Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှားပြီးအသစ်‌ဆောက်လုပ်ကာ ပြန်လည်ရောင်းချ
🤬4❤2🔥2
ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှားပြီးအသစ်‌ဆောက်လုပ်ကာ ပြန်လည်ရောင်းချ
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းများကို စစ်ကောင်စီမှ အင်အားသုံးဖယ်ရှားပြီးနောက် ဆိုင်ခန်းအသစ်ဆောက်လုပ်ကာ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

"အရင်က ဆိုင်ခန်းတွေက်ို ကျူးကျော်ဆိုပြီး ဖျက်ပစ်ပါတယ်။ ပြီးမှ အဲ့ဒီနေရာတွေကို ဆိုင်ခန်းအဖြစ် ၃၅သိန်းနဲ့ ပြန်ရောင်းပါတယ်။ လက်လုပ် လက်စားပြည်သူတွေက မဝယ်နိုင်ရင် သူတ်ို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းကို ရောင်းပြီး ပြည်သူတွေကို ဆိုင်ခန်းပြန်ငှားစားပါတယ်" ဟု Dagon Seikkan PDF က မဇ္ဈိမ ကို ပြောသည်။

ဖယ်ရှားခံရသည့် ဆိုင်ခန်းများမှာ (၉၄) ရပ်ကွက်၊ ကံ့ကော်လမ်း၊ ကျွန်းရွှေဝါလမ်း၊ စိန်ပန်းလမ်း၊ ခရေလမ်းနှင့် အခြားသောလမ်းများမှ ဆိုင်ခန်းများဖြစ်ပြီး စစ်ကောင်စီတပ်မှ လုံခြုံရေးယူကာ လက်အောက်ခံအဖွဲ့အစည်းများက အင်အားသုံး၍ ဇွန်လ ၂၃ ရက်နေ့က ၂၄ နာရီအတွင်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဈေးဆိုင်ခန်းပိုင်ရှင်များနှင့် ဈေးဝယ်ယူနေသော ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ရပြီး ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူများအကြား ယခုကိစ္စမှာ ဝေဖန်မှုမြင့်တက်လျက်ရှိကြောင်း ကြားသိရသည်။

ယခင်ဆိုင်ခန်းများဖျက်သိမ်းပြီးနောက် ဆိုင်ခန်းအသစ်ပြန်လည်ဆောက်လုပ်၍ ရောင်းချမည်ဖြစ်သော အစီအစဉ်အား (၉၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်၊ အိမ်ယာကော်မတီ၊ အိုးအိမ်နှင့် စစ်တပ်မှ ကြိုးကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံရသည့်ဆိုင်ခန်းများနေရာတွင် ယခုအခါ အသစ်ပြန်လည်ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ခွဲဝေခြင်း ကိစ္စရပ်များတွင် မည်သူမျှ ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် ဆက်လက်လုပ်ဆောင်ပါက ဒဂုံဆိပ်ကမ်းပြည်သူများကိုယ်စား Dagon Seikkan PDF မှ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် အသိပေးမှုကို ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ကာ သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယုဇနဥယျာဉ်မြို့တော်
#ဆိုင်ခန်း
#အင်အားသုံးဖယ်ရှား
#PDF
ဓာတ်ပုံ - Ne Kyaw (Facebook)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4🔥2❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ဒုတိယမြောက် ရာထူးသက်တမ်းကို ဂရိဝန်ကြီးချုပ် မီဆိုတားကစ် စတင်

https://www.facebook.com/reel/962244495083501

#internationalnews #reels #shorts #Mizzima
🔥1
စစ်ကိုင်းတိုင်းတွင် စိုက်ခင်းများစိုက်ပျိုးပြီး စစ်ဘေးသင့်ပြည်
👍7🔥2😁1😢1
စစ်ကိုင်းတိုင်းတွင် စိုက်ခင်းများစိုက်ပျိုးပြီး စစ်ဘေးသင့်ပြည်သူများအား လှူဒါန်း
====================

KMN
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စိုက်ခင်းများစိုက်ပျိုးပြီး သီးနှံများကို စစ်ဘေးသင့် ပြည်သူ များအား လှူဒါန်းနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိသူက ပြောကြားသည်။

“တောင်သူတွေ မစိုက်ပျိုးနိုင်တဲ့စိုက်ခင်းတွေကို ကျွန်တော်တို့အဖွဲ့ကို မြေလှူထားတဲ့သဘောပါ။ လော လောဆယ် သုံးဧကရထားတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေကိုတော့ ခူးဆွတ်ပြီး စလှူနေပါပြီ” ဟု ၎င်းက ဆိုသည်။

S&C အဖွဲ့သည် စိုက်ခင်းသုံးဧကတွင် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးနိုင်ရန်စီစဉ်နေပြီး အခြား ရာသီပေါ် သီးနှံများလည်း စိုက်ပျိုးသွားရန်ရှိကြောင်း အဖွဲ့ဝင်များကပြောသည်။

လတ်တလောတွင် စိုက်ခင်းတခုမှ ကျောက်ဖရုံသီးများခူးဆွတ်ကာ စစ်ဘေးရှောင်များထံ စတင်ပို့ဆောင် နေကြောင်း သိရသည်။
S&C အဖွဲ့သည် ရွှေဘို၊ ဒီပဲယင်း၊ ယင်းမာပင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်များအတွက် နေအိမ်၊ စာသင်ကျောင်းများတည်ဆောက်ခြင်းနှင့် အခမဲ့ဆေးပေးခန်းများအားဖွင့်လှစ်ကာကူညီနေသည့် အဖွဲ့ဖြစ် ပြီး ယခုလမှစတင်ကာ သီးနှံများလည်း စိုက်ပျိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Photo - S&C
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#စစ်ဘေးရှောင်
#S&Cအဖွဲ့
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2🔥1😁1
​​ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းဘက် ဝင်ရောက်ခိုလှုံရသည့် မြန်မာနိုင်ငံသားဦးရေ ၄,၈၀၀ နီးပါး ရှိလာ
=======================

မြန်မာနိုင်ငံ ကယားပြည်နယ်၌ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားအဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံသား ၄,၈၀၀ နီးပါးသည် လက်ရှိတွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ရှိ နယ်စပ်ခရိုင်နှစ်ခု၌ ရောက်ရှိခိုလှုံလျက်ရှိကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥3👍2😁1🤬1
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာသားများ ထွက်ပြေးနေရ
🤬11🔥3😁2❤1👍1
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရွာသားများ ထွက်ပြေးနေရ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ပ၀ကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့က တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ များက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ပ၀ကျေးရွာကို ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် စစ်ကောင်စီအမြောက် တပ် (အမတ- ၃၀၆)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ ခြောက်ကြိမ်လောက်ရှိတယ်၊ ရွာထဲကို ကျတယ်၊ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး၊ ရွာသားတွေကတော့ ကြောက်ပြီးထွက်ပြေးနေရတယ်”ဟု ပ၀ကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပ၀ကျေးရွာအပြင် လယ်သစ်၊ သာရဖုံ စသည့် အနီးနားကျေးရွာများမှဒေသခံများလည်း ထွက်ပြေးနေရကြောင်း ပ၀ကျေးရွာမှစစ်ဘေးရှောင် များက ပြောသည်။

“ဒီနေ့ (ဇွန်လ၂၇ ရက်) မနက်လည်း ရွာသားတွေ ထွက်ပြေးနေရတုန်းပါ၊ တိမ်းရှောင်နေရသေးတယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်နက်ကြီးဖြင့်ပစ်ခတ်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည့် အတွက် နေအိမ်များ လက်နက်ကြီးထိမှန် ပျက်စီးမှု ရှိ၊ မရှိကို မသိရသေးကြောင်း ရွာခံများက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ပဝကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပဝကျေးရွာရှိ NLD ရုံးနှင့် လူနေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့သည်။

ယင်းအပြင် ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း ရွာခံများက မဇ္ဈိမကို ပြောသည်။
တနင်္သာရီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
ဓာတ်ပုံ- ပုံဟောင်း

#တနင်္သာရီမြို့
#ပဝရွာ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍2🔥2😁1
​​ပခုက္ကူမြို့တွင် ပစ္စည်းဟောင်းအရောင်းဆိုင် ဓားပြတိုက်ခံရ
=======================

007
မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရှိ၊ သီရိရတနာလမ်းပေါ်တွင် ဖွင့်ထားသည့် ပစ္စည်းဟောင်းအရောင်းဆိုင်နေအိမ် ဇွန်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

“နေ့ခင်းကြောင်တောင်ကြီးကို သေနတ်တွေပေါ်တင်ကိုင်လာပြီး ဝင်တိုက်သွားတာပါ၊ အဲဒီရပ်ကွက်က မိုင်တဲရုံးရှိလို့ လုံခြုံရေးတင်းကြပ်ထားတာ နှစ်နဲ့ချီနေပြီ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် အေးအေး သက်သာပဲ ဓားပြဝင်တိုက်သွားတာ” ဟု ဒေသခံတဦးက ပြောသည်။

သေနတ်များကိုင်ဆောင်ထားသော လူလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ရှင်မိသားစုကို သေနတ်ဖြင့်ချိန်ရွယ်ကာ နေအိမ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာထဲမှ ငွေကျပ်သိန်း ၆၀ ခန့်၊ ဘီရိုအတွင်း အသင့်ရှိနေသော ငွေကျပ်သိန်း ၄၀ ခန့်အပြင်၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် လက်ဝတ်လက်စားအချို့ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ငွေသားချည်းပဲ သိန်း ၁၀၀ လောက် ပါသွားတယ်၊ နားကပ်တရံနဲ့ ရွှေထည်တချို့ရယ် ဖုန်းနှစ်လုံးရယ် လည်း ပါသွားတယ်လို့သိရတယ်” ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းအထိ ဓားပြတိုက်သွားသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီ၏သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF များက ဓားပြ တိုက်သွားခြင်းဖြစ်သည်ဟု ရေးသားထားကြသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း လုံခြုံရေးတင်းကြပ်ထားသော ပခုက္ကူမြို့ မြို့မဈေးအတွင်းရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ပခုက္ကူမြို့
#ဓားပြမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥7👍2👎2👏1😁1