Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇူလိုင်လ ( ၁၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:05 - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုတွေကို တရားလွှတ်တော်ချုပ်မှာ ကြားနာမည့်သတင်း

02:50 - ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြုတဲ့ သတင်း

05:59 - ရွှေကျင်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းနဲ့

12:02 - ဂျာမနီရဲ့ တရုတ်ဆက်နဲ့ဆံရေးမဟာဗျူဟာသစ်က အန္တရာယ်ရှိကြောင်း ဘေဂျင်းအစိုးရပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေနဲ့ အရေးကြီး သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ

https://youtu.be/7j6keL3Um90

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
ဟက်ကာတွေအတွက် တာဝန်ခံရမယ်လို့ တရုတ်ကို ဘလင်ကင်ပြော

#InternationalNews #China #Mizzima #reels #shorts
👍16😁1
​​ရဲတပ်ရင်း(၂၈)ကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အမြောက်ပျက်စီးဟုဆို
====================

ပါခွီး
(မဇ္စျိမ) ။ ။ ယင်းမာပင်မြို့၊ အမှတ်(၂၈) ရဲတပ်ရင်းက်ို ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်တွင် သုံးဦးသေဆုံးပြီး ရဲတပ်ရင်းထဲမှ ဟောင်ဝင်ဇာအမြောက် ပျက်စီးသွားကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့(CGYDF)က ထုတ်ပြန်သည်။

မုံရွာ - ပုသိမ်လမ်းဘေးရှိ အဆိုပါရဲတပ်ရင်းကို ၁၀၇ မမရှော့တိုက်ဒုံးနှစ်လုံးဖြင့် ဇူလိုင်လ ၁၁ရက် နေ့လည် ၁၂နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုCGYDFက ယမန်နေ့ ဇူလိုင်လ ၁၆ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

“အဲဒီအထဲကနေပြီး အနီးဝန်းကျင်ကရွာတွေကို အမြောက်နဲ့ပစ်တယ်။ စစ်ကြောင်းတွေနဲ့ ကာကွယ် ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ရင်လည်းလှမ်းပစ်ကူတယ်။ ဒါကြောင့် သွားပစ်ခဲ့တာပါ” ဟု CGYDFတာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ရဲတပ်ရင်းအတွင်းမှဟောင်ဝင်ဇာအမြောက်အထိုင်ဘန်ကာနှင့် ရဲအရာရှိအိမ်သို့ ချိန်ရွယ်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ကို တိကျစွာကျရောက်ပေါက်ကွဲခဲ့သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကသတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ဟောင်ဝင်ဇာအမြောက်ပြောင်းထိပ်ပဲ့ထွက်ကာ အရာရှိအိမ်ရာအဆောက်အဦလည်း ကျည်ဖောက်ဝင်ပျက်စီးသွားသည်ဟု ULF ကဆိုသည်။ ပျက်စီးသွားသော ဟောင်ဝင်ဇာ‌အမြောက်တစ်ခြမ်းပဲ့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ဇူလိုင်လ ၁၂ရက်တွင် သယ်ဆောင်သွားသည်ဟု သိရသည်။

" ရဲတပ်ရင်းဘက်က ထိခိုက်မှုကို ဖရဲသီးသတင်းပေးဆီကနေ ပြန်သိရတာပါ"ဟု ULF အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထိုနေ့က တိုက်ခိုက်မှုတွင် ရဲတပ်ရင်းအတွင်းမှ ၆၀မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဖက်တွင် အထိအခိုက်မရှိကြောင်း CGYDFက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရပြီးနောင် ရဲတပ်ရင်းအတွင်းလုံခြုံရေးတင်းကျပ်ပြီး သတင်းများပိတ်ပင်ထားသည့်အတွက် အဖြစ်မှန်ကိုသိရှိရန်စောင့်ဆိုင်းရခြင်း၊ဆက်လက်ပြုလုပ်မည့်မစ်ရှင်များ၏ လုံခြုံရေးအခြေအနေများနှင့် အင်တာနက်ဆက်သွယ်မှုအခက်အခဲများကြောင့် သတင်းထုတ်ပြန်မှုနှောင့်နှေးခဲ့ရခြင်းဟုဆိုသည်။

အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်စစ်ရေးကွပ်ကဲညွှန်ကြားမှုနှင့်အတူ Alpha Column(အဲလ်ဖာစစ်ကြောင်း အဖွဲ့ဝင်) ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင်ဗိုလ်မက်တူးဦးဆောင်ပြီး တပ်ခွဲ(၁) Alpha Special Force၊တပ်ခွဲ(၂) Triple Two Task Force ၊ တပ်ခွဲ(၄) Monywa Truth Of Force ၊တပ်ခွဲ(၅) Yanmarbin Local PDF တို့ ပါဝင်ခဲ့ပြီး Regional Friend Fighter ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွင် ရဲတပ်ရင်းဟု ခေါ်ဆိုသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စုစုပေါင်း ၃၁ ခုရှိသည်။ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများကို ရန်ကုန်မြို့အပါအဝင်တိုင်းနှင့်ပြည်နယ်အချို့မှ မြို့နယ်များတွင် ထားရှိသည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဖြစ်ပေါ်လာသည့် လူထုဆန္ဒထုတ်ဖော်မှုများကို အင်အားသုံးဖြိုခွင်းရာတွင် ရဲတပ်ရင်းများ(လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ)က ဦးဆောင်ဖြိုခွင်းခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
# ယင်းမာပင်မြို့
#အမှတ်(၂၈) ရဲတပ်ရင်း
#ရှော့တိုက်ဒုံး

Photo - အမှတ်(၂၈)ရဲတပ်ရင်း(ပုံဟောင်း)
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏7😁2🤮1
​​ချေးငွေပြန်မဆပ်ပါက ပုံစံ(၇)သိမ်းမည်ဟု ကျုံပျော်စိုက်ဘဏ်မန်နေဂျာက လယ်သမားများကို ခြိမ်းခြောက်
==================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ လယ်သမားများအား ချေးငွေများပြန်မဆပ်ပါက မြေ ယာလုပ်ပိုင်ခွင့် ပုံစံ(၇)သိမ်းမည်ဟု စိုက်ဘဏ်မန်နေဂျာ ဦးကြည်လွင်က ခြိမ်းခြောက်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

လယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူစဉ်အချိန်က မြေပိုင်ဆိုင်မှုအထောက်အထားဖြစ် သည့် ပုံစံ(၇)ကို စိုက်ဘဏ်တွင် အပ်နှံခဲ့ရသည်။

ယခုအခါ ချေးငွေများပြန်မဆပ်ပါက လယ်သမားများအပ်နှံခဲ့သည့် ပုံစံ(၇)ကို အပြီးသိမ်းဆည်းပြီး လယ် ယာမြေလုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ကျုံပျော်ဒေသခံ တောင်သူ တဦးက ပြောသည်။

“စာထုတ်ဆင့်ခေါ်ပြီး မျိုးစုံခြိမ်းခြောက်နေတာဗျ။ ကျွန်တော်တို့က ချေးငွေတွေပြန်ဆပ်ချင်ပေမဲ့ အဆင် မပြေသေးလို့ ခဏစောင့်ပေးပါလို့ပြောတာကို စိုက်ဘဏ်မန်နေဂျာက မရဘူး၊ မရှိရင် ရှာဆပ်ရမယ်လို့ အတင်းအကျပ်ပြောပါတယ်” ဟု ၎င်းကဆိုသည်။

ငွေရှာမရပါက ၎င်းထံမှ ငါးကျပ်တိုးဖြင့် ငွေထုတ်ချေးမည်ဖြစ်ပြီး ငွေထုတ်ချေးသည့်အခါတွင်လည်း တောင် သူများကိုယ်တိုင် မလာနိုင်ပါက ကိုယ်စားလှယ်ခ ၂,၀၀၀ ကျပ်ပေးမှသာထုတ်ပေးမည်ဟု စိုက် ဘဏ်မန်နေဂျာ ဦးကြည်လွင်က ပြောဆိုခဲ့ကြောင်း ဒေသခံတောင်သူက ပြောသည်။

ထို့အပြင် စိုက်ဘဏ်ချေးငွေစာအုပ်များ၌ ရေးစရာပြည့်နေသည့်အတွက် လယ်သမားများက စာအုပ် အသစ်လဲလိုကြောင်း ပြောသည့်အခါ ဘဏ်ချေးငွေစာအုပ် တစ်အုပ်လျှင် ၂,၀၀၀ ကျပ် ပေးမှသာ လဲပေးမည်ဟုပြောဆိုခဲ့သည်ဟု တောင်သူက ပြောသည်။

“မီးမလာလို့ မီးစက်မောင်းရတာကအစ လယ်သမားတွေဆီက ပိုက်ဆံတောင်းတယ်။ ၂၀၂၂ ဆောင်းစပါး အတွက် ဘဏ်ချေးငွေတွေကို ပြန်ဆပ်တဲ့အခါမှာလည်း တချို့ကိုတရားဝင်ချလံထုတ်ပေးပြီး တချို့လယ် သမားတွေကို ကောက်ခံရငွေ အသေးစိတ်စာရင်းလို့ခေါ်တဲ့ စာရွက်နဲ့ပဲ ငွေကိုလက်ခံပြီး ပြန်ပေးပါတယ်” ဟု ကျုံပျော် ဒေသခံတောင်သူတဦးက ပြောသည်။

မြို့နယ်စိုက်ဘဏ်မန်နေဂျာသည် စိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူလယ်သမားများထံမှ ခြိမ်း ခြောက်တောင်းနေပြီး၊ ငွေချေးပေးမည်ဆိုကာ အတိုးကြီးကြီးဖြင့် စီးပွားရှာခြင်း၊ နည်းအမျိုးမျိုးဖြင့် ငွေ ကြေးမတရားကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် ကျုံပျော်မြို့နယ်အတွင်းရှိ တောင်သူလယ် သမားများ အခက်တွေ့နေသည်ဟု ၎င်းကပြောသည်။

စိုက်ဘဏ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ချေးပေးလေ့ ရှိပြီး တစ်ဧကလျှင် ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးခြင်းဖြစ်သည်ဟု သိရသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခံထားရသော တိုင်းဖြစ်ပြီး ယခုကဲ့သို့ မြေပိုင်ဆိုင်မှု အထောက်အထားပုံစံ(၇)သိမ်းယူကာ လယ်ယာမြေလုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဆိုပါက လယ်သမားအများ အပြားဒုက္ခရောက်နိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက သုံးသပ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ကျုံပျော်မြို့နယ်
#စိုက်ဘဏ်
#ချေးငွေ

Photo. Mizzima(ပုံဟောင်း)
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥11👍8🤬6👎3
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားရဲ့ ရန်လိုမှုမှန်သမျှကို အမေရိကန်နဲ့မဟာမိတ်တွေက ကာကွယ်သွားမယ့်အကြောင်း ဘလင်ကင်ပြော

#InternationalNews #reels #shorts #NorthKorea #American #Mizzima
👍14😁2
This media is not supported in your browser
VIEW IN TELEGRAM
July - 17 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6🍌2
​​ပုံဟောင်းများဖြင့် ဘားအံကားဝင်းအတွင်း လက်နက်များဖမ်းမိသည်ဟု သတင်းမှားဖြန့်
=======================

JC
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကားဝင်းတွင်း၌ သတင်းပေးများကြောင့် လက်နက်များဖမ်းမိခဲ့ သည်ဟုဆိုကာ သတင်းဖြန့်ဝေမှုများ ရှိနေသည်။ အဆိုပါသတင်း၌ပါဝင်သောပုံများမှာ ပုံအဟောင်းများ ဖြစ်ပြီး လတ်တလော ဖမ်းဆီးရမိခဲ့သည့်အသွင် ဖြန့်ဝေနေခြင်းဖြစ်သည်။

“Naw Shwe(သတင်းမှန်)” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၄ ရက်နေ့တွင် “နွေဦးတော်လှန်ရေးကြီး ချီးတွင်းထဲကျသွားသည့်နောက်ပိုင်း ခွက်ခေါက်တို့၏ ခေါင်းပုံဖြတ်ခိုးစားနေကြသည့် မကျေနပ်ခြင်းများ အား အလုအယက်သတင်းပေးလက်ချေကြလေပြီ” (မူရင်းအရေးအသားအတိုင်း)ဟုဆိုကာ ဘားအံမြို့ ကားဝင်းတွင် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံလေးပုံနှင့်အတူ ဖြန့်ဝေထားသည်။

မန်းရွှေမြို့တော်ခရီးသည်တင်ယာဉ်ဖြင့် ကော့ကရိတ်မြို့မှဘားအံမြို့သို့မောင်းနှင်လာသည့် ကားပေါ်မှ လက်နက်များဖမ်းမိခြင်းဖြစ်ပြီး လက်နက်အမျိုးအစားအမည်များကိုလည်း ဖော်ပြထားသည်။
ထိုအကြောင်းအရာသည် နှစ်ရက်အတွင်း တယ်လီဂရမ်ချန်နယ်နှင့် ဂရုပေါင်း ၁၂ ခုတွင် ပြန့်နှံ့နေပြီး ကြည့်ရှုသူ ၁၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

ထိုသတင်းတုပျံ့နှံ့မှုတွင် နေ့ရက်အတိအကျကိုမဖော်ပြထားသော်လည်း ထိုလက်နက်ပုံများဖြင့်“နန်းငယ်” တယ်လီဂရမ်ချန်နယ်၌ “ဇူ ၁၂ ရက်နေ့က ဘားအံတွင် မှန်လုံကားပေါ်တွင်ဖမ်းမိသည့်ဖြစ်စဉ်” ဟု ဖော်ပြ ထားသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက သတင်းတွင်ပါဝင်သည့်ဓာတ်ပုံများအား စစ်ဆေးခဲ့ရာ ပုံဟောင်းများဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါဓာတ်ပုံများထဲတွင် “Ko Thet” တယ်လီဂရမ်ချန်နယ်၏ ရေစာပါဝင်နေသည်။ Ko Thet တယ်လီ ဂရမ်ချန်နယ်တွင် ထိုပုံများဖြင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က “Breaking News ၊ မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က pdf အတွင်းသတင်းပေး၏ သတင်းပေးမှုကြောင့် ဘားအံမြို့၊ ကားကြီးဝင်း အတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့” ဟုဆိုကာ ဖြန့်ဝေခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁4❤1👏1😱1
ဇူလိုင်လ (၁၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:00 − စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးမှာ လုံခြုံရေးတိုးမြှင့်ချထား တဲ့သတင်း

02:25 − ကြာအင်းဆိပ်ကြီးမှာတိုက်ပွဲကြားရောက်သွားတဲ့ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးတဲ့အကြောင်း

07:00 − ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်တွေက ကျေးရွာ ၂၅ ရွာမှာ စစ်ကောင်စီက ၄ လကျော်ကြာ လျှပ်စစ်မီးဖြတ်ထားတဲ့သတင်းနဲ့

11:06 − တစ်ဖက်သတ်အသာစီးယူထားတဲ့ရွေးကောက်ပွဲအတွက် ကမ္ဘောဒီးယားရုပ်သံက ဟွန်ဆန်အကြောင်းဝါဒဖြန့်ရုပ်သံဇာတ်ကားတွေ ဆက်တိုက်ထုတ်လွှင့်နေတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/bmcZQH9divo

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2❤1
This media is not supported in your browser
VIEW IN TELEGRAM
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် တောင်ကိုရီးယားမှာ ၃၃ ဦးသေဆုံး

#InternationalNews #reels #shorts #Mizzima #SouthKorea
😢8🔥2
​​ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူအား ရိုက်နှက်ဖမ်းဆီး
==========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းသွားပြည်သူတဦးအား ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြင်းထန်စွာရိုက်နှက်ပြီး ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ချောင်းဘက်သို့ ပါကေးလုပ်ရန်လာသော သစ်သမားတဦးအား မြို့ချောင်း-စိန်ကန့်လန့်လမ်းတွင် ရောက်ရှိနေသည့် အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းမှ (၂) မိုင်ဂိတ်အနီးတွင်ဖမ်းဆီးကာ ဆောက်လုပ်ရေး ရှင်းလင်းဆောင်အတွင်း ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

“သူက တက်ကြွသဘောလောက်ပဲ ရှိပါတယ်။ သာယာဝတီဘက်ကနေ အုတ်တွင်းမှာ အိမ်ထောင်လာကျ တဲ့ သစ်သမားပါ။ ဒါကိုဖမ်းပြီးစစ်တာမှ ဖုန်းထဲမှာ နိုင်ငံရေးပို့စ်တွေတင်ထားတာတွေ့ပြီး ပြင်းပြင်းထန် ထန်ရိုက်ပြီး ဖမ်းသွားတာပါ။ မျော့မျော့ပဲ ကျန်တော့တယ်။ သူနဲ့ပါလာတဲ့ သစ်သမားတွေလည်း အရမ်းကို ကြောက်လန့်နေကြတယ်”ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထောက်ပို့ရဲဘော် တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်း၏ဖုန်းအတွင်း၌ တော်လှန်ရေးအားပေးပို့စ်များကိုတွေ့ခြင်း၊ လူမှုကွန်ရက်ပေါ်တွင် လက်နက်ကိုင် ဆောင်ထားသော PDF တပ်ဖွဲ့ဝင်များ၏ ရုပ်ပုံများကိုမျှဝေထားခြင်းတို့ကိုတွေ့၍ ရိုက်နှက်ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရိုက်နှက်ဖမ်းဆီးခံရသူမှာ အုတ်တွင်းမြို့တွင်နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ကိုဖိုးသဲဖြစ်ကြောင်း သိရ ပြီး ၎င်း၏နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က Speed Boat များပါသယ်ဆောင်ကာ မြို့ချောင်းသို့ရောက်ရှိလာခြင်းဟုဆိုသည်။ ထို့နောက် ရဲနွယ်ဆည်မှ တဆင့် ရေကြောင်းအတိုင်း အထက်သို့တက်ရန် ပြင်ဆင်ခဲ့ကြကြောင်း မြေပြင်ထောက်ပို့ရဲဘော်၏ ပြောဆိုချက် အရသိရသည်။

“မနေ့က ရဲနွယ်ကနေတက်ဖို့ပြင်တာ။ Speed Boat တွေတောင် ပါတယ်။ ဒါပေမယ့် မတက်ဖြစ်လိုက်ဘူး။ မြို့ချောင်းအုပ်ကြီးနဲ့တွေ့ပြီး သောက်စားပြီး ကျောက်တံခါးထဲပြန်ဝင်သွားကြတယ် ” ဟု ကျောက်တံခါး ထောက်ပို့ရဲဘော်ကပြောသည်။

ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ် ၄၀ ခန့်တွင် အဆိုပါစစ်ကောင်စီတပ်သည် ကျောက် တံခါးမြို့နယ် သူဌေးကုန်းကျေးရွာသို့ရောက်ရှိနေပြီး သူဌေးကုန်းစာသင်ကျောင်းရှေ့တွင် လက်နက်ကြီး တပ်ဆင်နေကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၆၃ ဦးရှိပြီး ထိုအနက်မှ ၂၉ ဦးမှာ ချုပ်ရက်ပြည့်၍ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကျောက်တံခါးမြို့နယ်
#ပြည်သူ
#ရိုက်နှက်
#ဖမ်းဆီး

-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8🔥4👍3😁1
လာမယ့်ဘဏ္ဍာရေးနှစ်အတွက်အမေရိကန်ထံဒေါ်လာသန်း ၅၀၀ကျော်NUG အကူအညီတောင်းခံ|Business Round Up (17.7.2023)
=====================

- လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ထံ ဒေါ်လာသန်း ၅၀၀ ကျော် NUG အကူအညီတောင်းခံ

- တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့နည်းနေ

- စစ်ကောင်စီ ဗဟိုဘဏ်က ဟောင်းနွမ်းငွေစက္ကူများကို ငွေစက္ကူအသစ်ဖြင့် လဲလှယ်ပေးနေ

- အပူပိုင်း မုန်တိုင်း တာလင်း အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးကြီးနိုင်

- ထိုင်း၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံချိတ်ဆက်မည့် အဝေးပြေးလမ်း စီမံကိန်း ဆက်လက်လုပ်ဆောင်ရန်  အိန္ဒိယအစိုးရ နည်းလမ်းရှာနေ

https://youtu.be/-G9O8ZF-Zxw
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13😁3
This media is not supported in your browser
VIEW IN TELEGRAM
အာဆီယံအစည်းအဝေးမှာ ရှားရှားပါးပါး တွေ့ဆုံမှုအတွင်း အမေရိကန်နဲ့ အီးယူက ရုရှားကိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆို

#InternationalNews #reels #shorts #Mizzima #EU #American #Russia #Asian
👍14😁5❤2
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/9qzS7_n73OA

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
ပြည်ပရောက်မြန်မာတွေကို နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းအမှား |Misinformation Buster S3| Ep.75
===============

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီတပတ်မှာတော့
- ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံလို့ PDF တွေ စစ်ကောင်စီထံမှာ လက်နက်ချအလင်းဝင်ကြတော့မယ်ဆိုတဲ့ သတင်းမှား
- ပြည်ပရောက်မြန်မာတွေကို နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းအမှား 
- ပုံဟောင်းတွေနဲ့ ဘားအံကားဝင်းမှာ လက်နက်တွေဖမ်းမိတယ်ဆိုတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်း ပျံ့နှံ့ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။

https://youtu.be/jaT8wg0-D1k

#Misinformation_Buster
#Weekly_Package
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1
​​ရွှေဘိုနန်းတော်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကိုတိုက်ခိုက်၊ ၄ ဦးသေဆုံး ၂ဦးဒဏ်ရာပြင်းထန်ဟုဆို
================

 á€›á€ąá€Źá€„်နဎ 

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်တွင် á€œá€ąá€¸á€Śá€¸á€žá€ąá€†á€Żá€śá€¸á€•ဟဎး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း Flying Dragon Force တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။ 

ရွှေဘိုမြို့၊နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ á€‡á€°á€œá€­á€Żá€„á€şá€œ ၁၆ ရက်နံနက် ၇ နာရီခန့်တွင် ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။ ရွှေဘိုမြို့ထဲသို့ ကင်းလှည့်ပြီးပြန်လာ‌ သော á€…စ်က္ဏင်စဎစစ်ကဟ္ဏင်းသည် နန်းတော်ဝင်းအတွင်း ၀င်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟု Flying Dragon Force á€á€•်ဖွဲအတဏ၀န်ရသိသူက ပြောသည်။ 

“ လေးယောက်သေတယ်။ နှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ သေဆုံးသွားသူတွေကို ရွှေဘို အုပ်ရှစ်ကန် သုသာန်မှာ သဂြိုလ်တယ်ဆိုပြီး သတင်းရတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟုဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်ပစ်ဗုံးဖြင့် ပြန်ပစ်ရာ နန်းတော်ဝင်းတောင်ဘက်ရှိ ဈေးထဲသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။

“ မြို့မဈေးက နန်းတော်ဝင်းနဲ့ ကပ်လျက်ရှိတာဗျ။ á€œá€€á€şá€”က်ကဟဎးနဲအ ပစ်တယ်ထင်တဲ့ ဘက်ကို လက်ပစ်ဗုံးနဲ့ပစ်တာ ဈေးထဲကို ကျတယ်။ á€•á€źá€Šá€şá€žá€°á€á€Żá€”á€žá€…á€şá€Śá€¸á€’á€á€şá€›á€Źá€›á€á€šá€şá‹ သေဆုံးမှုတော့ မရှိခဲ့ဘူး” ဟု 
ရွှေဘိုတိုက်နယ်၊ ပကဖတာဝန်ခံကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့၊ နန်းတော်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ က သတင်းထုတ်ပြန်ထားသည်။ 

ရွှေဘိုမြို့၊ နန်းတော်ဝင်းသည် သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် အလောင်းမင်းတရားဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဟု သိရပြီး
ရွှေဘုံရတနာမင်္ဂလာနန်းတော်အဖြစ် လူသိများသည်။ ရွှေဘိုမြို့မဈေး၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။ á€€á€­á€Żá€œá€­á€Żá€”ဎခ္တ်က နန်းတော်နေရာကို ရွှေဘိုအကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ဖူးသည်။ áá‰á‰á‡ ခုနှစ်တွင် နန်းတော်ကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ 
အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်က ရွှေဘိုမြို့ရှိ နန်းတော်ဝင်းအတွင်း á€Ąá€„်ဥဏး ၆၀ ခန့်ဖြင့် တပ်စွဲကာ ရွှေဘိုနယ်တ၀ိုက် စစ်ကြောင်းထိုးနေသည့် တပ်များကလည်း နန်းတော်ဝင်းအတွင်း လာရောက်ပူးပေါင်းလေ့ရှိကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ကြောင်း လှုပ်ရှားမှုရှိ‌နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် ကာကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်သတိပေးချက်များကို လိုက်နာကြရန် Flying Dragon Forceက á€™á€ąá€á€šá€á€Źá€›á€•်ခလသည်။

စာတည်း -မောင်ကြီး

#mizzima
#ရွှေဘိုမြို့နန်းတော်ဝင်း
#လက်နက်ကြီးဖြင့်ပစ်ခတ်
#Flying Dragon Force
 
Photo - ရွှေဘိုမြို့၊နန်းတော်ဝင်းကို Google Mapမှ မြင်တွေ့ရစဉ်


-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏6❤2😁2
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်
🤬13👏1😁1
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်
===================

ပါခွီး

(မဇ္စျိမ)။  á‹á€…စ်ကိုင်းတိုင်း၊ မုံရွာမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ဦးနေဦးနှင့် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်ဦးကုလားတို့ကို စစ်ကောင်စီတပ်မှသတ်ဖြတ်ခဲ့သဖြင့် ကျဆုံးသွားကြောင်း သိရသည်။

အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီကိုယ်စားပြု မုံရွာလူထုသပိတ်ဦးဆောင်ကော် မတီဝင်နှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တို့သည် မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတာဝန်များ ထမ်း ဆောင်နေစဉ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။

“ကိုနေဦးကျဆုံးသွားတဲ့အတွက် အခုတော်လှန်ရေးလုပ်ငန်းတွေသာမက တော်လှန်ရေးပြီးလို့ မုံရွာမြို့ အတွက်ရော ဒေသတွင်းအတွက်ပါ ပြန်လည်ထူထောင်ရေးတွေထိအတွက်ပါ အားလျော့တာပေါ့ဗျာ။ ဒါနဲ့ ပတ်သက်လို့ တော်တော်ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ တွင် လုပ်ဖော်ကိုင်ဖက်တဦးဖြစ်ခဲ့သူ ကိုစိုးဝင်းဆွေက မဇ္စျိမကိုပြောသည်။

ဦးနေဦးနှင့်၎င်း၏မိသားစုသည် စားဝတ်နေရေးပြေလည်ရုံအတွက်သာ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ပြီး နိုင်ငံ ရေးနှင့် ပရဟိတလုပ်များကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့သူများဖြစ်ကြောင်း ဆိုသည်။

မဇ္စျိမကလက်ခံရရှိသည့် ဦးနေဦးနှင့် ဦးကုလားတို့၏ ရုပ်အလောင်းဓာတ်ပုံများတွင် အနီးကပ် ဦးခေါင်းကို ပစ်ခဲ့သည့် ဒဏ်ရာဖြင့်သေဆုံးခြင်းနှင့် ၎င်းတို့ ဆိုင်ကယ်ကိုမီးရှို့ထားသည်တွေ့ရပြီး ဖြစ်စဉ်အသေးစိတ် ကိုမူ သိရှိရခြင်း မရှိပေ။

ဦးနေဦးသည် ချင်းတွင်းမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံဖြစ်ပြီး ရပ်ရွာ အခြေပြုလုပ်ငန်းများ ကိုဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးတွင် တော်လှန်ရေးတပ်ဦးမှ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့သူတဦးဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ၎င်း ကျဆုံးခြင်းအတွက် ဝမ်းနည်းကျေကွဲခြင်းကို ဇူလိုင်လ ၁၇ရက် ယနေ့တွင်ထုတ်ပြန်ထားသည်။

၎င်းသည် ၂၀၂၁ ခုနှစ် မတ်လတွင် အဖမ်းဆီးခံခဲ့ရပြီး မုံရွာထောင်၊ မြင်းခြံထောင်များတွင်ထိန်းသိမ်းခံ ခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေစဉ်အတွင်း ၎င်း၏သားဖြစ်သူ မုံရွာ PDF တပ်ဖွဲ့ဝင် ရဲဘော်ထင်ရှားသည်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

အကျဉ်းထောင်မှ လွတ်မြောက်ပြီးချိန်မှစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီအရေး လုပ်ငန်း များကို ရဲရဲရင့်ရင့် ဆက်လက်လုပ်ကိုင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သဖြင့် အသက်ပေးလှူသွားသော ဦးနေဦး အား “ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအာဇာနည်” အဖြစ် မော်ကွန်းတင်ကြောင်း မုံရွာမြို့နယ် ပြည်သူ လူထုကိုယ်စား မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးနေဦးသည် မုံရွာမြို့ အလယ်ရပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးကော်မတီဥက္ကဋ္ဌဖြစ်ပြီး တမြို့ နယ်လုံးမှ ရပ်ကျေးကော်မတီများနှင့်ဆက်သွယ်ရေးကောင်းမွန်ပြီး လေးစားခံရသူတဦးဖြစ်သောကြောင့် ရွေးကာက်ပွဲအောင်နိုင်ရေးလုပ်ငန်းများတွင် ပါတီ၏ အားကိုးရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးနေဦးနှင့်အတူကျဆုံးခဲ့သည့် ဦးကုလားသည် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန် ရေးတာဝန်များထမ်းဆောင်စဉ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ၎င်း၏ ကိုယ်ရေးအချက်အလက်များ ကို မဇ္စျိမအနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ - ဦးနေဦးနှင့် ဦးကုလား ကိုပစ်ခတ်သွားသည့် ကျည်ဆံခွံနှင့် မီးရှို့ခံထားရသည့် ဆိုင်ကယ်

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ á‹á€…္ဏဖ္

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#မုံရွာလူထုသပိတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍4😁2🤬2