မန္တလေးတွင် ပါဝါဘဏ်အားသွင်းရာမှ အပူလွန်ကဲပြီး မိုဘိုင်းဖုန်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား
===================
007
(မဇ္စျိမ)။ ။မန္တလေးမြို့တွင် မိုဘိုင်းဖုန်းအရောင်းဆိုင်အတွင်း Power Bank အားသွင်း ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ မန္တလေး-စစ်ကိုင်းကားလမ်းဘေးရှိ Hello Mobile ဖုန်း အရောင်းဆိုင်တွင် ယနေ့ ဇူလိုင် ၃ ရက် မွန်းတည့် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖုန်းအရောင်းဆိုင်ဖွင့်ထားသော သုံးထပ်တိုက်အဆောက်အအုံ၏ ဒုတိယထပ်အိပ်ခန်းအတွင်း Power Bank အားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန မှ သိရသည်။
“သူတို့က အာစီသုံးထပ်တိုက်ပေါ့နော်။ အဲဒီမှာ အလယ်ထပ်အိပ်ခန်းထဲမှာ ပါဝါဘဏ်အားသွင်းထားရာ ကနေ အပူလွန်ကဲပြီးမီးထလောင်တာ။ ဘေးကူးစက်မှုတော့မဖြစ်ခဲ့ဘူး၊ မီးလောင်တဲ့အထပ်က အတွင်း ခန်း ပစ္စည်းတွေတော့ မီးလောင်ခံလိုက်ရတယ်” ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သူတဦးကပြောသည်။
မီးလောင်မှုကို ထိစပ်နယ်မြေမှမီးသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးငြိမ်းသွား ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် အိပ်ခန်းနှင့် အိပ်ခန်းအတွင်းရှိ အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ၅၀၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ ပိုင်ရှင်ဖြစ်သူကို မီးပေါ့ဆမှုဖြင့်နယ်မြေခံရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#အမရပူရမြို့နယ်
#မီးလောင်မှု
#မိုဘိုင်းဖုန်းအရောင်းဆိုင်

👍4😱4🔥3
စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းမှ “စစ်ခွေးမိစ္ဆာနှင်ပွဲ” ပြုလုပ်
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၆၇ နှစ်မြောက် မွေးနေ့အား ရည်ရွယ်ကာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် “စစ်ခွေးမိစ္ဆာနှင်ပွဲ” ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မွေးနေ့မှာ ဗေဒင်ယတြာရာယုံတဲ့ စစ်ခေါင်းဆောင်နဲ့ အကြမ်းဖက်စစ်တပ်ကို ဓိတ်ဓာတ်ပိုင်းဆိုင်ရာအရ တော်လှန်တိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဋ္ဌက မဇ္ဈိမကိုပြော သည်။
“စစ်ခွေးမိစ္ဆာနှင်ပွဲ” အား ရန်ကုန်မြို့တနေရာတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်အား ပြည်သူများ က အကြမ်းဖက်မိစ္ဆာအဖြစ်သတ်မှတ်ကာ အပြီးတိုင် တိုက်ထုတ်နေခြင်းကို ပြသလို၍ဖြစ်ကြောင်း ပြော သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ယနေ့ ကျရောက်သောမွေးနေ့မှစ၍ ဂြိုလ်ဆိုးများဝင်စေပြီး အကြမ်းဖက် စစ်တပ် အမြန်ဆုံးနိဂုံးချုပ်အောင် “ စစ်ခွေးမိစ္ဆာနှင်ပွဲ” ကို အထူးအစီအမံများပြုလုပ်ကာ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းအနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်၏ မွေးနေ့ကိုရည်ရွယ်ကာ ရန်ကုန်တွင် လှုပ်ရှားမှုများစွာပြုလုပ်ခဲ့ကြပြီး မွေးနေ့ဆုတောင်းအဖြစ်လည်း ကျိန်စာများတိုက်ခြင်း၊ ကျင် ငယ်ရည်ဖြင့် ၎င်း၏မျက်နှာပါ ဓာတ်ပုံအားစိုစွတ်စေခြင်း၊ ၎င်းမျက်နှာပါသောပုံများအား ဖိနပ်များဖြင့် နင်းချေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်မြို့
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#စစ်ခွေးမိစ္ဆာနှင်ပွဲ

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍19❤8😁3👏2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်ထုတ်လွှင့်မှုများ
===================
https://youtu.be/TIaARcMjkHU
===================
https://youtu.be/TIaARcMjkHU
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍14🍌3
မန္တလေးတွင် ဘုန်းကြီးကျောင်းရှေ့ လူသေအလောင်းတွေ့
===================
007
(မဇ္စျိမ)။ ။မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ဝါဆိုဘုန်းကြီးကျောင်းရှေ့တွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ဒေသခံများက ယနေ့ ဇူလိုင်လ ၃ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် ၉၁(C) လမ်း၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြားရှိ ဝါဆိုကျောင်းတိုက်ရှေ့တွင် ရုပ်အလောင်းတွေ့ရှိခြင်းဖြစ်ပြီး အိမ်ခြေမဲ့တစ်ဦးဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။
"ဝါဆိုကျောင်းရှေ့မှာ မနက်ကဖြစ်သွားတာပါ။မနေ့ကတည်းက သေဆုံးခဲ့တဲ့အလောင်းလို့ယူဆရတယ်"ဟု ဝါဆိုဘုန်းကြီးကျောင်းအနီးမှ ဒေသခံတစ်ဦးကပြောသည်။
၎င်းကဆက်လက်၍ " ဒီဘက်မှာ အခုတလော အိမ်ခြေရာမဲ့တွေရောက်နေတာတွေ့ရတယ်" ဟု ဆိုသည်။
ရုပ်အလောင်းသည် ပျက်ဆီးနေပြီး ပုတ်ပွနေသည်ဟု သိရသည်။ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်မှုကို မြို့ခံလူမှုကူညီရေးအသင်းတစ်ခုက ကူညီဆောင် ရွက်ပေးခဲ့ပြီး သေဆုံးရသည့်အကြောင်းရင်းကို မသိရှိရသေးပေ။
မန္တလေးမြို့တွင် ယခု ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီကကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ဖယ်ရှားရှင်းလင်းခံရမှုနှင့်အတူ မြို့တွင်းရပ်ကွက်များထဲတွင် အိမ်ခြေရာမဲ့၀င်ရောက်နေထိုင်သူများပြားလာသည်။ ထို့အပြင် လမ်းဘေး၌ ပိုင်ရှင်မဲ့ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိမှုလည်း မကြာခဏဖြစ်ပေါ် နေကြောင်းသိရသည်။
"အသတ်ထားရတဲ့လက္ခဏာနဲ့မဟုတ်တဲ့ အလောင်းတွေ တစ်လမှာ နှစ်လောင်းတော့အနည်းဆုံးရှိတယ်။ ဒါ မန္တလေးအနီးဝန်းကျင်းကိုပြောတာနော်။ ကျွန်တော်တို့တစ်သင်းထဲကကောက်ထားတဲ့အလောင်းစာရင်းပေါ့။ တခြားအသင်းတွေလည်း ပိုင်ရှင်မဲ့အလောင်း ကောက်ပေးရတာတွေ ရှိပါတယ်။ ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေရာမဲ့ထဲကသေတာတွေဖြစ်နိုင်တယ်" ဟု မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူတစ်ဦးကပြောသည်။
မဟာအောင်မြေမြို့နယ်တွင် ဇွန်လ ၁၃ရက်နှင့် ဇွန်လ ၂၁ ရက်နေ့ကလည်း သေဆုံးနေသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းနှစ်ခုတွေ့ရှိခဲ့သည်။ ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်ကားလမ်း မြို့အ၀င်ဂိတ်အနီးတွင်လည်း ဇွန်လ ၂၁ရက်က ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#mizzima
#မန္တလေးမြို့
#မဟာအောင်မြေမြို့နယ်
#ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

😢12👍6🤬3❤2
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်
===============
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇူ လိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ပြည်သူ့ထမင်းကိုစား ပြည်သူကိုသတ်နေတဲ့ ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၉)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ
#Mizzima

👍35❤6😁2
ဇူလိုင်လ (၄) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
မြန်မာ့လူ့အခွင့်အရေးနဲ့ စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေတဲ့အကြောင်းကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက အစီရင်ခံစာထုတ်ပြန်တဲ့
သတင်း နဲ့အတူ ရက္ခိုင့်တပ်တော် AAရဲ့ ပထမဆုံး အရာရှိသင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/4NkuzjIAMvE
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

သတင်း နဲ့အတူ ရက္ခိုင့်တပ်တော် AAရဲ့ ပထမဆုံး အရာရှိသင်တန်းဆင်းပွဲကို…

👍12😁2❤1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ | VOA On Mizzima
========================
MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ကိစ္စအတွက် ရေရာ သေချာတဲ့ ညွှန်ကြားမှုတွေ မြန်မာအစိုးရတာဝန်ရှိသူတွေဘက်က မထုတ်ပြန်သေးတာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းကုန်ခါနီးသူတွေအဖို့ စိုးရိမ်မှုတွေရှိနေပါတယ်။ အကြမ်းဖက်မှုတွေ အမြင့်ဆုံး ဖြစ်နေတဲ့ နေရာတွေမှာ အကြမ်းဖက်မှုနှိမ်နင်းရေး ပိုထိရောက်ဖို့ အမျိုးသမီးတွေ ရှေ့တန်းကနေ ပါဝင်နိုင်ရေး အမေရိကန်က ဦးဆောင်ပြီး လေ့ကျင့်ပေးနေပါတယ်။
ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/fneXbVat10c
#မဇ္ဈိမအတွက်ဗွီအိုအေ

MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ကိစ္စအတွက် ရေရာ သေချာတဲ့ ညွှန်ကြားမှုတွေ မြန်မာအစိုးရတာဝန်ရှိသူတွေဘက်က မထုတ်ပြန်သေးတာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းကုန်ခါနီးသူတွေအဖို့ စိုးရိမ်မှုတွေရှိနေပါတယ်။…
👍8😁2
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် | VOA On Mizzima
===================
MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ကိစ္စအတွက် ရေရာ သေချာတဲ့ ညွှန်ကြားမှုတွေ မြန်မာအစိုးရတာဝန်ရှိသူတွေဘက်က မထုတ်ပြန်သေးတာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းကုန်ခါနီးသူတွေအဖို့ စိုးရိမ်မှုတွေရှိနေပါတယ်။ တချိန်တည်းမှာပဲထိုင်း ကမ္ဘောဒီးယားနဲ့ မြန်မာ သုံးနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။
https://youtu.be/PPjmP532-RA

😁3👍2
အမျိုးသမီးစစ်သည်တွေကို အမေရိကန် သင်တန်းပေး | VOA On Mizzima
================
ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကြိုးပမ်းချက်တွေမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ ကုလသမဂ္ဂသက နှိုးဆော် နေတာနဲ့အတူ အနောက်အာဖရိကမှာ အစွန်းရောက်ဝါဒကို တားဆီးနိုင်ဖို့အတွက် ဒေသတွင်း စစ်ဆင်ရေးတွေမှာ အမျိုးသမီးတွေဟာလည်း ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပါတယ်။
အကြမ်းဖက်မှုတွေ အမြင့်ဆုံး ဖြစ်နေတဲ့ နေရာတွေမှာ အကြမ်းဖက်မှုနှိမ်နင်းရေး ပိုထိရောက်ဖို့ အမျိုးသမီးတွေ ရှေ့တန်းကနေ ပါဝင်နိုင်ရေး အမေရိကန်က ဦးဆောင်ပြီး လေ့ကျင့်ပေးနေပါတယ်။ ဗွီအိုအေ သတင်းထောက် Henry Wilkins ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။
https://youtu.be/utPdpSQgs-E

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကြိုးပမ်းချက်တွေမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ ကုလသမဂ္ဂသက နှိုးဆော် နေတာနဲ့အတူ အနောက်အာဖရိကမှာ အစွန်းရောက်ဝါဒကို တားဆီးနိုင်ဖို့အတွက် ဒေသတွင်း စစ်ဆင်ရေးတွေမှာ အမျိုးသမီးတွေဟာလည်း ပိုပြီး အရေးပါတဲ့…
👍15🔥2
အိန္ဒိယနိုင်ငံ အပူလိုင်းဖြတ်မှု နောက်ဆက်တွဲဆိုးကျိုး | VOA On Mizzima
======================
အိန္ဒိယနိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှု မကြာခဏကြုံနေရတာဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် နိုင်ငံ့စီးပွါးရေးကိုပါ ထိခိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အန္တရာယ် ရှိလာနေတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ နွေရာသီ အပူရှိန်ပြင်းထန်မှုကြောင့် အထိခိုက်ဆုံးသူတွေကတော့ ဝင်ငွေနည်း အလုပ်သမားတွေဖြစ်ကြောင်း အိန္ဒိယက VOA သတင်းထောက် Anjana Pasricha သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ဆက်ထားပါတယ်။
https://youtu.be/CmqfMSQn-Gs

အိန္ဒိယနိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှု မကြာခဏကြုံနေရတာဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် နိုင်ငံ့စီးပွါးရေးကိုပါ ထိခိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အန္တရာယ် ရှိလာနေတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖော်ပြပါတယ်။ နွေရာသီ အပူရ…
👍10🔥2
ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
https://youtu.be/347qtKUFRyg
https://youtu.be/347qtKUFRyg
YouTube
ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

🔥3❤2
နိုင်ငံပိုင်ဘဏ်နှစ်ခုအပိတ်ခံရပြီးနောက် ဒေါ်လာဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ
===========
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဟာ ဒေါ်လာ ဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်တဲ့ နေ့မှာပဲ စစ်ကောင်စီ ဗဟိုဘဏ်က "နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နဲ့ Customer အကြား ၊ Customer အချင်းချင်းအကြား အရောင်းအဝယ်တွေကိုအွန်လိုင်းနဲ့ မြန်မာနိုင်ငံတာ်ဗဟိုဘဏ်ကို တင်ပြရောင်းဝယ်ရန်ကိစ္စ" ဆိုပြီး ဒေါ်လာရောင်းဝယ်မှုကိုကန့်သတ်လိုက်တဲ့ ညွှန်ကြားချက်ကို ဇွန် ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ ဒေါ်လာရောင်းလိုသူ၊ ဝယ်လိုသူ၊ ဘာကြောင့်ရောင်းလိုဝယ်လိုတဲ့အကြောင်းပြချက်၊ ဈေးနဲ့ ရောင်းဝယ်လိုတဲ့ပမာဏ၊ ဝင်ငွေရလမ်း၊ ကုမ္ပဏီအထောက်အထား အစရှိတဲ့ အသေးစိတ် အချက်အလက် တွေကို စိစစ်တောင်းခံစေပြီး အချက် ၉ ချက်ပါတဲ့ ညွန်ကြားချက်နဲ့ ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားထားခဲ့တာပါ။
https://youtu.be/SbWg-e9V584
#Newsfeature

နိုင်ငံပိုင်ဘဏ်နှစ်ခုအပိတ်ခံရပြီးနောက် ဒေါ်လာဈေးကွက်ကိုအလုံးစုံထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီ
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဟာ ဒေါ်လာ ဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။နိုင်…
😁7🔥5👍4❤1
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံ
=====================
အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ တီမောလက်စတေး နိုင်ငံသမ္မတ José Ramos-Horta ဟိုဆေး ရားမို့စ်ဟော်တာတို့ ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့တီမောကို ရောက်ရှိနေစဉ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့ပါတယ်။
NUG အစိုးရအဖွဲ့ဟာ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။
https://youtu.be/IQviq8Fy-R4
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ တီမောလက်စတေး နိုင်ငံသမ္မတ José Ramos-Horta ဟိုဆေး ရားမို့စ်ဟော်တာတို့ ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့တီမောကို ရောက်ရှိနေစဉ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့ပါတယ်။
NUG အစိုးရအဖွဲ့ဟာ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။
https://youtu.be/IQviq8Fy-R4
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံ
အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နဲ့ တီမောလက်စတေး နိုင်ငံသမ္မတ José Ramos-Horta ဟိုဆေး ရားမို့စ်ဟော်တာတို့ ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
NUG အစိုးရ…
NUG အစိုးရ…
❤16👍9😁1🤮1