Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လူ ၂၇၅ ဦး သေဆုံးခဲ့ရသည့် အိန္ဒိယရထားတိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရထားအရာရှိ ၃ ဦးကို ဖမ်းဆီး
==================

အိန္ဒိယအာဏာပိုင်များသည် နိုင်ငံသမိုင်းတွင် လူအသေအပျောက်အများဆုံးသော ရထားတိုက်မှုဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် မီးရထားအရာရှိသုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့က မီးရထားဌာန အရာရှိသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရို (CBI) က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဇွန်လ ၂ ရက်က နိုင်ငံအရှေ့ပိုင်း ဩရိဿပြည်နယ်၌ ခရီးသည်တင် ရထားနှစ်စင်းနှင့် ကုန်တင်ရထားတစ်စင်းတို့ ပါဝင်သော ရထားလမ်းသုံးလမ်းတွင် ဖြစ်ပွားသည့် ရထားတိုက်မှုဖြစ်စဉ်ကြောင့် လူ ၂၇၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီးနောက် ယခု ဖမ်းဆီးထိန်းသိမ်းမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
👍7🔥2
ဇူလိုင်လ (၉) ရက်၊ တနင်္ဂနွေနေ့ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

လီလီနိုင်ကျော်ကို ပစ်ခတ်တယ်လို့ စွပ်စွဲခံရတဲ့ လူငယ် ၂ ဦး ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတဲ့သတင်းနဲ့အတူ

ပြည်သူ့ဝန်ထမ်းများသမဂ္ဂစတင်ဖွဲ့စည်းလိုက်တဲ့အကြောင်းသတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှတော့ အပတ်စဉ် ထုတ်လွှင့်သွားမယ့် အစီအစဉ်သစ် တစ်ခုဖြစ်တဲ့ Post Mocha အစီအစဉ်ကို နားဆင်ကြရမှာပါ။

ဒီအစီအစဉ်မှာတော့ မိုခါအလွန် ရခိုင်ဒေသအခြေအနေတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

သတင်းတွေအပြီးမှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ “ဂျပန်ကင်ပေတိုင်များ အကြောင်း” ကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/cAK_MnKztrM

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🥰2🔥1👏1
ရာသီမလာခြင်း (ရာသီထိမ်ခြင်း) ​| ကျန်းမာသုတ လူမှုဘဝ Episode - 24
===================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ အမျိုးသမီးတွေမှာ ကြုံရတတ်တဲ့ ပုံမှန်လာရမယ့် ရာသီမလာခြင်း (ရာသီထိမ်ခြင်း) နဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

ရာသီထိမ်ခြင်း ဘာကြောင့်ဖြစ်တာလဲ၊ ရာသီထိမ်ခြင်းရဲ့လက္ခဏာတွေနဲ့ ရာသီထိမ်ခြင်းက ကင်ဆာရောဂါဖြစ်နိုင်လား။

လူနေမှုပုံစံပြောင်းလဲတာမျိုးအပါအဝင် ကာကွယ်ကုသနိုင်မယ့် နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/4aquTXdfFtY

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#ရာသီထိမ်ခြင်း
#Amenorrhea
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ ဇူလိုင် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

• ကုလသမဂ္ဂ နိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A.Wood နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း U.S Mission to the UN တွစ်တာစာမျက်နှာတွင် ထုတ်ပြန်ထားသည်။

• ကျင်းပနေဆဲ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အပါအဝင် တာဝန်ရှိသူများ၏ ပြောကြားချက် ၊ ရှုတ်ချမှုများ နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ လုပ်ဆောင်ရန် တောင်းဆိုချက်များ အရှိန်မြင့်လာကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

• မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက စစ်ဘေးရှောင် ပြည်သူများကို အမျိုးသားညီညွတ်ရေး အစိုးရ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စု ၆၀၀ ကျော်အတွက် ဆန် နှင့် ဖိနပ် ကူညီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

• မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်မှထုတ်၍ ပစ်ခတ်သတ်ဖြတ်မှုများသည် အကြောက်တရားဖြင့် ပြည်သူကို ပိပြားစေရန် စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်သော ရက်စက်ယုတ်မာသည့် လုပ်ရပ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ရှုတ်ချလိုက်သည်။
👍16🔥1
​​လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်
======================

KMN
(မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ယမန်နေ့ ဇူလိူင်လ ၈ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကောင်စီ တပ်စခန်းရှိရာ ဖွန်းပန်ဘွမ်ဘက်မှ လိုင်ဇာမြို့အနီးကို ယမန်နေ့ မနက်ပိုင်းနှင့် ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

"အလင့်တောင်ပေါ် က ချုံတောထဲမှာကျတာလို့သိရတယ်။ လိုင်ဇာနဲ့ တော်တော်တော့ ဝေး တယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောကြားသည်။

လိုင်ဇာမြို့နယ်ရှိ အလမ့်ဘွမ် စိုက်ပျိုးရေးကျောင်းအနီးသို့ လက်နက်ကြီးတစ်လုံးကျရောက်ခဲ့ကြောင်း သိရပြီး အတည်ပြုနိုင်ခြင်း မရှိသေးသလို KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

စစ်ကောင်စီက လိုင်ဇာမြို့ဝန်းကျင်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ မဒီယာန်ကျေးရွာအနီးတွင် အင်အား ၂၀၀ နီးပါးပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်တွင်တိုက်ပွဲဖြစ်ပွား‌ေကြာင်း ဒေသခံထံက သိရသည်။

ယမန်နေ့ ည ၈ နာရီ အချိန် ခန့်တွင်လည်း ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာ ဘန်ဒေါင်လမ်းခွဲအနီးတစ်ဝိုက်သို့ စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲသွားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားသည်။

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တည်ရှိသည့် နန်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းများဝင်ရောက်နေခြင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ စစ်ရေးတင်းမာနေပြီး ဒေသခံ ၁,၀ ၀၀ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဇူလိူင်လ ၈ ရက်နေ့ တစ်ရက်ထဲတွင် ဖားကန့်မြို့နယ် ၊ လီဒိုလမ်းမရှိ ရှဒူးဇွပ်ကျေးရွာ၊ လိုင်မောက်ယန်ကျေးရွာနှင့် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအနီး မိုင်ဆတ်ပါ ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လိုင်ဇာမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍13🤬5🔥2
စစ်ရှောင်စခန်း ၅ ခုတွင် လိုအပ်နေသည့် အဆောက်အအုံပစ္စည်းများကို ကယန်းအမျိုးသမီးအစည်းအရုံး ထောက်ပံ့
👍12❤3🥰3🔥1
စစ်ရှောင်စခန်း ၅ ခုတွင် လိုအပ်နေသည့် အဆောက်အအုံပစ္စည်းများကို ကယန်းအမျိုးသမီးအစည်းအရုံး ထောက်ပံ့
====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) က ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ငါးခုတွင် လတ်တလော လိုအပ်နေသည့် အဆောက်အအုံပစ္စည်းနှင့်နေရာထိုင်ခင်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို စခန်းငါးခုရှိ အိမ်ထောင်စု ၁၀၀ အား ဇူလိုင်လ ၄ ရက်မှ ဇူလိုင်လ ၇ ရက်အတွင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

" အဓိကတော့ မုဆိုးမနဲ့ တကယ့်လိုအပ်နေတဲ့သူကို ဦးစားပေး ထောက်ပံ့ပေးတာဖြစ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေဖြစ်ကြတဲ့အတွက် တချို့သောလိုအပ်ချက်တွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ် ။ ကျမတို့လည်း အလှူရှင်ထံကနေ တစ်ဆင့် ပံ့ပိုးပေးရသည့်အတွက် အပြည့်အစုံတော့ မထောက်ပံ့ပေးနိုင်ပေမယ့် အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးပြီး အားလုံးစစ်ရှောင်တွေဖြစ်ကြတဲ့အတွက် အားလုံးက လိုအပ်နေတယ်” ဟု KyWO၏ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

လိုအပ်နေသော ပစ္စည်းဖြစ်သည့် အထပ်သား​ပြား ၊ မိုးကာ၊ သွပ်ကြိုး၊ ပိုက်ဖျာတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကရင်နီပြည်နယ်အတွင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်နေ့ထက် တစ်နေ့ပိုမိုများပြားလာပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုနေသည်ဟု သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ရှောင်စခန်း
#ကယန်းအမျိုးသမီးအစည်းအရုံး
ဓာတ်ပုံ (KyWO)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍14❤5🔥1😁1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
====================

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်း တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လူထုသပိတ်လှုပ်ရှားမှုကို “ 7 July စိတ်ဓာတ်ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာတန်းကိုင်ဆောင်၍ ချီတက်ခဲ့ကြပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ခဲ့ကြသည်။

https://youtu.be/6HHRovp4CVI

#တနင်္သာရီတိုင်း
#DDMSC
#လောင်းလုံးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🥰3🔥2😁1
ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်း
===============

လင်းသူရိန်/ရုပ်သံ (မဇ္ဈိမ)။ ။ ပြည်သူ့ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ရက်နေ့မှာ သမဂ္ဂရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။

CDMဝန်ထမ်းများနဲ့ အတူရပ်တည်ဆောင်ရွက်ဖို့အပြင် နိုင်ငံရေးရည်မှန်းချက်တွေနဲ့ သမဂ္ဂကိုဖွဲ့စည်းတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်လင်းထွန်းက မဇ္ဈိမကိုပြောပါတယ်။

"ကျနော်တို့လုပ်ငန်းစဉ်ကတော့ ကျစ်လျစ်ခိုင်မာပြီးအားကောင်းတဲ့ သမဂ္ဂတစ်ရပ်တည်ဆောက်မယ်။ ပြီးတဲ့ အခါမှ စစ်သုံးစစ်ဆန့်ကျင်ရေး သဘောထားရှိကြတဲ့ ရည်ရွယ်ချက်တူတဲ့ သမဂ္ဂအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်မယ်။ CDM  ဝန်ထမ်းများကို တတ်အားသရွေ့ရပ်တည်ပံ့ပိုးဖို့ ရည်ရွယ်ချက်တွေရှိပါတယ်" လို့ သူက ပြောပါတယ်။

သမဂ္ဂကို ၂၀၂၂ခုနှစ် ဩဂုတ်လက စတင်တည်ထောင်ခဲ့ပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေအပြင် ဖွဲ့စည်းပုံ ရေးဆွဲရေးတွေ ဆောင်ရွက်နေရတဲ့အတွက် ယခုချိန်တွင်မှ ပြည်သူလူထုကို အသိပေးရခြင်းဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

https://youtu.be/j-6TwHGZ1fQ

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ
#CDM
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17😁3👎1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်း တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လူထုသပိတ်လှုပ်ရှားမှုကို “ 7 July စိတ်ဓာတ်ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာတန်းကိုင်ဆောင်၍ ချီတက်ခဲ့ကြပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ခဲ့ကြသည်။

website link >>> http://www.mizzimaburmese.com/article/130608

#တနင်္သာရီတိုင်း
#DDMSC
#လောင်းလုံးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
👍17🥰2😁2👎1
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (ဇူလိုင်လ ဒုတိယပတ်၊၂၀၂၃ ခုနှစ်)
===================

မင်္ဂလာပါရှင်။ ကယား (ကရင်နီ) ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ဘေးရှောင် တွေလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။ အသစ်တွေတိုးလာသလို အဟောင်းတွေလည်း နေရပ်ကို မပြန်နိုင်ကြသေးပါ ဘူး။ ဒီလို မပြန်နိုင်ကြသေးတဲ့ စစ်ရှောင်တွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ နေရာတွေ စစ်ရှောင်နေရပါတယ်။ အဲ့ဒီထဲက ထိုင်း-မြန်မာနယ်စပ်က ဒေါနိုးကူး ကရင်နီ စစ်ဘေးရှောင်စခန်းမှာ စစ် ရှောင် ၅၀၀၀ ကျော်ရှိနေပြီး အခုဆိုရင် ရိက္ခာ ပြတ်လပ်မှုရှိနေတယ်လို့ စစ်ဘေး ရှောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကို ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးသွားပါ့မယ်ရှင့်....

https://youtu.be/YvAjJ7Ty2r8

#ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ်
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢5🔥1
​​တရုတ်အစိုးရက မိမိကို တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း ဒလိုင်းလားမားပြောကြား
==================

တရုတ်အစိုးရသည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည် သဘောပေါက်လာသောကြောင့် မိမိအား ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားသည်။ 

တရုတ်အစိုးရက ဒလိုင်းလားမားနှင့် တွေ့ဆုံဆွေးနွေး လိုကြောင်းနှင့် တိဗက်သည် လွတ်လပ်ရေးကို မတောင်းဆို ကြောင်း ဒလိုင်းလားမားက သူ ၈၈ နှစ်မြောက် မွေးနေ့ကို ကျင်းပပြီး ၂ ရက်အကြာတွင် ပြောကြားလိုက်သည်။

တရုတ်သည် တိဗက်လူမျိုးများ၏ ခိုင်မာသော စိတ်ဓာတ်ကို နားလည်သဘောပေါက်လာကြောင်းနှင့် ၎င်းအနေဖြင့် တရုတ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် အမြဲတမ်း လမ်းဖွင့်ထားကြောင်း အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒေ့ရှ် ပြည်နယ် ဒရမ်ရှလာ တွင် သတင်းထောက်များအား ဒလိုင်းလားမားက ပြောကြားခဲ့သည်။
👍10🥴1