ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၌ ပန်းပန်သူ၊ ပန်းကိုင်ဆောင်လာသူ ၃၀ဦးထက်မနည်းစစ်တပ်က ဖမ်းဆီးသွားဟုဆို
====================
(မဇ္ဈိမ)။ ။ယမန်နေ့ ဇွန်လ ၁၉ရက်က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့တွင် လူထုက ပန်းသပိတ်ဆင်နွှဲမည်ကို စိုးရိမ်နေသည့် စစ်ကောင်စီတပ်က ရန်ကုန်မြို့ထဲ၌ အစစ်အဆေးကြမ်းခဲ့ပြီး ပန်းပန်သူ၊ ပန်းကိုင်ဆောင်သူ စုစုပေါင်း ၃၀ဦးထက် မနည်းကို ဖမ်းဆီးသွားကြောင်း ရန်ကုန်မြို့ခံသတင်းရင်းမြစ်များကပြောသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၁၉ရက် နံနက်ပိုင်းမှစတင်ကာ ကားများဖြင့် ပတ်ပြီး စစ်ဆေးဖမ်းဆီးခဲ့ခြင်းဟု သိရသည်။
" စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းထဲမှာ မနက်၈နာရီလောက်ထဲကလမ်းလယ်မှာ DCကားတစ်စီးပိတ်ပြီးလူငယ်တွေဆီကနေ ဖုန်းတွေအတင်းစစ်ဆေးနေတာ" ဟု ယင်းနေရာအနီး၌နေသူတစ်ဦး ပြောသည်။
စစ်ကောင်စီတပ်သည် ရန်ကုန်မြို့တွင် ယမန်နေ့က တနေကုန် ခြေရှုပ်ခဲ့ပြီး ပန်းပန်သူ၊ ပန်းကိုင်ဆောင်လာသူ အမျိုးသမီးများကို တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးပြီး စစ်ကားပေါ် တင်ဆောင်သွားသည့်မြင်ကွင်းများ လူမှုကွန်ရက်၌ပျံ့နှံ့ခဲ့သည်။ အဆိုပါ မြင်ကွင်းများကို ပြည်သူအချို့က ဖုန်းဖြင့် တိတ်တဆိတ် မှတ်တမ်းယူပြီး စစ်ကောင်စီကို ပြစ်တင်ရှုတ်ချကာ လူမှုကွန်ရက်၌ ပြန်လည်မျှဝေခဲ့ကြသည်။
ရန်ကုန်မြို့တွင် ပန်းပဲတန်း၊ကမာရွတ်နှင့် တာမွေမြို့နယ်မှ အမျိုးသမီး ၃၀ ခန့်ကို ပန်းသပိတ်တွင် ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးသွားကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးကပြောသည်။ ယင်းတို့အထဲတွင် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာဖမ်းဆီးခံရသည့် ပန်းဘဲတန်းမြို့နယ်ရှိ သမာဓိရွှေဆိုင်မှ ဝန်ထမ်းအမျိုးသမီး ၁၃ဦးပါဝင်သည်ဟု ဆိုသည်။ဖမ်းဆီးခံရသူများတွင် ပန်းပန်သည့်ပုံအားလူမှုကွန်ရက်ပေါ် တင်ခဲ့သူအချို့ ပါဝင်ပြီး အမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း သတင်းရရှိသည်။ အချို့သည် ခံဝန်ဖြင့် ပြန်လွတ်မြောက်လာပြီး အချို့မှာ အမှုဖွင့်ခံရသည်ဟုသိရသော်လည်း ဖမ်းဆီးခံရသူ အရေအတွက်နှင့် နောက်ဆက်တွဲ အခြေအနေကို အသေးစိတ်အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးခဲ့သည့်လမ်းသွားလမ်းလာအမျိုးသမီးများအနက် အချို့သည် ဖမ်းဆီးခြင်းမခံရဘဲ လွတ်မြောက်ခဲ့သည် သိရသည်။
စစ်ကောင်စီတပ်၏ စစ်ဆေးခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် စမ်းချောင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက " လက်ထဲကနှင်းဆီပန်းတွေကဘာတွေလဲတဲ့။ ဘာလုပ်တာလဲတဲ့။ကျွန်မကလည်းဆိုင်နဲ့နီးတော့လက်ညိုးထိုးပြီးပြောလိုက်တယ်။ဆိုင်မှာဘုရားပန်းအိုးထိုးဖို့ဆိုတော့ဘာမှမပြောပဲပြန်လွတ်လိုက်တယ်’’ဟုဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့တွင် ရန်ကုန်မြို့လမ်းမများပေါ်၌ ပန်းပန်သူ၊ ပန်းကိုင်ဆောင်လာသူများကို စစ်ဆေးခြင်း၊ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်စစ်ကောင်စီ၏လုပ်ရပ်အပေါ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက " သေနတ်သေနတ်ချင်းမနိင်၊ တိုက်ပွဲတိုင်းရှုံးနိမ့် ၊ လူထုရဲ့စစ်အာဏာရှင်ဆန့်ကျင့်ရေးစိတ်ဓါတ်ကိုလည်းမနိုင်တော့တဲ့အခြေအနေမှာ စိတ်ကစဉ့်ကလျားဖြစ်နေကြပြီဆိုတာပြတာပါပဲ" ဟု မှတ်ချက်ပြုထားသည်။
ပုံ-ယမန်နေ့က စမ်းချောင်းမြို့နယ်အတွင်း တွေ့ရသည့် ရဲကား
စာတည်း - မောင်ကြီး
#mizzima
#ရန်ကုန်
#ပန်းသပိတ်
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬14👍7❤2😁1🤣1
ပါကစ္စတန်ဘောလုံးသမားတွေ အိန္ဒိယမှာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကစားမယ်
=======================
ပါကစ္စတန် လက်ရွေးစင် ကစားသမားတွေကို အိန္ဒိယအတွက် ဗီဇာတွေ ပေးထားကြောင်း တာဝန်ရှိတွေက ပြောကြားပြီး သူတို့ဟာ အိန္ဒိယမြေမှာ ၂၀၁၄ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ အိမ်ရှင်အသင်းနဲ့ ကစားရတော့မှာဖြစ်ပါတယ်။
တောင်အာရှအိမ်နီးချင်းနိုင်ငံတွေဟာ တောင်အာရှဘောလုံးအဖွဲ့ချုပ် (SAFF) ချန်ပီယံရှစ်ပြိုင်ပွဲကို စတင်မှာဖြစ်ပါတယ်။
၂၀၀၈ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကနေ ကာလရှည်ကြာ နိုင်ငံရေးတင်းမာမှုတွေ ဆိုးဝါးစေတာကြောင့် နှစ်နိုင်ငံစလုံးဟာ ဘယ်အားကစားနည်းမှာမဆို တစ်သင်းနဲ့ တစ်သင်းရင်ဆိုင်ရာမှာ အိမ်ကွင်းပွဲတွေ ကစားလေ့မရှိပါဘူး။

🔥2
နယူးဒေလီရောက် မြန်မာဒုက္ခသည်တွေ UNHCR ရုံးချုပ်ရှေ့မှာ ဆန္ဒပြ (ရုပ်သံ)
===================
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံက မြန်မာဒုက္ခသည်တွေဟာ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ဒုက္ခသည်များနေ့” အထိမ်းအမှတ်အဖြစ် နယူးဒေလီမြို့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို Myanmar Refugees Demand Committee နှင့် India For Myanmar တို့က ဦးဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားဒုက္ခသည် ၂၀၀ ၀န်းကျင် ပူးပေါင်းပါ၀င်ခဲ့ကြတယ်လို့ ပွဲစီစဉ်သူ တွေက ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲ တွေကို ငြိမ်းချမ်းစွာစုဝေးတောင်းဆိုခဲ့ကြပြီး အိတ်ဖွင့်ပေးစာကိုလည်း အိန္ဒိယနိုင်ငံအခြေစိုက် UNHCR ရုံးချုပ်ထံပေးအပ်ခဲ့ပါတယ်။
ရိုက်ကူး၊ တည်းဖြတ်၊ တင်ဆက် ။ ။ ပါခွီး၊ ရောင်နီ
စာတည်း ။ ။Alden
https://youtu.be/XHyTiK9oejk
#နယူးဒေလီ
#မြန်မာဒုက္ခသည်
#ဆန္ဒပြ
#UNHCR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
နယူးဒေလီရောက် မြန်မာဒုက္ခသည်တွေ UNHCR ရုံးချုပ်ရှေ့မှာ ဆန္ဒပြ (ရုပ်သံ)
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံက မြန်မာဒုက္ခသည်တွေဟာ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ဒုက္ခသည်များနေ့” အထိမ်းအမှတ်အဖြစ် နယူးဒေလီမြို့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို Myanmar…
အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို Myanmar…
👍10🔥2😁1
သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံး မီးရှို့ဖျက်ဆီးခံရ
=================
YT
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ဇွန်လ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံနှင့် KNU တပ်မဟာ(၂) သတင်းရင်း မြစ်ထံမှ သိရသည်။
“ရှို့မီးဖြစ်ဖို့များတယ်။ ကျနော်တို့ထွက်ကြည့်ကြတော့ မီးကတော်တော်လောင်နေပြီ။ အဲ့ဒါနဲ့ ဝိုင်းငြှိမ်းကြ တော့ မနက် ၂ နာရီလောက်မှာ မီးညွန့်သေသွားတယ်ပြောရမယ်”ဟု သံတောင်ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။
သံတောင်ကြီးမြို့နယ် ပညာရေးမှူးရုံးအဆောက်အဦးသည် နံနက် ၁ နာရီဝန်းကျင်မှ ၂ နာရီခန့်အထိ ဆက်တိုက်လောင်ကျွမ်းခဲ့ကာ အနီးအနားရှိဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံး နှစ်ထပ်အဆောက်အဦးတခုလုံးနီးပါး မီး လောင်ကျွမ်းခဲ့ပြီး စာရွက်စာတမ်းများ၊ ပညာရေးအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ဒေသခံက ဆိုသည်။
အဆိုပါရုံးအား KNU တပ်မဟာ (၂) အတွင်းလှုပ်ရှားနေသော PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ပညာရေးယန္တရားပြိုလဲစေရန်ရည်ရွယ်၍ ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၂) သတင်းရင်းမြစ်ကဆိုသည်။
“ပညာရေးယန္တရားရဲ့ အဓိကဟာ ပညာရေးမှူးရုံးပဲမို့ ဓာတ်ဆီလောင်းပြီးမီးရှို့တာ။ ပညာရေးမှူးရုံး ပြာကျ သွားပါပြီ။ PDF တွေသွားလုပ်တာပါ” ဟု တပ်မဟာ (၂) သတင်းရင်းမြစ်က မဇ္ဈိမသို့အတည်ပြုပြောကြာ သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂) နယ်မြေအတွင်း ရှိ သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံးအား တော်လှန်ရေးအင်အားစုများက ဗုံးသီးပစ်၍တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ပညာရေးမှူးရုံး
#သံတောင်ကြီးမြို့နယ်
#မီးရှို့ခံရ
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
YT
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ဇွန်လ ၂၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံနှင့် KNU တပ်မဟာ(၂) သတင်းရင်း မြစ်ထံမှ သိရသည်။
“ရှို့မီးဖြစ်ဖို့များတယ်။ ကျနော်တို့ထွက်ကြည့်ကြတော့ မီးကတော်တော်လောင်နေပြီ။ အဲ့ဒါနဲ့ ဝိုင်းငြှိမ်းကြ တော့ မနက် ၂ နာရီလောက်မှာ မီးညွန့်သေသွားတယ်ပြောရမယ်”ဟု သံတောင်ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။
သံတောင်ကြီးမြို့နယ် ပညာရေးမှူးရုံးအဆောက်အဦးသည် နံနက် ၁ နာရီဝန်းကျင်မှ ၂ နာရီခန့်အထိ ဆက်တိုက်လောင်ကျွမ်းခဲ့ကာ အနီးအနားရှိဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံး နှစ်ထပ်အဆောက်အဦးတခုလုံးနီးပါး မီး လောင်ကျွမ်းခဲ့ပြီး စာရွက်စာတမ်းများ၊ ပညာရေးအသုံးအဆောင်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ဒေသခံက ဆိုသည်။
အဆိုပါရုံးအား KNU တပ်မဟာ (၂) အတွင်းလှုပ်ရှားနေသော PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ပညာရေးယန္တရားပြိုလဲစေရန်ရည်ရွယ်၍ ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ (၂) သတင်းရင်းမြစ်ကဆိုသည်။
“ပညာရေးယန္တရားရဲ့ အဓိကဟာ ပညာရေးမှူးရုံးပဲမို့ ဓာတ်ဆီလောင်းပြီးမီးရှို့တာ။ ပညာရေးမှူးရုံး ပြာကျ သွားပါပြီ။ PDF တွေသွားလုပ်တာပါ” ဟု တပ်မဟာ (၂) သတင်းရင်းမြစ်က မဇ္ဈိမသို့အတည်ပြုပြောကြာ သည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂) နယ်မြေအတွင်း ရှိ သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံးအား တော်လှန်ရေးအင်အားစုများက ဗုံးသီးပစ်၍တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ပညာရေးမှူးရုံး
#သံတောင်ကြီးမြို့နယ်
#မီးရှို့ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#ပညာရေးမှူးရုံး – Explore
explore #ပညာရေးမှူးရုံး at Facebook
👍11👎2🥴2👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/eppYSDa3ecs
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
https://youtu.be/eppYSDa3ecs
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍10🍌2
ထိုင်းကပြုလုပ်သည့် ဆွေး နွေးပွဲ အာဆီယံငါးနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယတို့တက်ရောက်ဟု စစ်ကောင်စီဆို
=================
ထိုင်းကပြုလုပ်သည့် ဆွေး နွေးပွဲ အာဆီယံငါးနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယတို့တက်ရောက်ဟု စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်သည်။
ဆွေးနွေးပွဲကို ဇွန် ၁၉ ရက်က ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်ခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာ အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက ဆိုသည်။
ယင်းဆွေးနွေးပွဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးမှုတွင် စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တက်ရောက်ခဲ့သည်။
ပထမနှင့် ဒုတိယအကြိမ် ဆွေးနွေးပွဲကို မတက်ရောက်သည့် အာဆီယံနိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံတို့ဖြစ်သည်။

😁16🤮7👍5❤2👏2
MFTB နှင့် MICB ဘဏ်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပါကလည်း ပူစရာမလိုဟု စစ်ကောင်စီဆို
===================
မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပါကလည်း ပူစရာမလိုဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ လက်အောက်ခံ မြဝတီမီဒီယာမှတစ်ဆင့် ထုတ်ပြန်လာသည်။
အမေရိကန်က စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေကို ဖြတ်တောက်ရန် MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မည်ဟု Thai PBS သတင်းဌာနက သတင်းဖော်ပြပြီးနောက် စစ်ကောင်စီ ဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။
" ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး မိဘပြည်သူအနေနဲ့ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ ကျနော့်အနေနဲ့ အသိပေးလိုပါတယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံခြားငွေကို ဘဏ်တစ်ဘဏ်တည်းက ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကလည်းဆောင်ရွက်လျက်ရှိတယ်။ ပူပန်စရာမလိုဘူး" ဟုစစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ယင်းဘဏ်နှစ်ဘဏ်မှာ အမေရိကန်ဘဏ်များနှင့် ဘဏ်ခွဲများတွင် ငွေကြေးအပ်နှံထားခြင်းမရှိသဖြင့် ဆုံးရှုံးစရာ မရှိဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ဆိုသည်။
အမေရိကန်က ပိတ်ဆို့အရေးယူခြင်းမှာ နိုင်ငံရေးနှင့် စီးပွားရေးအရ အကြပ်အတည်းဖြစ်အောင် လုပ်ဆောင်ခြင်းဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲသည်။
" ဒီလိုလုပ်တာက ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာမှာ မလိုလားအပ်တဲ့နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်" ဟု ၎င်းက ပြောသည်။

😁26👍6🤣3🔥1🥰1
မြတ်မောင်ရွှေဆိုင်ဓါးပြတိုက်မှု အမည်မသိလုံခြုံရေးအဖွဲ့က သတင်းကြိုရထားဟု ဒေသခံများယုံကြည်နေ
👍7😁2🔥1

================
(မဇ္ဈိမ) ။ ။ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓါဝီလမ်းရှိ မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ တစ်ဖွဲ့က သတင်းကြိုရထားပြီး စောင့်ဆိုင်းပစ်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုအဆိုပါ ရွှေဆိုင် အနီးမှ ပြည်သူများက ပြောသည်။
မြတ်မောင် စိန်၊ရွှေ၊ရတနာဆိုင်ကို ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် လူသုံးဦးက ပစ္စတို သေနတ်နှစ်လက်ကိုင်ဆောင်ပြီး ဓါးပြတိုက်ခဲ့ခြင်းဟု သိရသည်။ ဆိုင်အနီးတွင် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ရှိနေပြီး ဓားပြတိုက်သူများနှင့်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုရွှေဆိုင် အနီးမှ ပြည်သူများက ပြောသည်။
“ ဘယ်အဖွဲ့ကလည်းတော့မသိဘူး။ ဒီဆိုင်မှာအခုလို အနုကြမ်းစီးမယ်ဆို တာကိုကြိုပြီးသတင်းရထားကြတယ်။ ဒါကြောင့် အဲဒီဆိုင်ရှေ့ ဆိုက္ကားဂိတ်ရှေ့မှာ ကားတစ်စီးရပ်ပြီး စောင့်နေတာတစ်ပတ်လောက်ရှိပြီ" ဟု ဖြစ်စဉ်အနီးတွင် ရှိနေသူတစ်ဦးက ပြောသည်။
၎င်းက ဆက်လက်၍ " ဓါးပြတွေက အထဲမှာနှစ်ယောက်လုပြီး အပြင်မှာဆိုင်ကယ်နဲ့ တစ်ယောက်စောင့်နေတာ။ သူတို့ဆိုင်ကယ်မောင်းပြီးထွက်တဲ့အချိန်မှာ ကားပေါ်မှာ စောင့်တဲ့ကောင်တွေက အနီးကပ်ထွက်ပစ်တာပဲ။ ဒါပေမယ့်မထိဘူးထင်တယ်။ လုတဲ့သူတွေက ဘုမ္မာလမ်းထဲ မောင်းပြေး သွားကြတယ်''ဟု ဆိုသည်။
လုံခြုံရေးအဖွဲ့သည် မည်သည့်အဖွဲ့ဆိုသည်ကို ဒေသခံများက မသိကြပေ။ရွှေဆိုင် ဓားပြတိုက်ခံရမှုအပြီး ဆိုင်အတွင်းရှိ CCTV မှတ်တမ်းကို ပြန်ကြည့်ရာ လမ်းတဖက်တွင်ရပ်ထားသည့် အဆိုပါလုံခြုံရေးအဖွဲ့ဝင်များကို မသိဟု ဒေသခံများကပြောကြသည်။ ထို့အပြင် အဆိုပါ အဖွဲ့နှင့် ရွှေဆိုင် ဆက်စပ်မှုရှိ၊မရှိလည်း မသိရသေးပေ။
ဓါးပြတိုက်မှုတွင်ပါဝင်သူအမျိုးသား ရှစ်ဦး၊ အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပြီး ၅ နာရီအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများနှင့်အတူ ရွှေထည်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ကောင်စီက ဇွန်လ ၁၉ ရက်တွင်ကြေညာသည်။
“မြတ်မောင်” စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်တွင် ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ တန်ကြေးခန့်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ လုယက်ခံရပြီး ရပ်ကွက်နေပြည်သူများ၏ သတင်းပေးပို့ကြောင့် တရားခံများကို ပြန်ဖမ်းမိသည်ဟု စစ်ကောင်စီက ကြေညာထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် ရွှေဆိုင်နှင့် ဘဏ်များ လုယက်မှု၊ အနုကြမ်းစီးမှု များ မကြာခဏဖြစ်နေသည်။ယခုဓါးပြတိုက်ခံရသည့် မြတ်မောင်ရွှေဆိုင်အနီး ဈေးလမ်းဆုံနေရာ၌ နေ့ခင်းလူစည်ကားချိန်၌ပင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်လုခြင်း၊ ဖုန်းလုခြင်းများ မကြာခဏ ဖြစ်ပေါ်နေပြီး တရားခံများ ဖမ်းဆီးရမိခြင်း မရှိဟု ဒေသခံများကပြောသည်။
စာတည်း - နောင်နောင်(မဇ္ဈိမ)
စာမူတည်းဖြတ် - မောင်ကြီး
#mizzima
#မြောက်ဥက္ကလာပ
#မြတ်မောင်ရွှေဆိုင်
#ဓါးပြတိုက်ခံရ

👍25😁6
ဇွန်လ (၂၁) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
မင်းတပ်မှာ ဒေသခံတွေပိုင်တဲ့ ဆိုလာပြားတွေကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်နေ တဲ့အကြောင်းနဲ့အတူ ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် ကျပ်သိန်း ၃၀ ကျော်နဲ့ မန္တလေးရွှေအသင်း ထုတ်ရောင်းနေတဲ့ သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/yl1KwtrIucE
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
မင်းတပ်မှာ ဒေသခံတွေပိုင်တဲ့ ဆိုလာပြားတွေကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်နေ တဲ့အကြောင်းနဲ့အတူ ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် ကျပ်သိန်း ၃၀ ကျော်နဲ့ မန္တလေးရွှေအသင်း ထုတ်ရောင်းနေတဲ့ သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/yl1KwtrIucE
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၁) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
မင်းတပ်မှာ ဒေသခံတွေပိုင်တဲ့ ဆိုလာပြားတွေကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်နေ တဲ့အကြောင်းနဲ့အတူ ရွှေဈေးထိန်းဖို့ မန္တလေးမှာ တစ်ကျပ်သား ရွှေအတုံး ၇၃၀ ခန့် ကျပ်သိန်း ၃၀ ကျော်နဲ့ မန္တလေးရွှေအသင်း ထုတ်ရောင်းနေ
…

👍8😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
====================
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/dZXOQaWNCBU
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/dZXOQaWNCBU
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ…
👍7😁2🔥1
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရ | VOA On Mizzima
==================
ကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရာသီဥတုပိုမို ပူပြင်းခြောက်သွေ့လာရာက အဖြစ်များလာတဲ့ သဘာဝဘေးဒဏ်တွေ နှစ်စဉ်ပိုပြီး ဆိုးရွာပြင်းထန်လာနေချိန်မှာပဲ ကနေဒါနိုင်ငံတော့ ပူပြင်းခြောက်သွေ့လွန်းတဲ့အတွက် စံချိန်တင်ပြင်းထန်တဲ့ တောမီးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးဆီက မီးခိုးငွေ့တွေကြောင့်ကနေဒါနဲ့ အမေရိကန်အရှေ့ဖက်ပြည်နယ် တဒါဇင်ကျော်မှာ လေထုညစ်ညမ်းနေပြီး ကျန်းမာရေးသတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
https://youtu.be/63xHV87zc-M
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရာသီဥတုပိုမို ပူပြင်းခြောက်သွေ့လာရာက အဖြစ်များလာတဲ့ သဘာဝဘေးဒဏ်တွေ နှစ်စဉ်ပိုပြီး ဆိုးရွာပြင်းထန်လာနေချိန်မှာပဲ ကနေဒါနိုင်ငံတော့ ပူပြင်းခြောက်သွေ့လွန်းတဲ့အတွက် စံချိန်တင်ပြင်းထန်တဲ့ တောမီးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးဆီက မီးခိုးငွေ့တွေကြောင့်ကနေဒါနဲ့ အမေရိကန်အရှေ့ဖက်ပြည်နယ် တဒါဇင်ကျော်မှာ လေထုညစ်ညမ်းနေပြီး ကျန်းမာရေးသတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
https://youtu.be/63xHV87zc-M
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရ | VOA On Mizzima
ကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရာသီဥတုပိုမို ပူပြင်းခြောက်သွေ့လာရာက အဖြစ်များလာတဲ့ သဘာဝဘေးဒဏ်တွေ နှစ်စဉ်ပိုပြီး ဆိုးရွာပြင်းထန်လာနေချိန်မှာပဲ ကနေဒါနိုင်ငံတော့ ပူပြင်းခြောက်သွေ့လွန်းတဲ့အတွက် စံချိန်တင်ပြင်းထန်တဲ့ တောမီးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးဆီက မ…
👍6🔥3😁1
မုန်တိုင်းသင့်ဒေသများသို့ အကူအညီပေးပို့မှုအပေါ် စစ်ကောင်စီ၏ ပိတ်ဆို့မှုက လူသန်းချီကို ခြိမ်းခြောက်နေဟု HRW ပြော
=======================
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီက တိုးမြင့်တားဆီးပိတ်ဆို့နေခြင်းက လူ့အသက်ဘဝ အမြောက်အမြားကို ချက်ချင်းလက်ငင်း ဘေးမကင်းဖြစ်စေသလို လူသန်းချီတို့အတွက် အန္တရာယ်ဖြစ်စေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၂၀ ရက်တွင် ပြောသည်။
၂၀၂၃ ၊ မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် စစ်ကောင်စီ အာဏာပိုင်များသည် အကူအညီပေးရေး လုပ်သားများအတွက် ခရီးသွားလာမှုနှင့် ဗီဇာများကို တရားဝင်ခွင့်ပြုပေးရန်၊ အကောက်အခွန်ဌာနနှင့် ကုန်လှောင်ရုံများမှ အရေးပေါ် အထောက်အပံ့များ ထုတ်ပေးရန်၊ သို့မဟုတ် အသက်ကယ် အကူအညီများအပေါ် ကြီးလေးပြီး မလိုအပ်သော ပိတ်ပင်ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် ငြင်းဆန်ထားသည်။

🤬8👍4🔥1😁1
လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများ | VOA On Mizzima
====================
ယူကရိန်း ပန်းချီ အနုပညာရှင် ဇနီးမောင်နှံ၂ ဦးဖြစ်ကြတဲ့ Oleksandr Klymenko နဲ့ Sonya Atlantova တို့ ရဲ့ " Icons on Ammo Boxes" လို အမည်ပေးထားတဲ့ စစ်မြေပြင်က စစ်လက်နက်ပစ္စည်းတွေထဲတဲ့ သစ်သား သေတ္တာဟောင်းတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီအနုပညာပြပွဲတရပ်ကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မေလဆန်းပိုင်း က ပြသခဲ့ကြပါတယ်။ ယူကရိန်းစစ်မြေပြင်က တကယ်အစစ်အမှန် စစ်လက်နက်ထည့်တဲ့ သေတ္တာခွံအဟောင်းတွေပေါ်မှာ ခရစ်ယာန် ဘာသာရဲ့ စံပြု ပုဂ္ဂိုလ်ထူးတွေကို ရေးဆွဲ ပုံဖော်ထားပါတယ်။ Nina Vishveva ရဲ့ ဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
https://youtu.be/dSqCsb4sRLE
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ယူကရိန်း ပန်းချီ အနုပညာရှင် ဇနီးမောင်နှံ၂ ဦးဖြစ်ကြတဲ့ Oleksandr Klymenko နဲ့ Sonya Atlantova တို့ ရဲ့ " Icons on Ammo Boxes" လို အမည်ပေးထားတဲ့ စစ်မြေပြင်က စစ်လက်နက်ပစ္စည်းတွေထဲတဲ့ သစ်သား သေတ္တာဟောင်းတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီအနုပညာပြပွဲတရပ်ကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မေလဆန်းပိုင်း က ပြသခဲ့ကြပါတယ်။ ယူကရိန်းစစ်မြေပြင်က တကယ်အစစ်အမှန် စစ်လက်နက်ထည့်တဲ့ သေတ္တာခွံအဟောင်းတွေပေါ်မှာ ခရစ်ယာန် ဘာသာရဲ့ စံပြု ပုဂ္ဂိုလ်ထူးတွေကို ရေးဆွဲ ပုံဖော်ထားပါတယ်။ Nina Vishveva ရဲ့ ဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
https://youtu.be/dSqCsb4sRLE
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများ | VOA On Mizzima
ယူကရိန်း ပန်းချီ အနုပညာရှင် ဇနီးမောင်နှံ၂ ဦးဖြစ်ကြတဲ့ Oleksandr Klymenko နဲ့ Sonya Atlantova တို့ ရဲ့ " Icons on Ammo Boxes" လို အမည်ပေးထားတဲ့ စစ်မြေပြင်က စစ်လက်နက်ပစ္စည်းတွေထဲတဲ့ သစ်သား သေတ္တာဟောင်းတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီအနုပညာပြပွဲတရပ်ကို အမေရိကန်…
👍8🔥2
မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ရှုမြင်နေတုန်းလား
==================
ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်သူတွေကို ကူညီရင် မြန်မာ့နွေဦးတော်လှန်ရေးက လပိုင်းအတွင်းမှာတင် ပွဲပြတ်တယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဇွန် ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ယူကရိန်းနည်းတူ မြန်မာလည်း အကူအညီရထိုက်သည် ဆိုတဲ့ ဆောင်းပါးမှာ KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတွေ ရခဲ့တဲ့ အကူအညီတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရမယ်ဆိုရင်တောင် မြန်မာစစ်အာဏာရှင်တွေကို ဖြုတ်ချဖယ်ရှားရေး တိုက်ပွဲအပေါ် သိသာ ထင်ရားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ သူတို့က ပြောထားပါတယ်။
https://youtu.be/A1tP5KgVDfs
#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်သူတွေကို ကူညီရင် မြန်မာ့နွေဦးတော်လှန်ရေးက လပိုင်းအတွင်းမှာတင် ပွဲပြတ်တယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဇွန် ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ယူကရိန်းနည်းတူ မြန်မာလည်း အကူအညီရထိုက်သည် ဆိုတဲ့ ဆောင်းပါးမှာ KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတွေ ရခဲ့တဲ့ အကူအညီတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရမယ်ဆိုရင်တောင် မြန်မာစစ်အာဏာရှင်တွေကို ဖြုတ်ချဖယ်ရှားရေး တိုက်ပွဲအပေါ် သိသာ ထင်ရားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ သူတို့က ပြောထားပါတယ်။
https://youtu.be/A1tP5KgVDfs
#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ရှုမြင်နေတုန်းလား
ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်သူတွေကို ကူညီရင် မြန်မာ့နွေဦးတော်လှန်ရေးက လပိုင်းအတွင်းမှာတင် ပွဲပြတ်တယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ…
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ…
❤9👍5😁3
ပေါင်းသတ်ဆေးအစားထိုး ဆိတ်သုံး ပေါင်းပင်ရှင်းလင်းမှု | VOA On Mizzima
=====================
သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ မျိုးရင်းအပင်တွေနဲ့ အပြိုင်အဆိုင် ပေါင်းပင်တွေ တိုးလာတဲ့ ပြဿနာနဲ့ကြုံနေရပါတယ်။ ပေါင်းပင်တွေ များလာမှုကြောင့် တိရိစ္ဆာန်တွေရဲ့ ရပ်ဝန်းထိခိုက်တဲ့အပြင် မီးလောင်လွယ်တဲ့ ဘေးရန်ကိုလည်း စိုးရိမ်ရပါတယ်။ Queensland ပြည်နယ် အရှေ့တောင်အရပ်က မြေပိုင်ရှင်တချို့ကတော့ ပေါင်းသတ်ဆေးတွေသုံးမယ့်အစား ဆိတ်တွေကို သုံးပြီး ပေါင်းပင်ရှင်းလင်းနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/drADlH1TDVk
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ မျိုးရင်းအပင်တွေနဲ့ အပြိုင်အဆိုင် ပေါင်းပင်တွေ တိုးလာတဲ့ ပြဿနာနဲ့ကြုံနေရပါတယ်။ ပေါင်းပင်တွေ များလာမှုကြောင့် တိရိစ္ဆာန်တွေရဲ့ ရပ်ဝန်းထိခိုက်တဲ့အပြင် မီးလောင်လွယ်တဲ့ ဘေးရန်ကိုလည်း စိုးရိမ်ရပါတယ်။ Queensland ပြည်နယ် အရှေ့တောင်အရပ်က မြေပိုင်ရှင်တချို့ကတော့ ပေါင်းသတ်ဆေးတွေသုံးမယ့်အစား ဆိတ်တွေကို သုံးပြီး ပေါင်းပင်ရှင်းလင်းနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/drADlH1TDVk
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပေါင်းသတ်ဆေးအစားထိုး ဆိတ်သုံး ပေါင်းပင်ရှင်းလင်းမှု | VOA On Mizzima
သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ မျိုးရင်းအပင်တွေနဲ့ အပြိုင်အဆိုင် ပေါင်းပင်တွေ တိုးလာတဲ့ ပြဿနာနဲ့ကြုံနေရပါတယ်။ ပေါင်းပင်တွေ များလာမှုကြောင့် တိရိစ္ဆာန်တွေရဲ့ ရပ်ဝန်းထိခိုက်တဲ့အပြင် မီးလောင်လွယ်တဲ့ ဘေးရန်ကိုလည်း စိုးရိမ်ရပါတယ်။ Queensland ပြည်နယ် အရှေ့တောင်အရပ်က…
👍6🔥1😁1