခြမ်းကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ကာ သာဇင်ကျေးရွာမှ ဒေသခံ၂၅ ဦး၊ အိုင်းဓမ္မကျေးရွာနှင့်ပေါက်မရွာမှ ဒေသခံ ၁၀ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဝက်လက်မြို့ နယ်အတွင်း ပြန်လည်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လဆန်းပိုင်းတွင် ဝက်လက်မြို့နယ်မှတဆင့် စစ်ကိုင်းမြို့ နယ်အတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်၍ ယင်းမှတဆင့် ဆားတောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်ကာ ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း ပြည်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ဆားတောင်မြို့နယ်၊ သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက် မရွာနှင့် အနီးအနားကျေးရွာဒေသခံများ၊ ဝက်လက်မြို့နယ် သားပျောက်ကုန်း၊ ဘုရားပြန်၊ မောက်ကဒီး စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#mizzima
#ဝက်လက်မြို့နယ်
#ဆားတောင်မြို့နယ်
Photo - စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး
( စစ်ကောင်စီတပ် မီးရိူ့ဖျက်စီးခဲ့သည့် ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😡11👍7🔥4😢2😁1