Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တရုတ်၏ စီမံကိန်းများကို မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ အသုံးပြုကာကွယ်ပေးနေ
======================

တရုတ် စီမံကိန်းများ တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ စစ်အစိုးရက ရက်ရက်ရောရာ လုပ်ဆောင်ပေးနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းဒေသ၌ ဇွန်လ အစောပိုင်းက မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါဒေသရှိ တရုတ်ပိုင် ကြေးနီမိုင်းတွင်းများ အနီးတွင် ချထားသော မြေမြှုပ်မိုင်း အန္တရာယ်များအတွက် အထူးစိုးရိမ်မှုများ မြင့်တက်လာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သော စစ်အစိုးရသည် ကြိမ်ဖန်များစွာ မအောင်မြင်ခဲ့သော တရုတ်တို့၏ သယံဇာတ ထုတ်ယူမှုကို အဟန့်အတားမရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်စေရေး အတွက် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်တပ်ဖွဲ့များကို အမြစ်ဖြုတ်ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အခြားတရုတ် အကျိုးစီးပွားများကို ကာကွယ်လိုသော အစိုးရ၏ နည်းဗျူဟာများတွင် လူသတ်မိုင်းအသုံးပြုမှုများ ပါဝင်လာကြောင်း ကျွမ်းကျင်သူများက လေ့လာ တွေ့ရှိခဲ့သည်။
🤬16👍4🤮2❤1🔥1
​​အမြန်လမ်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊စစ်ယာဥ်တန်းထိခိုက်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ အတည်ပြု
==================

ရွှေနွယ်
(မဇ္ဈိမ) ။ ။နေပြည်တော်မှ ထွက်ခွာလာသော စစ်ကောင်စီ အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား နေပြည်တော် - ရန်ကုန်အမြန်လမ်း တနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ကားများအပါအဝင် ယာဉ်ဆယ်စီးခန့်ပါသော စစ်ကောင်စီယာဉ်တန်းကို နေပြည်တော် - ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ဖာလုံအနီးတွင် ယနေ့ ဇူလိုင်လ ၇ ရက် နံနက် ၉နာရီ ၁၅မိနစ်က စောင့်ကြို တိုက်ခိုက်ခြင်းဟု သိရသည်။

" တိုက်ခိုက်မှုအောင်မြင်တယ်။ စစ်ယာဥ်တန်းထိခိုက်သွားတာလည်း ကျွန်တော်တို့အတည်ပြုနိုင်တယ်" ဟု ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီစစ်ထောက်ချုပ်လိုက်ပါလာသည်ဟု သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်ဟု ပဲခူးတိုင်းစစ်ဒေသခွဲကဆိုသည်။

" စစ်ထောက်ချုပ်ပါမပါ၊ စစ်ထောက်ချုပ် ထ်ိခိုက်မှုရှိမရှိ စုံစမ်းအတည်ပြုရခက်ပါတယ်။ ဖြစ်တဲ့နေရာကိုချက်ချင်းပိတ်ဆို့လိုက်တာကြောင့်ပါ" ဟု ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁၏ အထူးတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဟု သိရသည်။ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရှေ့တန်းပွိုင့်ကားတစ်စီးစေလွှတ်၍ နောက်မှကားသုံးစီးဖြင့်လိုက်ကာ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်စဉ်တွင် ရိုးမPDF ထုတ် ၆၀ မမဖြင့် ပစ်ခတ်ပြီး ဆုတ်ခွာလာခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁က ပြောသည်။

" သူတို့ဖက်က ကောင်တာက ချက်ချင်းပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့။ကိုယ်တွေဖက်ကလည်းလက်နက်ကြီးနဲ့ ပြန်ပစ်ပြီး ပြန်ဆုတ်ခွာခဲ့တယ်" ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ကားသည် စစ်ကောင်စီယာဉ်တန်းနှင့် ခြောက်ပေသာကွာဝေးသောနေရာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုရှိခဲ့ပြီး လူနာတင်ကားများရောက်လာသည်ကို တွေ့ရသည်ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်အချို့ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ထောက်ချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်သည်။ ယနေ့ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီယာဉ်တန်းတွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလိုက်ပါလာခြင်းရှိမရှိ သီးခြား အတည်မပြုနိုင်သေးပေ။

ရန်ကုန်−မန္တလေးအမြန်လမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ခရီးသွားပြည်သူများအား သွားလာခွင့်အချိန်ကန့်သတ်ထားသော လမ်းပိုင်းတွင်ပါဝင်သည်။တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိက လမ်းပိုင်းများဖြစ်သည့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်းသာသွားလာရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ဇူလိုင်လ ၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#နေပြည်တော် - ရန်ကုန်အမြန်လမ်း
#စစ်ကောင်စီယာဥ်တန်း
#တိုက်ခိုက်
#ပဲခူးတိုင်းစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏3❤2🤣2
​​ချောင်းဦးမြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ရေယာဉ်တိုက်ခိုက်ခံရ
==================

MTO
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ မော်တော်ရေယာဉ်တစ်စီးကို ဇူလိုင်လ ၅ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Union Liberation Front – ULF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေပြီး သုံးဦးဒဏ်ရာ ရတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်မှာ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး” ဟု ၎င်းကပြောသည်။

ကံကြီးကုန်းစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်းနိုင်ရန်အထိ ရည်ရွယ်ကာ တိုက်ခိုက်နေချိန် မုံရွာမြို့မှ ကန်ကြီးကုန်းကျေးရွာသို့ မော်တော်ရေယာဉ်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ULF အဖွဲ့ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ များအနေဖြင့် ကျည်အင်အားလျော့နည်းလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ လေကြောင်းမှ စစ်ကူလာရောက်ခြင်းတို့ကြောင့် စခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှု များပြားနိုင်ကြောင်း သိရသည်။

ကံကြီးကုန်းကျေးရွာသည် ချင်းတွင်းမြစ်အရှေ့ဘက်တွင် တည်ရှိပြီး ပျူစောထီးဆိုသူများ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းနေထိုင်နေသည့် ကျေးရွာတစ်ခုဖြစ်‌ကြောင်း ULF အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဒေသကာကွယ်ရေတပ်ဖွဲ့များ ပူးပေါင်းကာ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2😘2❤1
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
❤8👍8😁1🤮1
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
======================

မင်းထက်
(မဇ္စျိမ)။ ။ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ယနေ့ကျရောက်သည့် ၆၁ နှစ် မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် လှုပ်ရှားမှုသည် ကျောင်းသားသမဂ္ဂများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အထင်ကရအဖြစ်ဆုံးဖြစ်သည့် ၇ ရက်၊ ၇ လ၊ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်းအတွင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့သော အာဇာနည်ကျောင်းသားရဲဘော်များအား ဦးညွှတ်အလေးပြုခြင်းနှင့် ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်တို့၏ ရက်စက်ယုတ်မာမှုများအပေါ် ကျောင်းသားသမ္ဂများအနေဖြင့် ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ကြောင်း၊ ကမ္ဘာတည်သရွေ့အမှတ်သည်းခြေထားရှိကြောင်းအား ပြသသည့် လှုပ်ရှားမှုဖြစ်သည်ဟု အဆိုပါကျောင်းသားသမဂ္ဂများက ပြောသည်။

ကျောင်းသားထု သွေးစည်းညီညွတ်ရေး၊ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ရေးနှင့် လက်ရှိနွေဦးတော်လှန်ရေးအခင်းအကျင်းတွင် ဆဲဗင်းဂျူလိုင်၏ အရေးပါမှုအား ပြန်လည်ဖော်ထုတ်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရေနံချောင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ ဟင်္သာတနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ပခတကသ)၊ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံဆိုင်ဘာစီးတီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(လှိုင်နယ် မြေ)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)၊ သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စုပေါင်းကာပြုလုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်၍ ထိုနေ့ကို ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု
#စစ်အာဏာရှင်စနစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😁1🤮1
ဇူလိုင်လ (၇) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

- လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်းတဲ့သတင်း

- အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

- အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေတဲ့သတင်း

- ပြည်တွင်း ဖုန်းအော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/oe0iHpP1Yqo?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🌭1
This media is not supported in your browser
VIEW IN TELEGRAM
Jul - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🌭1🍌1
​​ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ယနေ့ ဇူလိုင်လ ၇ရက်တွင် ထုတ်ပြန်သည်။

ဘုတလင်မြို့နယ်အတွင်းရှိ ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို မြောက်တောကြီး‌ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒဏ်ရာရတာက နှစ်ယောက် အဲဒီအထဲက တစ်ယောက်က ညနေပိုင်းမှာ သေသွားတယ်လို့ သတင်းပြန်ရပါတယ်” ဟု CAF ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပဒေသာမိုင်း ငါးလုံးတန်း မိုင်းနှစ်ကွင်းဆင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၃) တပ်ခွဲ(၄) ရွာဇော်ကြီး PDF နှင့် မုံရွာခရိုင်တပ်ရင်း(၁၃) တပ်ခွဲ(၂) Gp GDS တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် ချောင်းဦးမြို့ ၊ အမြင့်မြို့ဟောင်းမှ မုံရွာမြို့နယ်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၊ တပ်ဖွဲ့များမှ ပြောင်းတိုက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(ပြောင်းတိုက်ကြီးဆိုသည်မှာ တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး ရှော့တိုက်ပစ်ခတ်ရသော လက်နက်မျိုးဖြစ်သည်။)

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
👍12😁2❤1