Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်သည့်နေအိမ် ၂၄ နာရီအတွင်းမီးလောင်မှု ၂ ကြိမ်ဖြစ်
❤5🔥1🤯1
မန္တလေးတွင် ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်သည့်နေအိမ် ၂၄ နာရီအတွင်းမီးလောင်မှု ၂ ကြိမ်ဖြစ်
======================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်သည့် နေအိမ်တအိမ်တွင် ၂၄ နာရီအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသက်ရာတွင် ပါဝင်ခဲ့သူများကပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၊ ၆၃ (A) လမ်းနှင့် ၁၃၂ လမ်းထောင့်ရှိ ဆိုင်ကယ်အပိုပစ္စည်း သိုလှောင် ထားသည့် နေအိမ်တအိမ်တွင် ဇွန်လ ၁၈ ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့ ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်း မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဆိုင်ကယ်အပိုပစ္စည်းသိုလှောင်တဲ့အိမ် ညကမီးလောင်တယ်။ မီးကအတွင်းထဲမှာ လှိုက်လောင်တာဆို တော့ နှစ်နာရီလောက်မီးငြှိမ်းလိုက်ရတယ်။ အခုနေ့လယ်ပိုင်းမှာ တခါထပ်လောင်ပြန်တယ်။ မီးအကြွင်း အကျန်ကနေထပ်လောင်တာပါ။ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး” ဟု မီးလောင်မှုဖြစ်စဥ်ကို သွားရောက် ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူက ပြောသည်။

နေအိမ်အပေါ်ထပ်တွင် ပေါက်ပြဲနေသည့် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှတဆင့် မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဟုသိရပြီး မီးလောင်မှုကို ထိစပ်နယ်မြေအသီးသီးရှိ မီးသတ်စခန်းများမှ မီးသတ်ဝန်ထမ်းများနှင့် မြို့ခံလူမှုကူညီရေးအသင်းများပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်း ကာလတန်ကြေး ကျပ်သိန်း ၆၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနထံကမှသိရသည်။

မန္တလေးမြို့တွင် ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်တွင်လည်း လမ်းဘေးထရန်စဖော်မာပုံးရှော့ခ်ဖြစ်ပြီး မီးလန့်မှု ဖြစ်ပွားခဲ့သေးသည်။

Photo - Than Htay
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေး
#ဆိုင်ကယ်အပိုပစ္စည်း
#မီးလောင်
#လျှပ်စစ်မီးကြိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3😁1
သဲကုန်း PDF ၏ ပန်းသပိတ်ပုံရိပ်
===============

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ PDF-Thaegon က ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်ခဲ့ကြသည်။

“စကစ ဘယ်လောက် ကြမ်းကြုတ်ရက်စက်နေပါစေ တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူရှေ့ က မားမားမတ်မတ်ရပ်တည်ပြီး ဒီစစ်မိစ္ဆာတွေကို အမြစ်ပြတ်သည်ထိ ချေမှုန်းတိုက်ခိုက်သွားမှာပါ” ဟု သဲကုန်း PDF တာဝန်ရှိသူက ပြောသည်။

ယနေ့ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အတွက် နိုင်ငံနှင့်အဝှမ်းတွင် ပန်း သပိတ်ကို နေရာအနှံ့တွင်ဆင်နွှဲခဲ့ကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#သဲကုန်း_PDF
#ပဲခူးတိုင်း
#ပန်းသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍7🥰2😁2👎1
မြိတ်မှာ ဆိုင်ကယ်စီးခွင့် ကန့်သတ်ပြီးနောက် သုံးဘီးမောင်းသူတွေ တွက်ခြေ မကိုက် ဖြစ်လာ
========================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ စစ်ကောင်စီက ဆိုင်ကယ် တစ်စီးမှာ အမျိုးသား နှစ်ယောက် မစီးရ ဆိုပြီး စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ပြန်လိုက်ပြီးနောက် မြိတ်မြို့မှာ ခရီးသည်တင် သုံးဘီး အငှားယာဉ်တွေ များပြားလာတာကြောင့် တွက်ခြေ မကိုက်တော့ဘူးလို့ သုံးဘီး အငှားယာဉ်မောင်းနှင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ သုံးဘီးမောင်းနှင်ရာမှာ အရင်က တစ်ရက်ကို ကျပ်သုံးသောင်း ကနေ လေးသောင်း အထိ ရရှိပေမယ့် အခုအခါမှာတော့ ကျပ်တစ်သောင်း ဝန်းကျင်လောက်ပဲ ရရှိတော့တယ်လို့ သုံးဘီး အငှားယာဉ်မောင်းသူ တစ်ဦးက မဇ္ဈိမကို အခုလို ပြောပါတယ်။

တည်းဖြတ်/တင်ဆက်= ကိုရွှေမြိတ်

https://youtu.be/GW9bXMDeTUo

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2😢2❤1👎1
ဒေသခံသပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများစုပေါင်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန့် ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ၊ “တော်လှန်ပန်းတွေလွင့်ပျံ အမျိုးသမီး ထုအားမာန်” ၊ “ပုခက်လွှဲသောလက်များက ကမ္ဘာကိုကိုင်လှုပ်နိုင်ရမည်” စသည့် စာတန်းများကိုင်ဆောင် ကာ ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဒေသတွင်း နယ်မြေမငြိမ်သက်မှုများကြားမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့် ကျင်ရေး ရက်ပေါင်း ၈၂၀ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
❤17👍2🔥2🥰2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်ထုတ်လွှင့်မှုများ
================

https://youtu.be/zIRJcOC6JsM

#PVTV
#mizzima
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮1🍌1