Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်
https://youtu.be/fEodN0b2ohE

#Misinformation_Buster #Fake_News #reels #shorts #weekly_package
😁3
ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
👍14😁2🥱1
ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမ သို့ ပြောသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ပေါင်းတည်မြို့နယ်အတွင်း၌ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဒဏ်ရာရသူများအားသယ်၍ နောက်ကြောင်းပြန်လှည့်စဉ် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာနှင့် မအူကွင်းကျေးရွာကြား၊ ကျွန်းပင်ဘုအနီး၌ ထပ်မံတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။

“အလစ်အငိုက် တိုက်တာပါ။ တိုက်ပွဲက ငါးမိနစ်နဲ့ ၁၀ မိနစ်ကြားရှိတယ်။ သူတို့ဘက်ကလည်း လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲပြီးတော့ သူတို့ဆုတ်သွားပြီး အဲဒီနေရာကို သွားကြည့် တော့ ပစ္စည်းတချို့ရခဲ့တယ်” ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားရာ နေရာမှ MA3 ကျည်ဘောက်တခု၊ စက်ကလေးကျည်ဘောက်တခု၊ 5.56 ကျည်အတောင့် ၂၀ ၊ ယူနီဖောင်း၊ အရပ်ဝတ် အဝတ်အထည်များနှင့် သွေးစွန်းနေသောပတ်တီးစများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဒဏ်ရာရသူများကို ညနေပိုင်းတွင် မှတ်တိုင်ရွာဘက်မှ ဖောကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

ဇွန်လအတွင်း ပေါင်းတည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုနှင့် အလစ်အငိုက်ပစ်ခတ်မှု ခုနစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦးသေဆုံးထားပြီး ဖြစ်ကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ထုတ်ပြန်ချက်များနှင့် PPDF တပ်ဖွဲ့၏ သတင်းပေးပို့မှုများအရ သိရ သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ပေါင်းတည်မြို့နယ်
#ကြားဖြတ်တိုက်ခိုက်
#စစ်ကြောင်း
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2👏1
တောင်ငူထောင်ထဲမှာ သမ္မတကြီး ဦးဝင်းမြင့် သေဆုံးခဲ့တယ်ဆိုတဲ့သတင်းမှား |Misinformation Buster S3| Ep.72
=====================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတပတ်မှာတော့

- စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီချန်နယ်တွေမှာ ပြည်သူလူထုရဲ့ အချက်အလက်တွေနဲ့ ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေနဲ့ ပတ်သက်လို့ အမြင်တွေကို မေးမြန်းချက်နဲ့အတူ

တပတ်အတွင်း ပျံ့နှံ့ခဲ့တဲ့

- တောင်ငူထောင်ထဲမှာ သမ္မတကြီး ဦးဝင်းမြင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းမှား

- မော်လမြိုင်-ရေးလမ်းပိုင်းမှာ KNLA ၊ PDF တွေက ဆက်ကြေးကောက်ပြီး ကားသမားတွေကို ရိုက်နှက်ခဲ့တယ်ဆိုတဲ့သတင်းမှား

- ပြုပြင်ထားတဲ့ ဗီဒီယိုဖိုင်င်အဟောင်းနဲ့ ဒေါက်တာဇော်ဝေစိုးကို စစ်ကောင်စီ လော်ဘီချန်နယ်တွေက ထပ်မံတိုက်ခိုက်တဲ့သတင်း စတဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://youtu.be/fEodN0b2ohE
👍17😁3
​​မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စကစတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
==================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦးက မဇ္ဈိမသို့ ပြောသည်။

“ မွေးနေ့လုပ်တဲ့နေရာကိုချဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေးတွေချထားတာများတော့ သူတို့ကိုပဲ တိုက် ခိုက်လိုက်တာပါ။ ဒရုန်းနှစ်စင်းကို သုံးခေါက်၊ ဗုံးသီးခြောက်လုံးချတယ်။ သုံးလုံးက စခန်းအတွင်းမှာ ကျတယ်။ နှစ်လုံးကတော့ ကင်းထွက်တဲ့ဘက်ကိုကျတယ် “ ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့်မွေးနေ့ပွဲပျက်ကာ ဇွန်လ ၂၅ ရက်နေ့ ညပိုင်းအထိရရှိထားသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့၀င် ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုနွေဦးက ပြောသည်။

“ မနေ့ကညအထိ အတည်ပြုရတာက နှစ်ဦး ဆေးသွင်းနေရတယ်။ ကျန်တဲ့လေးယောက်ကတော့ ဒဏ်ရာ ရတယ်။ အားလုံးပေါင်း ခုနစ်ဦး ဒဏ်ရာရတယ်။ မွေးနေ့ကတော့ ပျက်သွားတယ်ပြောရမယ်” ဟု ကိုနွေဦးက ဆိုသည်။

မြောင်မြို့နယ်ရဲစခန်း၌ ဇွန်လ ၂၄ ရက်နေ့က ထပ်မံလာရောက်ပူးပေါင်းထားသည့် အင်အား ၃၀ ခန့် အပါ အ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၈၀ ၀န်းကျင်ရှိကြောင်း ဒေသခံများက ပြောသည်။
ရဲစခန်းအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း (001) အဖွဲ့၊ မြောင်မြို့နယ် (ပလဖ) အကြမ်းဖက်နှိမ်နှင်း ရေးအဖွဲ့နှင့် မြောင်မြို့မတိုက်နယ် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို Shar Htoo WAW နည်းပညာ (တိုက်ခိုက်ရေး Fixed Wing Drone) ဒရုန်းနှစ်စင်းဖြင့် ပြုလုပ်ခဲ့ခြင်းပြီး ယင်းဒရုန်းသည် ကိုယ်တိုင်ပြုလုပ်ထားသည့် လက်လုပ်လေယာဉ်အသေးစားဖြစ် ကြောင်း သိရသည်။

“ Sharr Htoo Waw က လက်လုပ်လေယာဥ်အသေးစားပါ။ ဒီကောင်က Suicide (အသေခံ) ပုံစံ သုံးလို့ရ တယ်။ Air Drop (ဗုံးပစ်ချ) ပုံစံချပြီး ပြန်လာတာမျိုးလည်း သုံးလို့ရတယ်။ အရင် အီနာဂါနဲ့ချတဲ့ ဒရုန်းတွေ ဆို ကုန်ကျစရိတ်က တစ်စီးကို သိန်း ၇၀၊ ၈၀ လောက်ရှိတယ်။ ပျက်ကြတာ ဘာညာဆို တစင်းပြန်၀ယ် နိုင်ဖို့ကမလွယ်ဘူးလေ။ ဒီကောင်က တီထွင်တာဆိုတော့ ကိုယ်တီထွင်နိုင်ရင်တီထွင်နိုင်သလောက် ခရီး ရောက်တယ်။ ဆုံးရှုံးမှုပိုင်းမှာ နည်းတယ်။ လုပ်ငန်းလုပ်တဲ့ အပိုင်းမှာလည်း ထိရောက်တယ်” ဟု ကိုနွေဦး က ဆိုသည်။

အဆိုပါ လက်လုပ်ဒရုန်းလေယာဉ်အသေးစားသည် တမိနစ်လျှင် တမိုင်နှုန်းပျံသန်းနိုင်ပြီး ရန်သူ့ Jammer (ဆက်သွယ်ရေးလှိုင်းဖြတ်တောက်စက်)များကို ခုခံဖြတ်သန်းနိုင်ကာ အမြင့်ပေ ၂,၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း အဆိုပါဒရုန်းကိုထုတ်လုပ်နေသည့် အခြားတော်လှန်ရေးအဖွဲ့တစ်မှလည်း ပြောသည်။

အဆိုပါ ဒရုန်းတစ်စီးလျှင် ကျပ် ၁၃ သိန်း၀န်းကျင်ခန့်သာကုန်ကျပြီး အရေအတွက်များများ ထုတ်လုပ်နိုင် ပါက တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးနိုင်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဒရုန်း
#လက်လုပ်လေယာဉ်ငယ်
#ဗုံးကြဲ
#မြောင်မြို့နယ်
#ရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁3
​​မြန်မာ -အိန္ဒိယနယ်စပ်အနီး စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးဟုဆို
=======================

ပါခွီး
(မဇ္စျိမ) ။ ။ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနှစ်ဦးထက်မနည်းသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) PDF – Tamu တပ်ရင်း (၄) က သတင်းထုတ်ပြန်သည်။

တမူးမြို့မှ နှစ်မိုင်ခန့်အကွာရှိ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးမှ စစ်ကောင်စီတပ်စွဲထားသော နဂါးမင်းသမီးတပ်စခန်းကို ဇွန်လ ၂၄ရက် နံနက်၅နာရီ ၁၅မိနစ်ခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တမူးမြို့နယ် ပန်းသာဖက်မှာ တိုက်ပွဲဖြစ်တာရက်ကြာလာပြီး အဲဒီဖက်ကို ကူညီပေးရာရောက်အောင်၊ ဒီဖက်ကလည်း စစ်မျက်နှာဖွင့်တဲ့အနေနဲ့ ဝင်တိုက်ခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန် ခံ ဗိုလ်ခန့် က မဇ္စျိမကိုပြောသည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ဦးခန့်တပ်စွဲထားပြီး ၆နာရီခန့်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) က၏ ယနေ့ ဇွန်လ ၂၆ရက်ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး( ကိုယ်ပိုင်အမှတ် -P 12604075) ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ အရာရှိနှင့် တပ်သားများသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ လက်နက်များကို ကောက်ယူရန်ကြိုးစားစဉ် ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ရခြင်းဟုPDF – Tamu တပ်ရင်း (၄) ကဆိုသည်။ ကျန်ရဲဘော်နှစ်ဦးမှာ လက်နက်ကြီးကျည်ဆံအစ ထိမှန်ဒဏ်ရာရခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ကသည်းသူပုန် (Meitei UG) ၊ ရှမ်းနီတပ်ဖွဲ့(SNA) နှင့် ပျူစောထီးများက စစ်ကူပေးခဲ့သောကြောင့် ကာကွယ်ရေးရဲ‌ ဘော်များဆုတ်ခွာခဲ့ရကြောင်း PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။ မြေပြင်တိုက်ပွဲအခြေအနေကို မဇ္ဈိမအနေဖြင့် အသေးစိတ် မသိရှိရသေးပေ။ယင်းတိုက်ပွဲကို PDF – Tamu တပ်ရင်း (၄) နှင့်အတူ Special Task Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နဂါးမင်းသမီးတပ်စခန်းအား တိုက်ခိုက်မှုသည် တမူးမြို့နယ် ပန်းသာကျေးရွာတိုက်ပွဲအတွက် စစ်မျက်နှာသစ်ဖွင့်ပေးခြင်းဟု ကာကွယ်ရေးရဲဘော်များကပြောထားသည်။စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ပန်းသာရွာစခန်းကိုဇွန်လ ၁၅ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။ ပန်းသာစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသလို စစ်ကောင်စီတပ် စစ်ကူလာနိုင်သည့် မြေပြင်လမ်းများကိုပါ ဖြတ်တောက်ထားသည်ဟု သိရသည်။ ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ ထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။

စာတည်း - မောင်ကြီး

#mizzima
#မြန်မာ -အိန္ဒိယနယ်စပ်
#နဂါးမင်းသမီးတပ်စခန်း
#PDF–Tamu တပ်ရင်း(၄)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁2
ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ
🤬11😁2😢2
ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုဒီငြိမ်းလင်း၏ ယောက်ဖတော်စပ်သူ ကိုသန်းထိုက်ဇော်(ခ) မော်ဒယ် Harry အကြမ်းဖက်ဖမ်းဆီးခံရမှုအား လူပျောက်တိုင်ချက်ဖွင့်ထားသော် လည်း ၁၀ ရက်ကြာသည်အထိ သတင်းမသိရသေးကြောင်း မိသားစုနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရ သည်။

“ဖြစ်စဉ်က ဇွန်လ ၁၆ ရက်နေ့ ညနေ ၇ နာရီ ဝန်ကျင်ခန့်မှာ စမ်းချောင်း မြေနုလမ်းကော်ဖီဆိုင်ရှေ့မှာ အနက်ရောင်ကားသုံးစီးဆိုက်လာပြီး စပို့စ်ရှပ်၊ ဘောင်းဘီတိုနဲ့ မျက်နှာအုပ်ထားတဲ့ လူရှစ်ယောက်က ကို သန်းထိုက်ဇော်ကို ထိုးကြိတ်ပြီးကားတစီးပေါ်ဖမ်းတင်သွားတာပါ။ ရဲစခန်းမှာ လူပျောက်တိုက်ချက်လည်း ဖွင့်ထားတယ်။ အခုထိ ဘာသတင်းမှလည်း ရဲဘက်ကမပေးနိုင်သေးဘူး” ဟု မိသားစုနှင့်နီးစပ်သည့် အနု ပညာအသိုင်းအဝိုင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသည့် ကိုသန်းထိုက်ဇော်(ခ)မော်ဒယ် Harry မှာ ၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်း ဆောင် ကိုဒီငြိမ်းလင်းဇနီးဖြစ်သူ၏မောင်ဖြစ်ပြီး တေးသံရှင်/မော်ဒယ် လုပ်ကိုင်ကြောင်း သိရသည်။

“မြေနုလမ်းထဲမှာ ကော်ဖီဆိုင်ရှိတယ်၊ စကစဘက်က အစောကြီးထဲက ဝင်နေတာ။ ၃ နာရီလောက်က တည်းက ကားသုံးစီးက ရောက်နေပြီ။ ကိုသန်းထိုက်ဇော်က ၇ နာရီလောက်မှာ ထွက်လာတယ်။
ထွက် လာတဲ့အချိန်မှာ ကားသုံးစီးနဲ့ဖမ်းပြီးတော့ လက်ထိပ်ခတ်ပြီးခေါ်သွားတာ” ကိုသန်းထိုက်ဇော် ဖမ်းဆီး ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်‌ ဒေသခံတဦးကလည်း ပြောသည်။
ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကိုသန်းထိုက်ဇော်အား ဖမ်းဆီးရသည့်အကြောင်းအရင်း၊ ၎င်း နှင့်ပတ်သက်သည့် သတင်းတစုံတရာကြားသိရခြင်းမရှိဘဲ မည်သည့်နေရာတွင်ထိန်းသိမ်းထားကြောင်း ကိုလည်း စုံစမ်းဆက်သွယ်၍ မရရှိသေးကြောင်း သိရသည်။

ကိုသန်း‌ထိုက်‌ဇော်မှာ စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။
“စမ်းချောင်းလို မြို့လယ်ခေါင်မှာ ဆလွန်းကားအမဲရောင်သုံးစီးနဲ့ဝင်လာပြီး တူညီဝတ်စုံနဲ့လူရှစ်ယောက် ဆင်းလာထိုးကြိတ်ပြီးဖမ်းဆီးသွားတာ။ ပြီးတော့ ချန်နယ်တွေက ခြိမ်းခြောက်နေတာ၊ ဖမ်းဆီးတုန့်ပြန်ဖို့ လှုံ့ဆော်နေတာတွေက သက်သေလို့ထင်တာပဲ၊ လက်နက်နဲ့ ထိုးကြိတ်တာရောပဲ” ဟု ဆိုသည်။

ကိုသန်း‌ဇော်ထိုက်မှာ အကြမ်းဖက်ဖမ်းဆီးခြင်းခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းချန် နယ်များတွင် ရန်ကုန်မြို့ပြ PDF အဖွဲ့တည်ထောင်သူ NUG/PDF ခေါင်းဆောင် ဒီငြိမ်းလင်း၏ ယောက်ဖ ဖြစ်သူ သန်းဇော်ထိုက်(အမည်မှားယွင်းဖော်ပြ) (အသက် ၂၈ ) နှစ်ကို အမည်မသိလူတစ်စုက သတ်ဖြတ် သွားသည်ဟု ဖော်ပြနေကြသည်။

စစ်ကောင်စီအားပေးထောက်ခံသူများမှ ယခုကာလအတွင်း ကိုဒီငြိမ်းလင်း၏မိသားစုအား ခြိမ်းခြောက် ပြောဆိုမှုများရှိပြီး ၎င်းတို့အားလုပ်ကြံမည့် အရေးအသားများကိုလည်း လူမှုကွန်ရက်တွင် မျှဝေနေသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စမ်းချောင်းမြို့နယ်
#မြေနုလမ်း
#ကိုဒီငြိမ်းလင်း
#ကိုသန်းထိုက်ဇော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12😁2👍1
Media is too big
VIEW IN TELEGRAM
June - 26 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌2
မယ်စဲ့ဒေသတွင် စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရှိလာ
😢10😁2