Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို

Watch more detail -
https://youtu.be/__ccdoa8nKg

#မြန်မာစစ်အုပ်စု #ရုရှား #အကြမ်းဖက်မှုတိုက်ဖျက်ရေး #VideoNews #shorts #reels
👍10😁4💩1
​​လူအစုလိုက် သင်္ချိုင်းမြေပုံ တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားစွဲ
======================

ထိုင်းနိုင်ငံနှင့် မလေးရှားနယ်စပ်တွင် ၂၀၁၅ ခုနှစ်က လူအစုလိုက် သင်္ချိုင်းမြေပုံနှင့် သံသယဖြစ်ဖွယ် လူမှောင်ခိုကုန်ကူးသည့်စခန်းများ တွေ့ရှိခြင်းနှင့် ပတ်သက်ကာ မလေးရှားတရားရုံးတစ်ရုံး၌ ထိုင်းနိုင်ငံသား လေးဦးကို သောကြာနေ့တွင် တရားစွဲဆိုမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1🥰1😁1
​​အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ် သီးမစ်လွင်ပြင် မကျော်နိုင်
===================

ပါခွီး
(မဇ္စျိမ)။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်မှ ထန်တလန်မြို့သို့ စစ်အင်အား ဖြည့်တင်းရန် စစ်ကြောင်းထိုးရန်လာရောက်သည့် စစ်ကောင်စီတပ်သည် ဟားခါးမြို့နယ်အတွင်းရှိ သီးမစ်လွင်ပြင်ကို မဖြတ်ကျော်ဘဲရှိနေကြောင်း ချင်းအမျိုးသားတပ်မတော်ထံမှ သိရသည်။

ထန်တလန်မြို့တွင် အင်အားဖြည့်တင်းပြီး ချင်းအမျိုးသားတပ်မတော် (CNA)ဌာနချုပ်ကို တိုက်ခိုက်ရန်အတွက် သွားရောက်မည့် စစ်ကောင်စီတပ်သည် မေလနောက်ဆုံးအပတ်မှစတင်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လမ်းကြောင်းရှင်းကာ မေလ ၂၆ရက်နေ့၌ စစ်ကြောင်းနှစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်နေသဖြင့် ရှေ့မတိုးနိုင်ဖြစ်နေကြောင်း ဆိုသည်။

“အခု ရာသီဥတုကဆိုးတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ် ၊ သူတို့ဖက်ကလှုပ်ရှားမှု မရှိဘူး ၊ ကျနော်တို့ဖက်ကတော့ ချောင်းမြောင်းပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးချတာမျိုးနဲ့ တိုက်ခိုက်နေတာရှိတယ်” ဟု CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကို ပြောသည်။

မိုးရာသီဖြစ်သည့်အားလျော်စွာ မိုးများပြီးတိမ်ထူထပ်ကာ မှိုင်းများတိုက်နေသဖြင့် မြင်ကွင်းမရှင်းဘဲ ဖြစ်နေသော ရာသီဥတုအောက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲခြင်း လက်ဖြောင့်တပ်သားများမှ ချောင်းမြောင်းပစ်ခတ်ခြင်းများ ကြိုးကြားပြုလုပ်လျက်ရှိနေကြောင်းဆိုသည်။

စစ်ကောင်စီတပ်သည် ချင်းတပ်ဖွဲ့များ ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် မြေပြင် အင်အားမဖြည့်တင်းနိုင်သောလည်း ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များကို ချေမှုန်းပြီး CNA ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ရေးရည်ရွယ်ချက်ရှိကြောင်း ဆလိုင်းထက်နီက သုံးသပ်ပြောဆိုသည်။

အဆိုပါ သီးမစ်အထက်နှင့်အောက်ပိုင်းသို့ အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့် ဒေသခံချင်း ကာကွယ်ရေးတပ်ဖွဲ့များမှ လုံခါရ်တောင်ကို အစွဲပြုပြီး “လုံခါရ်” စစ်ဆင်ရေး ဟု အမည်ပေးကာ ခုခံကာကွယ်နေခြင်း ဖြစ်သည်။

မေလ ၂၆ရက်မှ စတင်ခဲ့သော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရခဲ့ကြောင်း ချင်းတပ်ဖွဲ့ ထံမှ သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ဗုံးချခြင်း ၊ ဟားခါးမြို့မှ လက်ကြီးများဖြင့် ပစ်ကူပေးခြင်းများပြုလုပ်ခဲ့သောကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့ဝင် ၁၇ ဦးကျဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။

ယခုကဲ့သို့ ရာသီဥတုဆိုးရွားပြီး တိုက်ပွဲအပြင်းအထန်မဖြစ်ပွားသော်လည်း ချင်းတပ်ဖွဲ့များက ဟားခါးမြို့တွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် လက်နက်ကြီးထားရာနေရာသို့ ဝင်ရောက်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြီး မြို့တွင်းတွင် လုံခြုံရေး တင်းကျပ်နေရာ စစ်ဆေးရေးများပြုလုပ်နေကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

မတ်လ ၉ ရက်နေ့တွင် ကလေးမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်ဖွဲ့များမှ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၃ရက်နေ့တွင် စစ်ကြောင်းပါ ယာဉ်တန်းအားလုံးကို ဖျက်ဆီးလိုက်နိုင်ခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှသိရသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း နည်းမျိုးစုံဖြင့်အင်းအားဖြည့်တင်းရန် ကြိုးစားနေပြီး ၎င်းတို့တပ်ဖွဲ့ဝင်များကို အရပ်သားအသွင်ယူ၍ အရပ်သားယာဉ်လိုင်းများကို အသုံးပြုကာ စစ်အင်းအားဖြည့်တင်းနေကြောင်း ချင်းအမျိုးသားတပ်ဦးက သတိပေးထားသည်။

ယင်းသို့ အရပ်သားအသွင်ယူ၍ အင်အားဖြည့်တင်းလာမှုအပေါ် ကာကွယ်တားဆီးနိုင်ရန် ဒေသခံချင်းလူမျိုးမှအပ ပြင်ပလူများ ချင်းပြည်အတွင်းဝင်ရောက်သွားလာရန်အတွက် သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဟားခါးမြို့နယ်
#ထန်တလန်မြို့
#CNA
#လုံခါရ်တောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤1🔥1😁1
ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေများ စုဖွဲ့လေ့ကျင်မှု ပြုလုပ်
🥰10❤7👍4🔥1😁1
ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေများ စုဖွဲ့လေ့ကျင်မှု ပြုလုပ်
=====================

(မဇ္စျိမ) ။ ။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ၊ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေများ၏ စုဖွဲ့လေ့ကျင့်မှုပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံများကို ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းစစ်ဒေသအတွက် ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း (၅၁၀၁) ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
"တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်" ဆိုသည့်အတိုင်း တပ်ရင်း (၅၁၀၁) မှ ရဲဘော်များအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ပြည်သူများအား အသိပေးထားသည်။

“ ကျွန်တော်တို့ ရန်ကုန်တိုင်းရဲ့ ပထမဆုံး တပ်ရင်း (၅၁၀၁) ကတော့ လိုအပ်လို့ရှိရင် ထု (ဒု) နဲ့ တိုက်နိုင်ဖို့ လောလောဆယ်မှာ ရန်ကုန်မြို့ကို အပြင်စည်းကနေပြီးတော့ ဖိအားပေးနိင်ဖို့ ရည်ရွယ်ပြီးတော့ တပ်ရင်းတစ်ခု ဆောက်နေတာ ဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ နှင့် ပတ်သက်ပြီး NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က မြန်မာနောင်းသတင်းဌာနကို ပြောကြားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တပ်ရင်း (၅၁၀၁)
# အမျိုးသမီးရဲမေများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤11🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်ကိုနေတိုးအဖွဲ့ဝင်ဖြစ်လာရေး လမ်းဖွင့်ပေးဖို့ အာဒိုဂန်ကို အိုလက်ဖ်ရှောတိုက်တွန်း

https://www.facebook.com/reel/623730303063245

#International #MizzimaTV #Reels #shorts
👍5😁2
အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြော
==========================

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိထားတဲ့ Mover Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ရတ် (Pita Limjaroenrat)က အာဆီယံဦးဆောင်တဲ့ မြန်မာပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်အပေါ် အခိုင်မာအားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံပါဝင်တဲ့ ကြိုးပမ်းမှုများကို ချမှတ်ရေး၊ အဖြေရှာရေးတို့အတွက် ဝန်ကြီးချုပ်ရုံးမှာ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားမယ်လို့လည်း ပီတာက ကတိပြုပါတယ်။
ပရာယွတ် အစိုးရဟာ မြန်မာပဋိပက္ခ ဖြေရှင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ဇွန်လ ၁၉ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့ပြီးနောက် ဝေဖန်မှု တချို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
ယင်းအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားခဲ့ပေမယ့်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီး ရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံသုံးခုက သပိတ်မှောက်ခဲ့ကြပါတယ်။

မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို အာဆီယံမူဘောင်အပြင် ဘက်မှ ကျင်းခြင်းဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံရေးအခြေနေများကို ဖြေရှင်းပေး နိုင်ရန် ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲရဲ့ ကြိုးပမ်းမှုများကို အထောက်အကူ ပြုရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းကပြောပါတယ်။

https://youtu.be/DfSSodJQwmI

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11👏2😁2👍1
​​မတ္တရာတွင် သွေးသောက်အဖွဲ့၀င်အား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြနန္ဒာ စစ်ဆင်ရေးသတင်းထုတ်ပြန်
===================

007
မဇ္စျိမ။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ ရှားစေးချက်ကြီးကျေးရွာတွင် ယမန်နေ့ ဇွန်လ ၂၂ ရက်က သွေးသောက်အဖွဲ့၀င်တစ်ဦးအား ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ဇွန်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ၀န်းကျင်တွင် ၎င်းအား ကြံ့ခိုင်ရေးပါတီ၀င်ကတ်ပြားနှင့်တကွ စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီအရေးယူရန် ဖမ်းဆီးခေါ်ဆောင်လာစဉ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ အထောက်အထားတွေနဲ့တကွ စစ်ဆေးတွေ့ရလို့ လုပ်ထုံလုပ်နည်းတွေနဲ့အညီ ဖမ်းဆီးခဲ့တယ်။ စခန်းကိုခေါ်လာတုန်း လမ်းမှာ ပြန်ခုခံ တယ်။ အဲဒါနဲ့ပဲ ရဲဘော်တွေက ရှင်းလင်းပစ်ခဲ့ရတယ်။ အလောင်းကိုတော့ လမ်းမှာပဲထားခဲ့လိုက်တယ် “ ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)တာ၀န်ရှိသူတစ်ဦးက ပြောသည်။

မသင်္ကာဖွယ်ရာလူတစ်ဦး ထိုကျေးရွာတွင် ရောက်ရှိနေကိုသိရှိရ၍ Never Give Up Fighter Force ရဲဘော်များက သွားရောက်စစ်ဆေးရာ ဆရာဦးပိုင်(ခ)ဦးပိုင် ဆိုသူဖြစ်ပြီး ၎င်းတွင် သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ ကတ်ပြား တစ်ခု ၊ ကြံ့ခိုင်ရေးပါတီဝင်ကတ်ပြား တစ်ခု၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါရင်ထိုး တစ်ခု၊ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကိုင်ဆောင်သော စကားပြောစက်(ဝေါ်ကီတော်ကီ) တစ်လုံးနှင့် မိုဘိုင်းဖုန်း နှစ်လုံးတို့ကို တွေ့ရှိရကြောင်း သိရသည်။

“ မနှစ်ကလည်း ဇူလိုင်လကြီးထဲမှာ ပျူသင်တန်းပေး ဆရာအောင်မင်းထွန်း အသတ်ခံရတယ်။ သူက ပုသိမ်ကြီး ခမရ (၁၁၆ ) က တပ်ကြပ်ကြီး။ ရွာသားဟန်ဆောင်ပြီး တစ်ရွာ၀င်တစ်ရွာထွက်လှည့်နေရင်း ခတက်ချဉ်ရွာနားမှာ သေနတ်နဲ့ပစ်သတ်ခံရတယ် “ ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာသော အနီရောင်သွေးသောက်အဖွဲ့သည် မတ္တရာမြို့နယ်အတွင်း ခြေကုပ်ယူကာ ဒေသခံပုံစံ ဟန်ဆောင်၍ စစ်သင်တန်းပေးခြင်း၊ NLD ပါတီ၀င်များနှင့် ပါတီထောက်ခံသူများအား သတ်ဖြတ်အလောင်းစွန့်ပစ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြနန္ဒာ စစ်ဆင်ရေး
#သွေးသောက်အဖွဲ့၀င်
#မတ္တရာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤6🔥2😁1
​​ထီးလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူရှိဟုဆို
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးမြို့တော်ခန်းမမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် အသင့်ထောင်ထားသော မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူများရှိဟု ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇) Yaw Revolution Army (ထီးလင်း)မှ သတင်းထုတ်ပြန်သည်။

အင်အား ၁၀၀ ကျော်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွှေထီးခန်းမမှထွက်လာပြီး သရခါကျေးရွာ၏ အရှေ့တောင်ဘက်ရှိ ဂျီချောင်းအနီးတွင် YRA ထီးလင်းအဖွဲ့မှ အသင့်ထောင်ထားသော တိုက်မိုင်းကို နင်းမိ၍ မိုင်း သုံးကြိမ်ဆက်တိုက် ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းဖော်ပြသည်။

“အဓိက က သူတို့က ဒီလမ်းကြောင်းထဲကို မိုင်းရှင်းမယ်၊ နယ်မြေရှင်းလင်းမယ်ဆိုပြီးတော့ အဲဒီရည်ရွယ်ချက်နဲ့ သွားတာပေါ့နော်၊ ကျွန်တော်တို့ထောင်ထားတဲ့မိုင်းကို သူတို့ဘာသူတို့ တိုက်မိပီးတော့ ပေါက်ကွဲသွားတာပါဗျ၊ အဲ့မှာ သူတို့က ရှေ့ကိုမတိုးဘဲနဲ့ သရခါကျေးရွာ ပြန်ဆုတ်တယ်၊ ပြန်ဆုတ်တဲ့အခါမှာ အထမ်းတွေပါလာတာ တွေ့ရတယ်။ သရခါကျေးရွာကိုသွားတဲ့အခါ ဒီထီးလင်းမြို့နယ်က ဖောကားတစ်စီးကို ခေါ်ပြီးတော့ရောက်လာတယ်၊ ဒဏ်ရာရတဲ့သူတွေရယ် အလောင်းတွေရယ် ကားပေါ်တင်ပြီးတော့ ထီးလင်းဘက်ကိုပို့နေတာကို ကျတော်တို့ မျက်မြင်တွေ့ရတယ်။ ငါးဦးသေဆုံးတယ်ဆိုတာကျတော့ ကျွန်တော်တို့ ပြန်ပြီးတော့ စုံစမ်းလိုက်တဲ့အခါမှာ ထပ်ပြီးတော့ရတဲ့ သတင်းပါဗျ။ “ ဟု Yaw Revolution Army ခေါင်းဆောင် သခင်ဇော် က မဇ္စျိမကို ပြောသည်။

မိုင်းပေါက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများအား သရခါကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ၎င်းထံမှ သိရသည်။

အဆိုပါမိုင်းများသည် သမရိုးကျပုံစံမဟုတ်ဘဲ ရန်သူ၏အားနည်းချက်ကိုအသုံးချကာ စနစ်တကျ ထောင်ထားခြင်းဖြစ်ကြောင်းလည်း သခင်ဇော်က အခုလိုဆက်လက်ရှင်းပြသည်။
“တကယ်က အဲမိုင်းကကျတော့ ကျတော်တို့ ပုံမှန် သမရိုးကျပုံစံ မဟုတ်ဘူး။ သူတို့လုပ်လေ့လုပ်ထရှိတာက မိုင်းတွေ့ရင် ဖျက်ဆီးမယ်၊ မိုင်းတွေ့ရင် ဖြုတ်မယ်ဆိုတာ သူတို့လုပ်နေကြပါ။ သူတို့ရဲ့ အားနည်းချက်ကိုယူပြီးကျတော်တို့က ဒီမိုင်းကို ဖြုတ်လို့ရှိရင်လည်း ပေါက်ကွဲအောင် တကယ်လို့ ဖျက်ဆီးမယ်ဆိုရင်လည်း ပေါက်ကွဲမယ်၊ တိုက်မိရင်လည်းပေါက်ကွဲမယ် အဲလိုမျိုးဖြစ်အောင် ထောင်ထားတာပါဗျ။” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများ မိုင်းထိခိုက်ပြီး ဒဏ်ရာရသေဆုံးမှုနှင့် ပတ်သက်၍ မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထီးလင်းမြို့နယ်ရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များက နယ်မြေရှင်းလင်းရေးအကြောင်းပြကာ စစ်ကြောင်းထိုးလာစဥ် အဖမ်းအဆီးမခံရအောင် သတိထားရှောင်ကြဥ်ကြရန် အသိပေးလိုကြောင်းလည်း YRA ခေါင်းဆောင်က ပြောသည်။

ဇွန်လ ၁၅ ရက်တွင်လည်း ထီးလင်းမြို့နယ် အုန်းတွဲရွာဘုရားကုန်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့် Yaw Revolution Army (ထီးလင်း)တို့အကြား ထိတွေ့တိုက်ပွဲတွင် Yaw Revolution Army (ထီးလင်း)မှ အသက် ၁၈ နှစ်အရွယ် တပ်သားဝင်းကိုနိုင် နှင့် အသက် ၂၁ နှစ်အရွယ် တပ်စုမှူးဝေယံလင်း တို့ ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ထီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်း
#ရွှေထီးခန်းမ
ဓာတ်ပုံ- YRA (ထီးလင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2😁1🤣1