Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ
Watch more detail - https://www.youtube.com/watch?v=czQdJp7MBFk
#PoliticalNews #reels #shorts

🔥5😁2😱1
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့
====================
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM-ASIA အဖွဲ့က အစီရင်ခံစာအရသိရပါတယ်။
မြန်မာနိုင်ငံပြီးရင် ထိုင်းနဲ့အိန္ဒိယက ဒုတိယနဲ့ တတိယမှာရှိနေပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။
အာရှလူ့အခွင့်အရေးနဲ့ တိုးတက်ရေးအဖွဲ့ (Forum- Asia) က နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်နှစ်က အခြေအနေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
လူ့အခွင့်အရေး ကာကွယ်သူ အနည်းဆုံး ၄၄၀၀ ကျော် သူတို့မိသားစုတွေအပါအဝင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အစိုးရနဲ့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခဲ့ရတဲ့အကြောင်း အစီရင်ခံစာက ရေးသားထားတာပါ။
https://youtu.be/ZBFsCCJoEao
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM…
👍6😢5❤1🔥1😁1
Media is too big
VIEW IN TELEGRAM
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့
Watch more detail - https://www.youtube.com/watch?v=ZBFsCCJoEao
#PoliticalNews #reels #shorts #Mizzima

👍8❤2😁2🔥1
Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး
================
စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင် အထည်ဖော်ရေးအတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။
NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ Global Fund for Burma ကပြုလုပ်တဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကောင်စီကို အရေး ယူပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ Burma Act အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတာပါ။
အဲဒီ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝင်စိုး၊ ဦးထင်လင်း အောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး ပုဂ္ဂိုလ် Sean Turnell တို့ တက် ရောက်ခဲ့ကြပါတယ်။
https://youtu.be/qkDR5LfvH-M
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင် အထည်ဖော်ရေးအတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။
NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ Global Fund for Burma ကပြုလုပ်တဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကောင်စီကို အရေး ယူပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ Burma Act အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတာပါ။
အဲဒီ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝင်စိုး၊ ဦးထင်လင်း အောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး ပုဂ္ဂိုလ် Sean Turnell တို့ တက် ရောက်ခဲ့ကြပါတယ်။
https://youtu.be/qkDR5LfvH-M
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး
စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင် အထည်ဖော်ရေးအတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။
NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ…

👍14👏4❤2😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
လစ်သူယေးနီးယားမှာ တပ်ဖွဲ့ဝင် ၄,၀၀၀ ချထားဖို့ ဂျာမနီစီစဉ်ထား
https://www.facebook.com/reel/982375806123325
#International #MizzimaTV #Reels #shorts

👍4😁1🤣1
မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး
====================
ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး နှစ်ဦးအပြင်း ထန်ဒဏ်ရာရရှိသွားကြောင်း မုံရွာနတ်ဆိုးအဖွဲ့ထံမှ သိရသည်။
ဇလုပ်အဝိုင်းတွင် ကင်းစောင့်ရင်း လမ်းအသွားအလာများကိုစစ်ဆေးကာ ကုန်ကားများထံမှ ငွေတောင်းခံ လေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့က ပေ ၁၀၀ အတွင်းထဲမှာ ပစ်ခဲ့တာ။ တယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွား တယ်။ နှစ်ယောက်ကတော့ သွေးအိုင်ထဲမှာ ဒဏ်ရာအပြင်းအထန်ရတယ်၊ သေမသေတော့ အတိအကျ မပြောနိုင်ဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
အဆိုပါနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးရှိပြီး သုံးဦးစီ နှစ်နေရာခွဲနေကြသည်ဟု ဆိုသည်။ ပစ် ခတ်မှုဖြစ်ပွားပြီးနောက် ကျန်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို မုံရွာနတ်ဆိုးအဖွဲ့နှင့်အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေရာအနှံ့ အရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ၎င်းတို့အား နေရာမရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာနေရာများတွင် နေထိုင်သွားလာကြရန် မုံရွာနတ်ဆိုးအဖွဲ့ တာဝန်ရှိ သူက မေတ္တာရပ်ခံထားသည်။
မေလ ၁၇ ရက်နေ့ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
https://youtu.be/f5obq2r-oUA
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ကောင်စီတပ်ဖွဲ့
#ပစ်ခတ်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

ပါခွီး(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး နှစ်ဦးအပြင်း ထန်ဒဏ်ရာရရှိသွားကြောင်း မုံရွာနတ်ဆိုးအဖွဲ့ထံမှ သိရသည်။…
👍14👏4😁2
Media is too big
VIEW IN TELEGRAM
Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး
Watch more detail - https://www.youtube.com/watch?v=qkDR5LfvH-M
#PoliticalNews
#reels
#shorts

👍21❤3😁2
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဗျူဟာကြောင့် အရပ်သားပြည်သူများ အန္တရာယ်အရှိဆုံး အခြေအနေအောက် ကျရောက်နေ
==================
နိုင်ငံ၌ အရပ်သားပြည်သူများနှင့် တော်လှန်ရေး ပစ်မှတ်များကို အကြီးအကျယ် ထိခိုက်စေသည့် သက်ရောက်မှုဖြင့် စစ်တပ်က ဗုံးကြဲခြင်း၊ ရော့ကတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဉ်မှ စက်သေနတ်ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်နိုင်စေရန် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သုံး လောင်စာဆီက ထောက်ကူပေးနေသည့် အချက်မှာ အဓိက စိုးရိမ်ပူပန်စရာ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
နိုင်ငံ၌ အရပ်သားပြည်သူများနှင့် တော်လှန်ရေး ပစ်မှတ်များကို အကြီးအကျယ် ထိခိုက်စေသည့် သက်ရောက်မှုဖြင့် စစ်တပ်က ဗုံးကြဲခြင်း၊ ရော့ကတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဉ်မှ စက်သေနတ်ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်နိုင်စေရန် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သုံး လောင်စာဆီက ထောက်ကူပေးနေသည့် အချက်မှာ အဓိက စိုးရိမ်ပူပန်စရာ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8🔥3😁2
This media is not supported in your browser
VIEW IN TELEGRAM
ပုန်ကန်မှုကို ဖျက်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ပူတင်ရဲ့ဗီဒီယိုမိန့်ခွန်းထွက်ပေါ်လာ
https://www.facebook.com/reel/578194857577019
#internationalnews #Mizzima
#reels #shorts

😁6👍3🥰2🤬1
KIO ရုံး စီးနင်းခံရပြီးနောက် ဆိုင်းတောင်တွင် အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီး
=====================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတဦးကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားသည် ကျောက်အရောင်း အဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်းတောင်ကျေးရွာရှိ KIO အုပ်ချုပ်ရေးတိုက်နယ်ရုံး ဝင်ရောက်စီးနင်းခံရမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်ကိုဆိုသူကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့ ည ၅ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင် တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။
“ကလေး ကျူရှင်သွားကြိုမယ်ဆိုပြီး ထွက်လာတဲ့ချိန်မှာဖမ်းသွားတာ၊ လမ်းမပေါ်မှာကို ဖမ်းခံလိုက်ရတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့်အမျိုးသားအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေး သကဲ့သို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။
ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃) ရှိ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် တိုက်နယ်ရုံးအတွင်း ဖမ်းဆီးထားသည့် အကျဉ်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ သုံးဦး သေဆုံးခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဆိုင်းတောင်
#ဖားကန့်
#KIOအုပ်ချုပ်ရေးရုံး
#Mizzima
Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတဦးကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသားသည် ကျောက်အရောင်း အဝယ်လုပ်ကိုင်နေသူဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်းတောင်ကျေးရွာရှိ KIO အုပ်ချုပ်ရေးတိုက်နယ်ရုံး ဝင်ရောက်စီးနင်းခံရမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုသည်။
ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်ကိုဆိုသူကို စစ်ကောင်စီတပ်က ဇွန်လ ၂၅ ရက်နေ့ ည ၅ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင် တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်က ပြောသည်။
“ကလေး ကျူရှင်သွားကြိုမယ်ဆိုပြီး ထွက်လာတဲ့ချိန်မှာဖမ်းသွားတာ၊ လမ်းမပေါ်မှာကို ဖမ်းခံလိုက်ရတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့်အမျိုးသားအား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေး သကဲ့သို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။
ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃) ရှိ KIO တိုက်နယ်ရုံးကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် တိုက်နယ်ရုံးအတွင်း ဖမ်းဆီးထားသည့် အကျဉ်းသား ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအနက် ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ သုံးဦး သေဆုံးခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဆိုင်းတောင်
#ဖားကန့်
#KIOအုပ်ချုပ်ရေးရုံး
#Mizzima
Photo - ဝင်ရောက်စီးနင်းခံရသည့် KIO တိုက်နယ်ရုံး မီးရှို့ဖျက်ဆီးခံထားရပုံ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍6❤1👏1🥴1
အင်ဒိုနီးရှားက မြန်မာကို လူသားချင်းစာနာမှု အကူအညီ ပေးပို့
=====================
ဇွန်လ ၂၆ ရက်က ဘန်တန်းပြည်နယ် တန်ဂါရန်းမြို့ Soekarno Hatta လေဆိပ်၌ အင်ဒိုနီးရှား ယဉ်ကျေးမှုနှင့် လူသားဖွံ့ဖြိုးရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေး ဝန်ကြီး မူဟာဒ်ဂျီ အီဖန်ဒီနှင့် အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ (BNPB) အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ဆူဟာယန်တိုတို့က လူသားချင်းစာနာမှုအကူအညီကို တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

👍9😁3
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာအကျပ်အတည်းက ယူကရိန်းစစ်ပွဲကြောင့် ရုရှားမှာအာဏာပြိုကွဲလာနေခြင်းကို ပြသနေကြောင်း အီးယူပြော
https://www.facebook.com/reel/261666919802407
#internationalnews #Mizzima
#reels #shorts
https://www.facebook.com/reel/261666919802407
#internationalnews #Mizzima
#reels #shorts
👍12🔥2👏1
ခင်ဦးတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရ
🤬6🔥1😁1😢1

=================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇွန်လ ၂၄ ရက်နေ့တွင် တဲစုကျေးရွာသို့ရောက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ကာ နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Khin U Specialforce Organization (KSO) ထံမှ သိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတဦးသေဆုံးကာ ကိုးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း KSO သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်က တဲစုကျေးရွာရောက်တော့ လက်နက်ကြီးနဲ့ သုံးချက်ရမ်းပြီး ပစ်ပါတယ်။ အဲဒီလက်နက်ကြီးက တဲစုကျေးရွာက စစ်ရှောင်တွေဆီကျပြီး ၄၅ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးကာ ကိုးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တာပါ” ဟု ၎င်းကဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာမှ ဒေသခံများ၏နေအိမ်များအတွင်းရှိ ပစ္စည်းများကို မွှေ နှောက်ခိုးယူပြီး ကားနှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် အလယ်လျှို၊ ယောက်သွားအိုင်၊ စိုင်ဂေါင်း၊ အုန်းပင် ကုန်း၊ ပေါက်ကန်၊ သောက်ကန်၊ ရွာစဉ်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရ သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ အလယ်လျှိုကျေးရွာ တွင်ရောက်ရှိနေပြီး ခရီးသွားပြည်သူများ၏ ကားများကိုတားဆီးစစ်ဆေးကာ ငွေတောင်းခံနေကြောင်း KSO သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇွန်လ ၂၄ ရက်နေ့တွင် တဲစုကျေးရွာသို့ရောက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ကာ နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Khin U Specialforce Organization (KSO) ထံမှ သိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတဦးသေဆုံးကာ ကိုးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း KSO သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်က တဲစုကျေးရွာရောက်တော့ လက်နက်ကြီးနဲ့ သုံးချက်ရမ်းပြီး ပစ်ပါတယ်။ အဲဒီလက်နက်ကြီးက တဲစုကျေးရွာက စစ်ရှောင်တွေဆီကျပြီး ၄၅ နှစ်အရွယ် အမျိုးသမီး တဦးသေဆုံးကာ ကိုးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တာပါ” ဟု ၎င်းကဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာမှ ဒေသခံများ၏နေအိမ်များအတွင်းရှိ ပစ္စည်းများကို မွှေ နှောက်ခိုးယူပြီး ကားနှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် အလယ်လျှို၊ ယောက်သွားအိုင်၊ စိုင်ဂေါင်း၊ အုန်းပင် ကုန်း၊ ပေါက်ကန်၊ သောက်ကန်၊ ရွာစဉ်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ ကျော်စစ်ရှောင်နေရကြောင်း သိရ သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ အလယ်လျှိုကျေးရွာ တွင်ရောက်ရှိနေပြီး ခရီးသွားပြည်သူများ၏ ကားများကိုတားဆီးစစ်ဆေးကာ ငွေတောင်းခံနေကြောင်း KSO သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
😢4👍3🤬3🔥2😁1
ရေးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင်အား ရေးဘီလူးအဖွဲ့ပစ်ခတ်ရှင်းလင်း
===================
ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာသင်္ချိုင်းတွင် စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်း ဆောင်တဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင် က ပြောသည်။
ဇွန်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် နာရေးလာပို့သည့် ဒူးယားကျေးရွာနေထိုင်သူ အသက် ၆၄ နှစ်အရွယ် ဦးစိုးအောင်ကို ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ အစင်၊ ကျားတန်း၊ ဓမင်းဆိပ်၊ ဆိတ်ကလေးကျေးရွာ၊ ဇီးဖြူသောင်တို့ဘက်မှာ အရမ်းကို ဗိုလ်ကျပြီး တော့ မိုက်ကြေးခွဲပြီးတောင်းတယ်။ သူကိုယ်တိုင်လည်း ပျူစောထီးခေါင်းဆောင်ဖြစ်တယ်။ လက်နက် လည်းကိုင်တယ်။ လေးချက်ပစ်လာတယ် ၉ မမ ကျည်ပဲဆိုတော့ ချက်ချင်းသေသွားတယ်။ သင်္ချိုင်းမှာပဲ သေသွားတယ်ဗျ။ အတိုလည်းရှိတယ်။ အရှည်လည်းရှိတယ် သူ့ဆီမှာ။ လက်နက်ကတော့ မရလိုက်ဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ ဦးစိုးအောင်သည် စစ်မှူထမ်းဟောင်းတစ်ဦးဖြစ်ရာ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ၏လှုပ်ရှားမှုများကို သတင်းပေးခြင်းများရှိသကဲ့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်သည့်အခါတွင် လည်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးကြောင်း ဆိုသည်။
မဇ္ဈိမအနေဖြင့် ဦးစိုးအောင်အကြောင်းနှင့်ပတ်သက်၍ ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင် ခြင်းမရှိသေးပေ။ ပစ်ခတ်မှုအတွင်း အစင်ကျေးရွာတွင်နေထိုင်သူ မဇင်မာနွယ်လည်း (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရေးဘီလူးအဖွဲ့သည် စစ်ကောင်စီထောက်တိုင်များအား မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိရာ ဇွန်လထဲ တွင် ရေးမြို့နယ်အတွင်း ဦးစိုးအောင်အပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းသုံးဦးကို ပစ်သတ်ခဲ့သည်။
ဇွန်လ ၂ ရက်နေ့တွင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာတွင် ပြည်သူ့စစ်ဟောင်း ဦးပန်းရွှေအား ပစ်ခတ် ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့က ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာတွင် စစ်မှုထမ်းဟောင်း ဦးရဲဝင်းနိုင်ကို ပစ်ခတ်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်အား ရေးဘီလူး အဖွဲ့မှသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေးဘီလူးအဖွဲ့
#ရေးမြို့နယ်
#ပျူစောထီး
#ပစ်သတ်

👍17👏4🔥1🥴1
ထိုင်းနှင့် မြန်မာက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး
====================
ကုလသမဂ္ဂ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ကုန်ကူးခြင်း ဆန့်ကျင်သော နိုင်ငံတကာနေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးများ မီးရှို့ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ကုလသမဂ္ဂ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ကုန်ကူးခြင်း ဆန့်ကျင်သော နိုင်ငံတကာနေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးများ မီးရှို့ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2😁1
ဇွန်လ (၂၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:00 - အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း
05:52 - KIO ရုံး စီးနင်းခံရသော ဆိုင်းတောင်မှာ အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီးထားတဲ့သတင်း
07:07 - အာရှနိုင်ငံတွေထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့တဲ့သတင်းနဲ့
10:55 - ဝဂ္ဂနာအကျပ်အတည်းက ယူကရိန်းစစ်ပွဲကြောင့် ရုရှားမှာအာဏာပြိုကွဲလာနေခြင်းကို ပြသနေကြောင်း အီးယူပြော တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/H3Tv-VNhUag
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
01:00 - အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း
05:52 - KIO ရုံး စီးနင်းခံရသော ဆိုင်းတောင်မှာ အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီးထားတဲ့သတင်း
07:07 - အာရှနိုင်ငံတွေထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့တဲ့သတင်းနဲ့
10:55 - ဝဂ္ဂနာအကျပ်အတည်းက ယူကရိန်းစစ်ပွဲကြောင့် ရုရှားမှာအာဏာပြိုကွဲလာနေခြင်းကို ပြသနေကြောင်း အီးယူပြော တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/H3Tv-VNhUag
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း
05:52 - KIO ရုံး စီးနင်းခံရသော ဆိုင်းတောင်မှာ အမျိုးသား ၁ ဦးကို စစ်တပ်ဖမ်းဆီးထားတဲ့သတင်း
07:07 - အာရှနိုင်ငံတွေထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ…

👍4❤2🔥1😁1