Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNU တပ်မဟာထိန်းချုပ်နယ်မြေအတွင်း ရှိကျောင်းများတွင် ကျောင်းသူကျောင်းသားဦးရေ တိုးလာ
👍11❤3😁2
KNU တပ်မဟာထိန်းချုပ်နယ်မြေအတွင်း ရှိကျောင်းများတွင် ကျောင်းသူကျောင်းသားဦးရေ တိုးလာ
======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်ရှိ KNU တပ်မဟာထိန်းချုပ်ဒေသမှ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(Karen Education & Culture Department)(KECD) က ဖွင့်လှစ် ထားသည့်ကျောင်းများတွင် ကျောင်းသူကျောင်းသားဦးရေ တိုးလာကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစပြီး ကျောင်းများတွင် ကျောင်းသူကျောင်းသား ၃၀ ရာခိုင်နှုန်းခန့်တိုးလာ ကြောင်း KECD ၏ Communication and Advocacy Manager စောသော်သီက မဇ္ဈိမကိုပြောသည်။

“စစ်ကောင်စီ ကျောင်းတွေ ပြန်မဖွင့်နိုင်တာ၊ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေကို မကြိုက် တာကြောင့် ကျောင်းသူကျောင်းသား အရေအတွက်တိုးလာတယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ တပ်မဟာအသီးသီးတွင် ကျောင်းပေါင်း ၁,၂၃၃ ကျောင်း ဖွင့်လှစ်ထားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသူကျောင်းသား စုစုပေါင်း ၁၀၉,၃၁၃ ဦးတက်ရောက်နေကာ အဆင့်မြင့် ပညာတွင် ကျောင်းသူကျောင်းသား ၂,၃၀၇ ဦး တက်ရောက်နေသည်ဟု သိရသည်။

KECD လက်အောက်ရှိ ပညာရေးစနစ်တွင် KG+12 အထိရှိပြီး ဂျူနီယာကောလိပ်များတွင် ဆက်လက် ပညာသင်ကြားနိုင်ကြောင်းလည်း သိရသည်။

ယခင် အရပ်သားအစိုးရလက်ထက်က ပညာရေးဝန်ကြီးလက်အောက်ရှိ ကျောင်းများနှင့်ချိတ်ဆက်ပြီး သင်ကြားသည့် အခြေအနေများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကရင်ဘာသာကိုအခြေပြုထားသည့် KECD ၏သင်ရိုးသီးသန့်ကိုသာ သင်ကြားတော့သည်။

အာဏာသိမ်းပြီးနောက် အသစ်ပြောင်းရွှေ့ရောက်ရှိလာသည့် ကျောင်းသူကျောင်းသားများအတွက် သီးခြားကန့်သတ်ချက်မရှိကြောင်း KECD ဆိုသည်။

“အားလုံးနည်းတူပဲ ကျောင်းလာအပ်တယ်ဆိုရင် လက်ခံလိုက်တယ်။ သူတို့အတွက် သီးသန့်စီစဉ်ပေးထား တာမရှိသလို ခွဲခြားပြီးတော့ စီစဉ်ပေးထားတာလည်း မရှိဘူး၊ အတူတူပဲပေါ့” ဟု စောသော်သီကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျောင်းများကို သပိတ်မှောက်ခြင်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်သည့်နေများတွင် ဖမ်းဆီးမှုအန္တရာယ်များကြောင့် တိုင်းရင်းသားဒေသများတွင် တိမ်းရှောင် နေသူများအနေဖြင့် တိုင်းရင်းသားဒေသများရှိကျောင်းကို ရွေးချယ်လာကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏အခြေခံပညာကျောင်းများ၌ တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသား ဦးရေမှာ ၆,၄၇၀,၀၀၀ ဦးသာရှိတော့ပြီး အရပ်သားအစိုးရကလက်ထက်ကရှိခဲ့သည့်ဦးရေထက် သုံးသန်း နီးပါးခန့် လျော့နည်းသွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#KECD
#ပညာရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤4😁2
ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဒုတိယနှစ်ကျောင်းသား ကျောင်းဆောင်ပေါ်မှပြုတ်ကျသေဆုံး
😁3😢3
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဒုတိယနှစ်ကျောင်းသား ကျောင်းဆောင်ပေါ်မှပြုတ်ကျသေဆုံး
====================

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) မှ ဒုတိယနှစ်ကျောင်းသားတဦး ကျောင်းဆောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် YUFL တွင် ဂျာမာန်ဘာသာစကား တက်ရောက်သင်ကြားနေသူဖြစ်ပြီး ISH ကျောင်း ဆောင် လေးလွှာမှ ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်အချိန်တွင် ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

“အချက်အလက်ကတော့ ကျွန်တော်တို့ ထုတ်ပြန်ထားသလိုပါပဲ။ ကျွန်တော်တို့လည်း အတိအကျသိတဲ့ အခြေအနေမဟုတ်လို့ပါ။ တခြားထပ်သိရတာတော့ မရှိသေးပါဘူး” ဟု YUFL ကျောင်းသားသမဂ္ဂ ပြန် ကြားရေးတာ၀န်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် ဖြစ်စဥ်အသေးစိတ်ကို သိရှိနိုင်ရန် YUFL ကျောင်းသားရေးရာဌာနထံ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ ကြောင်း ၎င်းကဆိုသည်။

YUFL မှ ဂျာမန်ဘာသာ ဒုတိယနှစ်ကျောင်းသား ပြုတ်ကျသေဆုံးသည့်ဖြစ်စဥ် အသေးစိတ်ကို သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

သေဆုံးခဲ့သည့် ကျောင်းသား၏ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအသင်းများက လူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)
#ပြုတ်ကျသေဆုံး
#ကမာရွတ်မြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
​​ပင်လယ်ပြင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နှင့် ဗီယက်နမ်တို့ သဘောတူ
=======================

ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ၏ သမ္မတဖြစ်သော ရှီကျင့်ဖျင်နှင့် ပေကျင်းတွင် အင်္ဂါနေ့၌ တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ဆွေးနွေးပွဲ၌ ပင်လယ်ပြင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ မြှင့်တင်ရေးတို့ကို သဘောတူခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1😁1
​​အိန္ဒိယ-အမေရိကန် ဆက်ဆံရေးက ကမ္ဘာ့ကောင်းကျိုးအတွက် တွန်းအားတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီပြောကြား 
=======================

"သမ္မတ ဘိုင်ဒင်ရေ ကျွန်တော် ခင်ဗျားနဲ့ အပြည့်အဝသဘောတူပါတယ်။ ကျွန်တော်တို့နိုင်ငံတွေကြားက ချစ်ကြည်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်တဲ့ တွန်းအားတစ်ခုပါ။ ဒါဟာ ကမ္ဘာကြီးကို ပိုကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲစေမှာပါ။ မကြာခင်က ကျွန်တော် လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကား မြေက နှစ်နိုင်ငံ ဆက်ဆံရေးနှောင်ကြိုး ပိုအားကောင်းလာလိမ့်မယ်" ဟု မိုဒီက ၎င်း၏ တွစ်တာနှင့် သမ္မတ ဘိုင်ဒင် ၏ တွစ်တာ ကို ချိတ်ဆက်၍ တုန့်ပြန်ရေးသားထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤣5
“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထား
👍13😁2❤1
“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထား
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများပြုလုပ်နိုင်ရန် ကန်ဒေါ်လာ ၅၀၀,၀၀၀ ရှာဖွေမည့် “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းမှ ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထားပြီး ရန်ကုန် PDF အပါအဝင် ထပ်မံဖွဲ့စည်းမည့် တပ်ရင်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်ပိန်းမှရရှိလာမည့် ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းစစ်ဒေသ(အမှတ်၂ စစ်ဒေသ) စစ်ဒေသခွဲအမှတ်(၂) ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ တပ်ရင်းတပ်ဖွဲ့စုဖွဲ့မှု များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

“တပ်ရင်း ၅၁၀၁ အပါအဝင် နောက်ထပ်ဖွဲ့စည်းမယ့်တပ်ရင်းတွေအတွက် လိုအပ်တဲ့အရာများကိုအဓိက ဖြည့်တင်းသုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်အတွက်အလင်းစက် ကမ်ပိန်းမှတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

လိုအပ်နေသည်များမှာ လက်နက်၊ ရဲဘော်များအတွက် စစ်အသုံးအဆောင်ပစ္စည်းကရိယာများ၊ စခန်းတွင်း စခန်းပြင် နေထိုင်စားသောက်စားရိတ်၊ စစ်ဆင်ရေးအတွက်လိုအပ်သောခဲယမ်း စသည်တို့ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းအား ဇွန်လ ၁ ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့ထိ ၁၆၅,၀၀၃.၂၉ ဒေါ်လာရရှိထားပြီးဖြစ်သော်လည်း သတ်မှတ်ပမာဏ၏တစ်ဝက်ကို မပြည့်မှီသေးသည့်အတွက် မျှော်မှန်း ပမာဏနှင့် ဝေးနေသေးကြောင်း ဆိုသည်။

ကမ်ပိန်းတွင် ပါဝင်လှူဒါန်းသူများတွင် ပြည်တွင်းနှင့် စင်ကာပူနိုင်ငံနေပြည်သူများ၏ ပါဝင်မှုက ဦးဆောင် နေကြောင်း သိရသည်။
“ရန်ကုန်အတွက် အလင်းစက်”ကမ်ပိန်းပေါ်ထွက်လာသည်နှင့်တပြိုင်နက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သဖြင့် ရန်ကုန် မြို့နေပြည်သူများက မြို့ပြတွင်စခန်းသိမ်းတိုက်ပွဲများကို ချက်ခြင်းမြင်တွေ့ရတော့မည်အလား ထင်မှတ်ခဲ့ ကြကြောင်း ကမ်ပိန်းတာဝန်ရှိသူက ဆိုသည်။

“အခက်အခဲပေါင်းများစွာကနေ တပ်ရင်းတပ်ဖွဲ့အဖြစ်ထိတိုးမြှင့်နိုင်တာဟာ ရန်ကုန်ရဲ့ တိုးတက်မှုဖြစ်ပါ တယ်။ နယ်မြေအသီးသီးမှာမြင့်တက်လာတဲ့ စစ်ရေးအရှိန်အဟုန်ထိုးစစ်နဲ့ စခန်းသိမ်းတိုက်ပွဲတွေကို ရန်ကုန်မှာ နေ့ချင်းညချင်းမတွေ့မြင်ရနိုင်သေးပေမယ့် ဒီကမ်ပိန်းနဲ့အတူ ရန်ကုန်တပ်ရင်းတပ်ဖွဲ့တွေဟာ စနစ်တကျပြင်ဆင်မှုနဲ့ အချိန်ကိုက် လှုပ်ရှားသွားမှာဖြစ်ပါတယ်” ပြောသည်။

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှသာ စတင်ဖွဲ့စည်းသော်လည်း တော်လှန်ရေး ကာလအစကတည်းက ရန်ကုန်တိုင်းစစ်ဆင်ရေးအဖြစ် မြို့ပြပြောက်ကျား(UG)လှုပ်ရှားမှုများ တောက် လျှောက်ရှိခဲ့ကြောင်း ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်း တာဝန်ရှိသူက ပြောကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်အတွက်အလင်းစက်
#ရန်ကုန်တိုင်းစစ်ဒေသခွဲ
#စစ်ဆင်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2
​​အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးတွင် ထောင်အသစ်တစ်ခုဆောက်လုပ်ရန် စစ်ကောင်စီကစီစဥ်နေ
===================

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးတွင် အကျဥ်းထောင်အသစ်တစ်ခုဆောက် လုပ်ရန် စစ်ကောင်စီက စီစဥ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ဝါးပိုးတောကျေးရွာနှင့် ရွှေမြင်တင်ကျေးရွာအုပ်စု ပန်းကန်ဖိုကျေးရွာကြား၊ ဗဟိုလေ့ကျင့်ရေး ( ၆ )အနီးတွင် ထောင်အသစ်ဆောက်လုပ်ရန်စီစဥ်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ ထောင်အသစ်ဆောက်လုပ်ရန် စီစဥ်နေမှုကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ အကျဥ်းဦးစီးတာဝန်ရှိသူများနှင့်
စစ်ကောင်စီ အကြီးပိုင်းများက စတင်ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် မြေပြင်ခြင်းလုပ်ငန်းများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

"အခုလက်ရှိ ထောင်ဆောက်မယ်လို့ တည်နေတဲ့နေရာက အစိုးရပိုင်မြေလို့လည်းကြားတယ်။ တောင်သူတွေပိုင်တဲ့
မြေယာတွေလို့လည်း ကြားတယ်။၂၀၂၂ ထဲမှာ ဦးစိုးထွဋ် (ပြည်ထဲရေးဝန်ကြီး)လာပြီးတည်းက အဲ့ဒီနေရာမှာ အလံနီတွေစိုက်ထားတာပါ"ဟု သတင်းရင်းမြစ်က ပြောသည်။

အကျဥ်းထောင်အသစ်ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ဝါးပိုးတောကျေးရွာနှင့် ပန်းကန်ဖိုကျေးရွာတို့ရှိ တောင်သူနှစ်ဦးကို မဇ္စျိမကဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားလိုခြင်းမရှိကြောင်းပြောသည်။

လက်ရှိတွင် အကျဥ်းထောင် အသစ်ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများကို ဧရာဝတီတိုင်း အကျဥ်းဦးစီးဌာနမှ စတင်ပြုလုပ်နေပြီဟု ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

အကျဥ်းထောင်အသစ်အား ၁၈ ပေအမြင့်ရှိသည့် အုတ်တံတိုင်း၊ သုံးထပ်စင်ပါဝင်သည့် ဗဟိုကင်း ၊ ခြောက်ခန်းတွဲနှစ်ထပ်ပါဝင်သည့် အဆောက်အအုံများဖြင့် ဆောက်လုပ်သွားမည်ဟုဆိုကာ အဆောက်အအုံဆောက်လုပ်ရန် တင်ဒါခေါ်ယူနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် ပုသိမ်အကျဥ်းထောင်ရှိ အကျဥ်းသားများအားလုံးအား ယခုဆောက်လုပ်နေသည့် အကျဥ်းထောင်အသစ်သို့ ရွှေ့မည်၊ မရွှေ့မည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဆက်လက်ပြောသည်။
"ပုသိမ်ထောင်မှာရှိတဲ့ အကျဥ်းသားအကုန်လုံးကို ထောင်သစ်ကို ပြောင်းမလား မပြောင်းဘူးလားတော့မသိဘူး။အခုစတည်နေတဲ့ ထောင်အသစ်ရဲ့ ဧရိယာကတော့ တော်တော်ကျယ်တယ်"ဟုအကျဥ်းဦးစီးနှင့် နီးစပ်သူက ဆိုသည်။

ပုသိမ်အကျဥ်းထောင်ကို ၁၈၈၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ထိုမှတဆင့် အဆင့်မြှင့်ရာမှ ၁၈၈၉ ခုနှစ်တွင်ယခု အသုံးပြုနေသည့် ပုသိမ်ထောင်ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟုသိရသည်။
ပုသိမ်အကျဥ်းထောင်သည် (က) အဆင့်အကျဥ်းထောင်ဖြစ်ပြီး အကျဥ်းသူ၊ အကျဥ်းသားနှင့် အချုပ်သူ ၊ အချုပ်သား ဦးရေ ၁,၀၀၀ ခန့် ထားရှိနိုင်သည့် ထောင်ဖြစ်သည်။

ဓာတ်ပုံ - လက်ရှိ ပုသိမ်အကျဥ်းထောင်မြင်ကွင်းအား Google Earth မှတွေ့ရစဥ်။
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထောင်အသစ်
#အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီး
#ဇင်ပြွန်းကုန်းကျေးရွာအုပ်စု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬6😁5