Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ စင်ကာပူ ကန့်လန့်ခံနေသလား
=====================

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့ကြားက စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပွင့်နေခဲ့သလို လက်နက်နဲ့ တခြားထောက်ပံ့ရေးလမ်းကြောင်းတွေလည်း ဆက်လက်စီးဝင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စစ်ကောင်စီအပေါ်နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေ ထိရောက်မှုမရှိဘဲ ဖြစ်နေတာမှာ စင်ကာပူက အဓိကယိုပေါက်တစ်ခုလိုဖြစ်နေခဲ့တာ တွေ့ရပါတယ်။ စင်ကာပူ အစိုးရတော့ ဒါကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဖြေရှင်းသွားမယ်လို့ဆိုထားပါတယ်။

https://youtu.be/wmM0WsBcNYY

#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁4💯1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ | VOA On Mizzima
========================

လူဦးရေတိုးလာမှုကြောင့် ကင်ညာနိုင်ငံရဲ့ စီးပွားရေးအခြေအနေပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။ ဥတုရာသီပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ရေကြီးမှုတွေနဲ့ အပူလိုင်းဒဏ်ကို ခံနေရပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/5OcDSbVbVTg

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9😁2
ရန်ကုန်မြို့တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရန် ဘန်နာချိတ်ဆွဲနှိုးဆော်မှုပြုလုပ်
👍18😁3
ရန်ကုန်မြို့တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရန် ဘန်နာချိတ်ဆွဲနှိုးဆော်မှုပြုလုပ်
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ဇူလိုင် ၁၉ နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အား ဦးညွှတ်၍ စစ်အာဏာရှင်အား အမြစ်ဖြတ်ရန် ရန်ကုန်မြို့တစ်နေရာတွင် ယနေ့ ဇူလိုင် ၁၈ ရက်က တော်လှန်ရေးအင်အားစုများစုပေါင်း၍ ဘန်နာချိတ်ဆွဲနှိုးဆော်မှုပြုလုပ်ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုအား Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့ပူးပေါင်းပြီး "အာဇာနည်တွေထပ်မပေါ်ဖို့ အာဏာရှင်ကိုအမြစ်ဖြတ်စို့" စာတန်းပါ ဘန်နာကိုချိတ်ဆွဲကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။
"သူရဲ​ကောင်း​တွေ၊​ ခေါင်း​ဆောင်​ကောင်း​တွေ ကျဆုံးရင် အာဇာနည်အဖြစ်သတ်မှတ်ကြတယ်။ ကျ​နော်တို့ရဲ့သူရဲ​ကောင်း​တွေ​၊ ခေါင်း​ဆောင်​ကောင်း​တွေ ထပ်အဆုံးရှုံးမခံချင်​တော့ဘူး၊ အဲဒါကို လိုချင်ရင် လက်ရှိအာဏာရူး​(အာဏာရှင်)တွေကို အမြစ်ဖြတ်မှရမယ်။" ဟူ‌၍ Mayangone Democratic Front (MDF) က ဆိုသည်။

ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အား နိုင်ငံ၏ တော်လှန်​ရေးသမိုင်းအဆက်ဆက်က ကျဆုံးခဲ့ရ‌သော အာဇာနည်များကိုဦးညွှတ်ရင်း၊ လက်ရှိစစ်အာဏာရှင်​တွေကိုအမြစ်ဖြတ်ဖို့ ပြည်သူ​တွေကိုနှိုး​ဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အာဇာနည်နေ့နီးကပ်လာမှုကြောင့် ရန်ကုန်မြို့၌ စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များက အစစ်အဆေးပြုလုပ်မှုများ ပိုများလာသည့်အချိန်တွင် ယနေ့ လှုပ်ရှားမှုပြုလုပ်နိုင်ခဲ့ပြီး ရဲဘော်များမှာ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Mayangone Democratic Front (MDF) ၏ ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima
#အာဇာနည်နေ့
#MDF
#ဆန့်ကျင်ရေး
#အာဏာဖီဆန်
#တော်လှန်ပုန်ကန်မှု

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁3
"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်"
====================

လင်းသူရိန် (မဇ္ဈိမ)။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်ဆိုတဲ့အပေါ် အဲဒီလို ပြောဆိုလိုက် ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံကို အမှန်တကယ် ကူညီချင်ကြတယ်ဆိုရင် နိုင်ငံတကာအပါအဝင် မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး စစ်ဖိနပ်အောက်ကို ပြန်ရောက်အောင် တွန်းမပို့မိဖို့ လို့တယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - လင်းသူရိန်

https://youtu.be/BquW47w0G-Y

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15🔥3😁2👏1
လူဦးရေတိုးလာမှုကြောင့် ကင်ညာစီးပွားရေးပြောင်းလဲမှု | VOA On Mizzima
======================

မကြာသေးခင်ကပဲ ကမ္ဘာ့လူဦးရေက သန်း ၈ ထောင် ပြည့်သွားပြီလို့ ကုလသမဂရဲ့အချက်အလပ်တွေမှာ ဖော်ပြထားပါတယ်။ ၂၀၅၀ ပြည့်နှစ်ကျရင် လူဦးရေ သန်း ၉ ထောင့် ၇ ရာ ထိ ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကင်ညာနိုင်ငံမှာတော့ လူဦးရေက ၅၃ သန်းကျော် ရှိနေပြီး ဒီထက်လည်း ပိုတိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/1En4pSSqEz8

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7😁2
ရန်ကုန်မြို့လယ်ခေါင် အာဇာနည်နေ့အထိမ်းအမှတ် ညသပိတ်လှုပ်ရှားမှုပြုလုပ်
=======================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်မြို့လယ်ခေါင်ရှိ တရုတ်တန်းတွင် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ညပိုင်းက ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသပိတ်တွင် " လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ ကိုးဦးမက " စာသားပါ တပ်ဦးအလံတော်ကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး ပြောက်ကျား ညသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

"ယနေ့ကျဆုံးခဲ့တဲ့ အာဇာနည် ကိုးဦးဟာ အရောင်အသွေးစုံပေမယ့် ဖက်ဒရယ်ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစုအာဇာနည်အပေါင်းကိုလည်း လေးစားဦးညွှတ်ကြဖို့ရည်ရွယ်ရင်း ​ပြောက်ကျားညသပိတ်တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်ခင်ဗျာ။" ဟူ‌၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌ က မဇ္ဈိမ ကို ပြောသည်။

ညသပိတ်အား ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ Youth Association Of Thingangyun (YAT) ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) ၊ Labour Alliance အဖွဲ့ဝင် (CTUM) ၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Revolution Force (RF) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဖြိုချရေးသာမက ခေတ်အဆက်ဆက်လွဲမှားနေခဲ့ကြသော အတွေးအခေါ်အဆိုး၊ အဟောင်းများကိုဖြိုချရမည့် အတွေးအခေါ်တော်လှန်ရေးလည်းဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီကို ကြွေးကြော်တောင်းဆိုနေသည့် တစ်ချိန်တည်းမှာပဲ လူမျိုးစုအရေးကို မမေ့ကြဖို့လိုအပ်ကြောင်း ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက နှိုးဆော်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/4YFu2dl0Cxo


#mizzima
#ရန်ကုန်မြို့
# အာဇာနည်နေ့
#အထိမ်းအမှတ်
#ညသပိတ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12❤3😁3
ရေကြီးမှု၊ အပူလိုင်းဒဏ်နဲ့ ဥတုရာသီပြောင်းလဲမှု | VOA On Mizzima
====================

အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တူရကီနဲ့ ဥရောပအပါအဝင် အမေရိကန်ပြည်ထောင်စုမှာ အပျက်အစီးများတဲ့ ရေကြီးရေလျှံမှုတွေ၊ အပူလှိုင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာရင် ဆိုးရွားပြင်းထန်လှတဲ့သဘာဝဘေးဒဏ်တွေနဲ့ ပိုကြုံရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေချိန်မှာပဲ ခုလိုအခြေအနေမျိုးတွေနဲ့ ပေါ်ပေါက်လာတာပါ။ နန်းလောင်ဝ် တင်ဆက်ထားပါတယ်။

https://youtu.be/Yr7ma_Vo7oo

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
ပထမအကြိမ်ကြိုးပမ်းမှုအရာမထင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်လောင်းက လာမယ့်မဲခွဲမှုအတွက် စည်းရုံးရေးလုပ်ဆောင်နေ

#internationalnews #reels #shorts #Mizzima #Thailand
👍11🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့သားကို အာဏာလွှဲပေးဖို့ လမ်းစဖော်

#internationalnews #reels #shorts #Cambodia #Mizzima
👎7❤2👍2🔥2🤬1
Media is too big
VIEW IN TELEGRAM
ဆင်းရဲချမ်းသာကွာဟမှုက ဆင်းရဲမွဲတေမှုကို တာရှည်စေမယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲပြော

#internationalnews #reels #shorts #Mizzima
👍8🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယသူဌေးကြီး အက်ဒါနီက ဟင်ဒင်ဘာ့ဂျ်အစီရင်ခံစာကို မလိုမုန်းထားမှုအဖြစ် ပြစ်တင်ရှုတ်ချ

#internationalnews #reels #shorts #Mizzima #India
😁5👍1
BIMSTECအစည်းအဝေးကိုစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတတ်ရောက်ကာအဖွဲ့ဝင်နိုင်ငံ တချို့နဲ့သီးသန့်တွေ့ဆုံ
===================

BIMSTEC အစည်းအဝေးကို စစ်ကောင်စီတာဝန်ရှိသူတွေကို တက်ရောက်ခွင့်မပေးဖို့ တော်လှန်ရေးအင်အားစုတွေကနေ ပြီးခဲ့တဲ့နှစ်ကတည်းက စာထုတ်ကန့်ကွက်ခဲ့ကြပေမဲ့ မြန်မာကိုသီးသန့်ခွဲထားတာထက် တွေ့ဆုံညှိနှိုင်းရေးလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက သဘောထားရှိခဲ့ကြကာ စစ်ကောင်စီဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းခဲ့တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန် နိုင်ငံတွေက တက်ရောက်ခဲ့ကြပြီး အဲဒီအစည်းအဝေးတွေကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကဝန်ကြီးတွေဟာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/EB8J8JdYZRQ

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬13👍3🤮3❤1👎1
This media is not supported in your browser
VIEW IN TELEGRAM
July - 19 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍4😁2