Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇူလိုင်လ (၇) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

- လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်းတဲ့သတင်း

- အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

- အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေတဲ့သတင်း

- ပြည်တွင်း ဖုန်းအော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/oe0iHpP1Yqo?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🌭1
This media is not supported in your browser
VIEW IN TELEGRAM
Jul - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🌭1🍌1
​​ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ယနေ့ ဇူလိုင်လ ၇ရက်တွင် ထုတ်ပြန်သည်။

ဘုတလင်မြို့နယ်အတွင်းရှိ ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို မြောက်တောကြီး‌ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒဏ်ရာရတာက နှစ်ယောက် အဲဒီအထဲက တစ်ယောက်က ညနေပိုင်းမှာ သေသွားတယ်လို့ သတင်းပြန်ရပါတယ်” ဟု CAF ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပဒေသာမိုင်း ငါးလုံးတန်း မိုင်းနှစ်ကွင်းဆင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၃) တပ်ခွဲ(၄) ရွာဇော်ကြီး PDF နှင့် မုံရွာခရိုင်တပ်ရင်း(၁၃) တပ်ခွဲ(၂) Gp GDS တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် ချောင်းဦးမြို့ ၊ အမြင့်မြို့ဟောင်းမှ မုံရွာမြို့နယ်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၊ တပ်ဖွဲ့များမှ ပြောင်းတိုက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(ပြောင်းတိုက်ကြီးဆိုသည်မှာ တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး ရှော့တိုက်ပစ်ခတ်ရသော လက်နက်မျိုးဖြစ်သည်။)

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
👍12😁2❤1
ဇူလိုင်လ( ၇ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရန်ကုန် တော်လှန်ရေးအင်အားစုတွေ "ဆဲဗင်းဇူလိုင်" လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့သတင်းနဲ့အတူ ပြည်တွင်းပြည်ပနည်းပညာရှင်တွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့

တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်းတွေကို ထုတ်လုပ်နေတဲ့အကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့

သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို

နားဆင်ရဖို့ ရှိပါတယ်။ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။

https://youtu.be/CwmMOKvhgX0

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤3😁1🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဇူလိုင် ၂၀၂၃) 
======================

မြန်မာနိုင်ငံမှ စစ်တပ်သည် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ကုလသမဂ္ဂမှ တရားဝင်ကြေညာပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်များကို ခေါ်ယူပြီး နိုင်ငံရေးအခြေအနေများရှင်းလင်းခြင်း ဟု ခေါင်းစဉ်တပ်ကာ လိမ်လည်ပြောဆိုနေပြန်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👏3😁1🤔1
​​မယ်စဲ့တွင် စစ်ကောင်စီတပ်ပြန်လည်သိမ်းယူထားသည့် နေရာများ၌ တိုက်ပွဲပြင်းထန်နေဆဲ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်းတိန်ဒေသရှိ အမှတ် (၁၀၀၄) နယ်ခြားစောင့်တပ်ရင်း နှင့် ရွာသစ်မြို့နယ်၊ စွပ်ပိုင်ဒေသရှိ အမှတ် (၁၀၀၅) နယ်ခြားစောင့်တပ်ရင်း နှစ်ခုတွင် စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ်အပြင် လေကြောင်းသုံးကာ အပြင်းအထန် ခုခံလျက်ရှိကြောင်း ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)(KNPLF) မှ သိရသည်။

“မယ်စဲ့မှာတော့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီနေ့လည်း လေယာဉ်ဗုံးကြဲတာပဲ။ မနေ့ကလည်း ကြဲတာပဲ။ ဗုံးမကြဲတာဆိုလို့ (ဇွန်) ၁၃ ရက်နေ့ စတိုက်တာကနေ ဒီနေ့(ဇူလိုင်လ ၇ ရက်) အထိ ဗုံးမကြဲတာ သုံးရက်ပဲ ရှိတယ်” ဟု ကလလတ ပြောခွင့်ရ ရဲဘော်လော်ရင်းစိုးက ပြောသည်။

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်း ငါးခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ဇွန်လ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် အမှတ်(၁၀၀၄) နှင့် အမှတ်(၁၀၀၅) တပ်ရင်းနှစ်ခုကို စစ်ကောင်စီတက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီမှ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ပြန်လည်နေရာယူထားသည့် မယ်စဲ့မြို့နယ်၊ ပန်းတိမ်ဒေသရှိ အမှတ်(၁၀၀၄) တပ်စခန်းကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများစွာ အသုံးပြုခဲ့ရာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

အလားတူ ရွာသစ်မြို့နယ်၊ စွပ်ပိုင်ဒေသရှိ အမှတ်(၁၀၀၅) တပ်ရင်းအနီးနှင့် သံလွင်မြစ်အရှေ့ခြမ်းရှိ ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အသေးစိတ်ကိုမူ စစ်ရေးအခြေအနေရ ထုတ်ပြန်၍ မရသေးကြောင်း ရဲဘော်လော်ရင်းဆိုးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် တောင်ငူလေတပ်မှ ထွက်ခွာလာသည့် K8 အမျိုးအစား တိုက်လေယာဉ်တစ်စီးကို ရွာသစ်မြို့အနီး၌ ကလလတ မှ ပစ်ချနိုင်ခဲ့ရာ လေယာဉ်မောင်းနှစ်ဦးစလုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် သံလွင်အရှေ့ခြမ်းနှင့် ထိုင်း-ကရင်နီနယ်စပ်ရှိ တိုက်ပွဲများကြောင့် မယ်စဲ့၊ ပန်တိန်း၊ ဖားဆောင်း၊ ရွာသစ်၊ ဘော်လခဲ သည့်မြို့နယ်များမှ ဒေသခံ ၈,၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သံလွင်အရှေ့ခြမ်း
#မယ်စဲ့မြို့နယ်
#ပန်းတိန်ဒေသ
#KNPLF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🥰3❤1🔥1😁1
စစ်ကိုင်းတွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ
====================

007 (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ညောင်ပင်၀န်းရဲစခန်းနှင့် မြင်းမူမြို့နယ်မန်းကျည်းအင်းကျေးရွာမှ စစ်ကောင်စီတပ်၏စစ်ကြောင်းတစ်ခုတို့ ယမန်နေ့က လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး၊ အထိအခိုက်အသေအပျောက်ရှိနိုင်ကြောင်း ဒေသခံများထံက သိရသည်။

"မနက်ပိုင်းမှာ ညောင်ပင်၀န်းရဲစခန်းဘက် လက်နက်ကြီးသံတွေကြားတယ်၊ နေ့လယ်ပိုင်းကျတော့ ကျွန်တော်တို့ရွာဘက်တိုက်ပွဲဖြစ်တာပဲ၊ ရွာကအိမ်တွေကို မီးရှို့နေတဲ့ စကစတွေကို PDF က လက်နက်ကြီးနဲ့လှမ်းပစ်တာကနေ၊ တိုက်ပွဲဖြစ်ကြတာ၊ အခု စစ်ဘေးရှောင်ဖို့ ပြင်နေကြတယ်၊ တချို့လည်း နေရပ်စွန့်ကုန်ကြပြီ " ဟု မြင်းမူဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက၊ စစ်ကိုင်းမြို့နယ် နဘဲကြူးကျေးရွာကို စစ်ကြောင်းထိုးလာသော၊ စစ်ကောင်စီတပ်၏စစ်ကြောင်း တစ်ခု နောက်ပြန်လှည့်သွားအောင် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့က အကူအညီတောင်းခံမှုကြောင့်၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဲ့တစ်ခုဖြစ်သော တိုက်နယ်စွန် PDF အဖွဲ့က၊ ညောင်ပင်၀န်းရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့ကသတင်းထုတ်ပြန်သည်။

"စကစတပ်သားတွေ နဘဲကြူးကျေးရွာကို ၀င်ရောက်နေတဲ့အတွက်၊ စစ်ကြောင်းနောက်ပြန်ခေါက်သွားစေဖို့ နယ်မြေခံကာကွယ်ရေးတွေက အကူအညီတောင်းလို့ ကျွန်မတို့တိုက်နယ်စွန် PDF အဖွဲ့က ညောင်ပင်၀န်းစခန်းကို ၆၀ မမ ငါးလုံး၊ ၈၀ မမနှစ်လုံးနဲဲ့ တိုက်ခိုက်ခဲ့တယ်" ဟု အဖွဲ့ တာ၀န်ရှိသူက ပြောသည်။

ထို့နောက် နေ့လယ် ၃ နာရီခွဲခန့်တွင်၊ မြင်းမူမြို့နယ် မကျီးကန်ကျေးရွာမြောက်ပိုင်းကိုမီးရှို့နေသော စစ်ကောင်စီတပ်၏စစ်ကြောင်းတို့ကိုလည်း၊ ၆၀ မမ အလုံး ၂၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုနှစ်ခုစလုံးတွင် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ၎င်းစစ်ကြောင်းသည် ယနေ့ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဂုံညင်းဆိပ်ကျေးရွာကို မီးရှို့ဖျက်ဆီးရာ နေ့လယ် ၁ နာရီခန့်တွင် ရွာလုံးကျွတ်နီးပါး မီးလောင်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

https://youtu.be/8vJ83tQIPtE

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းတိုင်း #စစ်ဘေးရှောင်
#ညောင်ပင်၀န်းရဲစခန်း
#မြင်းမူမြို့နယ်
#မီးရှို့ဖျက်ဆီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20❤2😁2
​​မင်းတပ်မြို့နယ်အတွင်း ပင်မြင့်တွင်ပေါက်ရောက်သည့် ရှားပါးသစ်ခွများ ရောင်းဝယ်ခွင့်တားမြစ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်း ပင်မြင့်တွင်ပေါက်ရောက်သည့် ရှားပါးသစ်ခွများ ရောင်းဝယ်ခွင့်ကို လုံးဝခွင့်မပြုကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်) က ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မေလ၂၅နှင့် ၂၆ရက်နေ့များတွင်ပြုလုပ်ခဲ့သည့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ညီလာခံအစည်းအဝေး ဆုံးဖြတ်ချက်အရ မြို့နယ်အတွင်းရှိ သဘာဝပေါက်ပင်များဖြစ်သည့် သစ်ခွအမျိုးမျိုးဖြစ်သော ပုဇွန် ၊ နီလုံး ၊ ဖြူတု ၊ ရိုးတန်ရှည်များနှင့် သစ်တောထွက်ပစ္စည်းများအား ရှာဖွေခြင်း ၊ရောင်းဝယ်ဖောက်ကားခြင်းများအား လုံးဝ ခွင့်မပြုကြောင်းဆိုသည်။

“ပုဇွန် ၊ နီလုံး ၊ ဖြူတု ၊ ရိုးတန်ရှည်တွေက အင်မတန်မှ ရှားတာတဲ့၊ သစ်ခွတွေဖြစ်တာက တစ်ပိုင်းပေါ့၊ အပင်မြင့်တွေမှာ ပေါက်တာဖြစ်ပြီး ခူးတဲ့သူတွေက အပင်ပေါ်တက် ဆွတ်တာမဟုတ်ဘဲနဲ့ သစ်ပင်ကိုလှဲပြီးမှ ခူးကြတဲ့အတွက် တောတောင်ပြုန်းတီးမှု အင်မတန်များပြားလာတယ်၊ နှစ်ရာချီရှိတဲ့ သစ်ပင်တွေ အလွယ်တကူပြုန်းတီးမှုတွေ ဖြစ်လာတဲ့အတွက် အခုလိုတားမြစ်ရတာဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန် က မဇ္စျိမကို ပြောသည်။

အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက ဥပေဒနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အရေးယူဆောင်ရွက်သွားမည့် အစီစဉ်ကို သီးသန့်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပင်မြင့် ရှားပါးသစ်ခွမျိုးမဟုတ်သည့် သတ်မှတ်ထားသော မြေပေါက်သစ်ခွများကိုမူ ရောင်းဝယ်ခွင့်ပြုထားကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်း သစ်ခွပန်းမျိုးစုံ ရောင်းဝယ်ဖောက်ကားခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရှားပါးသစ်ခွမျိုး
#ကန်ပက်လက်မြို့နယ်
#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#မင်းတပ်မြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4👏2👎1🔥1
မန္တလေး ပုသိမ်ကြီးက ဖျက်သိမ်းရမည့်နေအိမ်များ ယာယီဆိုင်းငံ့ပေးထားဟုဆို
👍9🔥1
မန္တလေး ပုသိမ်ကြီးက ဖျက်သိမ်းရမည့်နေအိမ်များ ယာယီဆိုင်းငံ့ပေးထားဟုဆို
=====================

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖျက်သိမ်းခိုင်းထားသည့် နေအိမ်အဆောက်အအုံများကို၊ လတ်တလောမဖျက်ခိုင်းသေးဘဲ၊ ယာယီဆိုင်းငံ့ထားကြောင်း၊ ဒေသခံများထံကသိရသည်။

"မနေ့က လာဖျက်မယ်ထင်ခဲ့တာ၊ လာမဖျက်ကြဘူး၊ စုံစမ်းကြည့်တော့မှ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဖွဲ့ပြီးပြန်စိစစ်ခိုင်းထားတယ်လို့ သိရတယ်၊ သုံးလ ဒါမှမဟုတ် ခြောက်လ ဆိုင်းငံ့လိုက်တယ်လို့ သတင်းထွက်တယ်၊ (ဇူလိုင်)၅ ရက်နေ့က ထပ်လာပြီး ကပ်သွားတဲ့စာအရဆိုရင် တိုင်းအဆင့်ကိုပြန်စိစစ်ခိုင်းထားတယ်လို့ သိရတယ်၊ ဆိုင်းငံ့ဆိုတဲ့ စကားလုံးတော့မပါဘူးပေါ့၊ ဒီလိုပဲသတင်းတွေထွက်နေတာ၊ သေချာတာကတော့ ဒီနေ့လည်းလာမဖျက်ဘူး" ဟု နေအိမ်ဖယ်ရှားပေးရန် အကြောင်းကြားစာပို့ခံရသော ဒေသခံတစ်ဦးကပြောသည်။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကန်ကောက်အရှေ့ကွက်သစ်၊ ဂွေ့ကြီးကုန်း သဲကုန်းနှင့် မဲကင်းကုန်းကျေးရွာများအတွင်းရှိ၊ လယ်ယာမြေပေါ်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော နေအိမ်အဆောက်အအုံများကို၊ စစ်ကောင်စီအမိန့်ဖြင့် ဇူလိုင်လ ၆ ရက်နေ့တွင် အပြီးဖယ်ရှားရန် ပုသိမ်ကြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ၂၇ ရက်နေ့တွင် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့်၊ သတ်မှတ်ရက်အတွင်းအပြီးဖယ်ရှားရန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မလိုက်နာလျှင် ဥပေဒအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်စာတွင်ပါရှိသည်။
အကြောင်းကြားစာ ထုတ်ပြန်ပြီးနောက်တစ်ရက်မှစ၍၊ နစ်နာသူများက တာ၀န်ရှိသူအဆင့်ဆင့်ထံ အသနားခံစာတင်ပြခဲဲ့ကြောင်း သိရပြီး၊ အဆိုပါအသနားခံစာကြောင့် ဖျက်သိမ်းမိန့်ကို ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

"လက်လှမ်းမီသူတွေက နေပြည်တော်အထိသွားပြီးစာတင်ကြတယ်၊ အသနားခံစာတင်တယ်၊ ပေါက်ပေါက်ရောက်ရောက်ရှိသူတွေစုပေါင်းပြီး ဒီကအခြေအနေကိုတင်ပြတော့၊ အထက်က ဒီကိစ္စကို ပြန်စိစစ်ခိုင်းထားတယ်လို့ကြားတာပဲ" ဟု နစ်နာသူတစ်ဦးက ပြောသည်။

ဆိုင်းငံံ့ကြောင်း တရား၀င်စာထုတ် မထုတ်နှင့်ပတ်သက်၍၊ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ စုံစမ်းကြည့်သော်လည်း၊ အဖွဲ့မှတစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ယနေ့မျက်မြင်အခြေအနေအရ၊ စစ်ကောင်စီဘက်ကအင်အားသုံး ၀င်ရောက်ဖယ်ရှားခြင်းမျိုးမရှိသေးဘဲ၊ နေအိမ်တချို့ကတော့ ပြောင်းရွှေ့နေကြသည်ကို တွေ့ရသည်။

စစ်ကောင်စီသည်၊ ယခုနှစ်အစောပိုင်းကစ၍၊ မန္တလေးမြို့သစ်ရပ်ကွက်များမှ နေအိမ်အဆောက်အအုံ ၃,၀၀၀ ကျော်ခန့်ကို၊ မူလပိုင်ရှင်ရှိပြီးသားမြေနေရာပေါ် ကျူးကျော်နေထိုင်ကြောင်း စွပ်စွဲ၍ စက်ပစ္စည်းများဖြင့် အင်အားသုံး ဖျက်ဆီးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#ပုသိမ်ကြီးမြို့နယ်
#ဖျက်သိမ်း
#နေအိမ်အဆောက်အအုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🥰3😢2🔥1😁1
​​သတင်းစာဆရာ ဦးကျော်မင်းဆွေ ပြန်လည်လွတ်မြောက်
================

ပဇီကြီးကျေးရွာဗုံးကြဲခံရပြီးနောက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင်ရေးသားမှုဖြင့်ဖမ်းဆီးခံခဲ့ရသော သတင်းစာဆရာ ဦးကျော်မင်းဆွေကို စစ်ကောင်စီက ယနေ့တွင် ပြန်လွှတ်ပေးလိုက်ရာ နေအိမ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

The Voice Weekly အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူ ကျော်မင်းဆွေကို စစ်ကောင်စီတပ်ကိုအကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က ဖြင့် အစောပိုင်းက အမှုဖွင့်ထားခဲ့သည်။

ဦးကျော်မင်းဆွေကဲ့သို့ပင် ဧပြီလအတွင်းက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခံခဲ့ရသော သရုပ်ဆောင် မေပန်းချီနှင့် အဆိုတော် ရွှေရည်သိန်းတန်တို့ကိုလည်း စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲသလို စက်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ရေးသားသူများကို စစ်လော်ဘီဒလန်များက စောင့်ကြည့်ပြီး ဖမ်းဆီးစေခဲ့သည်။ ထို့နောက် စစ်ကြောရေးတွင် ၁၀ ရက်ခန့်ကြာစစ်ဆေးပြီးအမှုဖွင့်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥2