Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထားဝယ်-ထီးခီး လမ်းပိုင်းကို ပြည်သူများ အသုံးပြု သွားလာခြင်း မပြုလုပ်ရန် ကော်သူလေး တပ်မတော် ကြေညာ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ထားဝယ် အရှေ့တောနယ် မေတ္တာ-ထီးခီး လမ်းပိုင်းကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ ပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် Kaw Thoo Lei Army ဆာကဆော တပ်မ(KTLA) က ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက် ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ရက် အတွင်း ပြည်သူများ အနေဖြင့် ဖြတ်သန်း သွားလာခြင်း မပြုရန်၊ စစ်ကောင်စီနှင့် နီးနီး ကပ်ကပ် သွားလာခြင်း မပြုလုပ်ရန်အပြင် အဖွဲ့၏ စစ်ဆေးမှုများအား လိုက်နာပေးရန် စသည့် အချက်များကို ဖော်ပြထားသည်။

ယင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မဇ္ဈိမက KTLAကို ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း KTLA အဖွဲ့၏ ဆက်သွယ်ရေး အခက်အခဲကြောင့် ဆက်သွယ်ခွင့် မရခဲ့ပေ။

ထို့အပြင် အများပြည်သူများ အနေဖြင့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှု တစ်စုံတစ်ရာ တွေ့ပါက နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ ချက်ချင်း သတင်းပေးပို့ အကူညီတောင်း ပူးပေါင်းပါဝင်ပေးကြရန် KTLA က မေတ္တာရပ်ခံ တိုက်တွန်းထား သည်။

လက်ရှိတွင် ထားဝယ်မြို့နယ် မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KNU တပ်မဟာ( ၄ )နှင့် ကော်သူးလေတပ်မတော်တို့ ကြား ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦး သေနတ် ထိမှန်ခဲ့ကြောင်း Kwe Ka Lu News က ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KTLA
#ထားဝယ်-ထီးခီး လမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1
​​ရွှေဘိုမြို့မဈေးတွင် ပေါက်ကွဲမှုဖြစ်ပွါး၍ ဘုန်းကြီးအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရ
==================

007
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက် ရွှေဘိုမြို့မဈေးအတွင်း ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွါးရာ ဘုန်းကြီးတစ်ပါး အပါအ၀င် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

"ငါးဈေးတန်းက ဈေးအိမ်သာနဲ့ကပ်လျက်မှာ ဗုံးပေါက်တာ၊ နှစ်လုံးဆက်တိုက်ပေါက်တယ်။ မိနစ်ပိုင်းလေးပဲခြားပြီး ပေါက်တာပါ။ ဦးဇင်းတစ်ပါး ဗုံးစမှန် တယ်။ နောက်ပြီးတော့ ကလေးသုံးယောက်၊ လူကြီးလေးယောက် အားလုံးပေါင်းရှစ်ယောက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာတွေပါ" ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ Drop Bomb နှစ်လုံးပစ်ချ ဖောက်ခွဲသွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း စစ်‌ ကောင်စီ၏သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့
#ပေါက်ကွဲမှု
ဓာတ်ပုံ-ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🥰4😢1
အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်
👍14👏3😁1
အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်
======================

ကီရာ
(မဇ္ဈိမ)။ ။ အင်းတကော်မြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - IPDF က မောင်းသူမဲ့လေယာဉ်ကို စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း IPDF တပ်ဖွဲ့ ဒုတာဝန်ခံ ဦးအောင်နိုင်သူက ပြောသည်။
မောင်းသူမဲ့လေယာဉ် စတင်လုပ်ဆောင်စဉ် ပစ္စည်းလိုအပ်ချက်များကြောင့် နှောင့်နှေးမှုများရှိခဲ့ပြီး စမ်းသပ်ကာလအတွင်း လေယာဥ်ပျက်ကျခြင်းများရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ အဝေးကြီးတွေ ပျက်ကျလို့ လိုက်ကောက်ရတာတွေ အပင်ပေါ်တင်လို့ အပင်ပေါ်တက်ရတာတွေ အဲ့ဒါတွေတော့ အများကြီးပဲပေါ့။ တခြားအခက်အခဲပိုင်းကတော့ နည်းပညာပိုင်းမှာတော့ လိုအပ်တဲ့ နည်းပညာတွေကို ကျွန်တော်တို့ အချိန်နဲ့တပြေးညီ လေ့လာရတဲ့အပိုင်းမှာလည်း အခက်အခဲတော့ နည်းနည်းရှိတယ်။ ပစ္စည်းတွေ လိုအပ်တဲ့အပိုင်းကို ဝယ်ဖို့အတွက် ငွေကြေးအခက်အခဲလည်း ရှိတာပေါ့”ဟု IPDF တပ်ဖွဲ့မှ ဒုတာဝန်ခံ ဦးအောင်နိုင်သူက ပြောသည်။

လက်ရှိတွင် မောင်းသူမဲ့လေယာဥ်ထုတ်လုပ်မှု အောင်မြင်ခဲ့သော်လည်း အသုံးပြုတိုက်ပွဲဝင်နိုင်ရန် လက်နက်ခဲယမ်းများလိုအပ်နေကြောင်း သိရသည်။ ထိုကြောင့် "ခဲယမ်းနှင့် မောင်းသူမဲ့လေယာဉ်ကမ်ပိန်း"အမည်ဖြင့် မဲလက်မှတ်များကို ဇူလိုင် ၁၅ရက်မှ စတင်၍ ၄၅ရက်ကြာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
“ လက်နက်ခဲယမ်းပိုင်းမှာလည်း လိုအပ်ချက်တွေရှိတယ် ။ အခု ဆောက်ထားတဲ့လေယာဉ်တွေအတွက် အထဲမှာထည့်မယ့် ပစ္စည်းတွေ လိုအပ်နေပါတယ်။ အဲ့ဒါတွေ ဝယ်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ်ပိန်းတွင် မဲအစောင်ရေ ၁,၅၀၀ အား တစ်စောင်လျှင် ၁၀,၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဆုမဲများအဖြစ် ကျောက်စိမ်းဆွဲပြား၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား ၊ဆလိုင်းတင်မောင်ဦး ပန်းချီကား ၊မိဘမေတ္တာ ပန်းပုနှင့် လပ်တော့ ၊ ဖုန်း၊ ဂစ်တာ ၊ နားကျပ် ၊ ထိုင်းထီလက်မှတ်များ ပေးမည်ဖြစ်ကြောင်း သိရသည်။

IPDF သည် လက်လုပ် ၄၀မမနှင့် ကိုးလုံးကျည် တစ်တောင့်ထိုး လက်လုပ်သေနတ်များကိုလည်း စမ်းသပ်တီထွင်နိုင်ခဲ့ပြီး လက်ရှိတွင် အဆိုပါ လက်နက်များကိုလည်း နယ်မြေခံ EAO များနှင့် IPDF တပ်ဖွဲ့ဝင်များက အသုံးပြုနေကြောင်း သိရသည်။

မောင်းသူမဲ့လေယာဉ်တီထွင်ရခြင်းသည် စစ်ကောင်စီ အထိုင်တပ်များကို တိကျစွာ တိုက်ခိုက်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် ဖြစ်သည်ဟု ဦးအောင်နိုင်သူက ပြောသည်။ ထိုမောင်းသူမဲ့လေယာဥ်များသည် လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ရသည့် ဒရုန်းလေယာဥ်များအစား အသုံးပြုနိုင်ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အင်းတကော်မြို့
#မောင်းသူမဲ့လေယာဉ်
#IPDF
ပုံ IPDF မှ တီထွင်ထားသည့် မောင်းသူမဲ့လေယာဉ်နှင့် လက်လုပ် သေနတ်များကို တွေ့ရပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🥰3❤2😁1
ခင်ဦးမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ စာသင်ကျောင်းမှာ စစ်ရှောင်နေသူ သေဆုံး (ရုပ်သံ)
=====================

MTO။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အင်းပတ်ကျေးရွာ စာသင်ကျောင်းထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသား နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက ရွာသစ်ကုန်းကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းဟာ ရေဦးမြို့ကို ပြန်လည်ထွက်ခွာချိန်မှာ အနီးအနားက ကျေးရွာတွေဆီ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသား သေဆုံးခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက ပြောပါတယ်။

သတင်း MTO
တည်းဖြတ်၊ တင်ဆက် MTO

https://youtu.be/8nPOCpXF1UA

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬9🔥2😢2👍1
“အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် ရွာပေါင်းစုံသပိတ်
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများက စုပေါင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၁၆ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဆိုသည့် စာတန်းကို ကိုင်စွဲ ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်ကြောင်သိရသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း (၈၄၆) ရက်အဖြစ် သွေးမအေးသည့် ရွှေနွယ်သွေး သပိတ် စစ်ကြောင်းနှင့် ပူးပေါင်းချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2
Media is too big
VIEW IN TELEGRAM
လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း​| ကျန်းမာသုတ လူမှုဘဝ Episode - 25

https://youtu.be/sRPiJr8GXGg

#SexuallyTransmittedDiseases #Stds #reels #Shorts #Mizzima
👍6😁1
ရေဖြူမြို့ တွင် ၂ ရက် အတွင်း အမျိုးသမီး ၄ ဦး အပါအဝင် ဒေသခံ ၁၀ ဦး‌‌ဝန်းကျင် ဖမ်းဆီးခံရ
😢7🔥2😁2🤬2