Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အဓိကကျသော အာဆီယံအဖွဲ့ဝင်များ မတက်ရောက်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်း ကျင်းပ
======================

ဖယ်ကြဉ်ခံထားရသော မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ရည်ရွယ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်တွင် ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပပြီး တစ်ဆက်တည်းမှာပင် ထို ဆွေးနွေးပွဲ ပြုလုပ်ရခြင်းက လျော်ကန်သင့်မြတ်ကြောင်း ထိုင်းအိမ်စောင့်အစိုးရက ပြောသည်။ ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မိမိတို့နယ်စပ်ကို ကာကွယ်ရန် ယခု ဆွေးနွေးပွဲကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုင်းက ပြောသော်လည်း ထိုအစည်းအဝေးတွင် အရေးပါသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်း မရှိပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎9😁2❤1
အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော် သေဆုံး
========================

001 (မဇ္ဈိမ) ။ ။ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

PKPF ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာအမျိုးသား ၄၅ ဦး၊ အမျိုး သမီး ၁၅ ဦးနဲ့ ကျား၊ မ မသိရသေးသူ ခြောက်ဦးပါဝင်ပြီးအဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၃ ဦးပါဝင်ပါတယ်။

အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု ခံရတာ၊ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ မိုင်းနင်းမိတာနဲ့ လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီး သေဆုံးရတာတွေ ပါဝင်ပါတယ်။

https://youtu.be/9-O8_FcYdXE

ရုပ်သံတည်းဖြတ် - KMN

#Mizzima
#PKPF
#မိုးဗြဲမြို့

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယ
😢2🔥1😁1
​​နေးရှင်းလိဂ် ချန်ပီယံဖြစ်ပြီးနောက် 'နောက်ထပ် ပျော်ရွှင်ဝမ်းမြောက်မှုတွေ ရှိလာမယ်'လို့ စပိန် နည်းပြ ပြော
===================

စပိန်နည်းပြ လူးဝစ် ဒီလာ ဖူရန်တေးက တနင်္ဂနွေနေ့မှာ သူ့နိုင်ငံရဲ့ နေးရှင်းလိဂ် အောင်ပွဲဟာ လာရိုဂျာတွေအတွက် အောင်မြင်မှုခေတ်သစ်ကို အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

 ရော့တာဒမ်က ဖီယင်နုရဲ့ De Kuip ကွင်းမှာ မိနစ် ၁၂၀ အပြီး နှစ်ဖက်အသင်း ဂိုးမရှိသရေကျပြီးနောက် သူတို့ဟာ ခရိုအေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ ယူရို ၂၀၁၂ မှာ အောင်ပွဲခံခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဆုဖလားမဆွတ်ခူးနိုင်ခဲ့ဘဲ ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
👍2🔥1
ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့
🥰8❤3🔥1
ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့
====================

008
မန္တလေး(မဇ္ဈိမ)။ ။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင် ၁,၅၀၀ အတွက် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ထမင်းနှင့်ဟင်းများ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

“အခုလို အမေ့မွေးနေ့မှာ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီအားဖြည့်ပေးခဲ့ပါတယ်။ ပြည်သူတွေ ရော၊ အမေစုပါ လွတ်မြောက်စေချင်ပါပြီ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြော သည်။

လက်ရှိတွင် ဆားလင်းကြီးမြို့နယ်၌ စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိနေပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီတပ်မှ စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

စစ်ဘေးရှောင်များအနက်မှ အချို့သည် စစ်ဘေးရှောင်စခန်းလေးခုတွင် နေထိုင်နေရသော်လည်း အချို့ မှာ လယ်ကွင်းပြင်၌ တဲထိုးနေထိုင်နေကြရကြောင်း သိရသည်။

“ယာယီစစ်ရှောင်စခန်းလေးနေရာတော့ရှိတယ်၊ တချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံ၊ အကာ မလုံနဲ့ စစ်ရှောင်နေရတယ်ဗျ၊ ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့" ဟု အညာပစ် တိုင်းထောင် လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဆားလင်းကြီး
#Mizzima
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9🔥1🥰1
ဇွန်လ (၁၉) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြောတဲ့သတင်း

နဲ့အတူ အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးဟု PKPF ထုတ်ပြန်

လိုက်တဲ့သတင်းလွှာတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွာရေးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာပါ။

နောက်ဆုံးမှာတော့ BNI က စီစဉ်တင်ဆက်တဲ့ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ၊ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ကို နာဆင်ရမှာပါ။

https://youtu.be/uLezFt1FIVs

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ ဇွန် ၂၀၂၃) 
===================

စစ်အာဏာရှင်အဆက်ဆက်၏ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျရောက်သည့် မွေးနေ့တွင် အမြန်ဆုံး ပြန်လွတ်မြောက်ရန် ပြည်တွင်း ပြည်ပရှိ ပြည်သူများက လှုပ်ရှားမှုမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14🔥1😁1
အကျဉ်းစံဘဝနဲ့ ဖြတ်သန်းနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အပေါ် အမြင်
====================

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အပေါ် ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေရဲ့ အမြင်တွေကို မဇ္ဈိမက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

အကျဉ်းကျခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သူ့ရဲ့ မွေးနေ့တွေကို ဖမ်းဆီးချုပ်နှောင်ခံရင်း ဖြတ်သန်းနေရပြီး အခုနှစ်မှာလည်း နေပြည်တော်အချုပ်ထောင်အတွင်းပင် ၇၈ နှစ်ပြည့်မွေးနေ့ကို ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။

https://youtu.be/ia4IryNfcxY

#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
#၇၈နှစ်ပြည့်
#ပန်းသပိတ်
#Mizzima
---------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤4😁1🤮1
"တစ်ဖက်သတ် ဆွေးနွေးပွဲကနေ မြန်မာ့အရေး ဖြေရှင်းနိုင်မှာ မဟုတ်ဘူး" (Editorial Talk)
========================

ထိုင်းနိုင်ငံမှာ မြန်မာ့အရေး Track 1.5 ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဌာနက ဦးဆောင်ပြီး ဇွန်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်အထိ နှစ်ရက်ကြာ လျှို့ဝှက် ကျင်းပခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်း တက်ရောက်ခဲ့ပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုတောင် အကောင်အထည်မဖော်နိုင်သေးတဲ့ အနေအထားမှာ ဒီ Track 1.5 ဆွေးနွေးပွဲက အာဆီယံနဲ့ သူ့ရဲ့ ဘုံသဘောတူညီချက်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/HMyL_c7xexg

#Track1.5
#Editorialtalk
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2😁1
​​ဘုရားပန်းကပ်လှူသူများအပါအဝင် ပန်းသပိတ်နှင့်ပတ်သက်သည့်အကြောင်းအရာမျှဝေသည့် ဒေသခံ ၈၀ ကျော် ဖမ်းဆီးခံရ
==================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းသပိတ်နှင့်ပတ်သက်သည့် အကြောင်းအရာ များမျှဝေသည့် ဒေသခံ ၈၀ ကျော်ကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများနှင့် ရဲများက လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်၊ မီးသတ်၊ ရဲနှင့် စစ်ကောင်စီတပ်သား များက မြို့ပေါ်လမ်းမကြီးများဘေး ဝဲ၊ ယာတွင်ရှိသည့် နေအိမ်များကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်းရယူခဲ့ သည်။

ထို့နောက် နေအိမ်များရှိဘုရားစင်များ၌ နှင်းဆီပန်းကပ်လှူပူဇော်ထားခြင်း၊ လူမှုကွန်ရက်တွင် ပန်းသပိတ် နှင့်ပတ်သက်သည့် အကြောင်းအရာများကို မျှဝေခြင်းများကိုတွေ့ရှိပါက နေအိမ်အတွင်းထိ လိုက်လံ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“မနက် ၈ နာရီမှာ အိမ်တွေကိုလိုက်စစ်ပြီး ၉ နာရီလောက်ကစပြီး လူတွေကို လိုက်ဖမ်းနေတာ။ လူ ၈၀ ကျော်လောက် အဖမ်းခံလိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ၊ ပန်းပုံတွေ Facebook မှာ တင်ထား ရင်လည်း အဖမ်းခံရတယ်” ဟု ၎င်းကဆိုသည်။
အမျိုးသမီးအများအပြားအဖမ်းခံခဲ့ရပြီး ၎င်းတို့သည် တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သူများ လည်းမဟုတ်ကြောင်း မော်လမြိုင်ကျွန်းမြို့ခံက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအနက် ငါးဦးကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပြန်လွှတ်ပေးခဲ့ပြီဟု သိရပြီး ကျန်သူများကို မော်လမြိုင်ကျွန်းရဲစခန်း၌ ဆက်လက်ဖမ်းဆီးထားကြောင်း ကနဦးသိရသည်။

ဒေသခံများမှပေးပို့သည့်သတင်းများအရ ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်အထိ ဒေသခံ ၈၀ ခန့်ကို ဆက် လက်ဖမ်းဆီးထားဆဲဖြစ်သည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံများက ပုံစံမျိုးစုံဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဘုရားပန်း
#ပန်းသပိတ်
#မော်လမြိုင်ကျွန်းမြို့
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U




All reactions:
283
283
🤬14👍3❤1😁1
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်
=======================

နယူးဒေလီ(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို CRPH နှင့် NUG Support Group India တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက်မှ ဖိတ်ကြားထားသူများအပြင် နယူးဒေလီမြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် NLD အဖွဲ့ချုပ်ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ မွေးနေ့အမှတ်တရစကားများပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့အတူ မြန်မာပြည်အမှန်တကယ် ငြိမ်းချမ်းရေးရရှိစေရန် ဖယောင်းတိုင်ထွန်းညှိကာ ဆုတောင်းခြင်း၊ ငှက်လွတ်ခြင်း အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ကျင်းပပြုလုပ်လျက်ရှိသည်။

https://youtu.be/ad3ttdwllR0


စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့
#နယူးဒေလီ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11👍5🔥1😁1