Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး
🔥3😁3🤬2😢2👎1
စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး
===================

001
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်က နေအိမ်အလုံးပေါင်း ၂,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူကိုးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မီးသတ်ဦးစီးဌာနက ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မီးရှို့ခံရမှု ၇၉ ကြိမ်အတွင်း နေအိမ်ပေါင်း ၂,၅၁၁ လုံး မီးလောင်ပျက်စီးသွားရာ ယင်းအနက် စာသင် ကျောင်းတကျောင်းနှင့် ဘာသာရေးအဆောက်အဦး လေးလုံးပါဝင်သည်။

ဇွန်လအတွင်း စစ်ကိုင်းတိုင်း အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေအိမ်အလုံးပေါင်း ၂,၆၀၀ ကျော် မီးရှို့ဖျက် ဆီးခံလိုက်ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။
အဆိုပါ တိုင်းနှင့် ပြည်နယ်များတွင် မီးရှို့ခံရမှု စုစုပေါင်း ၉၃ ကြိမ်ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းသို့ လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လအတွင်း ကံသစ်၊ ရွာသစ်၊ ကျီးအိုင်၊ မိုးနတ်၊ ယောက်သွားအိုင်၊ မြစ်တော်နှင့် ယာတော် စသည့် ကျေးရွာများမှ လူနေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် ခင်ဦးမြို့နယ်အနောက်ခြမ်းဖြစ်သည့် မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ သင်တိုင်း စသည့် ရွာလေးရွာမှ ဒေသခံ ၃,၀၀၀ ခန့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး တောထဲတွင် တဲထိုးနေနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လောလောဆယ် စားရေး၊ နေရေး ဆေးဝါးရော အများစုက လိုအပ်နေတယ်၊ အခုကတော့ရတဲ့ အလုပ် ကလေးလုပ်ပြီး ဝမ်းစာရေးကတော့ ဖြေရှင်းနိုင်သလောက်ဖြေရှင်းလို့တော့ အဆင်ပြေကြပါတယ်၊ ဒါပေမဲ့ ရေရှည်တော့ တောင့်ခံနိုင်လိမ့်မယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆို ကုန်ဈေးနှုန်းတွေကလည်း တအားကြီး မြင့်မားတဲ့အတွက် အခုက အလုပ်ကလည်း လက်မဲ့တွေဖြစ်နေကြပြီ” ဟု စစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

ထိုပြင့် ဇွန်လအတွင်း မန္တလေးတိုင်းမှ လူခြောက်ဦးလည်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်နှင့် လက် အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၇၀,၃၂၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးပါဝင်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့က ထုတ် ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
Photo - ဇွန်လအစပိုင်းက ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင်လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

#စစ်ကိုင်း
#ခင်ဦး
#မီးရှို့ခံရ
#Mizzima
🤬11👍2🔥2😁1
"ချင်းတွင်းမြစ်ဝှမ်းဒေသမှ စခန်းသိမ်းတိုက်ပွဲ"
👍18🔥1😁1
"ချင်းတွင်းမြစ်ဝှမ်းဒေသမှ စခန်းသိမ်းတိုက်ပွဲ"
===============

မောင်ကြီး
သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်)၊ ညနေ နေဝင်ရီတရောအချိန်။
စစ်ကိုင်းတိုင်းထဲမှ အထင်ကရလမ်းမကြီးဖြစ်‌သော မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် မိုးကာအုပ်ကားအချို့ ခပ်ဖြေးဖြေးမောင်းနှင်နေသည်။ ကားလမ်းမ၏ ဘေးဝဲယာမှာက အလောင်းတော်ကဿဖနယ်မြေနှင့် ထိစပ်နေသော မဟူတောင်တောကြီး။ မဟူတောင်တောက တောနက်သည့်အလျှောက် သစ်ပင်၊ သစ်ကိုင်းကြီးများကလည်း ကားလမ်းပေါ် အုပ်မိုးနေသည်။ အလျင်မလိုသည့်ပုံစံဖြင့် ဖြေးဖြေးမှန်မှန်မောင်းနှင်နေသည့် မိုးကာအုပ်ကားများက နာရီအနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ညမှောင်ရီပျိုးစတွင် လမ်းဘေးတနေရာသို့ကပ်ကာ ရှေ့ဆင့်၊ နောက်ဆင့် ရပ်သွားသည်။ တချိန်တည်းတွင် လက်နက်ခဲယမ်းမျိုးစုံ ကိုယ်စီကိုင်‌ဆောင်ထားသည့် ပြောက်ကျားယူနီဖောင်းဝတ် လူငယ်အများအပြား ကားတစီးချင်းစီပေါ်မှ သွက်လက်ဖျတ်လတ်စွာ ခုန်ဆင်းလာကြပြီး မဟူတောင်တောကြီးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။

အချိန်နာရီများ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်နှစ်ရက်မြောက်နေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ နံနက်လင်းအားကြီးချိန်တွင်တော့ သင်္ကြန်အကြတ်နေ့က မဟူတောင်တောစပ်တွင် ဝင်ရောက်ပျောက်ကွယ်သွားသည့် ပြောက်ကျားယူနီဖောင်းဝတ်လူငယ်များ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ စစ်ကောင်စီ၏ အခိုင်အမာစခန်းတခုဖြစ်သော တာဝါတိုင်စခန်းရှေ့တည့်တည့်တွင် ဘွားကနဲ့ ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။

ထိုသို့ ပြန်ပေါ်လာခြင်းက တာဝါတိုင်စခန်း‌စောင့် စစ်ကောင်စီတပ်ဖွဲ့အတွက် မရဏခေါင်းလောင်းသံဖြစ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ဟန်ချက်ညီသည့် တိုက်ရည်‌ခိုက်ရည်ကို ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

- တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ
တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ ကနီမြို့နယ်၊ ယာကြီးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ဆယ်သွယ်ရေးတာဝါတိုင်ကြီး တည်ဆောက်ထားသော ကြောင့် ယာကြီးတာဝါတိုင်စခန်းအဖြစ် အရပ်ခေါ် ခေါ်ကြသည်။ စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပြီးနောက် ထိုနေရာ၌ အခိုင်အမာတပ်စွဲခဲ့သည်။ ထိုနေရာသည် စစ်အာဏာရှင်တော်လှန်ရေးအစုအဖွဲ့များကို စုံစမ်းထောက်လှမ်းရာတွင် စစ်ကိုင်းတိုင်း ၏ ပင်မဆက်သွယ်ရေးစခန်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီးနောက် ထိုစခန်းကို တိုက်ခိုက်ဖျက်ဆီးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ ပေါ်ပေါက်လာခဲ့သည်။
👍19❤5🔥1😁1
​​သီရိလင်္ကာရောက် ပစ်ပယ်ခံ ထိုင်းဆင်ကို လေကြောင်းဖြင့် မွေးရပ်ဌာနေသို့ ပြန်လည်ခေါ်ဆောင်
==========================

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအကြာက သီရိလင်္ကာကို ထိုင်းနိုင်ငံက လက်ဆောင်ပေးခဲ့သော ဆင်တစ်ကောင်သည် ယမန်နေ့ ဇူလိုင် ၂ ရက်က မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ထိုင်းဆင်သည် သီရိလင်္ကာ၌ ရှိစဉ်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည် ဆိုခြင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ ကတောက်ကဆတ် ဖြစ်ပြီးနောက် ယခုကဲ့သို့ ဆင်ကြီးကို မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တို့သည် လက်ရှိ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သည့် မူသူ ရာဂျာ အမည်ရှိ (ထိုင်းတွင် ဆက်ခ် ဆူရင်အဖြစ် လူသိများသည့်) ဆင်ကြီးကို ၂၀၀၁ ခုနှစ်က သီရိလင်္ကာကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ထိုင်းဆင်ကို သီရိလင်္ကာရှိ ဗုဒ္ဓဘုရားကျောင်းတစ်ခု၌ ထားရှိစဉ် ဆင်ကြီးအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သလို ဂရုမစိုက်ဘဲ ပစ်ထားသည် ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်ပြီးနောက် ထိုင်းအာဏာပိုင်တို့က ယမန်နှစ်တွင် ထိုဆင်ကြီးကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။
👍9👏3😁1
ဇူလိုင်လ (၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတဲ့ သတင်း

10:21 - စာသင်ကျောင်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးတဲ့သတင်း

05:51 - ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်တဲ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းနဲ့

11:17 - ယူကရိန်းအဖွဲ့ဝင်ဖြစ်လာရေးအတွက် အီးယူရဲ့ထောက်ခံမှုပြတ်သားကြောင်း စပိန်ဝန်ကြီးချုပ်ပြောတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VDMFnbyFQVQ

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး အလုပ်သမားသမဂ္ဂများ သပိတ်မှောက် | Business Roundup (3.7.2023)
===================

- မြန်မာ့လူ့အခွင့်အရေးနှင့် စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေ

- ရန်ကုန် ၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှာ ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နေရ

- စစ်ရေးအရှိန်အဟုန်မြှင့်ရန် အဓိကလမ်းမကြီးများကို ညအချိန်သွားလာခွင့် ကန့်သတ်

- တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး အလုပ်သမားသမဂ္ဂများ သပိတ်မှောက်

- UNESCO အဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန်နိုင်ငံ တစ်ကျော့ပြန်ဝင်မှာကို တရုတ်အစိုးရကန့်ကွက်

https://youtu.be/ZDQpUY0PHx4

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥4
​​တူမီးထီ အပတ်စဉ်(၁၄)မှ ရရှိလာသော ရန်ပုံငွေ ၂,၁၈၇,၀၀၀ ကျပ်ကို CDF – Patletwa ထံ ပေးပို့
=======================

ပါခွီး
(မဇ္စျိမ) ။ ။ချင်းအမျိုးသားများတော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်ရန်ဖွင့်လှစ်သည့် တူမီးထီ အပတ် စဉ်(၁၄)မှ ရရှိလာသည့် ရန်ပုံငွေ ၂,၁၈၇,၀၀၀ ကျပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ) CDF – Petletwa ထံသို့ ပေးပို့ခဲ့ကြောင်း ချင်းရန်ပုံငွေအဖွဲ့ Chin Relief Funding Program (CRFP) က ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တူမီးထီ အပတ်စဉ် (၁၄) တွင် ထီစောင်ရေ ၂၄၂ စောင်ရောင်းရပြီး ဒေါ်လာ ၁၂၁၀ ရရှိကာ ဆုကြေးအဖြစ် ၃၂၀ ဒေါ်လာနှင့် အေးဂျင့်အတွက် ၁၅ ဒေါ်လာကုန်ကျခဲ့ပြီး ရန်ပုံငွေအဖြစ် ၈၇၅ ဒေါ်လာ ရရှိခဲ့ကြောင်း ဆိုသည်။

အပတ်စဉ်(၁၄)ကံထူးရှင်များသည် မြန်မာနိုင်ငံမှဖြစ်ကြပြီး ပထမဆု ဒေါ်လာ ၁၃၅၀ (ယခင်လက်ကျန် များဖြင့်ပေါင်းပြီး) ဒုတိယဆု ဒေါ်လာ ၄၀ နှင့် တတိယဆု ဒေါ်လာ ၃၀ တို့ အသီးသီးကံထူးခဲ့ကြကြောင်း သိရသည်။

“တူမီးထီ ရောင်းအား ကျလာနေပါတယ်၊ ကြော်ငြာအားနည်းတာရယ်၊ ထိုးဖူးပြီးသားလူတွေကို ပုံမှန် အား ပေးသူများအဖြစ် မပြောင်းနိုင်တာတွေက ရောင်းအားကျစေတာဖြစ်မယ်။ ပို့စ်များများတင်နိုင်ရင် ရောင်း အားတက်လာတာမျိုးလည်း တွေ့ရတယ်” ဟု တူမီးထီဖွင့်လှစ်ရေးတာဝန်ရှိသူတဦးကပြောသည်။

တူမီးထီအစီအစဉ်တွင်ပါဝင်အားဖြည့်ခြင်းဖြင့် တော်လှန်ရေးကို အားဖြည့်ပေးနေသည့် တော်လှန်ပြည်သူ၊ ထောက်ပို့ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း ဆိုသည်။

ချင်းတော်လှန်ရေးအတွက် ဘဏ္ဍာငွေထောက်ပို့ပေးနိုင်ရန် တူမီးထီကို အားပေးကြရန် တူမီးထီဖွင့်လှစ် ရေးတာဝန်ရှိသူကတိုက်တွန်းထားသည်။

တူမီးထီမှရရှိလာသော ရန်ပုံငွေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်(IDPs)များ၊ ဒဏ်ရာ ရရှိခဲ့သည် ရဲဘော်များ၊ CDM ကူညီရေးအဖွဲ့အစည်းနှင့် ချင်းပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး ကိစ္စများအတွက် လုပ်ကိုင်ဆောင်ရွက် နေသူများထံ ပေးပို့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တူမီးထီ အပတ်စဉ် (၁၅) အတွက် လက်မှတ်တစ်စောင်လျှင် ၅ ဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး လတ် တလောတွင် ပထမဆု ဒေါ်လာ ၂၀၀ ဖြစ်ကာ လက်မှတ်ရောင်းချရခြင်းအပေါ်မူတည်၍ ဆုကြေးငွေ တိုးမြှင့်သွားမည်ဟု ဆိုသည်။

တူမီးထီအပတ်စဉ် (၁၅)ကို ဇူလိုင်လ ၃၁ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရရှိလာမည့် ရန်ပုံငွေအား ပြန်လည်ဖြန့်ဝေမည့်အဖွဲ့အစည်းကို မကြာခင်အသိပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
တူမီးထီ အပတ်စဉ်(၁၃) မှ ရရှိလာသည့် ရန်ပုံငွေ ၇၆၅ ဒေါ်လာကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) (CDF – Tonzang) သို့ ပေးပို့ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#တူမီးထီ
#ရန်ပုံငွေ
👍18❤2🔥1😁1
​​တရုတ်၏ သြဇာလွှမ်းမိုးမှုကို ကျော်လွှားရန် ယူနက်စကို သို့ အမေရိကန်ပြန်လည်ဝင်ရောက် 
=========================

အမေရိကန်သည် ၂၀၁၈ ခုနှစ်တွင် ယူနက်စကိုမှ နုတ်ထွက်ပြီး ၅ နှစ်အကြာ ၂၀၂၃ တွင် ပြန်လည် ဝင်ရောက်လိုက်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းများ၌ ဉာဏ်ရည်တုနည်းပညာ (AI) အပါအဝင် အဆင့်မြင့်နည်းပညာများတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကို ဆန်းစစ်ရန်နှင့် အမေရိကန်၏ ဦးဆောင်မှု အခန်းကဏ္ဍ ပြန်လည် ရယူရန် ဝင်ရောက်ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုရုံးချုပ်တွင် ဇွန် ၃၀ (ဒေသစံတော်ချိန်) ၌ ကျင်းပသည့် အဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုအပြီးတွင် (စုစုပေါင်းအဖွဲ့ဝင် ၁၉၃ နိုင်ငံ) အနက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှ ၁၃၂ နိုင်ငံ က ယူနက်စကိုသို့ အမေရိကန် ပြန်လည်ဝင်ရောက်ရေးကို ထောက်ခံမဲ ပေးခဲ့ကြသည်။ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရမှ ပြီးခဲ့သည့် လ ၈ ရက်နေ့တွင် ယူနက်စကိုသို့ ပြန်လည်ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးနောက် ၂၂ ရက်အကြာတွင် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မျိုးဆက်သစ် ဉာဏ်ရည်တု နည်းပညာ (AI) စည်းမျဉ်းများကို အပြိုင်အဆိုင် လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံကို ဦးဆောင်ခွင့် ပေးနေခြင်းမှ ရှောင်ရှားရန် အမေရိကန် သည် ယူနက်စကိုသို့ ပြန်လည် ဝင်ရောက်ခြင်းဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင် ယူနက်စကို မှ ထုတ်ပြန်သော အစီရင်ခံစာ သည် အမေရိကန်နှင့် ဥရောပသမဂ္ဂကဲ့သို့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံကြီးများမှ မျှော်မှန်းထားသည့် AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဝါဒများအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
👍10😁4👏2
ဘုတလင်မြို့နယ်က ဒေသခံတွေ ၁ နှစ်ကျော်ကြာစစ်ရှောင်လာချိန် ဘာတွေကြုံနေရလဲ
====================

လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတောကျေးရွာအုပ်စုအတွင်းက ဒေသခံတွေဟာ စစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာတွေထဲ စစ်ကြောင်းထိုးပြီး တပ်စွဲထားတဲ့အတွက် စစ်ရှောင်နေရတာ တစ်နှစ်ကျော် ကြာပြီ ဖြစ်ပါတယ်။

လက်ရှိ စစ်ရှောင်နေကြတဲ့နေရာမှာ သောက်သုံးရေရှားပါးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင် ကြားကြမယ့် ကျောင်းနေအရွယ်ကလေးတွေအတွက် ပညာသင်ကြားခွင့်ရရှိဖို့ အခက်အခဲကြုံနေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်နေတဲ့နေရာကနေ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းပစ်ခတ်မယ့် အခြေအနေကိုလည်း စိုးရိမ် ထိတ်လန့်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

ကူတောကျေးရွာအုပ်စုအတွင်းက ဒေသခံတွေရဲ့ စစ်ရှောင်‌နေကြတဲ့ တစ်နှစ်ကျော်အတွင်းမှာ ကြုံတွေ့ ရတဲ့အခြေအနေတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

https://youtu.be/G1PcCjOFCAc

ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်


#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ဘေးရှောင်
#စစ်ကောင်စီတပ်ဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2🤬1😢1