ရေးမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်မှု စကစတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးဟုဆို
==================
YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်းရှိ ရဲစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း (၂) ဒု- တပ်ရင်းမှူး စောဝင်းဇော်က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းက နှစ်ကရင်ရဲစခန်းကို တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်နှစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
“သူတို့ရဲ့သေဆုံးစာရင်းက ဒေသခံတွေရဲ့ပြောပြချက်အရ ကျွန်တော်တို့သိရတာဖြစ်ပါတယ်” ဟု ကျားဖြူ စစ်ကြောင်း (၂) ဒု-ရင်းမှူး စောဝင်းဇော်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
အဆိုပါရဲစခန်းအတွင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲများမရှိသော်လည်း ရေးမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားနေသည့် အင်အား ၃၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းက အထိုင်ချနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့က ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။
ရဲစခန်း တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်စဉ်နှစ်စင်းဖြင့် နှစ်ကရင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် အမတ(၃၁၇) အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ ကြောင့် နှစ်ကရင်ကျေးရွာမှ အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးဝန်းကျင်ရှိပြီး လက်ရှိမှာ ဒဏ်ရာရရှိထားသူများမှာ လမိုင်းမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
“ဒေသခံက လက်ရှိ သုံးယောက်သေတယ်လို့ လက်ရှိသိထားရတယ်၊ ထိခိုက် ဒဏ်ရာရတာကတော့ လေး၊ ငါး၊ ခြောက်ယောက်လောက်ရှိတယ်ဗျ၊ သူတို့က ရွာတွေထဲကို ရမ်းသန်းပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရတာ တွေ ရှိတယ်၊ ထိခိုက်ပျက်စီးတဲ့ အိမ်တွေလည်းများတယ်ဗျ” ဟု ကျားဖြူစစ်ကြောင်း (၂) ဒု-ရင်းမှူး စောဝင်းဇော်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ၂၄ ရက်နေ့ ညပိုင်းကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ၊ ခလရ (၂၇၅) မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး မြဝတီမြို့၊ ကျောက်မိုင်း (ကျောက်တောင်) ဒေသမှ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ရေးမြို့
#နှစ်ကရင်ရွာရဲစခန်း
#KNLAPDF
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14❤1🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဟောင်ကောင်က အထပ်မြင့်မိုးမျှော်သင်္ချိုင်း
https://www.facebook.com/reel/809480000476055
#International #MizzimaTV #HongKong #Reels #shorts

❤5👍3🔥2
KNU တပ်မဟာ (၅) မျိုးဆက်သစ်ကျောင်းအား စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်
🤬10🔥3👍1👏1
KNU တပ်မဟာ (၅) မျိုးဆက်သစ်ကျောင်းအား စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်
=======================
YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေအတွင်းရှိ မျိုးဆက်သစ် စာသင်ကျောင်းပရဝဏ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု များရှိကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။
ယမန်နေ့၊ ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် လူသောမြိို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု၊ ထော့ထီးပယ်ကျေးရွာအတွင်းရှိ မျိုးဆက်သစ်ကျောင်း ပရဝဏ်အတွင်းသို့ စစ်ကောင်စီက ဂျက်လေယာဉ် နှစ်စင်းကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" စစ်တိုက်လေယာဥ် နှစ်စင်းနဲ့ ဗုံးလာကြဲသွားခဲ့ပါတယ်။ ကျောင်းခန်းမ တစ်ဆောင်အပါအဝင် အိမ်ခြေအဆောက်အအုံ ငါးလုံးပြင်မရအောင် ပျက်စီးခဲ့ပြီး ခုနစ်လုံး အမိုးအကာအချို့ပျက်စီးခဲ့ပါတယ်" ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်း၏ ကျောင်းခန်းမအဆောက်အအုံတစ်ခုနှင့် အနီးအနားရှိ အဆောက်အအုံငါးခု ပြင်မရသည်အထိ ကြေမွပျက်စီးခဲ့ရကြောင်းနှင့် အခြား အဆောက်အအုံ ခုနစ်ခု ဗုံးစထိမှန်၍ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံ ပျက်စီးမှုများသော်လည်း လူသူထိခိုက်မှု မရှိခဲ့သည့်အကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။
" လူထိခိုက်ဒဏ်ရာရမှု တစ်ယောက်မှမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ထော့ထီးပယ်ရွာကို စစ်ကောင်စီက လေယာဥ်နဲ့ လာပစ်တာ အခုအကြိမ်ပါ အပါဆိုရင် သုံးခါရှိပြီ။ ပထမ တစ်ခါပစ်တာ ရွာအပြင်မှာ ကျပြီး ထိခိုက်မှုဘာမှမရှိဘူး။ အဲ့ဒီအချိန်ကနေစပြီး ရွာသားတွေက ရွာထဲမှာ မနေတော့ဘဲ အခြားနေရာကိုရွှေ့နေကြတာ။ နေ့လည်နေ့ခင်းမှာ သန်မာဖြတ်လတ်တဲ့လူလောက်ပဲ ပြန်လာကြတယ်။ ဒါကြောင့် အဆောက်အအုံပဲ ထိခိုက်ပျက်စီးပြီးလူထိခိုက်မှု မရှိရခြင်းဖြစ်တယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မျိုးဆက်သစ်ကျောင်း အဆောက်အအုံအချို့ မီးလောင်ပြာကျခဲ့ရသေးသော်လည်း ယခုအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပျက်စီးမှု ပိုများကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။
စစ်ကောင်စီသည် ထော့ထီးပယ်ကျေးရွာအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တို့တွင် တိုက်လေယာဉ်သုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် မျိုးဆက်သစ်စာသင်ကျောင်း အဆောက်အအုံအချို့အပါအဝင် ကျေးရွာအတွင်းရှိ အခြားစာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံနေအိမ် ၁၂ လုံး မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။
တပ်မဟာ (၅) နယ်မြေရှိ မျိုးဆက်သစ်ကျောင်းသည် ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်နှစ်လျှင်တစ်ကြိမ် ဖွင့်လှစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကိုးကြိမ်မြောက် ပညာသင်နှစ် ဖွင့်လှစ်နိုင်ခဲ့ပြီး KNU တပ်မဟာ (၁) သထုံခရိုင်၊ KNU တပ်မဟာ (၂) တောင်ငူခရိုင်၊ KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ KNU တပ်မဟာ (၅) မူတြော်ခရိုင်တို့မှ ကျောင်းသူ၊ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ပညာသင်ယူနိုင်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
# မျိုးဆက်သစ်ကျောင်း
#KNU တပ်မဟာ (၅)
#လေကြောင်းမှ တိုက်ခိုက်

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🤬9👍5🔥2❤1😁1
ရေးမြို့နယ်တွင် စကခ (၁၉) လှည့်ကင်းအား ရေးဘီလူးအဖွဲ့ ပစ်ခတ်
===================
ဂျူချန်း
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာတွင် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှထွက်လာသည့် လှည့်ကင်းယာဉ်ကို ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲက ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား ၁၅ ဦးလိုက်ပါလာသည့် ကင်းလှည့်ယာဉ်ကို ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကဆိုသည်။
“ကလော့ကြီးရွာထိပ်မှာ ဝင်ပစ်တာ။ ကျောင်းကားမလာခင် နယ်မြေရှင်းလင်းတဲ့ပုံစံမျိုးနဲ့ ရွာထဲကို ရှေ့ပွိုင့်ကားနဲ့လာတာ။ အဲ့ဒီပွိုင့်ကားကိုပစ်တာ။ ကားထဲမှာ ငါးယောက်ကျတယ်။ ကားထဲမှာ ၁၅ ယောက် လောက်ပါတယ်။ ဒဏ်ရာရလည်း ရှိမယ်။ ဒဏ်ရာရကိုတော့ ကျနော်တို့ ကောင်းကောင်း အတည်မပြု နိုင်ဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ပြောသည်။
စစ်တပ်ကျောင်းကြိုပို့သည့် ကျောင်းကားမလာခင် လုံခြုံရေးလမ်းရှင်းသည့်အနေအဖြစ် ကင်းလှည့်လေ့ ရှိပြီး အဆိုပါကင်းလှည့်သည့်ကားပေါ်တွင်ပါသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အရပ်သား နှင့် ကလေး ထိခိုက်မှုမရှိကြောင်း ဆိုသည်။
ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်မည်ဟုပြောဆိုပြီးသည့်နောက် စစ်ဆင်ရေးများ ဆက် တိုက်လုပ်ဆောင်လာရာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ကလော့ကြီးကျေးရွာနှင့် ကပ်လျှက် ချောင်း တောင်ကျေးရွာရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကိုလည်း သွားရောက်ပစ်ခတ်ခဲ့သေးသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေးမြို့
#စကခ(၁၉)
#လှည့်ကင်းကား
#ရေးဘီလူး
Photo - ရေးဘီလူးအဖွဲ့(ပုံဟောင်း)

👍15👏5🔥1😁1
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
🤬10😢7❤1🔥1😁1
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ငါးပါတ်ချောင်းကျေးရွာကို ကျောက်မြောင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၆၀ ခန့်ဖြင့် မြစ်ကြောင်းအတိုင်းစုန်ဆင်းလာပြီး ဝင်ရောက်မီးရှို့ခဲ့ခြင်းဟု ဒေသခံကပြောသည်။
“ အင်အား ၆၀ လောက်နဲ့ ရွာထဲကိုဝင်ပြီး သုံးနာရီလောက်ကြာအောင် မီးရှို့သွားတာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၅၀ လောက် မီးလောင် ပြာကျသွားတယ်။ အခုမှ ရွာထဲဝင်ပြီး သန့်ရှင်းရေးလုပ်နေရတာ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။
ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကြောင်းဝင်လာ၍ စစ်ဘေးပြီးရွာသို့ပြန်ရောက်ချိန်တွင် တရွာလုံးနီးပါး မီးလောင်ပြင်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရခြင်းဟုလည်း စစ်ဘေး၊ မီးဘေးသင့် ဒေသခံတဦးက ပြောသည်။
“ အိမ်ထောင်သက် အနှစ် ၃၀ လုံးလုံး မစားရက်မသောက်ရက်စုဆောင်းပြီး အိမ်လေးတလုံးဖြစ်ဖို့တည် ဆောက်ခဲ့ရတာ။ ပြတင်းပေါက်ကလေးတောင် မတတ်နိုင်သေးဘူး။ အခုတောင် တခြားရွာက ထောက်ပံ့ တာလေးတွေနဲ့ ထမင်းချက်ကျွေးနေလို့စားနေရတာပါ။ ရှေ့ဆက် ဘယ်လိုအသက်ရှင်ရမှန်းတောင် မသိ တော့ဘူး” ဟု ၎င်းကဆိုသည်။
ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင် အသက်မွေးဝမ်းကြောင်းပြုကြသူများဖြစ်ပြီး အိမ်ထောင်စု ၂၀၀ ဝန်းကျင် နေထိုင်ကြသည်။
ယခုအခါ ရွာလုံးကျွတ်နီးပါးမီးရှို့ခံရသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း လည်း ဒေသခံများကဆိုကြသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဝက်လက်မြို့နယ်
#ရွာလုံးကျွတ်မီးရှို့
#ငါးပါတ်ချောင်းရွာ
#စစ်ကောင်စီတပ်

#ဝက်လက်မြို့နယ် – Explore
explore #ဝက်လက်မြို့နယ် at Facebook
🤬10👍4❤2🔥1😁1
ဇွန်လ (၂၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
01:05 - စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကိုလျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတဲ့သတင်း
03:01 - ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလပြောတဲ့သတင်း
06:43 - ရေးမြောက်ပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး စစ်ကောင်စီအထိနာနေလို့ လေကြောင်းသုံးတိုက်ခိုက်တဲ့သတင်း
08:10 - မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ CAF ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/94NzwoE3Nds
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:05 - စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကိုလျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတဲ့သတင်း
03:01 - ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလပြောတဲ့သတင်း
06:43 - ရေးမြောက်ပိုင်း…

👍15😁2🔥1
ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်
=========================
၂၀၂၂ ခုနှစ်ထဲမှာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ချက်အရသိရပါတယ်။
ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်းထန်လာခဲ့လို့ ဖြစ်ရပ် ၂၄ ခုနဲ့ စောင့်ကြည့်ရေးအစီအစဉ်တစ်ခုမှာ ရန်လိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး အရေအတွက်နဲ့ တုန်လှုပ်ချောက်ချား ဖွယ် မြင့်မားနေဆဲဖြစ်တယ်လို့ ကုလ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရတဲ့၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။
ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
မြန်မာ အပါအဝင် ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ ကျောင်းနဲ့ ဆေးရုံ တိုက်ခိုက်ခံရမှု ၁,၈၄၃ အထိ ဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
https://youtu.be/W3-rk_QCGUM
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
၂၀၂၂ ခုနှစ်ထဲမှာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ချက်အရသိရပါတယ်။
ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်းထန်လာခဲ့လို့ ဖြစ်ရပ် ၂၄ ခုနဲ့ စောင့်ကြည့်ရေးအစီအစဉ်တစ်ခုမှာ ရန်လိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး အရေအတွက်နဲ့ တုန်လှုပ်ချောက်ချား ဖွယ် မြင့်မားနေဆဲဖြစ်တယ်လို့ ကုလ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရတဲ့၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။
ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
မြန်မာ အပါအဝင် ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ ကျောင်းနဲ့ ဆေးရုံ တိုက်ခိုက်ခံရမှု ၁,၈၄၃ အထိ ဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
https://youtu.be/W3-rk_QCGUM
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်
၂၀၂၂ ခုနှစ်ထဲမှာ ပဋိပက္ခတွေရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ချက်အရသိရပါတယ်။
ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ…

🔥6👍4💩1
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
👍20😁2❤1
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
========================
002
(မဇ္ဈိမ)။ ။တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
“ NUG ၊ မဟာမိတ်စစ်ရေးဦးဆောင်အဖွဲ့တွေနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကလည်း တန် ပြန်ထိုးစစ်အကြိုကာလ စစ်ရေးစီမံချက်တွေကို တာလွှတ်လိုက်ပါပြီ။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထု တိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသက်တိုက်ပွဲကြီးတွေဆီ စဦးတည်ကြပါမယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။
တော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ဆန္ဒပြခဲ့သည့် လူငယ်များမှာ မဟာမိတ်တပ်ဖွဲ့များ၏ သင်ကြားပြသ မှုကြောင့် စစ်ရေးအတွေ့အကြုံများလည်း ရရှိလာပြီဖြစ်ကြောင်း၊ လက်ရှိကာလမှာ တော်လှန်ရေး၏ ပြည်သူ့စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟု ၎င်းကပြောသည်။
“တောတောင်တွေထဲက ရဲဘော်တွေဟာ အခုဆို မြေပြန့်ကိုတပ်ဖြန့်ရောက်ရှိနေပြီး စစ်တောင်းလွင်ပြင် မှာတိုက်ပွဲဖော်နေကြပါပြီ။ အိမ်အပြန်လမ်းကိုမြင်နေရလို့ တက်ကြွနေကြတဲ့ ရဲဘော်တွေရဲ့မျှော်လင့်ချက် တွေက ပြည်ထောင်စုရဲ့ တပ်ဦးရောင်ခြည်ဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့ တတိယ အဆင့်ကြားကို ရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံးတိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာနေခဲ့ရပြီး ဘက်စုံဆုံးရှုံးနစ်နာခဲ့မှုတွေရဲ့အကြွေးကိုပြန်ယူဖို့ တော်လှန်ရေးအဓွန့် ရှည်ပြီး အာဏာရှင်သက်ဆိုးရှည်နေလို့ ဘက်စုံဆုံးရှုံးနစ်နာမှုရှိလာမှာတွေကို တားဆီးဖို့ ရှိသမျအားကုန် ညှစ်ပြီး အဆုံးအဖြတ်ရလဒ်အတွက် အမြင့်ဆုံးအရှိန်နဲ့ တိုက်ပွဲဝင်ကြရပါတော့မယ်” ဟု ပြည်ထဲရေးဝန် ကြီးက ဆိုသည်။
တော်လှန်ရေးရဲဘော်များမှာ လက်ဝယ်သေနတ်ရှိပါက ဗျူဟာဆွဲ တိုက်ခိုက်နိုင်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် မနေချင်သူများအနေဖြင့် စနစ်သစ်နိုင်ငံတော်တွင် စိတ်ဝမ်းမကွဲဘဲ အားလုံးအတူတူ နေချင်ကြသည်ကို ယုံကြည်ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။
“ကျနော်တို့ပြည်သူတစ်ရပ်လုံး အခုအချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရုန်းကန်ကြဖို့ အချိန်တန်ပါ ပြီ။ တော်လှန်ရေးက နောက်တလှမ်းဆုတ်ပြီး သုံးသပ်ပြင်ဆင်တွေးခေါ်ချိန်ဆနေချိန်က အချိန်စေ့သွား ပြီ” ဟုလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ပြန့်ကျဲနေသည့် အင်အားစုများကိုစုစည်းပြီး ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရတော့မည်ဖြစ် ကြောင်း၊ တော်လှန်ရေးရဲဘော်ရဲဘက်များ အိမ်ပြန်ချိန်တွင် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိ အောင် ကြိုးစားရမည်ဟု ဝန်ကြီးကဆိုသည်။
“အားလုံးကအိမ်ပြန်ချင်ကြတယ်၊ ပြည်သူ့အာဏာကလည်း ပြည်သူ့ဆီကိုပြန်ချင်တယ်။ အကျဉ်းထောင် ထဲရောက်နေတဲ့ တော်လှန်ရေးသမားတွေကလည်း ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အိမ်ပြန်ချင်ကြပါလိမ့် မယ်။ ပြည်ပရောက် ပြည်ထောင်စုဖွားတွေကလည်း သူတို့ကိုယ်တိုင်ပါဝင်ပြီးတော်လှန်နေတဲ့ တော်လှန် ရေးအသီးအပွင့်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီကို ခေါင်းမော့ရင်ကော့ပြီး အိမ် ပြန်ချင်ကြတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြော ကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#ပြည်ထဲရေးဝန်ကြီး
#တန်ပြန်ထိုးစစ်
#အဆုံးသတ်တိုက်ပွဲ

#အမျိုးသားညီညွတ်ရေးအစိုးရ – Explore
explore #အမျိုးသားညီညွတ်ရေးအစိုးရ at Facebook
👍22❤9😁3