ယာဒိုတွင် တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်
🤬13🔥2

===================
YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသတွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်အစောပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၄ နာရီဝန်းကျင်က ကရင်- ကရင်နီ- ရှမ်းနယ်စပ်ရှိ ယာဒိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်မဟာ (၂)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ယာဒိုစစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထိအခိုက်၊ အကျအဆုံးများ မသိရသေးကြောင်း ဒေသတွင်း KNLA သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
" မနက်အစောကြီး ၄ နာရီလောက်က ဖြစ်တာ၊ စစ်ကောင်စီက လေကြောင်းကနေ ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်၊ ဒေသခံနေအိမ်တွေပျက်စီးတာများတယ်။ လူသူမရှိတဲ့အတွက် အထိအခိုက်တော့မရှိဘူး" ဟု တပ်မဟာ (၂) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး ဝါသောခိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသော်လည်း ဒေသခံများသည် အခြားနေရာ၌ စစ်ဘေးရှောင်နေရသဖြင့် လူသူအထိအခိုက်မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ယာဒိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့သဖြင့် ထိုအချိန်မှစ၍ ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ပရယ်စိုးကျေးရွာတို့မှ ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
" ရှောင်နေကြရတာ တစ်ပတ်ရှိပြီပေါ့၊ လိပ်သိုလ်ကလည်း ရိက္ခာသယ်ရတာက အစစ်အဆေးတွေ အရမ်းကြမ်းတော့ မလွယ်တော့လေ ကြာရင်တော့ ခက်ခဲလာမှာဗျ၊ အခုတောင် တော်တော်လေး လိုအပ်လာပြီ။ ပြီးတော့ ဖျားနာလာကြတာလည်း ရှိတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ဘေးရှောင် ၂,၀၀၀ ကျော်တွင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် အရေအတွက်များပြီး လက်ရှိတွင် ဖျားနာမှုများ ရှိလာသကဲ့သို့ စားနပ်ရိက္ခာ လိုအပ်ချက်လည်း မြင့်တက်လာကြောင်း သိရသည်။
ယာဒိုဒေသသည် ကရင်- ရှမ်း- ကရင်နီ နယ်စပ်တွင်ရှိပြီး ယခုဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း ယာဒိုစစ်ကောင်စီတပ်စခန်းအတွက် ရိက္ခာများအား ကယန်းပြည်သစ်အဖွဲ့က ၎င်းတို့၏ အဖွဲ့အမည်ခံ၍ တောင်ငူ- လိပ်သိုလ်ကားလမ်းမပေါ် ဖြတ်သန်းသယ်ယူကာ ယာဒိုစခန်းသို့ ရိက္ခာပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
" ကယန်းပြည်သစ်အဖွဲ့က ရန်သူ့အတွက် ကရိယာ တန်ဆာပလာတွေနဲ့ ရိက္ခာတွေကို ပိတ်ဆို့ထားတဲ့ကြားကနေ ကယန်းပြည်သစ်အတွက်ဆိုပြီး နာမည်ခံပြီး သယ်ဆောင်ပေးနေတာဖြစ်တယ်၊ တောင်ငူကနေ ယာဒိုအထိ" ဟု မြေပြင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ကယန်းပြည်သစ်အဖွဲ့က စစ်ကောင်စီထံ ရိက္ခာ အထောက်အပံ့ပေးနေသည်ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ယာဒိုဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံးရှိသော်လည်း အသေးစိတ် မသိရသေးကြောင်းနှင့် တပ်မဟာ (၂)၊ KNLA၊ PDF ဘက်တွင် နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယာဒိုဒေသ
#တိုက်ပွဲ
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
#သံတောင်ကြီးမြို့နယ်
ဓါတ်ပုံ- လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးသွားသော ဝါသောခိုကျေးရွာမှ ဒေသခံနေအိမ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😢4👏2🕊2❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/7D-UjdMiukk
==================
https://youtu.be/7D-UjdMiukk
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍9🍌2
မပခ တိုင်းမှူးနှင့် စစ်ဘက်ရေးရာအရာရှိတွေကို ဘာကြောင့်စစ်ဆေးနေတာလဲ
==================
အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်ဘက်ရေးရာအရာရှိခြောက်ဦးနှင့် ကျောက်သူဌေးတစ်ဦးကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး၊ ဒုတိုင်းမှူး၊ ဗိုလ်မှူးချုပ်နှစ်ဦးနှင့် မပခ မှ စစ်ဗျူဟာမှူးနှစ်ဦးအပြင် “ဝ” လူမျိုး ကျောက်သူဌေးကြီး ဦးအိုင်ရီကိုတို့ကို စစ်ဆေးနေခြင်းဟု ကနဦးသိရသည်။
ဇူလိုင် ၁၃ ရက်၊ ညပိုင်းတွင် နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြားလာသည့် အမိန့်နှင့်အတူ ကချင်စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် နယ်လုံဝန်ကြီးနှင့် မပခ စစ်ဘက်ရေးရာ အရာရှိများ နေပြည်တော်သို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကို အဂတိလိုက်စားမှု၊ စစ်ဆင်ရေးပေါက်ကြားမှုတို့ကြောင့် ယခုကဲ့သို့ခေါ်ယူ စစ်ဆေးနေခြင်းဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သတင်းရင်းမြစ်အချို့မှ အတည်ပြုသော်လည်း ၎င်းတို့ကိုယ်၌ သေသေချာချာမသိကြသေးကြောင်းပြောသည်။
“ တပ်ထဲမှာလည်း သတင်းတွေကမျိုးစုံထွက်နေတယ်။ အဘနဲ့အဖွဲ့ကို ထောက်လှန်းရေးတပ်က လာခေါ်သွားတယ်လို့ပဲ သိထားသေးတယ်။ အဂတိလိုက်စားမှုနဲ့ စစ်ဆင်ရေးတွေ ပေါက်ကြားလို့ဆိုပြီး နေပြည်တော်ကနေ တိုက်ရိုက်လာခေါ်သွားတာ။ ကျန်တာတော့ သို့လော သို့လောပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါသတင်းများထွက်ပေါ်ပြီးနောက် မဇ္ဈိမ၏မြေပြင်သတင်းအဖွဲ့မှ တပ်တွင်းနီးစပ်သူ သတင်းရင်းမြစ်များစွာကို နည်းလမ်းမျိုးစုံဖြင့်ချဉ်းကပ်၍ အချက်အလက်များကို စိစစ်ရယူခဲ့ပြီး အချို့သတင်းရင်းမြစ်ကို လုံခြုံသည့်နေရာတွင် မေးမြန်းခဲ့သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပါအဝင် စစ်ဘက်ရေးရာအရာရှိများကို စစ်ဆေးနေခြင်းမှာ စစ်ဆင်ရေးသတင်းပေါက်ကြားစေခြင်းနှင့် အဂတိမှုဟူ၍ ယူဆချက်နှစ်ရပ်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

👍42😁7❤3🔥3👏3
ဇူလိုင်လ (၁၉) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================
ဇူလိုင်လ (၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံ အမှုတွေကို တရားလွှတ်တော်ချုပ်မှာ လက်ခံ၊ မခံ ကြားနာခဲ့ပါတယ်,……
မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုတဲ့ သုံးသပ်ချက်တွေ…..
ချင်းစစ်ဘေးရှောင်များ ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေတယ်ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေကို ကြားကြရမှာပါ။
နိုင်ငံတကာဘက်မှာတော့ ဇူလိုင်လလယ်မှာ အပူချိန် ၅၂.၂ ဒီဂရီသို့ စံချိန်တင်ရောက်ရှိခဲ့ကြောင်း တရုတ်ပြောလိုက်ပါတယ်….
ဂျီ-၂၀ ဘဏ္ဍာရေးဆွေးနွေးပွဲတွေမှာ ကမ္ဘာ့ကြွေးမြီကိစ္စ လွှမ်းမိုးထားဆဲဆိုတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။
https://youtu.be/4079Nb8f4Bw
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

…

👍14😁2
July19 အာဇာနည်နေ့အတွက်
==============
July19 အာဇာနည်နေ့အတွက် ဂုဏ်ပြုတေး
စန္ဒယား ကိုဖြိုး
တယော ဖိုးစံ
အဆို ထက်ထက်အိန္ဒြာအောင်
https://youtu.be/5k8717s9QfI

ဂုဏ်ပြုတေး

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍20❤4🤮1
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ စင်ကာပူ ကန့်လန့်ခံနေသလား
=====================
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့ကြားက စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပွင့်နေခဲ့သလို လက်နက်နဲ့ တခြားထောက်ပံ့ရေးလမ်းကြောင်းတွေလည်း ဆက်လက်စီးဝင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေ ထိရောက်မှုမရှိဘဲ ဖြစ်နေတာမှာ စင်ကာပူက အဓိကယိုပေါက်တစ်ခုလိုဖြစ်နေခဲ့တာ တွေ့ရပါတယ်။ စင်ကာပူ အစိုးရတော့ ဒါကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဖြေရှင်းသွားမယ်လို့ဆိုထားပါတယ်။
https://youtu.be/wmM0WsBcNYY
#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=====================
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့ကြားက စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပွင့်နေခဲ့သလို လက်နက်နဲ့ တခြားထောက်ပံ့ရေးလမ်းကြောင်းတွေလည်း ဆက်လက်စီးဝင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေ ထိရောက်မှုမရှိဘဲ ဖြစ်နေတာမှာ စင်ကာပူက အဓိကယိုပေါက်တစ်ခုလိုဖြစ်နေခဲ့တာ တွေ့ရပါတယ်။ စင်ကာပူ အစိုးရတော့ ဒါကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဖြေရှင်းသွားမယ်လို့ဆိုထားပါတယ်။
https://youtu.be/wmM0WsBcNYY
#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ စင်ကာပူ ကန့်လန့်ခံနေသလား
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့ကြားက စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပွင့်နေခဲ့သလို လက်နက်နဲ့ တခြားထောက်ပံ့ရေးလမ်းကြောင်းတွေလည်း ဆက်လက်စီးဝင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေ…
👍11😁4💯1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
========================
လူဦးရေတိုးလာမှုကြောင့် ကင်ညာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ အပူလိုင်းဒဏ်ကို ခံနေရပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/5OcDSbVbVTg
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
========================
လူဦးရေတိုးလာမှုကြောင့် ကင်ညာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ အပူလိုင်းဒဏ်ကို ခံနေရပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/5OcDSbVbVTg
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
လူဦးရေတိုးလာမှုကြောင့် ကင်ညာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ အပူလိုင်းဒဏ်ကို ခံနေရပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို…
👍9😁2
ရန်ကုန်မြို့တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရန် ဘန်နာချိတ်ဆွဲနှိုးဆော်မှုပြုလုပ်
👍18😁3

====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ဇူလိုင် ၁၉ နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အား ဦးညွှတ်၍ စစ်အာဏာရှင်အား အမြစ်ဖြတ်ရန် ရန်ကုန်မြို့တစ်နေရာတွင် ယနေ့ ဇူလိုင် ၁၈ ရက်က တော်လှန်ရေးအင်အားစုများစုပေါင်း၍ ဘန်နာချိတ်ဆွဲနှိုးဆော်မှုပြုလုပ်ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုအား Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့ပူးပေါင်းပြီး "အာဇာနည်တွေထပ်မပေါ်ဖို့ အာဏာရှင်ကိုအမြစ်ဖြတ်စို့" စာတန်းပါ ဘန်နာကိုချိတ်ဆွဲကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
"သူရဲကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ ကျဆုံးရင် အာဇာနည်အဖြစ်သတ်မှတ်ကြတယ်။ ကျနော်တို့ရဲ့သူရဲကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ ထပ်အဆုံးရှုံးမခံချင်တော့ဘူး၊ အဲဒါကို လိုချင်ရင် လက်ရှိအာဏာရူး(အာဏာရှင်)တွေကို အမြစ်ဖြတ်မှရမယ်။" ဟူ၍ Mayangone Democratic Front (MDF) က ဆိုသည်။
ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အား နိုင်ငံ၏ တော်လှန်ရေးသမိုင်းအဆက်ဆက်က ကျဆုံးခဲ့ရသော အာဇာနည်များကိုဦးညွှတ်ရင်း၊ လက်ရှိစစ်အာဏာရှင်တွေကိုအမြစ်ဖြတ်ဖို့ ပြည်သူတွေကိုနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အာဇာနည်နေ့နီးကပ်လာမှုကြောင့် ရန်ကုန်မြို့၌ စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များက အစစ်အဆေးပြုလုပ်မှုများ ပိုများလာသည့်အချိန်တွင် ယနေ့ လှုပ်ရှားမှုပြုလုပ်နိုင်ခဲ့ပြီး ရဲဘော်များမှာ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Mayangone Democratic Front (MDF) ၏ ပြောပြချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အာဇာနည်နေ့
#MDF
#ဆန့်ကျင်ရေး
#အာဏာဖီဆန်
#တော်လှန်ပုန်ကန်မှု
---------------------

👍22😁3
"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်"
====================
လင်းသူရိန် (မဇ္ဈိမ)။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်ဆိုတဲ့အပေါ် အဲဒီလို ပြောဆိုလိုက် ကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံကို အမှန်တကယ် ကူညီချင်ကြတယ်ဆိုရင် နိုင်ငံတကာအပါအဝင် မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး စစ်ဖိနပ်အောက်ကို ပြန်ရောက်အောင် တွန်းမပို့မိဖို့ လို့တယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - လင်းသူရိန်
https://youtu.be/BquW47w0G-Y
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
====================
လင်းသူရိန် (မဇ္ဈိမ)။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်ဆိုတဲ့အပေါ် အဲဒီလို ပြောဆိုလိုက် ကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံကို အမှန်တကယ် ကူညီချင်ကြတယ်ဆိုရင် နိုင်ငံတကာအပါအဝင် မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး စစ်ဖိနပ်အောက်ကို ပြန်ရောက်အောင် တွန်းမပို့မိဖို့ လို့တယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - လင်းသူရိန်
https://youtu.be/BquW47w0G-Y
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်"
စစ်တပ်က အာဏာသိမ်းပြီးနောက် ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့…

👍15🔥3😁2👏1