Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ရေးတင်းမာနေသည့်ကရင်နီပြည်မှ မြို့နယ်အချို့ ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်
=====================

ရွှေနွယ်၊ဂျူချန်း
(မဇ္စျိမ) ။ ။ ကရင်နီပြည်ရှိ မယ်စဲ့မြို့အပါအဝင် သံလွင်မြစ်အရှေ့ပိုင်းမြို့နယ်များတွင် စစ်ရေးတင်းမာပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု သတင်းရရှိသည်။

" သံလွင်မြစ်အရှေ့ဖက်က မြို့တွေ ဖုန်းလိုင်းတွေ အခြေအနေဆိုးဆိုးကို ပြတ်သွားတယ်။ အရင်ရက်တွေကလည်း ကောင်းကောင်းဆက်မရဘူး။ ဒါပေမယ့် မနက်ကအထိရသေးတယ်။ နေ့ခင်းကစပြီး မရတော့ဘူး" ဟု လွိုင်ကော်မြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၂၇ရက်ညနေတွင် ပြောသည်။

ကရင်နီပြည်မှ သံလွင်မြစ်အရှေ့ပိုင်းမြို့နယ်များဖြစ်သော ဘော်လခဲ၊ဖားဆောင်း၊ မော်ချီး၊ မယ်စဲ့မြို့နယ်များတွင် ယနေ့ ဇွန်လ ၂၇ရက် နေ့လည် ၁၂နာရီခန့်မှစ၍ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းဟု သတင်းရရှိသည်။

မဇ္ဈိမအနေဖြင့် ကရင်နီဒေသတွင်းမြို့နယ်အချို့သို့ ယနေ့ ညနေ ဆက်သွယ်ရာတွင် လွိုင်ကော်၊ ဒီမောဆို၊ ဖယ်ခုံ၊ မိုးဗြဲမြို့တို့ကို ဖုန်းခေါ်ဆို၍ ရခဲ့သည်။ သို့သော် ခက်ခက်ခဲခဲခေါ်ဆိုခဲ့ရသည်။

ဒီမောဆိုမြို့ဒေသခံတစ်ဦးက "ဒီမောဆိုမှာက ဘယ်သူမှမရှိကြတော့ဘူး။ ကျွန်တော်လည်းအခုအခြားတစ်နေရာမှာပါ။ အခုရှိနေတဲ့ နေရာမှာတော့ လက်ရှိ ဖုန်းလိုင်းရနေတယ်။ ဒီမှာ ဖုန်းလိုင်းတွေပြတ်တာတော့ဟုတ်တယ်။ ရတဲ့မြို့ရ၊ မရတဲ့မြို့မရပဲ” ဟု ပြောသည်။
လွိုင်ကော်မြို့တွင်လည်း Mytel ဖုန်းတစ်မျိုးတည်းသာ ဆက်၍ ရတော့ပြီး အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ယနေ့ ည ၇နာရီခန့်အခြေအနေကို ဒေသခံအချို့ကပြောသည်။

KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦး
က "တိုက်ပွဲဖြစ်တဲ့မြို့နယ်တွေ မှာတော့ ဆက်သွယ်ရေးတွေပြတ်တောက်နေတာကြာပါပြီ။ လွိုင်ကော်မြို့ တစ်မြို့ထဲပဲ ဆက်သွယ်ရေး အဆင်ပြေတာပါ။ ကျန်တဲ့မြို့နယ်တွေမှာ တောင်ပေါ် နဲ့ နေရာ အချို့ကလွဲရင် ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာပါ။ မယ်စဲ့ဘက်မှာတော့ ဆက်သွယ်ရေးပြတ်တောက်သွားပါပြီ" ဟု မဇ္ဈိမကိုပြောသည်။

မယ်စဲ့မြို့နယ်တွင် တိုက်ပွဲများပြင်းထန်ပြီးနောက် ကရင်နီဒေသတွင်းရှိ သတင်းရင်းမြစ်များထံ မဇ္ဈိမမှ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်ရေးအခက်အခဲများရှိနေသည်။ ယနေ့ညနေပိုင်းတွင်လည်း ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ရှိ မြို့ပေါ်ဒေသခံအချို့၏ ဖုန်းလိုင်းများခေါ်ဆို၍ မရဖြစ်နေသည်။

မယ်စဲ့မြို့နယ်တွင် ကရင်နီတပ်ပေါင်းစုမှ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင်မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နှင့် မယ်စဲ့ ရဲစခန်းတို့အား သိမ်းဆည်းရရှိပြီးဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းအရင်းမြစ်များမှ မဇ္ဈိမကိုအတည်ပြုပြောကြားထားသည်။

ဖားဆောင်းမြို့နယ်အတွင်းတွင်လည်းဇွန် ၁၆ ရက်နေ့မှ စတင်ကာ ဖားဆောင်းအရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်‌နေသည်။ဖားဆောင်းမြို့နယ်အနီးကနန်းကစ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ရကြောင်း Free Burma Rangersက ထုတ်ပြန်ထားသည်။

ဘော်လခဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ဇွန်လ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း မယ်စဲ့မြို့နယ်အတွင်း တိုက်ပွဲများတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဘော်လခဲမြို့အခြေစိုက် ခမရ(၄၃၀) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနှင့် ဒုတပ်ရင်းမှူးတို့အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး လက်နက်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now သတင်းဌာနသို့ အတည်ပြုပြောဆိုထားသည်။

လက်ရှိတွင် မယ်စဲ့မြို့တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များမှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

စာတည်း - မောင်ကြီး

#mizzima
#ကရင်နီပြည်
#သံလွင်မြစ်အရှေ့ပိုင်း
#စစ်ရေးတင်းမာ
#ဖုန်း၊အင်တာနက်လိုင်းများပြတ်တောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28🔥8😁3👏2🤔2
ဇွန်လ (၂၈) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ် 
=====================

 ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

မုန်တိုင်းသင့်ပြည်သူတွေအတွက် အင်ဒိုနီးရှားက ဒေါ်လာငါးသိန်းကျော် ကူညီထောက်ပံ့မယ်ဆိုတဲ့သတင်း

နဲ့အတူ လွတ်မြောက်နယ်မြေရောက် အစ္စလာမ်ဘာသာဝင်တော်လှန်ရေးရဲဘော်တွေ ကုရ်ဘာနီအီးဒ်နေ့ ပြုလုပ်မယ်ဆိုတဲ့ အကြောင်းတွေပါဝင်တဲ့ 

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့ လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/nk8SRssFIH0

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၂၈ ရက်၊ ၂၀၂၃ | VOA On Mizzima
=============================

စစ်ပွဲဒဏ်ကို ခံရတဲ့ ယူကရိန်းကျေးလက်နေပြည်သူများအကြောင်းနဲ့ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေး သိပ္ပံပညာရှင်တွေရဲ့ အားထုတ်မှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/o0gPTEPOSOw

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1🤮1
စစ်ပွဲဒဏ်ကို ခံရတဲ့ ယူကရိန်းကျေးလက်နေပြည်သူများ | VOA On Mizzima
=============================
 
ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ပြီးသိမ်းနိုင်ဖို့ ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေတဲ့အချိန် စစ်ဒဏ်ခံခဲ့ရတဲ့ ယူကရိန်းကျေးလက်ဒေသတွေမှာ ဖောက်ခွဲရေးပစ္စည်း အကြွင်းအကျန်တွေကို ပြန်ပြီးရှင်းလင်းဖို့က ဆယ်စုနှစ်တခု ဒါမှမဟုတ် နှစ်နဲ့ချီကြာနိုင်ပါတယ်။ ယူကရိန်းကျေးရွာတခုကို သွားရောက်သတင်းယူခဲ့တဲ့ VOA သတင်းထောက် Heather Murdock သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/KhrUFkMBEXE

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေး သိပ္ပံပညာရှင်တွေကြိုးပမ်း | VOA On Mizzima
====================

ပိုမိုဆိုးရွားလာတဲ့ဥတုရာသီပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေး ကမ္ဘာတဝန်း ကြိုးပမ်းအားထုတ်နေကြတာမှာ သိပ္ပံပညာရှင်တွေကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းက အကောင်းဆုံးမူဝါဒတွေ ချမှတ်နိုင်အောင် မတူကွဲပြားတဲ့နည်းနဲ့ အချက်အလက်တွေ စုဆောင်းတင်ပြနေပါတယ်။ ကမ္ဘာ့ပူနွေးမှုရဲ့သက်ရောက်မှုကို ဆက်သွယ်ရေးဂြိုလ်တုကနေ စောင့်ကြည့်လေ့လာတာလည်းရှိသလို ဝင်ရိုးစွန်းမှာ ဆယ်စုနှစ်တွေနဲ့ချီ လူကိုယ်တိုင်လေ့လာနေသူတွေလည်းရှိပါတယ်။ နန်းလောင်ဝ် တင်ဆက်ထားပါတယ်။

https://youtu.be/n_FHEBmb9Ao

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2
တိုင်းပြည်က ချွတ်ခြုံကျနေပြီး စစ်ကောင်စီကတော့ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါလုပ်နေတုန်း
====================

တစ်ချိန်က “စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ”ဆိုတဲ့ သီချင်းစာသားနဲ့ ပြည်သူတွေကိုဂျင်းထည့်ခဲ့တဲ့မြန်မာစစ်ဗိုလ် ချုပ်တွေဟာ အခုလည်း အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို စိုးရိမ်စရာမရှိဘူးဆိုပြီးဝါဒမှိုင်းဖြန့်နေခဲ့ပြန်ပါ တယ်။

အခြေခံလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ ကနေ ၅၆၀၀ တိုးပေးဖို့တောင်းဆိုတာကိုတောင် ဖမ်းနေတဲ့တိုင်း ပြည်အနေနဲ့ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုစိုးရိမ်စရာမရှိဘူးဆိုတဲ့စကားဟာ ရယ်စရာတော့ကောင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်မှာအမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးကနေ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန၊မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ်(MICB)တို့ကို အရေးယူသတ်မှတ်မှုတွေ ပြုလုပ်လိုက်ကြောင်း ကြေညာခဲ့တာပါ။

ဒါကို စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ဘဏ်နှစ်ခုပိတ်ခံရတဲ့သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိဖို့နဲ့ နိုင်ငံခြားငွေကုန်သွယ်ပေးချေမှုတွေကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်ပေးသွားမယ်ဆိုပြီး တုံ့ပြန်ခဲ့တာတွေ့ရပါတယ်။

https://youtu.be/jH7zHwxuhG4

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😱3🔥2👎1🥱1
ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2😁1
ကျန်းမာရေးစစ်ဆေးပေးမယ့် အိမ်သာ | VOA On Mizzima
==================

တကိုယ်ရေကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးရာမှာ နေ့စဉ် ဆီး ဝမ်း သွားတာကို ကိုယ့်အိမ်သာထိုင်ခုံကနေ ကိုယ်တိုင် စစ်ဆေး စမ်းသပ်လို့ ရမယ့် စက်မျိုးကို သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ လူသားတွေစွန့်ပစ်တဲ့ အညစ်အကြေးကနေ ကျန်းမာရေး အချက်အလက်တွေ စောင့်ကြည့် စစ်ဆေးနိုင်အောင် တီထွင်ထားတဲ့ စက်အသစ် အကြောင်း VOA သတင်းထောက် Matt Dibble သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ဆက်ထားပါတယ်။

https://youtu.be/GxyQnOhH2-g
     
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤1💩1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေး စီးနင်းမှုအတွင်း လူပေါင်း ၂,၇၀၀ ကိုဖမ်းဆီးခဲ့

https://www.facebook.com/reel/284775930669491

#International #MizzimaTV #Reels #shorts
👍6🔥4
This media is not supported in your browser
VIEW IN TELEGRAM
June - 28 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍6❤1😁1🍌1
"ဝ" အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နှင့် စစ်ကောင်စီ တို့ တွေ့ဆုံနိုင်ရေး ဆွေးနွေး
=====================

အင်အားကြီး "ဝ" အဖွဲ့ ၊ မိုင်းလားနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့နှင့် စစ်ကောင်စီတို့ အကြားတွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စကို ဇွန်လ (၂၇) ရက်က ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့ (၅) ဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဒုတိယနေ့ ဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အပစ်ရပ် တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ EAOs ၅ ခုတို့ နေပြည်တော်၌ တွေ့ဆုံကြခြင်းဖြစ်သည်။

ယခု ပြုလုပ်နေသည့် ဆွေးနွေးပွဲတွင် PPST အဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မ တော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့ မှ ကိုယ်စားလှယ်များ တက်ရောက်နေကြပြီး စစ်ကောင်စီ၏ NSPNC တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဇွန်လ (၂၆) ရက်က စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် "ဝ" အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံနိုင်ရေးတို့ကို NCA - S EAO များ၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

https://youtu.be/0vY5bDolqWM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤣10👍4🤮3💩1
ဇွန်လ (၂၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:02 - ပုလဲမြို့နယ်ရှိ ညောင်ကုန်းကျေးရွာလေကြောင်းပစ်ခတ်ခံရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ၉ ဦး သေဆုံးတဲ့သတင်း

02:01 - "ဝ" အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံနိုင်ရေး ဆွေးနွေးတဲ့သတင်း

05:38 - လမိုင်းမြို့က နယ်မြေရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးအများစုကို ပိတ်ထားတဲ့သတင်း

09:39 - စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်မှ မြို့နယ်တစ်ချို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/6SDGW-YfLG0

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁3😢2🔥1
Media is too big
VIEW IN TELEGRAM
"ဝ" အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နှင့် စစ်ကောင်စီ တို့ တွေ့ဆုံနိုင်ရေး ဆွေးနွေး

Watch more detail -
https://youtu.be/0vY5bDolqWM

#တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့#စစ်ကောင်စီ #တွေ့ဆုံနိုင်ရေး ဆွေးနွေး #VideoNews #shorts #reels
❤3🤮3😁2🤔2👍1
​​မြန်မာ့စီးပွားရေး တည်ငြိမ်လာသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ ပြဿနာများနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် ပြော
=====================

ယခုနှစ် ၂၀၂၃ ၏ ပထမနှစ်ဝက်တွင် မြန်မာ၏ စီးပွားရေး အခြေအနေတွင် တည်ငြိမ်မှု တချို့ ရှိသော်လည်း နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အမျိုးမျိုးသော အတားအဆီးများနှင့် ကြုံတွေ့နေကြရဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ တစ်နှစ်နှစ်ကြိမ်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာ (၂၀၂၃ ဇွန်) တွင် ထုတ်ဖော်သည်။ ထို့ပြင် အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုသည် မခိုင်ခံ့ဘဲ ဆက်လက်အားနည်းနေဆဲ ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီလက်အောက် မြန်မာတွင် စားနပ်ရိက္ခာ လုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးပွားလျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ “မခိုင်ခံ့သော ပြန်လည်နာလန်ထူမှု- အလုပ်အကိုင်၊ ဝင်ငွေများနှင့် ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းများအပေါ် အထူးအာရုံစိုက်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1🤣1
​​ရေးမြောက်ပိုင်း တိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံး၊ စစ်ကောင်စီအထိနာ၍ လေကြောင်းပစ်ကူသုံးတိုက်ခိုက်
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာအကြားတွင် ဖြစ်ပွားခဲ့သည့် နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာ၍ လေကြောင်းပစ်ကူသုံးတိုက်ခိုက်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ဇွန်လ ၂၆ ရက်နေ့ ညနေ ၆နာရီခွဲဝန်းကျင်တွင် အောင်သာယာကျေးရွာနှင့် ကနင်ကမော့ကျေးရွာကြား ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကျားဖြူစစ်ကြောင်း၊ ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇) ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၇နာရီခန့်တွင်လည်း ထိုနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်ရှိ အောင်သပြေကျေးရွာ၊အောင်သာယာ ကျေးရွာနှင့် ကနင်ကမော့ကျေးရွာ အပြင်ဘက်ရှိ တောစပ်များတွင်ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းပစ်ကူသုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“တစ်နေ့ညက နေရာတဝိုက်မှာပဲ။ မနက် ၇နာရီလောက်အထိ ဆက်ဖြစ်တာပါ။ ညမနက်ပေါင်း ၂၈ ယောက်။ ကင်ပုန်းဝပ်နေတာ ဘယ်တပ်ကလဲတော့ မသိဘူး အင်အားတော့များတယ်” ဟု ရေး ပ.က.ဖ တာဝန်ခံဗိုလ်ရန််နိုင်က မဇ္ဈိမ ကိုပြောသည်။

ထို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀နာရီခန့်တွင်လည်း သံဖြူဇရပ်မှ ခြေလျင် ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ရေးမြို့ ဘေးလမိုင်းကျေးရွာအနီးတွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် တောင်ညိုစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

“ဖြတ်တောက်တိုက်တာ။ သုံးယောက်ကျပြီး အထိအခိုက် များတယ်ဗျ။ စပစ်ထဲက ချိန်ပစ်ထားတော့ သေချာတာတော့ ထိကိုထိမှာပဲ။ ကျနော်တို့ အဖွဲ့ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု အဆိုပါရဲဘော်က ပြောသည်။

ထိုတိုက်ပွဲများအတွင်းတွင် စစ်ကောင်စီတပ်သား ၃၀နီးပါး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းရင်းမြစ်များမှ အတည်ပြုထားသော်လည်း စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီ၏ နှစ်ကရင်ကျေးရွာအုပ်စု ၊ ဝယ်ဖယ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ လက်နက်ကြီးပစ်ကူများလည်း ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဦးခေါင်း ရှပ်ထိဒဏ်ရာနှင့် ခြေထောက်ထိခိုက် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် လည်း ရေးမြို့နယ်မြောက်ပိုင်းရှိ နှစ်ကရင်ကျေးရွာရဲစခန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းနှင့် KNLA တပ်ရင်း(၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးခဲ့ပြီး ထိုတိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီမှ ရဟတ်ယာဉ်နှစ်စီးဖြင့် နှစ်ကရင်ကျေးရွာအတွင်းသို့ လာရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရာ ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၃၀ နီးပါးသေဆုံး
#လေကြောင်းပစ်ကူ
#ရေးမြောက်ပိုင်း တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3🔥1🥰1😁1
​​အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သစ်တောရဲသေဆုံး
======================

လွှမ်းမိုး
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တစ်ဖက်ကမ်း၊ အောင်ဇေယျတပ်ကုန်းရှိ အနောက်ဘက် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၈ ရက် နံနက် ၇ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ဖွဲ့ထံက သိရသည်။

ထိုတိုက်ခိုက်မှူတွင် ဝိုင်းချစ်မိုးဆိုသည့် သစ်တောရဲ တစ်ဦးသေဆုံးခဲ့ပြီး စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ခွဲ(၃) မှ တပ်ခွဲမှူးက ပြောသည်။

“ စစ်ဆေးရေးဂိတ်က ခရီးသွားပြည်သူတွေအပေါ် မတရားငွေညှစ်တောင်းခံနေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။ ဒီမစ်ရှင်ကို ဆောင်ရွက်ဖို့ နှစ်လလောက် အချိန်ယူခဲ့ရတယ်။ ဂိတ်က ရဲနဲ့ စစ်သားတွေကို အနီးကပ်ပစ်ခဲ့ရတာဖြစ်ကါတယ်။ ရဲတစ်ဦးသေဆုံးတယ် တစ်ခြား စစ်သားတစ်ဦးကတော့ သေလောက်အောင်ပြင်းထန် ဒဏ်ရာရသွားတယ်” ဟု ၎င်း က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှူကို ယင်းမာပင်ခရိုင် အမှတ် (၃၄) တပ်ရင်း( ရိုးမဖိုက်တာ) နှင့် ကိုမိုးကောင်း ဦးဆောင်သည့် ယင်းမာပင်ခရိုင် အမှတ် (၄) တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ခွဲ(၃) မှ တပ်ခွဲမှူးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောင်ဇေယျတပ်ကုန်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ကာ စစ်ဆေးရေးဂိတ်ကိုအင်အားတိုးချဲ့ထားပြီး ခရီးသွားပြည်သူများကို ဖမ်းဆီး စစ်ဆေးမှူများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ အော်ကျော်ဖြိုး

#မုံရွာမြို့
#သစ်တောရဲ
#အောင်ဇေယျတပ်ကုန်း
#ရိုးမဖိုက်တာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥2👏2😁1
​​ထိုင်းရွေးကောက်ပွဲ၌ ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော ပြောဆိုချက်များအား အမေရိကန် သံအမတ်ကြီး ပယ်ချ
====================

မကြာသေးသော ထိုင်းရွေးကောက်ပွဲ၌ အမေရိကန်က ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော ပြောဆိုချက်များသည် ထိုင်းပြည်သူများအတွက် “အကျိုးမဲ့စေသော လုပ်ရပ်”ပဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပယ်ချသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3😁1