မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးသေဆုံး (ရုပ်/သံ)
====================
MTO ။ ။ မကွေးတိုင်း မြိုင်မြို့ အဝင်မှာ ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ရင်း ၂ မှ ဗိုလ်ခရော့စ် က ပြောပါတယ်။
တည်းဖြတ်၊တင်ဆက် -- MTO
https://youtu.be/5WPtyb-oSMk
#မြိုင်
#PDF
#ဂိတ်စခန်း တိုက်ခိုက်ခံရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးသေဆုံး (ရုပ်/သံ)
MTO ။ ။ မကွေးတိုင်း မြိုင်မြို့ အဝင်မှာ ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊…
👍7👏3😁3❤2🔥1
ကလေးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် သေဆုံးပြီး မိသားစုဝင်များဒဏ်ရာရ
================
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည် လက်နက်ကြီးကျည်ထိမှန်ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး မိသားစုဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) အနောက်ဖက်မှ ကလေးမြို့တောင်ပိုင်း အရှေ့စံသာရွာကို ၁၂၀မမ လက်နက်ကြီးဖြင့် ဇွန်လ ၂၁ရက် ည ၉နာရီ ၃၂မိနစ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့ပစ်ခတ်မှုကြောင့် ငါးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး ဦးခေါင်းပွင့်ထွက်ကာ သေဆုံးခဲ့ပြီး ၎င်း၏ မိခင်လည်း ညာဖက် ဒူးအဆစ်မှ ဖြတ်ရကာ အသက် ခုနစ်နှစ်အရွယ် အကိုမှာ ဦးခေါင်းဒဏ်ရာပြင်းထန်ပြီး အသက် ၁၂နှစ်အရွယ် အမဖြစ်သူတွင်လည်း ဒဏ်ရာ ပြင်းထန်ရခဲ့ကြောင်းသိရသည်။
ဒဏ်ရာအပြင်းထန်ရရှိခဲ့သူများကို အရေးပေါ်အခြေအနေဖြင့် ဆေးဝါးကုသခံယူလျက်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
“စစ်ခွေး(စစ်ကောင်စီတပ်) တွေက ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ချိန်ပြီးပစ်နေတယ်လို့ ယူဆတယ် ၊ အဲလိုပစ်လို့ ပြည်သူတွေထိခိုက်သေဆုံးတာတွေများလာရင် ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို မထောက်ခံအောင် လုပ်နေတယ်လို့ထင်တယ်” ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္စျိမ ကို ပြောသည်။
ယခု လက်နက်ကြီးဖြင့်ပစ်ခတ်သော နေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များမရှိဘဲ တမင်သက်သက် အပြစ်မဲ့ပြည်သူများနေထိုင်ရာကို ချိန်ရွယ်၍ ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများနှင့် PDF များအကြားသွေးခွဲရန် လုပ်ဆောင်မှုဖြစ်ကြောင်း ဆိုသည်။
ဇွန်လ ၂၀ရက်နေ့ မနက်ပိုင်းကလည်း ကလေးမြို့တောင်ဖက်ရှိ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အသက် ၂၀နှစ်အရွယ် အမျိုးသား တစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#လက်နက်ကြီး
#ကလေးမြို့နယ်
#ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8🔥3👍1😁1
ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံတွင် ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကို ကုသပေး
👍15❤1🔥1

=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးရုံဖွင့်လှစ်အပြီး တစ်လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးခဲ့နိုင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။
မေလ ၁၂ ရက်နေ့တွင် လိုင်းလွန် (Lailun) ကုတင် (၂၀) ခန့်ဆေးရုံကိုဖွင့်လှစ်ခဲ့ပြီး စတင်ကုသပေးရာ ဇွန်လ ၂၀ ရက်နေ့အထိ ပြည်သူ ၂၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။
“ အခုလောလောဆယ်မှာတော့ (အထွေထွေ) General အနေနဲ့ပဲလုပ်နိုင်သေးတယ်။ OPD နဲ့ အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ် ” ဟု ICA တာဝန်ရှိသူတစ်ဦး က မဇ္စျိမကိုပြောသည်။
အဆိုပါဆေးရုံတွင် အချိန်ပြည့်သူနာပြုနှစ်ဦး၊ အချိန်ပိုင်းသူနာပြုသုံးဦး၊ ဆရာဝန်တစ်ဦးနှင့် သားဖွားဆရာမတစ်ဦး စုစုပေါင်း ရှစ်ဦးဖြင့် ဆေးဝါးကုသပေးလျက် ရှိကြောင်းဆိုသည်။
လိုင်းလွန်ဆေးရုံတွင် ဆရာဝန်စမ်းသပ်ခကိုအခမဲ့ပြုလုပ်ပေးထားပြီး ဆေးဝါးခကိုတန်ဖိုး၏ တစ်ဝက်ကိုသာပေးချေရန်လိုအပ်ကြောင်း ပြောသည်။
ခွဲစိတ်ကုသမှုပြုလုပ်ရန် အဆောက်အအုံလိုအပ်ချက်ရှိနေပြီး ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားများလည်းလိုအပ်နေသေးကြောင်း ICA တာဝန်ရှိသူကဆိုသည်။
ထို့ပြင် ရေရှည်ရပ်တည်နိုင်ရန် ရန်ပုံငွေများလည်းလိုအပ်နိုင်ပြီး လတ်တလောတွင် ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ ရန်ပုံငွေများကို အဓိကအသုံးပြုလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ဆရာဝန်နှင့် ကျန်မာရေးဝန်ထမ်းများသည် စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းတို့အား ထောက်ပံ့ကြေးသဘောမျိုးဖြင့် အနည်းငယ်ကိုသာ အကူအညီပေးနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီမှအာဏာသိမ်းပြီးနောက်ပိုင်း ဖလမ်းမြို့နယ်တစ်နေရာတွင်လည်း စေတနာ့ဆေးခန်း ဖွင့်လှစ်ထားပြီး လူနာဦးေရပေါင်း ၇,၀၀၀ ကျော်ကို ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့်မြို့ပေါ်တွင် ဆေးဝါးကုသခံယူရန် အဆင်မပြေဖြစ်လျက်ရှိသဖြင့် အရေးပေါ်အခြေအနေမျိုးတွင်ကုသမှုခံယူနိုင်ရန် အဖွဲ့ချုပ်အနေဖြင့် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြန်နယ်တွင်လည်း ကျန်ဖိုင်းခရိုင်၊ ဇိုးခွားထားလ်ရွာ၌ လိုင်းလွန် ဆေးခန်းဖွင့်လှစ်ထားပြီး စစ်ရှောင်များကို လစဉ်ရွေ့လျားဆေးခန်း (Mobile Clinic) အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) သည် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများအပြင် ပညာရေး၊ သုတေသနနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#လိုင်းလွန်ဆေးရုံ
#ချင်းရေးရာအဖွဲ့ချုပ်
#ကျန်းမာရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

Facebook
#ချင်းပြည်နယ် – Explore
explore #ချင်းပြည်နယ် at Facebook
👍20🔥2
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဘက်ကမ်း လူနေအိမ်ခြေများအနီး လေးဦးပစ်သတ်ခံရ
https://www.facebook.com/reel/937797213962273
#internationalnews #reels #shorts

🔥2👏1
သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဟု ဒေါက်တာဝင်းမြတ်အေးပြော
=================
001
မဇ္စျိမ။ ။ ပဲခူးတိုင်း၊ တောင်ငူထောင်တွင် အကျဉ်းချခံထားရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ကျန်းမာရေးဆေးစစ်မှုအခြေအနေ " မဆိုး" ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ပြောသည်။
စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထားသော သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်သော ကောလာဟလများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာပြီးနောက် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“သမ္မတကြီး (ကျန်းမာရေး)နဲ့ ပတ်သက်ရင် အဘက်ဘက် စုံစမ်းရသလောက်တော့ သတင်းအမှားဖြစ်တယ်။ သူက အနေအထိုင်ရော အစားအသောက်ရော အဆင်ပြေနေတယ်။ ပြီးခဲ့တဲ့ အပတ်က ကျန်းမာရေးစစ်တာလည်း မဆိုးဘူးလို့ပြောပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ဖမ်းဆီးခံထားရသူ ထိပ်ပိုင်းခေါင်းဆောင်များနှင့်ပတ်သက်သော အမှုအခင်းရေးရာများကို စောင့်ကြည့်နေသူ တရားရုံးနှင့်နီးစပ်သော အသိုင်းအဝိုင်းကလည်း သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအဆင်ပြေသည်ဟု မဇ္ဈိမကိုပြောသည်။ သို့သော် လုံခြုံရေးအရစိုးရိမ်ရသည့်အတွက် အသေးစိတ်ဖြေကြားရန် ငြင်းဆိုကြသည်။
အသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက အဂတိအမှုများအပါအဝင် အမှုပေါင်း ရှစ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့သည်။ ထို့နောက် နေပြည်တော်အတွင်း သီးသန့်ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ ပဲခူးတိုင်း ၊ တောင်ငူတောင်သို့ ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ပြီး ပြောင်းရွှေ့ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
သမ္မတအနေဖြင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းမွန်သည့်အတွက် ဆီးပိုက်တပ်ထားရကြောင်း ယခုဇွန်လအတွင်းက သတင်းများက ရေးသားခဲ့ကြသည်။ စစ်ကောင်စီကတော့ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများအပါအဝင် ထောင်ပေါင်းများစွာကို ဖမ်းဆီးထားခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံသောကြောင့် လက်ရှိအချိန်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ ၉,၂၀၂ ဦး ကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးပါဝင်ကြောင်း NLDပါတီက ဇွန်လ ၁၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#အောင်ဆန်းစုကြည်
#သမ္မတဦးဝင်းမြင့်
#NLD
#တောင်ငူထောင်

👍25❤6🤮1
ပေါင်မြို့တွင် သံဃာကိုသတ်ပြီး အိမ်သာကျင်းထဲအလောင်းစွန့်ပစ်သူ ၃ ဦးကိုဖမ်းမိ
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်ရှိ ဓာတ်တိုင်ဘုန်းကြီးကျောင်း (တောင်ပေါ်ကျောင်း) တွင် သံဃာတော်တစ်ပါးအား ဓားဖြင့်ခုတ်သတ်ကာ အိမ်သာကျင်းထဲ အလောင်းစွန့်ပစ်ခဲ့သည်ဟု ယူဆရသူသုံးဦးကို ဖမ်းမိခဲ့ကြောင်း ဒေသခံများကပြောသည်။
“ ဘုန်းကြီးကျောင်းထဲက အိမ်သာကျင်းထဲမှာပဲ အလောင်းကိုတွေ့တာ။ သူတို့ သတ်ပြီး အိမ်သာကျင်းထဲ ပစ်ချခဲ့တဲ့ပုံပဲ။ လည်ပင်းမှာ ဓားခုတ်ရာတွေ့တယ်။ တော်တော်များတယ်။ မပြတ် တပြတ်ပဲ။ ပုံစံကြည့်ရတာ အသတ်ခံရတာ နှစ်ရက်လောက်တော့ရှိပြီ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆရာတော်ပျောက်ဆုံးနေသည်မှာ နှစ်ရက်ခန့်ရှိနေသဖြင့် ဒေသခံများမှ ရဲသို့တိုင်ကြားခဲ့ပြီးနောက် ပစ်မှုကျူးလွန်သူဟုယူဆရသူ လေးဦးအနက် သုံးဦးကို မိုးနိုင်းရပ်ကွက်၊ ကရင်စု ပိုင်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၂၂ ရက်၊ နံနက် ၉ နာရီဝန်းကျင်၌ ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများသည် ၎င်းတို့သတ်ဖြတ်ခဲ့သည့်ဆရာတော်အား မြှုပ်နှံထားသည့်နေရာကိုလိုက်ပြခိုင်းရာ အိမ်သာကျင်းထဲ ပစ်ချထားခဲ့ကြောင်းပြောသဖြင့် ရှာဖွေရာမှ အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။
“ ဒီနေ့မနက်မှာမှ မိတာ။ ထောင်ထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြတဲ့လူတွေပဲ။ ဖမ်းမိပြီးမှ အလောင်းဘယ်နားဖွက်ထားလဲ ရိုက်နှက်မေးတော့ အိမ်သာကျင်းထဲမှာဆိုပြီးပြတာ။ အဲ့တော့မှ အလောင်းတွေ့တယ်” ဟု ဒေသခံကပြောသည်။
ဖမ်းဆီးရမိသူများမှာ ငမျောက်(ခ) ရဲထွန်းလင်း၊ အနှေး(ခ) ဇော်လင်းနှင့် ဘိုဘို(ခ) မင်းသူဖြိုး တို့ဖြစ်ပြီး သိန်းဇော်ဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်ရာ ဖမ်းမိထားသည့်တရားခံများကို ပေါင်မြို့ရဲစခန်းသို့ခေါ်ဆောင်ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထိုသူများသည် ပစ္စည်းခိုးယူခြင်း၊ အရက်မူးကာ လူများအားရိုက်နှက်ခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး ရပ်ကွက်အတွင်းတွင် နာမည်ဆိုးနှင့် ကျော်ကြားကြသူများဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။
“သူတို့က အဲ့ဒီတောင်ပေါ်ကို ခဏခဏသွားပြီး အရက်သွားသောက်ကြတာရှိတယ်။ မူးရူးရန်ဖြစ်ပြီး ဘုန်းကြီးကို သတ်သွားတာထင်တယ်။ ဘာကြောင့်သတ်သွားလဲတော့ သေချာတော့ မပြောတတ်ဘူးပေါ့နော့် ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဆရာတော်အား မည်သို့သောအကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပျံလွန်တော်မူခဲ့သည့် ဘုန်းတော်ကြီးသည် သက်တော် ၆၂နှစ်ရှိပြီး ယခင်က မိုးနိုင်းရပ်ကွက်၊ နယ်ခြားမြိုင်ကျောင်းတွင် သီတင်းသုံးနေထိုင်ရာမှ ယခု ဓာတ်တော်ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည်မှာ တစ်နှစ်ကျော်ခန့်သာရှိသေးကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပျံလွန်တော်မူ
#ဓါတ်တော်ဘုန်းကြီးကျောင်း
#သီတင်းသုံး
#ပေါင်မြို့
ဓါတ်ပုံ-Paung Daily

Log in or sign up to view
See posts, photos and more on Facebook.
👍11🤬4🔥1
နယ်မြေ မငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်
====================
ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နယ်မြေမငြိမ်သက်မှုကြားက ဇွန်လ ၂၂ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းမှစ၍ ဒေသအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာနေသဖြင့် ပြည်သူများ တိမ်းရှောင်နေရသည့်အခြေအနေများအောက်မှ ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ ဆိုသည့် စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေးရက်ပေါင်း ၈၂၄ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လူထုသပိတ်စစ်ကြောင်း
#ယင်းမာပင်
#ဆားလင်းကြီးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို နယ်မြေမငြိမ်သက်မှုကြားက ဇွန်လ ၂၂ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်းမှစ၍ ဒေသအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာနေသဖြင့် ပြည်သူများ တိမ်းရှောင်နေရသည့်အခြေအနေများအောက်မှ ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ ဆိုသည့် စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေးရက်ပေါင်း ၈၂၄ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လူထုသပိတ်စစ်ကြောင်း
#ယင်းမာပင်
#ဆားလင်းကြီးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍5😁2
ဇွန်လ ၂၂ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:02-NLD က ထုတ်ပယ်ထားတဲ့ ဒီပဲယင်းလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီးထားတဲ့သတင်း
02:30-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း
03:48-စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့သတင်း
07:34-ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံမှာ ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးနိုင်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/lg0S1NSLJ8M
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
01:02-NLD က ထုတ်ပယ်ထားတဲ့ ဒီပဲယင်းလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီးထားတဲ့သတင်း
02:30-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း
03:48-စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့သတင်း
07:34-ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံမှာ ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးနိုင်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/lg0S1NSLJ8M
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ ၂၂ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-NLD က ထုတ်ပယ်ထားတဲ့ ဒီပဲယင်းလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီးထားတဲ့သတင်း
02:30-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း
03:48-စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို…

👍13😁1🍌1