သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ခရီးသွားများအား KNLA၊ PDF ပူးပေါင်းတပ် စစ်ဆေး ၊ လူ ၄ ဦးကို ဖမ်းဆီးထား
❤13👍10🔥1🤬1
သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ခရီးသွားများအား KNLA၊ PDF ပူးပေါင်းတပ် စစ်ဆေး ၊ လူ ၄ ဦးကို ဖမ်းဆီးထား
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နှင့် ရေးမြို့နယ်ကြားရှိ အမှတ်(၈) လမ်းမကြီးတွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့၌ KNLA တပ်ရင်း (၂၇) မှ တပ်ဖွဲ့ဝင်များ နှင့် PDF ပူးပေါင်းတပ်သည် ခရီးသွားပြည်သူများအား လုံခြုံရေးအရ စစ်ဆေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးထံက သိရသည်။
ယင်းစစ်ဆေးမှုအတွင်း စစ်ကောင်စီနှင့် ဆက်စပ်၍ မသင်္ကာဖွယ် လူလေးဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် အသေးစိတ်ကို ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်း ဒုစစ်ဒေသခွဲမှုးရုံး၊ စစ်ဒေသခွဲ အမှတ်(၃)က ထုတ်ပြန်ထားသည်။
စစ်ဆေးမှုကို ယနေ့ နံနက် ၇နာရီမှ ၁၁ နာရီအထိ မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးတစ်လျှောက် သုံးနေရာခွဲကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြည်သူများက ကြည်ဖြူစွာ ပူးပေါင်းအစစ်ဆေးခံခဲ့ကြောင်း သိရသည်။
“အကုန်လုံးကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ သို့ပေမယ့်ပေါ့နော် ပြည်သူအများစုက သေနတ်ကို ကြောက်နေကြတာ။ အဲ့ဒါကြောင့် သေနတ်မပါဘဲ စကားပြောရင် ပိုပြီး သူတို့ကြိုဆိုကြတယ်” ဟု လမ်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည့် ရဲဘော်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။
လမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့်နေရာတွင် အမျိုးသမီး စစ်သည်များလည်း တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူကာ သွားလာခြင်း ပြုလုပ်နေသဖြင့် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-ဘိတ် တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း-၂၇ တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လူ ၄ ဦးကို ဖမ်းဆီး
#သံဖြူဇရပ်-ရေးလမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
❤10👍10🔥1😁1
တရုတ်အစိုးရပိုင်ဘဏ်များက အပ်ငွေများအပေါ် အတိုးနှုန်းလျှော့ချ
=========================
တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရပိုင်ဘဏ်များသည် စားသုံးသူများ သုံးစွဲမှုတိုးမြင့်စေရန် ယခုသီတင်းပတ်အတွင်း အပ်ငွေများအပေါ် အတိုးနှုန်း လျှော့ချလိုက်သည်။ အတိုးနှုန်းဖြတ်တောက်မှုသည် ယမန်နှစ်နောက်ပိုင်း ဒုတိယအကြိမ် လျှော့ချမှုဖြစ်ပြီး တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေး သည် မျှော်လင့်ထားသလောက် ပြန်လည် တိုးတက်လာနိုင်ခြင်းမရှိမည်ကို စိုးရိမ်မှု တိုးလာကြောင်း New York Times သတင်း က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရပိုင်ဘဏ်များသည် စားသုံးသူများ သုံးစွဲမှုတိုးမြင့်စေရန် ယခုသီတင်းပတ်အတွင်း အပ်ငွေများအပေါ် အတိုးနှုန်း လျှော့ချလိုက်သည်။ အတိုးနှုန်းဖြတ်တောက်မှုသည် ယမန်နှစ်နောက်ပိုင်း ဒုတိယအကြိမ် လျှော့ချမှုဖြစ်ပြီး တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေး သည် မျှော်လင့်ထားသလောက် ပြန်လည် တိုးတက်လာနိုင်ခြင်းမရှိမည်ကို စိုးရိမ်မှု တိုးလာကြောင်း New York Times သတင်း က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4❤2🔥2
မီနီအိုးဝေများကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီ၏ ညွှန်ကြားချက် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ အခက်ကြုံနေရ
🔥3👍1😁1

======================
007
(မဇ္စျိမ)။ ။ မန္တလေးမြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးအငှားယာဉ်(မီနီအိုးဝေ)များကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည့်အ ပေါ် ကုန်ကျစာရိတ်များနေသဖြင့် အခက်ကြုံနေရသည်ဟု မီနီအိုးဝေယာဉ်ပိုင်ရှင်နှင့် အငှားယာဉ်မောင်းများထံက သိရသည်။
ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားကာ အဝါရောင်တစ်မျိုးတည်းသို့ မဖြစ်မနေ ပြောင်းလဲရမည်ဟုမန္တလေးတိုင်း ယာဉ်လုပ်ငန်း ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က မတ်လ ၅ ရက်တွင် အသိပေးကြေညာထားသည်။
ထိုကြေညာချက်ကြောင့် ကုန်ကျစရိတ်တတ်နိုင်သူတချို့က ဆေးရောင်ပြောင်းလဲခဲ့ကြသော်လည်း အများစုက လတ်တလောရင်ဆိုင်နေရသည့် စီးပွားရေးကြပ်တည်းမှုကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အခုအထိမလုပ်နိုင်သေးဘူး။ ကြေညာချက်ထွက်ခါစက ဆေးမှုတ်ခ ၁၀၀,၀၀၀ ၀န်းကျင်ပဲရှိတယ်၊ အခု ဆေးမှုတ်ခ ၂၅၀,၀၀၀ ၀န်းကျင်ဖြစ်သွားပြီ။ သက်တမ်းတိုးခရော ဆေးအရောင်ပြောင်းလဲခရောဆိုရင် ခုနစ်သိန်း၀န်းကျင် ကုန်ကျစရိတ်ရှိတယ်၊ အများစုက မတတ်နိုင်ကြဘူး၊ ကျွန်တော်ဆို အုံနာကြေးနဲ့မောင်းနေတာ” ဟု အငှားယာဉ်မောင်းဘဝဖြင့် ငါးနှစ်ကျော် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
သုံးဘီးအငှားယာဉ်(မီနီအိုးဝေ) မောင်းသူအများစုက အုံနာခပေးပြီး မောင်းသူနှင့် အချို့မှာ အရစ်ကျ ၀ယ်ယူထားသူများဖြစ်သည်ဟုလည်း သိရသည်။
“ဆေးရောင်ပြောင်းခိုင်းတဲ့ကိစ္စ ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ပေးဖို့ သက်ဆိုင်ရာတွေကို အသနားခံစာတင်ဖို့ လုပ်နေကြတယ်” ဟု ယာဉ်ပိုင်ရှင်တစ် ဦးကပြောသည်။
မန္တလေးတိုင်း ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ(မြို့တွင်း)က ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မဖြစ်မနေ ဆေးအရောင် ပြောင်းကြရန်နှင့် သတ်မှတ်ရက်အတွင်း အပြီးအစီး ဆောင်ရွက်ထားရှိခြင်းမရှိသည့် ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲ သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဆေးအရောင်ပြောင်းလဲခြင်းအတွက် ဆေးဘော်ဒီရုံသို့ ဆေးမှုတ်ခ ၂၅၀,၀၀၀ ကျပ်နှင့် ကညန(ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန) သို့ ဆေးပြောင်းလဲခြင်းအတွက်ပေးဆောင်ကြေး ၆၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်း၊ ယာဉ်သက်တမ်းတိုးခ ကျပ် ၂၅၀,၀၀၀ နှင့် ကျပ် ၃၀၀,၀၀၀ ကြားရှိကြောင်း၊ အထွေထွေစရိတ်ဖြင့်ပါဆိုလျှင် ၇၀၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်းသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးမြို့
#မီနီအိုးဝေ
#စစ်ကောင်စီ

#မန္တလေးမြို့ – Explore
explore #မန္တလေးမြို့ at Facebook
👍9🤬5🔥3❤1😁1
“စစ်ကိုင်းဖိုရမ် လက်ရှိနဲ့ ရှေ့ခရီး” | Editors’ Talk Episode-15
=============
စစ်ကိုင်းဖိုရမ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဝေဖန်ချက်တွေအပေါ် ဖိုရမ် ပြောခွင့်ရတဦးရဲ့ တုန့်ပြန်ချက်၊ လက်ရှိ ဦးစားပေးလုပ်သွားမှာတွေနဲ့ ရှေ့မှာ ဆက်လုပ်သွားမှာတွေ၊ စစ်ကိုင်းဖိုရမ်မှာ ဘယ်လိုအားသာချက်တွေ ရှိတယ်၊ သတိထားရမှာတွေက ဘာတွေရှိတယ်၊ ဒီဖိုရမ်ကနေ ကျန်ဒေသများပေါ် ရိုက်ခတ်မှု စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။
စစ်ကိုင်းဖိုရမ် ပြောခွင့်ရတဦးဖြစ်သူ ကိုခန့်ဝေဖြိုး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အဖွဲ့အစည်းတခုဖြစ်တဲ့ WAC-M ရဲ့ အမျိုးသမီးကိုယ်စားလှယ် ဇက်နန်ရော်၊ Generation Wave အဖွဲ့က ကိုမိုးသွေးတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။
https://youtu.be/JE4op61xha0
#စစ်ကိုင်းဖိုရမ်
#editors'talk
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
“စစ်ကိုင်းဖိုရမ် လက်ရှိနဲ့ ရှေ့ခရီး” | Editors’ Talk Episode-15
စစ်ကိုင်းဖိုရမ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဝေဖန်ချက်တွေအပေါ် ဖိုရမ် ပြောခွင့်ရတဦးရဲ့ တုန့်ပြန်ချက်၊ လက်ရှိ ဦးစားပေးလုပ်သွားမှာတွေနဲ့ ရှေ့မှာ ဆက်လုပ်သွားမှာတွေ၊ စစ်ကိုင်းဖိုရမ်မှာ ဘယ်လိုအားသာချက်တွေ ရှိတယ်၊ သတိထားရမှာတွေက ဘာတွေရှိတယ်၊ ဒီဖိုရမ်ကနေ ကျန်ဒေသများပေါ်…
👍7🔥1😁1
ပန်းသပိတ်လှုပ်ရှားမည့်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများ သတိပေး
👍15🥰5😁2

===================
007
(မဇ္စျိမ)။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လှုပ်ရှားကြမည့်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများက သတိပေးစကား ဆိုသည်။
“အွန်လိုင်းကနေ ပုံတင်တာပဲ ဖြစ်ဖြစ်၊ ပို့စ်တခုခု တင်တာပဲဖြစ်ဖြစ်၊ လုံခြုံရေးသတိနဲ့လုပ်ကြဖို့ အသိပေး လိုပါတယ်၊ စစ်ကောင်စီဘက်ကတော့ ဒီမနက်ကတည်းကစပြီး လိုက်ဖမ်းခိုင်းနေပြီ၊ အဖမ်းခံလိုက်ရတာ တွေလည်းရှိတယ်" ဟု တော်လှန်ရေးအင်အားစုမှအဖွဲ့ဝင်တဦးက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့အဆင်ပြေသလို ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ် ကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။
လူထုက ပန်းသပိတ်လှုပ်ရှားကြမည့်အပေါ် ကြောက်ရွံ့စိုးရိမ်နေသည့်စစ်အုပ်စုသည် ပန်းသပိတ် လှုပ်ရှား ကြသူများအား ဖမ်းဆီးရန် ၎င်းတို့ခြေချအသုံးပြုခွင့်ရသည့် တယ်လီဂရမ်ချန်နယ်များမှတဆင့် တန်ပြန်လှုပ်ရှားနေကြသည်ကို တွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ဟန်ငြိမ်းဦး၊ နောင်တော်လေး၊ သဇင်ဦး၊ People စတဲ့တယ်လီဂရမ်ချန်နယ်တွေကနေ စောင့်ကြည့်နေ ကြတယ်၊ ဒါကို လူထုကသတိရှိဖို့လိုတယ်၊ လောလောဆယ်တော့ သူတို့လူနဲ့သူတို့ ရုပ်ဖျက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ခြိမ်းခြောက်နေကြတယ်၊ သတင်းတွေမှာ Comment ရေးတာတွေကို Screen Shot ယူပြီး ဖမ်းခိုင်းတာတွေရှိတယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ရှိအချိန်၌ နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရသည်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇)၊ သဘာ၀ဘေးစီမံမှုပုဒ်မ (၂၅)၊ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃၁(ဂ) ၊ ပို့ကုန်ဥပဒေပုဒ်မ (၈) အစရှိ သည့် ပုဒ်မပေါင်း ၁၉ ခုဖြင့် စွပ်စွဲတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချထားခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#စစ်ကောင်စီ
#ပန်းသပိတ်

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် – Explore
explore #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် at Facebook
👍24❤4😁2🥰1🤔1
မြောက်ဥက္ကလာ မြတ်မောင်ရတနာရွှေဆိုင်အနုကြမ်းစီးခံရသိန်း၁၆၀၀၀ ကျော်ဖိုး ပါသွား
====================
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်စိန်ရွှေရတနာရွှေဆိုင်ကို ယနေ့ ညနေ ၄နာရီဝန်းကျင်ခန့်က သေနတ်ကိုင်လူသုံးဦးက ဝင်ရောက်လာပြီးအနုကြမ်းစီးမှုဖြစ်ပွါးရာ ငွေကျပ်သိန်း၁၆၀၀၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ ပါသွားကြောင်းသိရသည်။
အနုကြမ်းစီးခံရသည့်ရွှေဆိုင်သည် စျရပ်ကွက်၏ မေဓါဝီလမ်းမကြီးပေါ် ဘုမ္မာလမ်းထိပ်တွင်တည်ရှိပြီးလူစည်းကားသည့်နေရာ လဘက်ရည်ဆိုင်နှစ်ဆိုင်ကြား၊ စျေးထောင့်နေရာလည်းဖြစ်သည်။
''ညနေ ၄နာရီလောက်မှာ ဆိုင်ထဲကို လူသုံးဦးသေနတ်ကိုင်ပြီးတော့ဝင်လာတယ်။ဝင်ဝင်ခြင်းပဲ မှန်ပုံးကိုခွဲပြီး လက်ကောက်၊ဟန်းချိန်းဗန်းတစ်ဗန်းကိုထည့်သွားတာ။ဆိုင်ထဲကဝန်ထမ်းကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ကဝင်လုံးတော့ သေနတ်နဲ့ပစ်သွားတယ်။နှစ်ယောက်စလုံးလက်ကိုထိသွားတယ်။ပြီးတော့ အပြင်ကလူတွေဝိုင်းလာတော့သေနတ်သုံးချက်ဖောက်ပြီးထွက်ပြေးသွားတယ်''ဟု အနီးအနားရှိပြည်သူတစ်ဦးကပြောသည်။
အနုကြမ်းစီးသမားများသည်ဆိုင်ကယ်တစ်စီး၊ကားတစ်စီးဖြင့်ရောက်လာခြင်းဖြစ်ပြီး မိုးရွာနေသည့်အချိန်ဖြစ်သည်။

👍14🤬8🔥4❤1
ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် ဗုံးပေါက်ကွဲမှုများဖြစ်
===============
ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ လှိုင်သာယာ၊ မရမ်းကုန်း ၊ မြောက်ဥက္ကလာ ၊ လှိုင် ၊ အင်းစိန် ၊ တောင်ဒဂုံ စသည့်မြို့နယ်များ၌ ယခု ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပေါက်ကွဲတဲ့မြို့နယ်တွေကတော့များတယ်ပေါ့နော်၊ ည ၈ နာရီ ၅၀ ၊ ၉ နာရီ ဝန်းကျင်လောက်က စပြီးပေါက်ကွဲတာပေါ့။ ပေါက်ကွဲတဲ့မြို့နယ်တွေကများတယ်ဆိုပေမယ့် ဘယ်အဖွဲ့တွေက လုပ်တာလဲဆိုတော့ သက်ဆိုင်ရာအဖွဲ့တွေက နောက်ပိုင်းမှ ထုတ်ပြန်ချက်ထုတ်ပါမယ်။" ဟူ၍ UG Supporter Group(USG) က ယနေ့ညပိုင်း ရန်ကုန်မြို့တွင်ကြားရသော ပေါက်ကွဲသံများနှင့်ပတ်သက်၍ မဇ္ဈိမ ကို အတည်ပြုပြောကြားသည်။
လှိုင်သာယာမြို့နယ်၌ ခြေမြန်တပ်ရင်း ခမရ (၅၃၂)၊ ဒေါပုံမြို့နယ်၌ အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး နှင့် မြောက်ဒဂုံမြို့နယ်၌ ထားဝယ်ချောင်ရဲစခန်းတို့ အနီးတွင် ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း လှိုင်သာယာမြေပြင်ကင်းထောက်လူငယ်က မဇ္ဈိမကို ပြောသည်။
မရမ်းကုန်းမြို့နယ်၌ ၈ နာရီ ၅၂ မိနစ်တွင်တစ်ကြိမ်၊ မြောက်ဒဂုံမြို့နယ်တွင် ၉ နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် ဗုံးပေါက်ကွဲခြင်း(သို့) ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး မြောက်ဥက္ကလာမြို့နယ်တွင် ၈ နာရီ ၄၅ မိနစ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်တွင် ၉ နာရီ ၄၀ မိနစ်၌ နှစ်ကြိမ်ဆက်ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ၈ နာရီ ၅၁ မိနစ်တွင်တစ်ကြိမ် ၊ ၉ နရီ ၃၇ မိနစ်တွင် ဒုတိယအကြိမ် ၊ ၉ နာရီ ၄၅ မိနစ်၌ တတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ဒဂုံမြို့နယ်တွင် ၈ နာရီ ၅၃ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၉ မိနစ်တွင် ဒုတိယအကြိမ်၊ လှိုင်သာယာမြို့နယ်တွင် ၈ နာရီ ၅၂ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၃၇ မိနစ်တွင် ဒုတိယအကြိမ်၊ ဒဂုံဆိပ်ကမ်းတွင် ၉ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၃၈ မိနစ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲခြင်း(သို့) ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ည ဖောက်ခွဲမှုများနှင့်ပတ်သက်၍ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုအဖြစ် လှုပ်ရှားမှုပြုလုပ်ခြင်းလည်းဖြစ်နိုင်ကြောင်း UG Supporter Group က မှတ်ချက်ပြုသည်။

👍35❤7😁4🔥1🥰1