တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
👍20😁2❤1

========================
002
(မဇ္ဈိမ)။ ။တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
“ NUG ၊ မဟာမိတ်စစ်ရေးဦးဆောင်အဖွဲ့တွေနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကလည်း တန် ပြန်ထိုးစစ်အကြိုကာလ စစ်ရေးစီမံချက်တွေကို တာလွှတ်လိုက်ပါပြီ။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထု တိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသက်တိုက်ပွဲကြီးတွေဆီ စဦးတည်ကြပါမယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။
တော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ဆန္ဒပြခဲ့သည့် လူငယ်များမှာ မဟာမိတ်တပ်ဖွဲ့များ၏ သင်ကြားပြသ မှုကြောင့် စစ်ရေးအတွေ့အကြုံများလည်း ရရှိလာပြီဖြစ်ကြောင်း၊ လက်ရှိကာလမှာ တော်လှန်ရေး၏ ပြည်သူ့စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟု ၎င်းကပြောသည်။
“တောတောင်တွေထဲက ရဲဘော်တွေဟာ အခုဆို မြေပြန့်ကိုတပ်ဖြန့်ရောက်ရှိနေပြီး စစ်တောင်းလွင်ပြင် မှာတိုက်ပွဲဖော်နေကြပါပြီ။ အိမ်အပြန်လမ်းကိုမြင်နေရလို့ တက်ကြွနေကြတဲ့ ရဲဘော်တွေရဲ့မျှော်လင့်ချက် တွေက ပြည်ထောင်စုရဲ့ တပ်ဦးရောင်ခြည်ဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့ တတိယ အဆင့်ကြားကို ရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံးတိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာနေခဲ့ရပြီး ဘက်စုံဆုံးရှုံးနစ်နာခဲ့မှုတွေရဲ့အကြွေးကိုပြန်ယူဖို့ တော်လှန်ရေးအဓွန့် ရှည်ပြီး အာဏာရှင်သက်ဆိုးရှည်နေလို့ ဘက်စုံဆုံးရှုံးနစ်နာမှုရှိလာမှာတွေကို တားဆီးဖို့ ရှိသမျအားကုန် ညှစ်ပြီး အဆုံးအဖြတ်ရလဒ်အတွက် အမြင့်ဆုံးအရှိန်နဲ့ တိုက်ပွဲဝင်ကြရပါတော့မယ်” ဟု ပြည်ထဲရေးဝန် ကြီးက ဆိုသည်။
တော်လှန်ရေးရဲဘော်များမှာ လက်ဝယ်သေနတ်ရှိပါက ဗျူဟာဆွဲ တိုက်ခိုက်နိုင်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် မနေချင်သူများအနေဖြင့် စနစ်သစ်နိုင်ငံတော်တွင် စိတ်ဝမ်းမကွဲဘဲ အားလုံးအတူတူ နေချင်ကြသည်ကို ယုံကြည်ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။
“ကျနော်တို့ပြည်သူတစ်ရပ်လုံး အခုအချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရုန်းကန်ကြဖို့ အချိန်တန်ပါ ပြီ။ တော်လှန်ရေးက နောက်တလှမ်းဆုတ်ပြီး သုံးသပ်ပြင်ဆင်တွေးခေါ်ချိန်ဆနေချိန်က အချိန်စေ့သွား ပြီ” ဟုလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ပြန့်ကျဲနေသည့် အင်အားစုများကိုစုစည်းပြီး ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရတော့မည်ဖြစ် ကြောင်း၊ တော်လှန်ရေးရဲဘော်ရဲဘက်များ အိမ်ပြန်ချိန်တွင် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိ အောင် ကြိုးစားရမည်ဟု ဝန်ကြီးကဆိုသည်။
“အားလုံးကအိမ်ပြန်ချင်ကြတယ်၊ ပြည်သူ့အာဏာကလည်း ပြည်သူ့ဆီကိုပြန်ချင်တယ်။ အကျဉ်းထောင် ထဲရောက်နေတဲ့ တော်လှန်ရေးသမားတွေကလည်း ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အိမ်ပြန်ချင်ကြပါလိမ့် မယ်။ ပြည်ပရောက် ပြည်ထောင်စုဖွားတွေကလည်း သူတို့ကိုယ်တိုင်ပါဝင်ပြီးတော်လှန်နေတဲ့ တော်လှန် ရေးအသီးအပွင့်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီကို ခေါင်းမော့ရင်ကော့ပြီး အိမ် ပြန်ချင်ကြတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြော ကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#ပြည်ထဲရေးဝန်ကြီး
#တန်ပြန်ထိုးစစ်
#အဆုံးသတ်တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#အမျိုးသားညီညွတ်ရေးအစိုးရ – Explore
explore #အမျိုးသားညီညွတ်ရေးအစိုးရ at Facebook
👍22❤9😁3
Media is too big
VIEW IN TELEGRAM
ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်
Watch more detail -
https://youtu.be/W3-rk_QCGUM
#ကလေးသူငယ် #ကုလ #ပဋိပက္ခဒဏ် #VideoNews #shorts #Reels

🔥4❤2👍1😢1
သူ့အား ပြန်ပေးဆွဲရန် လျှို့ဝှက်ကြံစည်နေကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော
========================
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံအုပ်စုတစ်ရပ်သည် သူ့အား ပြန်ပေးဆွဲရန် ကြံစည်နေကြောင်း စွပ်စွဲပြောဆိုကာ လာမည့်လ၌ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိချိန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် လူ ၂၀၀ ခန့်ကို ရှင်းပစ်ရန် ဝန်မလေးကြောင်း သတိပေးပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံအုပ်စုတစ်ရပ်သည် သူ့အား ပြန်ပေးဆွဲရန် ကြံစည်နေကြောင်း စွပ်စွဲပြောဆိုကာ လာမည့်လ၌ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိချိန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် လူ ၂၀၀ ခန့်ကို ရှင်းပစ်ရန် ဝန်မလေးကြောင်း သတိပေးပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17🤮2🔥1
လူကုန်ကူးမှု နှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တို့ ထိန်းသိမ်းစစ်ဆေး
=======================
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ လူကုန်ကူးခံရသူများကို အွန်လိုင်းဂိမ်းများအတွက် ကစားမည့်သူများအား စည်းရုံးစုဆောင်းစေရန် အလုပ်ခိုင်းစေမှုများ ရှိခဲ့သည် ဆိုသည့် အဆောက်အအုံတချို့ကို ဝင်ရောက်စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောသည်။
ဇွန်လ ၂၆ ရက်ညပိုင်းက မြို့တော်ရှိ ခြံဝင်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့သူများထဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ လူကုန်ကူးခံရသူများကို အွန်လိုင်းဂိမ်းများအတွက် ကစားမည့်သူများအား စည်းရုံးစုဆောင်းစေရန် အလုပ်ခိုင်းစေမှုများ ရှိခဲ့သည် ဆိုသည့် အဆောက်အအုံတချို့ကို ဝင်ရောက်စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောသည်။
ဇွန်လ ၂၆ ရက်ညပိုင်းက မြို့တော်ရှိ ခြံဝင်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့သူများထဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3❤1👍1
ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ
🤬12👍2😁2

==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်များ၌ စစ်ကောင်စီ တပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အမျိုးသမီးများအပါဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။
ကော့သောင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့က ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ကျေးရွာမှ ပျူစော ထီးအဖွဲ့ဝင်သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းပြီးနောက် ဇွန်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ လမ်းများနှင့်နေအိမ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကော့သောင်းမြို့ခံတဦးက “အခု ဖမ်းဆီးခံရတာက အယောက် ၃၀ ကျော်လောက် ရှိနိုင်တယ်။ မြို့ပေါ် ရပ်ကွက်တွေက အများစုဖမ်းဆီးခံရတယ်”ဟု ပြောသည်။
ဇွန်လ ၂၄ ရက်နေ့က ရွှေပြည်သာရပ်ကွက်နေ အသက် ၁၈ နှစ် အရွယ် လူငယ်တဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် လူမှားဖမ်းဆီးခဲ့သည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ညက ကော့သောင်းမြို့ပေါ်၌ ဖမ်းဆီးမှုများပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံအချို့ကဆိုသည်။
ကော့သောင်းမြို့တွင် ပြီးခဲ့သည့် မေလအတွင်းက ၁၆ နှစ် အရွယ်လူငယ်တဦး အပါဝင် လူငယ်ရှစ်ဦးကို စစ်ကြောရေး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်နှင့် နီးစပ်သည့်အသိုင်းမှ သိရ သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ကော့သောင်းမြို့
#စစ်ကောင်စီတပ်
#အရပ်သားဖမ်းဆီးခံရမှု

#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
🤬16👍3🔥3
Business Round Up (28 June 2023)
===================
- မြန်မာ့စီးပွားရေး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြန်လည်ဦးမော့ရန် နှစ်အတန်ကြာဦးမည်ဟု ကမ္ဘာ့ဘဏ်ပြော
- ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး တစ်ပတ်အတွင်း စံချိန်တင်မြင့်တက်လာ
- စစ်ကောင်စီနှင့်ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေကို NUG သတိပေး
- တရားမဝင်ကုန်သွယ်မှုကြောင့် ရော်ဘာလုပ်ငန်းကဏ္ဍတွင် ထိခိုက်နစ်နာမှုရှိနေ
- ကရင်ပြည်နယ် ရွှေကုက္ကိုလ်ကို ထိုင်းက အင်တာနက်ဖြတ်တောက်မှုကြောင့် လုပ်ငန်းတချို့ရပ်နား
https://youtu.be/m0QM9Qj_2LA
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Business Round Up (28 June 2023)
- မြန်မာ့စီးပွားရေး စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြန်လည်ဦးမော့ရန် နှစ်အတန်ကြာဦးမည်ဟု ကမ္ဘာ့ဘဏ်ပြော
- ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ်ငွေဈေး တစ်ပတ်အတွင်း စံချိန်တင်မြင့်တက်လာ
- စစ်ကောင်စီနှင့်ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ လု…

👍2😁1
အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆို
=====================
အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က (ဇွန် ၂၁) ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ လတ်တလော ရောင်းချနေတဲ့အပေါ် ဆွီဒင်အစိုးက ဟန့်တားပေးဖို့နဲ့ ဆွီဒင်ကုမ္ပဏီတွေ ဒီဇိုင်းလုပ် ထုတ်လုပ်တဲ့ လက်နက်တွေ အိန္ဒိယကတဆင့် မြန်မာစစ်တပ်လက်ထဲ မရောက်အောင် စုံစမ်းစစ်ဆေး တားမြစ်ဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့က ဆွီဒင်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနဲ့ ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
ဆွီဒင် ဒီဇိုင်းထုတ် ဖန်တီးတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတချို့ အိန္ဒိယက တဆင့် မြန်မာနိုင်ငံထဲ ရောင်းချတာတွေ ရှိနေတာကို Justice for Myanmar အဖွဲ့က စုံစမ်းသိထားတဲ့အကြောင်းနဲ့ ဒါကို ဟန့်တားဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
https://youtu.be/SXcymgqzh5I
#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က (ဇွန် ၂၁) ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ လတ်တလော ရောင်းချနေတဲ့အပေါ် ဆွီဒင်အစိုးက ဟန့်တားပေးဖို့နဲ့ ဆွီဒင်ကုမ္ပဏီတွေ ဒီဇိုင်းလုပ် ထုတ်လုပ်တဲ့ လက်နက်တွေ အိန္ဒိယကတဆင့် မြန်မာစစ်တပ်လက်ထဲ မရောက်အောင် စုံစမ်းစစ်ဆေး တားမြစ်ဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့က ဆွီဒင်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနဲ့ ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
ဆွီဒင် ဒီဇိုင်းထုတ် ဖန်တီးတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတချို့ အိန္ဒိယက တဆင့် မြန်မာနိုင်ငံထဲ ရောင်းချတာတွေ ရှိနေတာကို Justice for Myanmar အဖွဲ့က စုံစမ်းသိထားတဲ့အကြောင်းနဲ့ ဒါကို ဟန့်တားဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
https://youtu.be/SXcymgqzh5I
#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆို
အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က (ဇွန် ၂၁) ထုတ်ပြန်လိုက်ပါတယ်။…
👍11😁2🔥1
ဇွန်လ (၂၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:00 - တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်တွေ စတင်နေပြီလို့ NUG ပြည်ထဲရေးဝန်ကြီး ပြောတဲ့သတင်း
02:19 - အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆိုတဲ့သတင်း
05:59 - အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သစ်တောရဲသေဆုံးတဲ့သတင်း
06:47 - ဝဂ္ဂနာကြေးစားစစ်သားတွေကိုလက်ခံထားတာဟာ မြွေပွေးခါးပိုက်ပိုက်ထားခြင်းဖြစ်ကြောင်း အမေရိကန်ပြောတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/X4UXjhdUi2I
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:00 - တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်တွေ စတင်နေပြီလို့ NUG ပြည်ထဲရေးဝန်ကြီး ပြောတဲ့သတင်း
02:19 - အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆိုတဲ့သတင်း
05:59 - အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သစ်တောရဲသေဆုံးတဲ့သတင်း
06:47 - ဝဂ္ဂနာကြေးစားစစ်သားတွေကိုလက်ခံထားတာဟာ မြွေပွေးခါးပိုက်ပိုက်ထားခြင်းဖြစ်ကြောင်း အမေရိကန်ပြောတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/X4UXjhdUi2I
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်တွေ စတင်နေပြီလို့ NUG ပြည်ထဲရေးဝန်ကြီး ပြောတဲ့သတင်း
02:19 - အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆိုတဲ့သတင်း
05:59 - အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး…

👍4😁2❤1🤮1
Media is too big
VIEW IN TELEGRAM
အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆို
Watch more detail -
https://youtu.be/SXcymgqzh5I
#အိန္ဒိယ #မြန်မာ #လက်နက်တင်ပို့မှု #VideoNews #shorts #Reels

👍14😁2
ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၄ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၈ဦးသေဆုံး၊ စစ်ရှုံးနေသည့် စစ်ကောင်စီက ပြည်သူကို ရန်သူသဖွယ်တိုက်ခိုက်နေဟုNUGဝန်ကြီးပြော
====================
ရွှေနွယ်
မဇ္ဈိမ။ ။ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် လေးနှစ်အရွယ်ကလေးငယ်အပါအဝင် လေးရက်အတွင်း အရပ်သား ရှစ်ဦးသေဆုံးခဲ့ပြီး စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြည်သူကို ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။
ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင်၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်နေရာ ဇွန်လ ၂၄ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်တွင် လူနေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ ရှစ်ဦးသေဆုံးခဲ့သည်ဟုဒေသခံများကပြောသည်။။သေဆုံးသူများတွင် အသက်၄နှစ်မှ ၁၄နှစ်အတွင်း ကလေးသူငယ် လေးဦးပါဝင်သည်ဟု ဆိုသည်။
" လက်နက်ကြီးနဲ့ရမ်းပစ်နေတာ ၂၀ ရက်နေ့ကတည်းကပါ။ ဘာတိုက်ပွဲမှဖြစ်မနေပါဘူး ။ ၂၄ ရက်နေ့ကစပြီး ရွာခံတွေပြည်သူတွေသေဆုံးဒဏ်ရာရ စဖြစ်ပါတယ်။ ပစ်နေတာက ကျောက်တံခါးမြို့ပေါ်မှာ အထိုင်လာချထားတဲ့ပူးပေါင်းတပ်က မြို့ပေါ်ကနေ လှမ်းပစ်နေတာပါ” ဟု ကျောက်တံခါးမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
သေဆုံးသူများမှာ နော်ခင်အေးဌေး (၄ နှစ်)၊ မောင်ဥာဏ်လင်းမြင့် (၁၄နှစ်)၊ မောင်ဖြိုးဝေလင်း (၁၄ နှစ်)၊ မဖြူနှင်းသန့် (၁၃ နှစ်)၊ ဒေါ်ခင်နု (၅၀ နှစ်)၊ ဒေါ်လင်းလင်းအေး (၄၀ နှစ်)၊ ကိုနေလင်းအောင် (၂၅နှစ်)နှင့် အတီးစောလေးစွိ (၅၅) နှစ်တို့ ဖြစ်သည်ဟု သိရသည်။ အချို့သည် နေအိမ်အတွင်းရှိနေစဉ် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးခဲ့ရပြီး အချို့သည် စစ်ဘေးရှောင်ရန် ထွက်ပြေးစဉ် လက်နက်ကြီးကျည်ထိမှန်သေဆုံးခြင်းဟု ဒေသခံများက ပြောသည်။
ကျောက်တံခါးမြို့နယ်အပါအဝင် ဒေသအများစုတွင် အရပ်သားပြည်သူများအား ယခုကဲ့သို့ သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ ပြစ်မှုများအတွက် တရားမျှတမှုကိုရှာဖွေသွားမည်ဟု ဒေါက်တာဝင်းမြတ်အေးကပြောသည်။ ကျောက်တံခါးမြို့နယ်သည် ဒေါက်တာဝင်းမြတ်အေး၏ မဲဆန္ဒနယ်တွင် ပါဝင်သည်။
" စစ်ကောင်စီဟာ ရှုံးနိမ့်လေ အကြမ်းဖက်လေပဲ။ ပြည်သူအပေါ် မတရားလုပ်နေတယ်။ တရားမျှတမှုကို ပြန်လည်ရှာဖွေတဲ့နေရာမှာ ကြီးမားတဲ့ ပြစ်ချက်တွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ပြည်သူတွေ အားတင်းထားပါ" ဟု ဒေါက်တာဝင်းမြတ်အေးကပြောသည်။
ဆက်လက်၍ " တိုက်ပွဲဖြစ်တဲ့အခါမှာ အရပ်သားတွေထိခိုက်မလားလို့ စိုးရိမ်ပူပန်မှုမထားဘဲ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်တယ်။ ဒီနှစ်မျိုးစလုံးဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို တကယ်ချိုးဖောက်နေတာဖြစ်တယ်" ဟု ပြောသည်။
ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ ပဲခူးတိုင်းဒေသကြီး၊မဲဆန္ဒနယ် ၄ (ကျောက်တံခါးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်၌ ထပ်မံ၍ ရွေးကောက်ခံခဲ့ရသည်။ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့သည်။
လတ်တလောတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာ ၁၃ ရွာမှ ဒေသခံအရပ်သားပြည်သူ ၁,၅၀၀ ခန့်သည် ဇွန်လ ၂၄ ရက်နေ့မှစတင်ကာ စစ်ဘေးရှောင်နေကြရသည်သိရသည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်တံခါးမြို့ပေါ်မှ စစ်ကောင်စီတပ် အင်အား ၈၀ ခန့်သည် ကျောက်တံခါးမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ စတင်စစ်ကြောင်းထိုးနေပြီး ရေလည်စုရွာနှင့် သင်္ဃန်းချောင်းရွာသို့ နှစ်ဖွဲ့ခွဲရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယခုဇွန်လ ပထမပတ်မှစတင်ကာ စစ်တောင်းမြစ်၏ အရှေ့ဘက်ကပ်လျက်ရှိ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ အရေးပါသည့်ထောက်ပို့လမ်းကြောင်းဖြစ်သော နတ်သံကွင်းမြို့ စစ်တောင်းမြစ်ကူးတံတားကိုဖောက်ခွဲခဲ့သည်။ထို့နောက်တွင် စစ်ကောင်စီတပ်များက စစ်တောင်းမြစ်၏ အနောက်ဘက်ရှိ ကျောက်တံခါးမြို့၊ ဖြူးမြို့နှင့် ကညွတ်ကွင်းမြို့တို့တွင် စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားလာခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
#ဒေါက်တာဝင်းမြတ်အေး

👍12🔥4😁2