Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်‌မြောက်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
=====================

မဇ္စျိမ။ ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ယနေ့ ဇွန်လ ၂၆ ရက်တွင် ပြုလုပ်ကြသည်။

“မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့် ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးပြီး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဝက်လက် မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#ဆလိုင်းတင်မောင်ဦး
#ချီတက်ဆန္ဒပြ
❤15👍7😁1🤮1
ခင်ဦးမြို့နယ် မြစ်တော်ကျေးရွာအထွက်၌ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး
======================

လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြစ်တော်ကျေးရွာအထွက်၌ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ခန့်က အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း MRDA စေတန်တပ်ခွဲက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် တဦးကျဆုံးခဲ့ကြောင်း MRDA စေတန်တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ စစ်ကောင်စီ စစ်ကြောင်းကို နှစ်ဖွဲ့ခွဲပြီး ညှပ်တိုက်ခဲ့တာ ဖြစ်ပါတယ်၊ လက်နက်ငယ်၊ လက်နက်ကြီး အစုံ သုံးပြီး တိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးကို ထမ်းစင်နဲ့ခေါ်သွား တာတွေ့ရတယ်၊ ကျနော်တို့ ဒေသကာကွယ်ရေးရဲဘော်တဦးကျဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်” ဟု MRDA စေတန်တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ စက်လက်များဖြင့် ပစ်ခတ် ကာ တက်လာခြင်းကြောင့် ဒဏ်ရာရရဲဘော်များကိုသယ်ယူကာ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဆို သည်။

“အဲဒီမှာ ကျန်နေခဲ့တဲ့ ကျနော်တို့ ဆိုင်ကယ်လေးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်”ဟု MRDA စေတန်တပ်ခွဲ က ပြောသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲမှ ဦးဆောင်ပြီး Royal Tiger ၊ Guerilla Force နှင့်အတူ ဒေသခံ Local PDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့နယ်သို့ ရောက်ရှိနေပြီး ကံသာ၊ ကံသစ်၊ မြစ်တော်၊ တဲစု၊ သရက်ကုန်းစသည့် ကျေးရွာများမှာ စစ်ရှောင်နေရကာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်မှုများလည်းရှိကြောင်း သိရသည်။

https://youtu.be/vzhi4lHBHak

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကောင်စီတပ်စစ်ကြောင်း
#မြစ်တော်ကျေးရွာ
#ခင်ဦး
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16🤣4😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 26 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍10😁1🍌1
Business Round Up (26 June 2023)
================

- နယ်မြေမတည်ငြိမ်မှုနှင့် ကုန်ကျစရိတ် မြင့်တက်နေမှုတို့ကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေ

- ရွှေနှင့်ဒေါ်လာဈေးထိန်းချုပ်ရန် ပြည်ပငွေလွှဲလုပ်ကိုင်သူ ၅၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးထား

- မုန်တိုင်းသင့်မြန်မာအတွက် သြစတြေးလျက ဒေါ်လာ ၁၀ ဒသမ ၅ သန်း ပံ့ပိုးကူညီ

- ဘင်္ဂလားဒေ့ရှ်က နီပေါမှ လျှပ်စစ်ဓာတ်အားကို အန္ဒိယမှတစ်ဆင့် တင်သွင်းမည်

https://youtu.be/THlxqjXjS78
 
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥2😁1
ဇွန်လ (၂၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:03 - ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်နက်ကြီးကုန်းနဲ့ တပ်ရင်းတွေတိုက်ခိုက်ခံရကာ ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရတဲ့ သတင်း

02:05 - အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမယ့် သတင်း

05:54 - မုံရွာမြို့ ကညန ရုံး ဗုံးချတိုက်ခိုက်ခံရတဲ့သတင်းနဲ့

08:30 - အစ္စရေးဝန်ကြီးချုပ်က ပြုပြင်ပြောင်းလဲမှုတွေကို မလျှော့တမ်းရှေ့ဆက်ဖို့ ကတိပြုလိုက်ပြီးနောက် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား တဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/WWvWTAyiUk4

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁1🍌1
ညောင်ပင်ကြီးကျေးရွာ အုပ်စုကို စစ်ကောင်စီတပ်တွေ အကြိမ်၂၀ နီးပါး မီးရိူ့ ဖျက်ဆီးနေ
====================

(ရုပ်/သံ)
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ အုပ်စုကို စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ကနေ ဇွန်လ ၂၆ ရက်နေ့အထိ အကြိမ်ရေ (၂၀) နီးပါး မီးရိူ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအဖွဲ့ နှစ်ဖွဲ့က မဇ္ဈိမကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းယူနိုင်ခဲ့တာပါ။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီး ရဲစခန်းဝန်းကျင်ကို လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီကနေ့ထိ စစ်ကြောင်းထိုး ဝင်ရောက်နေတာပါ။
ညောင်ပင်ကြီးရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ပိုင်းမှာ နှင်းတောရွာကို မီးရိူ့ ဖျက်ဆီးခဲ့သလို ဝမ်ပေါင်ကုမ္မဏီဘက်ကိုပါ စစ်ကြောင်း တစ်ခုထပ်ရောက်နေတာကြောင့် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ရ ခက်ခဲနေတယ်လို့ ဒေသခံအဖွဲ့တွေက ပြောပါတယ်။

https://youtu.be/Zv8TaTSUjvA

တင်ဆက်၊ တည်းဖြတ် - KMN

#Mizzima
#ညောင်ပင်ကြီးကျေးရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍4🔥1😁1
​​ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်၀န်း ၄၈ နာရီအတွင်း အားပျော့ပျက် ပြယ်မည်
=====================

ရောင်နီ
(မဇ္စျိမ)။ ။ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်၀န်းသည် နောက် ၄၈ နာရီ အတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည် နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) တခုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုလေဖိအားနည်းရပ်၀န်းသည် နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခန်းပြည်နယ်နှင့် ချက်တစ် ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကိုဖြတ်ကျော်ကာ မဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ရွေ့လျားပြီး နောက် တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ မိုးဇလ၏ ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီထုတ်ပြန်ချက်အရသိရသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက်တွင် နောက် ၂၄ နာရီ အတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုဇလမှ ထုတ်ပြန်ထား သည်။

NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကလည်း အိန္ဒိယနိုင်ငံ၊ ဂင်္ဂါလွင်ပြင်တွင် မုတ်သုံမုန်တိုင်းငယ်တခုဖြစ်ပေါ်လာနိုင်ပြီး လာမည့် ရက်သတ္တပတ်အတွင်း မြန်မာ့ကမ်းရိုးတန်းဒေသများတွင် မိုးပိုမိုရွာသွန်းမည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် သတိပေးထားသည်။

ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ တပတ်တာကာလအတွင်း ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးလာနိုင်ပြီး မြို့ပြနှင့် မြစ်ချောင်းများ ရေကြီး၊ ရေလျှံနိုင်ခြေရှိသည့် အတွက် သတိပြုနေထိုင်ကြရန်လည်း (MOHADM) မှ ပြည်သူများအား အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်းငယ်
#ကမ်းရိုးတန်း
#မိုးရွာသွန်း

ပုံစာ - ရန်ကုန်တွင် မိုးရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် မြင်ကွင်း။ (ပုံအဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2❤1
​​လောင်းလုံးမှာ ရဲကား တိုက်ခိုက်ခံရ၊ စခန်းမှုးအပါဝင်ရဲ ၂ ဦး သေဆုံး
====================

ကိုရွှေမြိတ် မဲဆောက်
မဇ္ဈိမ။ ။လောင်းလုံးမြို့နယ်၊မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ ယာယီရဲစခန်းမှူးအပါအဝင် ရဲနှစ်ဦး သေဆုံးပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မောင်းမကန်ရဲစခန်းမှ ယာယီစခန်းမှူးဒုရဲအုပ် စစ်အောင်သူထွန်းဦးဆောင်သော ရဲတပ်ဖွဲ့ကို မောင်းမကန်ရွာအနီးတွင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF)က သတင်းထုတ်ပြန်ထားသည်။

"ကင်းပတ်ပြီးအပြန် ရဲစခန်း အတွင်းထဲကို ပြန်ဝင်ခါနီးကြားဖြတ်ပစ်ခတ်ခဲ့တာပါ။ လက်နက်ငယ်နဲ့ ကားခေါင်း အရှေ့ပိုင်းကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။ ကားပါမှောက်သွားတယ်။ကားခေါင်းက နှစ်ယောက်လုံးသေသွားတယ်"ဟု LLPDF တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ပွဲချင်း‌ပြီး သေဆုံးပြီး နောက်ထပ် ရဲနှစ်ဦးလည်း ဒဏ်ရာရသည်ဟုLLPDF ၏ ဇွန်လ ၂၄ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရဲကားကို တိုက်ခိုက်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့(YP-PDF)နှင့် LLPDF ပူးပေါင်းကာ မောင်းမကန်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပြီး စခန်းအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ ထို့နောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် မောင်းမကန်ရွာကို စစ်ကြောင်းထိုးကာ ဒေသခံအမျိုးသား တစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လတ်တ‌လောတွင် လောင်းလုံမြို့နယ်အတွင်း စစ်ရေးအခြေအနေ ငြိမ်သက်နေပြီး ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင်ကမြောကြီးရွာ ဈေးအနီးရှိ တံတားနံဘေး၌ မိုင်းတွေ့သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တံတားကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ တနင်္သာရီတိုင်းအတွင်း စစ်ရေးအရှ်ိန်မြင့်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၊စစ်ဆင်ရေးတာဝန်ခံက သတိပေးသည်။

စာတည်း - မောင်ကြီး

#mizzima
#လောင်းလုံးမြို့
#မောင်းမကန်ရဲစခန်း
#လှည့်ကင်းကား
#တိုက်ခိုက်

Photo - ရဲတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့်ကားအား တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁2👏1
ရွေဘိုခရိုင် အမှတ်(၁)စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို
👍8🔥3👏1
ရွေဘိုခရိုင် အမှတ်(၁)စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို
======================

MTO
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ရွှေဘိုခရိုင်အမှတ်(၁) စစ်ဒေသရုံးက ဖမ်ဆီးထားသည့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုတောက်ထွန်းလင်း၏ အမှုကိစ္စနှင့်ပတ်သက်၍ NUG အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန်နှင့် မိသားစုအား တွေ့ဆုံခွင့်ပေး ရန် ဇွန်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။

“ အမှုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်။ သူ့မှာအပြစ်ရှိလို့ အပြစ်ပေးမယ်ဆိုရင်လည်း လက်ခံ တယ်။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကိုတောက်ထွန်းလင်း၏ အစ်မ ဖြစ်သူက ပြောသည်။

ကိုတောက်ထွန်းလင်းအား ဖမ်းဆီးထာသည်မှာ တနှစ်နှင့်နှစ်လကြာမြင်လာသည်အထိ မိသားစုဝင်များ အနေဖြင့် မည်သည့်အတွက်ကြောင့်ဖမ်းဆီးခြင်းကိုပင်မသိရဘဲ လူချင်းတွေ့ဆုံခွင့်၊ စားနပ်ရိက္ခာ ပို့ဆောင် ခွင့် လည်းမရကြောင်း ကိုတောက်ထွန်းလင်း၏ညီဖြစ်သူ ဗိုလ်ရေလှိုင်းကဆိုသည်။

“ဖမ်းဆီးခံရတဲ့အချိန်ကစပြီး အမေနဲ့ ဖုန်းလေးကြိမ်ပဲ ပြောခွင့်ရတယ်” ဟု ဗိုလ်ရေလှိုင်းက ပြောသည်။

ကိုတောက်ထွန်းလင်းအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် ၁ စစ်ဒေသရုံးမှ ဆွေး နွေးစရာရှိသည်ဟုဆိုကာခေါ်ဆောင်သွားပြီးနောက် တနေရာအရောက်တွင် လူအင်အားလက်နက်အင် အား အသုံးပြုဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်း၏ညီဖြစ်သူက ပြောသည်။

“ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ နောက်ဆုံးဖုန်းပြောခွင့်ရတဲ့အချိန်မှာ သူပြောသွားတာက ဖမ်းဆီးထိန်းသိမ်းခံရ ပြီးနောက်ပိုင်း လများစွာနှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အခုတော့ လုံခြုံစိတ်ချရတဲ့နေရာ ရောက်နေပြီ၊ ဘယ် နေရာဆိုတာတော့ မစုံစမ်းနဲ့လို့ပြောပါတယ်” ဟု ကိုတောက်ထွန်းလင်း၏ညီဖြစ်သူ ကိုပြည့်စုံအောင် ကလည်း ပြောသည်။

ကိုတောက်ထွန်းလင်း၏အမှုနှင့်ပတ်သက်၍ NUG စစ်ခုံရုံးက တစုံတရာ စစ်ဆေးခြင်းမရှိဘဲ တရားရေး အဖွဲ့အစည်း မဖွဲ့ရသေးသည့်အတွက် စောင့်ဆိုင်းပေးရန်သာ ပြောဆိုနေကြောင်း ဆိုသည်။
ကိုတောက်ထွန်းလင်းသည် စစ်အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ် သပိတ်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကာလတွင်လည်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေစဥ် ရွှေဘိုင်ခရိုင်အမှတ်(၁) စစ်ဒေသရုံး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရွေဘိုခရိုင်
#အမှတ်(၁)စစ်ဒေသရုံး
#ကိုတောက်ထွန်းလင်း
#တန့်ဆည်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2👏1😢1