“ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုတဲ့ သတင်းမှား |Misinformation Buster S3| Ep.73
==================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ပရိဘောဂရောင်းတယ်ဆိုပြီး အွန်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်နေတဲ့ အကြောင်းနဲ့အတူ
- Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံကထွက်ခွာခဲ့ရတာဟာ PDF တွေကြောင့်ဆိုတဲ့ သတင်းအမှား
- “ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုတဲ့ သတင်းမှား နဲ့
- ပုံဟောင်းတွေနဲ့ ဖားဆောင်းတိုက်ပွဲမှာ ကျဆုံးတဲ့ KNPP တပ်သားတွေလို့ ဖြန့်နေတဲ့သတင်းမှား စတဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/sm52xSMwL9Y
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍3🔥1
စစ်ခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ် ရန်ကုန််တွင် ခြေနင်းသပိတ် ပြုလုပ်
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် တော်လှန်ရေးအင်အားစုများစုပေါင်းကာ ယနေ့ ဂျူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏ဓာတ်ပုံကို ခြေမှာနင်း၍ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းကာ လုပ်ဆောင်ခဲခြင်း ဖြစ်သည်။
"ပြည်သူလူထုခေါင်းဆောင် အမေစု မွေးနေ့မှာတုန်းက ပြည်သူတွေက ခေါင်းပေါ်ပန်းပန်ပြီး ပန်းသပိတ်နဲ့ မွေးနေ့ပြုလုပ်ပေးကြပြီးဆုမွန်ကောင်းတောင်းပေးကြပေမယ့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့ကတော့ ခြေနဲ့ပဲတန်လို့ သူ့ပုံကို မြေမှာခင်း ခြေမှာနင်းပြီး မြန်မြန်သေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရခြင်းဖြစ်ပါတယ်ဗျ၊" ဟု Mayangone Democratic Front (MDF) က မဇ္ဈိမကို ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ ၆၇ နှစ်ပြည့်မွေးနေ့၊ ဂျူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်မှုများပြုလုပ်ကာ ကင်းပတ်အစစ်အဆေးများရှိကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
#စစ်ခေါင်းဆောင်မွေးနေ့
#ခြေနင်းသပိတ်
#Mizzima

👍22🔥2😁1
မုံရွာမြို့နယ်၊ လင်းပိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပစ္စည်းများခိုးယူ
=======================
ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လင်းပိုးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် များအတွင်းမှပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံ မှ သိရသည်။
မုံရွာ-အမြင့်လမ်းပေါ်ရှိ လင်းပိုးကျေးရွာကို မုံရွာမြို့အဝင်မအူဂိတ်မှ အင်အား ၆၀ ခန့်ပါသော စစ်ကောင်စီ တပ်သားများက တောလမ်းမှတဆင့် ဇူလိုင်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဝင်ရောက်ခဲ့ကြောင်း ဆိုသည်။
လင်းပိုးကျေးရွာသို့ရောက်ရှိပြီးနောက် မုံရွာ-အမြင့်လမ်းပေါ်တွင်ဖြတ်သန်းလာသော ဖောကားနှစ်စီးကို ချောဆွဲကာ ရွာအတွင်းရှိဈေးဆိုင်များမှပစ္စည်းများကို မအူဂိတ်သို့သယ်ဆောင်သွားကြောင်း သိရသည်။
ယူဆောင်သွားသည့်ပစ္စည်းများမှာ ဓါတ်ဆီပေပါ ၁၂ လုံး၊ စားသုံးဆီပုံးများ၊ တီဗွီ၊ ဘက်ထရီအိုး၊ ဖိနပ်များ၊ လေအေးပေးစက်၊ အအေးဗူး၊ ဘီယာနှင့် ကျောင်းသားသုံးကျောပိုးအိတ်များအပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၁၀၀ ခန့် တန်ဖိုးရှိကြောင်းဆိုသည်။
“မအူဂိတ်အတွက် ရိက္ခာနဲ့ဆီတွေကို လာယူတယ်ထင်ပါတယ်။ ပစ္စည်းတွေသယ်ပြီး အဲဒီညနေကတည်း ကပြန်သွားကြတာ” ဟု မုံရွာ - အမြင့် လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သားများသည် လင်းပိုးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ခြိမ်းခြောက်စာများ ရေးသားခဲ့ပြီး အိမ်အတွင်းမွှေနှောက်ကာ ဘီယာများ၊ အအေးဗူးများကို သောက်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဝင်ရောက်မှုကြောင့် လင်းပိုး၊ ညောင်ပင်သာ၊ လင်းပင်ဝ၊ မအူနှင့် ရွှေစုံကျေးရွာမှ ဒေသခံများ နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။
ဇွန်လ ၂၆ ရက်၊ ညနေပိုင်းကလည်း မုံရွာ-အမြင့်လမ်းရှိ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းကို အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်မှ လုံခြုံရေးယူကာ ဘူဒိုဇာဖြင့်ထိုးပြီး ကားများဖြတ် သန်းမသွားလာနိုင်စေရန် လေးကြိမ်မြောက် ဖျက်ဆီးခဲ့သည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာ
#လင်းပိုးရွာ
#ပစ္စည်းများခိုးယူ
#စစ်ကောင်စီတပ်

🤬6👍4🔥4
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=======================
https://youtu.be/xlF7NfC7mzU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
https://youtu.be/xlF7NfC7mzU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

🔥4👍1
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
အပြည့်အစုံကြည့်ရန် - https://www.youtube.com/watch?v=sm52xSMwL9Y
#Misinformation_Buster
#Fake_News #reels
#shorts
#package

👍2🥰2😁2
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲ ပထမဆုံးအကြိမ် ပြုလုပ်
====================
ခက်နွေ
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၌ ပထမဆုံးပြုလုပ်သည့် ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်း ဆင်းပွဲ ကို ဇွန်လ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အဆိုပါ အရာရှိသင်တန်းမှာ အပတ်စဉ်(၃)ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက် အထိ ခုနစ်လကျော်ကြာပြုလုပ်ခဲ့ကာ ရခိုင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်သည့် အရာရှိသင်တန်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သင်တန်းတွင် သင်တန်းသား ၃၂၆ ဦး တက်ရောက်သည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အနာဂတ်တွင် AA ကို ဦးဆောင်နိုင်မည့် စစ်သည်ကောင်းများပေါ်ထွက်လာစေရန်နှင့် လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝသည့် စစ်ဘက်ခေါင်းဆောင်များပေါ်ပေါက်လာရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ် ရခြင်း ဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အရာရှိသင်တန်းအပတ်စဉ်(၁)ကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကချင်ပြည်နယ်ရှိ AA ၏ မဟာမိတ် ကချင်လွတ်မြောက်ရေးတပ် (KIA) ထိန်းချုပ်နယ်မြေ၌ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂) ကို KIA ထိန်းချုပ်နယ် မြေတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း AA သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
လာမည့် သင်တန်းအပတ်စဉ် (၄)ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရက္ခိုင့်တပ်တော်AA
#အရာရှိလေ့ကျင့်ရေးသင်တန်း
#ရခိုင်ပြည်နယ်
ပုံ အမှတ်စဉ် (၃) ရက္ခိုင့်တပ်တော်အရာရှိလေ့ကျင့်ရေးသင်တန်း

👍7🔥2
ကန့်ဘလူမြို့နယ် မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
==================
KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပင့်သာတိုက်နယ် ၊ မကျီးကုန်းကျေးရွာကို ယနေ့ ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က စတင်မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားသည်။
“မကျီးကုန်ကျေးရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းရပါတယ်။ အသေး စိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲပါ” ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၆၁) နှင့် ခမရ (၃၆၈) စစ်ကြောင်းနှစ်ကြောင်းသည် ပြီးခဲ့သည့် မေလအတွင်းကလည်း ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြားနှင့် မကျီးကုန်းကျေးရွာများ အား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတဦး အသတ်ခံခဲ့ရသည်ဟု သိရသည်။
ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ခမရ(၃၆၁)၊ ခမရ(၃၆၈)တပ်ရင်းများနှင့် ပျူစောထီး များ၏ ရွာစဉ်လှည့်စစ်ကြောင်းထိုးမီးရှို့နေခြင်းများကြောင့် ကျေးရွာအချို့မှာ စစ်ရှောင်တဲများထိုးကာ ကာလကြာမြင့်စွာ စစ်ဘေးရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
Photo - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့(ပုံဟောင်း)
#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
#Mizzima
#ကန့်ဘလူခရိုင်

🤬10👍3🔥2👏1
စစ်အာဏာရှင်ကို ဆန့်ကျင်ချီတက်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
=================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံ များစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ ၃ ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြ ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများရှိနေပြီး နယ်မြေမတည် ငြိမ်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော် ကွန်းသီချင်းကိုသံပြိုင်သီဆိုကြကာ ကျဆုံးသွားသည့်အာဇာနည်များကို အလေးပြုခဲ့ကြကြောင်း သိရ သည်။
ယနေ့ဆန္ဒပြပွဲသည် ကျေးရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သည့် ရက်ပေါင်း ၈၃၃ ရက်မြောက်နေ့ ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

❤7👍7😁2
Media is too big
VIEW IN TELEGRAM
July - 3 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

🍌2👍1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ ဇူလိုင် ၂၀၂၃)
========================
မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သည့် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်နေပြီး စစ်ကောင်စီမှ ခံစစ်အသွင်ဖြစ်နေသည်ကိုတွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤2🔥1😁1
ဇူလိုင်လ (၃) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
- မြန်မာ့လူ့အခွင့်အရေးနဲ့ စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေတဲ့သတင်း
- ရက္ခိုင့်တပ်တော် AAရဲ့ ပထမဆုံး အရာရှိသင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့သတင်း
- ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုဖို့ NUG သတိပေးတဲ့သတင်း
- Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ခန့် သေဆုံးကြောင်းး ထုတ်ပြန်တဲ့သတင်း
- ရန်ကုန် ၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှာ ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးသူငယ်တွေ အလုပ်လုပ်ကိုင်နေရတဲ့ သတင်းနဲ့
- ယူကရိန်းအဖွဲ့ဝင်ဖြစ်လာရေးအတွက် အီးယူရဲ့ထောက်ခံမှုပြတ်သားကြောင်း စပိန်ဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/v0AQfLdWUiI?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
- မြန်မာ့လူ့အခွင့်အရေးနဲ့ စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေတဲ့သတင်း
- ရက္ခိုင့်တပ်တော် AAရဲ့ ပထမဆုံး အရာရှိသင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့သတင်း
- ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုဖို့ NUG သတိပေးတဲ့သတင်း
- Federal Wings ဒရုန်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ခန့် သေဆုံးကြောင်းး ထုတ်ပြန်တဲ့သတင်း
- ရန်ကုန် ၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှာ ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးသူငယ်တွေ အလုပ်လုပ်ကိုင်နေရတဲ့ သတင်းနဲ့
- ယူကရိန်းအဖွဲ့ဝင်ဖြစ်လာရေးအတွက် အီးယူရဲ့ထောက်ခံမှုပြတ်သားကြောင်း စပိန်ဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/v0AQfLdWUiI?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၃) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
- မြန်မာ့လူ့အခွင့်အရေးနဲ့ စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေတဲ့သတင်း
- ရက္ခိုင့်တပ်တော် AAရဲ့ ပထမဆုံး အရာရှိသင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့သတင်း
- ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ရေကြီး…

👍10🔥1🍌1
စစ်ကိုင်းတိုင်းမှာ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်နေ(ရုပ်သံ/သတင်း)
==================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်းထဲမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီစစ်ရေးပစ်မှတ်တွေကို Shar Htoo Waw နည်းပညာသုံးတိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်အသေးစားတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။
မနေ့က ဇူလိုင်လ ၂ ရက်နေ့မှာ မြင်းမူမြို့ပေါ်က မြို့မရဲစခန်း၊ ထွေအုပ်ရုံးစတဲ့ နေရာတွေကို ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် မောင်းသူမဲ့လေယာဉ်ငယ်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုနွေဦးက ဆိုပါတယ်။
Shar Htoo Waw နည်းပညာသုံးတိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်အသေးစားလေးတွေဟာ ပုံမှန်ဒရုန်းတွေထက်နည်းပညာမြင့်မားပြီး ဒရုန်းပစ်ချတဲ့လက်နက်တွေနဲ့ ပစ်လို့ မရတာကြောင့် တိုက်ခိုက်ရာမှာ ပိုမိုထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။
https://youtu.be/Dx8O7nVjRkM

စစ်ကိုင်းတိုင်းမှာ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး အရှိန်မြှင့်နေ
MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်းထဲမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် စစ်ကောင်စီစစ်ရေးပစ်မှတ်တွေကို Shar Htoo Waw နည်းပညာသုံးတိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်အသေးစားတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတယ်လို့ မ…
👍19❤5🔥2👏2
"တပ်တွင်း ပုန်ကန်မှုဖြစ်လာတာက ပူတင်အတွက် သေမင်းတမန် ခေါင်းလောင်းထိုးသံပဲ" (Editorial Talk)
==================
ဒီတစ်ပတ်မှာတော့ တစ်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ရုရှား - ယူကရိန်း စစ်ပွဲ လက်ရှိအခြေအနေတွေနဲ့ ရှေ့ဆက်အလားလာတွေကို ကြည့်ရှူနားဆင်ကြရမှာပါ။
သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။
https://youtu.be/fLpKxL-JNkQ
#editorial
#Mizzima
#တပ်တွင်းပုန်ကန်မှု
#ရုရှား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ဒီတစ်ပတ်မှာတော့ တစ်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ရုရှား - ယူကရိန်း စစ်ပွဲ လက်ရှိအခြေအနေတွေနဲ့ ရှေ့ဆက်အလားလာတွေကို ကြည့်ရှူနားဆင်ကြရမှာပါ။
သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။
https://youtu.be/fLpKxL-JNkQ
#editorial
#Mizzima
#တပ်တွင်းပုန်ကန်မှု
#ရုရှား
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"တပ်တွင်း ပုန်ကန်မှုဖြစ်လာတာက ပူတင်အတွက် သေမင်းတမန် ခေါင်းလောင်းထိုးသံပဲ" (Editorial Talk)
ဒီတစ်ပတ်မှာတော့ တစ်နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ရုရှား - ယူကရိန်း စစ်ပွဲ လက်ရှိအခြေအနေတွေနဲ့ ရှေ့ဆက်အလားလာတွေကို ကြည့်ရှူနားဆင်ကြရမှာပါ။
သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။
#editorial
#Mizzima
#တပ်တွင်းပုန်ကန်မှု…

👍10🤣4😁1
ထိုင်းလွှတ်တော်သစ် ယနေ့ ဇူလိုင် ၃ ရက်တွင် စတင်ခေါ်ယူမည်
========================
ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ရှေ့သို့ချီ ပါတီနှင့် သာမန်လူထု အကျိုးမျှော် ဝါဒီ ဖျူထိုင်းပါတီတို့သည် နိုင်ငံ၌ ၂၀၁၄ အာဏာသိမ်းမှုနောက်ပိုင်း အစိုးရကို ထိန်းချုပ်ထားခဲ့သော ဘုရင်စနစ်ထောက်ခံသူစစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ပါတီများအပေါ် အပြတ်အသတ်အနိုင်ရကာ အောက်လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ ရှေ့သို့ချီ ပါတီသည် ပါလီမန်တွင် ဖျူထိုင်းပါတီနှင့် လက်တွဲမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ရှေ့သို့ချီ ပါတီနှင့် သာမန်လူထု အကျိုးမျှော် ဝါဒီ ဖျူထိုင်းပါတီတို့သည် နိုင်ငံ၌ ၂၀၁၄ အာဏာသိမ်းမှုနောက်ပိုင်း အစိုးရကို ထိန်းချုပ်ထားခဲ့သော ဘုရင်စနစ်ထောက်ခံသူစစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ပါတီများအပေါ် အပြတ်အသတ်အနိုင်ရကာ အောက်လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ ရှေ့သို့ချီ ပါတီသည် ပါလီမန်တွင် ဖျူထိုင်းပါတီနှင့် လက်တွဲမည် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3🥰2🔥1
‘ခရီးသွားများအပေါ် ရင်းနှီးဖော်ရွေမှုရှိသော နိုင်ငံများ စာရင်း’ ၌ မြန်မာက အဆင့်နိမ့်ကျစွာ သတ်မှတ်ခံရခြင်းက အံ့အားသင့်စရာလား (အယ်ဒီတာ့အာဘော်)
=========================
“ကမ္ဘာပေါ်ရှိ ရင်းနှီးဖော်ရွေမှု မရှိဆုံး နိုင်ငံ ၂၅ နိုင်ငံ” စာရင်းအရ မြန်မာသည် ကွန်ဂို၊ ဘီနင်နှင့် ဆော်ဒီ အာရေးဗျကဲ့သို့ နိုင်ငံများနှင့်အတူ ပါဝင်ရပ်တည်နေပြီး နိုင်ငံသည် “ရင်းနှီးဖော်ရွေမှု မရှိသော ဂုဏ်သတင်းတစ်ခု” ရှိသည်ဆိုသော ပြောဆိုချက်တစ်ခုနှင့်အတူ ရှိနေသည်။ ရွှေပြည်မြန်မာသည် ထိုစာရင်း၏ အဆင့် ၁၅ နေရာတွင် ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
“ကမ္ဘာပေါ်ရှိ ရင်းနှီးဖော်ရွေမှု မရှိဆုံး နိုင်ငံ ၂၅ နိုင်ငံ” စာရင်းအရ မြန်မာသည် ကွန်ဂို၊ ဘီနင်နှင့် ဆော်ဒီ အာရေးဗျကဲ့သို့ နိုင်ငံများနှင့်အတူ ပါဝင်ရပ်တည်နေပြီး နိုင်ငံသည် “ရင်းနှီးဖော်ရွေမှု မရှိသော ဂုဏ်သတင်းတစ်ခု” ရှိသည်ဆိုသော ပြောဆိုချက်တစ်ခုနှင့်အတူ ရှိနေသည်။ ရွှေပြည်မြန်မာသည် ထိုစာရင်း၏ အဆင့် ၁၅ နေရာတွင် ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2😢1
ဇူလိုင်လ (၃) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ညမှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ဆဒုံးဒေသအတွင်း ရက်သတ္တတပတ်ကြာမြင့်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက် ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk “ အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/Yq2i2UFu1rY
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ဒီကနေ့ညမှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ဆဒုံးဒေသအတွင်း ရက်သတ္တတပတ်ကြာမြင့်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက် ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk “ အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/Yq2i2UFu1rY
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၃) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ဆဒုံးဒေသအတွင်း ရက်သတ္တတပတ်ကြာမြင့်တဲ့အထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ သတင်းအပါအဝင် နောက်…
👍8😁2