Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သစ်တောပြုန်းတီးမှုနဲ့ ကပ်ရောဂါဖြစ်ပွားမှု ဆက်စပ်ပုံ | VOA On Mizzima
=====================

ဘရာဇီးနိုင်ငံကို အနာဂတ်မှာ ကပ်ရောဂါ ဖြစ်ဖို့ အလားအလာ ရှိတဲ့ နေရာတခု အဖြစ် သိပ္ပံပညာရှင်တွေက မြင်ကြတာပါ။ လူကို ကူးစက်နိုင်တဲ့ လင်းနို့ကနေ ပေါက်ဖွားလာတဲ့ ရောဂါပိုးတွေအတွက် အမေဇုန် မိုးသစ်တောရဲ့ သစ်တောတွေ လျင်လျင်မြန်မြန် ပြုန်းတီးလာတာက မြေနေရာကောင်း မြေ ဧရိယာ စတုရန်းကီလိုမီတာ ၁.၅ သန်း ဖြစ်လာပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။

https://youtu.be/I4yuzOugdHc

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
​​ဘရာဇီးလ်အိမ်ခြံမြေမှာ စီမံကိန်းတစ်ခုနဲ့ပတ်သက်လို့ ဒဏ်ငွေဒေါ်လာ ၁ သန်းခန့် ချမှတ်ခံရနိုင်ဖွယ်နဲ့ ရင်ဆိုင်နေရတဲ့ နေမာ
====================

ရီယိုဒီဂျနေရိုပြည်နယ်ရှိ ဘရာဇီးလ်ဘောလုံးကြယ်ပွင့် နေမာရဲ့ အိမ်ကြီးမှာ “အဓိကဆောက်လုပ်ရေး” ပရောဂျက်တစ်ခုဟာ "သဘာဝပတ်ဝန်းကျင်ချိုးဖောက်မှုများ"အတွက် ကြာသပတေးနေ့က ရပ်ဆိုင်းလိုက်ပြီး အဲဒီချိုးဖောက်မှုတွေကြောင့် ဒဏ်ငွေဒေါ်လာ ၁ သန်းခန့် ချမှတ်ခံရနိုင်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရီယိုဒီဂျနရိုကနေ ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ခန့်ဝေးတဲ့ Mangaratiba ရှိ ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားရဲ့ ဇိမ်ခံအိမ်ခြံမြေမှာ "သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်ခွင့်ပြုချက်မရှိဘဲ" စီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေလမ်းလွှဲခြင်းနဲ့ မြစ်ဆီက ရေကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း အပါအဝင် "သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုအမျိုးမျိုး"ကို တွေ့ရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ တိုင်တန်းမှုတွေကတဆင့် အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။
👍6🔥2
ကနေဒါတောမီးကြောင့် လေထုညစ်ညမ်းမှု ဆိုးရွားခဲ့ | VOA On Mizzima
=====================

ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန် နိုင်ငံဘက်ခြမ်းမှာလည်း နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကာရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်နဲ့ အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာ လေထုအရည်အသွေးသတိပေးချက်ကို  နောက်ထပ်တစ်ရက် ထပ်တိုးကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။ ဒီလို တောမီး မြူခိုးငွေ့ တွေ ကြုံတွေရတဲ့ အခြေအနေ အကြောင်း အမေရိကန်နဲ့ ကနေဒါ နိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာ အသိုင်းအဝန်းရဲ့ အတွေ့အကြုံ တချို့ကို ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပေးထားပါတယ်။

https://youtu.be/UK82Ex_chEE
     
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1👏1😢1
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် သေနတ်ဖြင့် ပစ်သတ်ခံရ
👍8🔥2👏1
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် သေနတ်ဖြင့် ပစ်သတ်ခံရ
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင် တစ်ဦးဖြစ်သည့် ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်) အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇွန်လ၂၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်)အား ကျိုက်ထိုမြို့နယ် ၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိတောရကျောင်း မုဒ်ဝအရှေ့တွင် KRF တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျိုက်ပိမှာ အပစ်ခံရတာဖြစ်တယ်။ သူက မြို့နယ်ကောင်စီရုံး အဖွဲ့ဝင်ထဲမှာပါတယ်။ သူ့ကြောင့် တော်လှန်ရေးရဲဘော်တွေ တော်တော်များများ ဖမ်းဆီးခံရလို့ မြေပြင် UG တွေက သူ့ကို သုတ်သင်ရှင်းလင်းတယ်လို့ သိရပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးရဲနိုင်အောင် (သင်္ချာရဲနိုင်)သည် သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခံခဲ့ရမှုကြောင့် လည်ပင်း၊ ရင်ဘတ်၊ ဗိုက်၊ နားထင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
သင်္ချာရဲနိုင်သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမ္မလပိုင်းတွင် နေထိုင်ပြီး အာဏာသိမ်းပြီးချိန်မှစ၍ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးအဖြစ် ပါဝင်လာသူဖြစ်ကြောင်း သိရသည်။

"သူက စစ်တပ်အမာခံ၊ ကျူရှင်ဆရာလည်းဖြစ်တယ်၊ ဘော်ဒါဆောင်လည်းဖွင့်တယ်။ နဂိုကတည်းက မြို့ထဲမှာ နှံ့စပ်တော့ သပိတ်ကာလကနေစလို့ သူ့ကြောင့်နဲ့ အဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ မြို့ထဲမှာနေတဲ့ ထောက်ပို့တွေ မနည်းဘူး" ဟု ကျိုက်ထိုမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းသည် မြို့နယ်အတွင်းရှိ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်သူများအား ဖမ်းဆီးခြင်း၊ နေအိမ်ချိတ်ပိတ်ခြင်းတို့ကို ဦးဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ သမ္မလပိုင်းတွင် နေထိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သည့် ဦးခင်လတ်အား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး


#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)
#ပစ်ခတ်မှု။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🔥2❤1
ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥2👏1
စစ်ဘေးရှောင်များအား ကူညီနေသည့် S&C အဖွဲ့ဝင် ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးခံရ
🤬9❤1🔥1😁1
စစ်ဘေးရှောင်များအား ကူညီနေသည့် S&C အဖွဲ့ဝင် ယင်းမာပင်မြို့နယ်တွင် ဖမ်းဆီးခံရ
======================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ဘေးရှောင်များအတွက် သောက်ရေ၊ သုံးရေရရှိရေး ကူညီနေသည့် အဖွဲ့ဝင်တစ်ဦးအား ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"ယင်းမာပင်ဘက်မှာ ဖမ်းခံလိုက်ရတာပါ။ အဆက်အသွယ်တော့မရသေးဘူး၊ ဘယ်မှာဖမ်းထားတယ်ဆိုတာလဲ မသိသေးဘူ" ဟု ၎င်းက ပြောသည်။

S&C အဖွဲ့ဝင်တစ်ဦးသည် ယင်းမာပင်မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများအတွက် ရေတွင်းတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် မြေပြင်ဖြစ်စဉ်များ မှတ်တမ်းတင်နိုင်ရန် သွားရောက်စဉ် လမ်းခရီး တစ်နေရာ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

S&C အဖွဲ့သည် ရွှေဘို၊ ဒီပဲယင်း၊ ယင်းမာပင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်များအတွက် နေအိမ်၊ စာသင်ကျောင်းများတည်ဆောက်ခြင်း အခမဲ့ဆေးပေးခန်းများအားဖွင့်လှစ်ကာ ကူညီလှူဒါန်းနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

စစ်ဘေးသင့်ပြည်သူများအတွက် ခုနစ်တွင်းမြောက် စက်ရေတွင်းကို ဆက်လက်တူးဖော်နေပြီး ကူညီလှူဒါန်းမှုတွေ ဆက်လုပ်သွားမည်ဖြစ်ကြောင်း S&C အဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima
#စစ်ဘေးသင့်
#S&C
#ပြည်သူများ
#ယင်းမာပင်မြို့နယ်
#ကူညီလှူဒါန်းမှု
Photo - S&C အဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬6❤2😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားကို လျော်ကြေးတောင်းဖို ကိယက်ဗ်မဟာမိတ်တွေ ကတိပြုခဲ့ကြ

https://www.facebook.com/reel/966427057897317

#Internationalnews #Mizzima #Ukraine #Russia #Reels #shorts
👍8😁1🥱1
ဇွန်လ (၂၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:02 - မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆိုတဲ့သတင်း

03:51 - ကော့ကရိတ်မြို့ စစ်ကောင်စီတပ်စခန်းကုန်း အတိုက်ခံရပြီး ၈ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရတဲ့ သတင်း

05:07 - အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြောတဲ့သတင်း

08:02 - ယူကရိန်းကိုကျုးကျော်မှုအတွက် ရုရှားကိုလျော်ကြေးတောင်းဖို့ ကိယက်ဗ်မဟာမိတ်တွေ ကတိပြုခဲ့ကြတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/6fo6PhzT7g0

#12pmnews
#Mizzimanewshour
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🍌1
မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို
=====================

မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့ လုပ်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM PLUS စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

ဆန့်ကျင်မှုများရှိနေပေမယ့်လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ ဆက်စပ်အစီအစဉ်တွေ ဖြစ်တဲ့ မြန်မာစစ်အုပ်စုနဲ့ ရုရှားအစိုးရတို့ ပူးတွဲဦးဆောင်မယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM PLUS အလုပ်ရုံဆွေးနွေးပွဲကို မကြာမီ လပိုင်းအတွင်း ကျင်းပမယ်လို့ သိရပါတယ်။

ရုရှားမှာ ပြုလုပ်မယ့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် စစ်သည်များ ချထားကာ တန်ပြန်တိုက်ခိုက်တဲ့ဟန် လေ့ကျင့်မှာဖြစ်ပြီး လေ့ကျင့်ခန်းနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း စစ်ကောင်စီက ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ လက်ခံကျင်းပဖို့ရှိနေပါတယ်။

https://youtu.be/__ccdoa8nKg

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🤣4❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 23 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
❤6👍1😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်သတင်းထောက်ကို ဆက်လက်ချုပ်နှောင်ထားဖို့ ရုရှားတရားရုံးအမိန့်ထုတ်

https://www.facebook.com/reel/644974100842899

#International #MizzimaTV #Reels #shorts
❤3🤬3😢3👏1