"သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်"ဟု ကြွေးကြော်သည့် လောင်းလုံးမြို့ အာဇာနည်နေ့ လူထုသပိတ်
❤19🔥1😁1

====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့ ကျရောက်သော အာဇာနည်နေ့၌ အခြေခံပညာကျောင်းသားကျောင်းသူများနှင့် အမျိုးသမီးများအပါအဝင်ဒေသခံပြည်သူများပါဝင်သည့် လူထုသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှုအနေဖြင့် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လူထုသပိတ်တွင်ပါဝင်သူများက "သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်" စာသားပါ ဘန်နာကိုကိုင်ဆွဲချီတက်ခဲ့ကြသည်။ယနေ့ ဇူလိုင်လ၁၉ရက်နံနက်ပိုင်း၌ ပြုလုပ်သည် လူထုသပိတ်တွင် လောင်းလုံးမြို့နယ်မှ တော်လှန်ရေး အင်အားစုများ၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအလုပ်သမား၊ လယ်သမားအများအပြားပူးပေါင်းပါဝင်ခဲ့ကြကြောင်း သပိတ်အားဦးဆောင်သူများကပြောသည်။
လောင်းလုံးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းအချို့ရှိနေပြီး စစ်ရေးတင်းမာနေသည့်ကြားမှ အာဇာနည်နေ့အခမ်းအနားလူထုသပိတ်ကို ဒေသခံတော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြခြင်းဟုသိရသည်။
စာတည်း - မောင်ကြီး
#mizzima
#လောင်းလုံးမြို့နယ်
#အာဇာနည်နေ့
#လူထုသပိတ်
Photo - DDMSC (လူထုသပိတ်တွင် လောင်းလုံးမြို့ဒေသခံများ ပါဝင်ဆင်နွှဲနေစဉ်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤14👍8🔥1
မြန်မာတွင် ဩဇာချဲ့ထွင်ရန် တရုတ်က ရထားလမ်းသစ်ကို မည်သို့ အသုံးချသလဲ
====================
ကြီးမားသော တရုတ်နိုင်ငံ၏ အစွန်းဖျားက ရထားလမ်းသစ်သည် ဒေသတွင် တရုတ်၏ ရည်မှန်းချက်များကို ဖွင့်ဟပြလျက် ရှိနေသည်။
အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် အစွန်အဖျား ကျေးလက်ဒေသဖြစ်ကာ တော်တော်များများသည် အလွန်အမင်း ဆင်းရဲနေဆဲ ဖြစ်သည်။ တောင်စဉ်တောင်တန်းများတစ်လျှောက် ဖောက်လုပ်ထားသည့် ဒီ ရထားလမ်းသည် ခေတ်ဆန်မှုနှင့် အနည်းငယ် မလိုက်မဖက် ရှိသည်။
စာရေးသူတို့က ခရီးသွားနေရာ ဒါလီမြို့မှ မြန်မာနယ်စပ်မှ နာရီအနည်းငယ် ကွာဝေးသော လင်ကန် တောင်ပေါ်မြို့အထိ ရထားလမ်းအဆုံးပိုင်းအထိ လိုက်ပါခဲ့ကြသည်။
ဒီ ရထားလမ်းမှာ တရုတ်၏ စံနမူနာ ထားရသော ခေတ်မီ၊ သန့်ရှင်းပြီး အချိန်ကုန် သက်သာသည့် ‘ကျည်ဆန်’ ရထားများအတွက် အကောင်းဆုံး စံနမူနာတော့ ဖြစ်နေသည်။
လမ်းတစ်လျှောက် ခရီးသည်များကို စကားစမြည် ပြောကြည့်သည့်အခါမှာလည်း အမြင်အမျိုးမျိုးကို ကြားသိရသည်။
“ဒီ ရထားလမ်းက အရာရာကို တော်တော်လေး အဆင်ပြေသွားစေတယ်”ဟု ယင်း ဧရိယာမှ အလုပ်ကိစ္စအတွက် ခရီးထွက်လာသည့် ဖုံဟောင်ဆူးက ပြောသည်။
“အရင်ကဆို ဒီမှာ ရထားတွေ မရှိဘူး၊ ကျွန်တော် သွားမယ် လာမယ်ဆို အဝေးပြေးကား စီးရတယ်၊ ဒါဟာ အနည်းဆုံး ခုနစ်နာရီ၊ ရှစ်နာရီ ကြာမြင့်တယ်”ဟု ၎င်းက ပြောသည်။
သို့ရာတွင် ယင်း ရထားလမ်းသည် အများပြည်သူများအတွက် သက်သက်မဟုတ်သည်ကတော့ ရှင်းရှင်းလင်းလင်း ရှိနေသည်။
လင်ကန်တွင် အကြီးစားကုန်စည်ဝင်းနှင့် ကုန်တင်ကရိန်းများနှင့်အတူ ကြီးမားသော ရထားဂိတ်ဘူတာက ယင်းနေရာသည် တရုတ်မှ မြန်မာအပြင် ကျော်လွန်၍ ကုန်စည်တင်ပို့ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို ပြသလျက် ရှိသည်။
ရထားလမ်းစီမံကိန်းက ရှည်ကြာနေသည့်ကြားမှ ၂၀၂၁ ၌ ကုန်သွယ်ရေးလမ်းကြောင်းကိုသာ ဖွင့်လှစ်ခဲ့ခြင်းသည် အိမ်နီးချင်း အင်အားကြီးနိုင်ငံထံမှ မြန်မာနိုင်ငံက ထောက်ပံ့မှု ဆက်လက်ရရှိနေခြင်း၏ ရှင်းလင်းသော လက္ခဏာပဲ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေသတွင်း အခြားသော နိုင်ငံအများစုလိုပင် တရုတ်သည်လည်း အစပိုင်း၌ ထင်မြင်ချက်ပေးရန် ရှောင်လွှဲနေခဲ့သည်။ တရုတ်သည် အခြေအနေများ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရင်း နှစ်နှစ်တာအချိန်ကို အကျိုးရှိစွာ အသုံးချကာ တစ်ဖက်ကလည်း အတိုက်အခံအုပ်စုများနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။
သို့ရာတွင် အခြေအနေက တမျိုးတဖုံ ပြောင်းလဲလာပုံ ရသည်။ မေလအတွင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အစောပိုင်းက တရုတ်တာဝန်ရှိသူများ ရှောင်ဖယ်နေခဲ့သော စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုက တရားမဝင် စစ်အာဏာသိမ်းအုပ်စု၏ နောက်၌ တရုတ်က အလုံးစုံ ထောက်ခံထားသည်နှင့် ပြဿနာတက်နေသော စစ်အာဏာသိမ်းခေါင်းဆောင်များကို အသက်ဆက်ပေးနေသည်ဆိုခြင်းအား ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းပဲ ဖြစ်သည်။
တရုတ်က မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက် စစ်ကောင်စီအတွက် တန်ဖိုးမဖြတ်နိုင်သော တရုတ်၏ ထောက်ပံ့မှုကို လျှော့တွက်၍ မရနိုင်ပေ။
အမှန်အားဖြင့် တရုတ်သည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး သတ္တု၊ အဖိုးတန်ကျောက်မျက်နှင့် မြေရှားဒြပ်စင်များအပါအဝင် မြန်မာကုန်စည်အားလုံး၏ ၂၇ ရာခိုင်နှုန်းကို ဝယ်ယူနေခြင်း ဖြစ်သည်။ စွမ်းအင်ဈေးကွက်တွင်လည်း မြန်မာ့စီးပွားရေး၏ အရေးပါဆုံးဖြစ်နေပြီး ၂၀၂၂ ၌ မြန်မာ၏ ဓာတ်ငွေ့တင်ပို့မှု ၃၈ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူခြင်း ဖြစ်သည်။
သို့ရာတွင် နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် တရုတ်ကုမ္ပဏီများသည် မြန်မာဆီ စစ်လက်နက်ပစ္စည်းများကို အများအပြား ရောင်းချနေပြီး အာဏာသိမ်းချိန်နောက်ပိုင်း ပေါင်သန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့သည်ဟု မကြာသေးခင်က ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်အရ သိရသည်။ ထိုစစ်လက်နက်ပစ္စည်းများ၏ အများစုသည် စစ်ကောင်စီထံသို့ တိုက်ရိုက်ရောက်ရှိပြီး ပြည်တွင်းစစ်၌ သုံးစွဲသည့် သက်သေများလည်း ရှိထားသည်။
မကောင်းသတင်းကျော်ပြီး တည်ငြိမ်မှုကင်းမဲ့သော နိုင်ငံထံမှ တရုတ်က ဘာများ ရနိုင်ပါသနည်း။ အမှန်တော့ လင်ကန်ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်၏ ဖြစ်နိုင်သော ရည်ရွယ်ချက်၊ စေ့ဆော်မှုများကို တစ်ချို့တစ်ဝက် ညွှန်ပြလျက် ရှိနေသည်။
တရုတ်က လုံခြုံရေးဘေးအန္တရာယ်ကို ‘အလွန်သတိထား’ အမှန်အားဖြင့် ယခု ရထားလမ်း၏ တန်ဖိုးသည် တရုတ်အတွက် ဖြတ်သန်းသွားလာရုံမက တန်ဖိုးရှိသော ပင်လယ်ဆိပ်ကမ်းများဆီထိ အိမ်နီးချင်းမြန်မာနိုင်ငံကိုဖြတ်ပြီး ရောက်ရှိနိုင်ခြင်း ဖြစ်သည်။
ယခု ရထားလမ်း တရားဝင်မဖွင့်လှစ်ခင်က တရုတ်၊ ချန်ဒူမြို့မှ ကုန်စည်များကို မြန်မာကို ဖြတ်ပြီး ပင်လယ်မှတစ်ဆင့် စင်ကာပူသို့ တင်ပို့ရခြင်း ဖြစ်သည်။

👍14❤3🔥2
Myanmar's military-installed government celebrates the 76th Martyr's Day, which marks the anniversary of the assassination of independence leaders, including General Aung San, father of the currently deposed and imprisoned leader Aung San Suu Kyi. She was convicted in a series of trials - that rights groups slammed as a sham - and sentenced to 33 years in prison.
https://youtu.be/x1RtG8jelME
https://youtu.be/x1RtG8jelME
YouTube
Myanmar military-installed government marks the 76th Martyrs' Day
Myanmar's military-installed government celebrates the 76th Martyr's Day, which marks the anniversary of the assassination of independence leaders, including General Aung San, father of the currently deposed and imprisoned leader Aung San Suu Kyi. She was…
🔥4👍1
ထိုင်းမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အထောက်အထားလက်မှတ် ထုတ်ပေးမည် | Business Round Up (19.7.2023)
————————
- မြန်မာနိုင်ငံကို ဥရောပသမဂ္ဂနှင့် အာဆီယံကြား ဆက်ဆံရေး ကြီးကြပ်မည့် နိုင်ငံအဖြစ် ခန့်အပ်မည့် အစီအစဉ် လက်မခံဟုဆို
- ထိုင်းမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အထောက်အထားလက်မှတ် ထုတ်ပေးမည်
- အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံကို မြန်မာ့ပြောင်းတင်ပို့နိုင်ရန် အရည်အသွေးမြှင့်တင် လုပ်ဆောင်နေ
- ပြီးခဲ့တဲ့နှစ်အတွင်း ဒီဂျစ်တယ်ငွေပေးချေမှုတန်ဖိုး ကျပ်ဘီယီယံ ၃ သောင်းကျော် ရှိခဲ့ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော
- တရုတ်မှာ လူငယ်အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်တက်လာနေ
- ကမ္ဘာနိုင်ငံအများအပြား ကြွေးမြီးပေးချေရန် ပျက်ကွက်မှုများနှင့် ပိုမိုနီးစပ်လာနေကြောင်း ကုလသမဂ္ဂသတိပေး
https://youtu.be/S9MuCcswvMo
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
————————
- မြန်မာနိုင်ငံကို ဥရောပသမဂ္ဂနှင့် အာဆီယံကြား ဆက်ဆံရေး ကြီးကြပ်မည့် နိုင်ငံအဖြစ် ခန့်အပ်မည့် အစီအစဉ် လက်မခံဟုဆို
- ထိုင်းမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အထောက်အထားလက်မှတ် ထုတ်ပေးမည်
- အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံကို မြန်မာ့ပြောင်းတင်ပို့နိုင်ရန် အရည်အသွေးမြှင့်တင် လုပ်ဆောင်နေ
- ပြီးခဲ့တဲ့နှစ်အတွင်း ဒီဂျစ်တယ်ငွေပေးချေမှုတန်ဖိုး ကျပ်ဘီယီယံ ၃ သောင်းကျော် ရှိခဲ့ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော
- တရုတ်မှာ လူငယ်အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်တက်လာနေ
- ကမ္ဘာနိုင်ငံအများအပြား ကြွေးမြီးပေးချေရန် ပျက်ကွက်မှုများနှင့် ပိုမိုနီးစပ်လာနေကြောင်း ကုလသမဂ္ဂသတိပေး
https://youtu.be/S9MuCcswvMo
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ထိုင်းမှမြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားများအားအထောက်ထားလက်မှတ်ထုတ်ပေးမည်|BusinessRoundUp(19.7.2023)
- မြန်မာနိုင်ငံကို ဥရောပသမဂ္ဂနှင့် အာဆီယံကြား ဆက်ဆံရေး ကြီးကြပ်မည့် နိုင်ငံအဖြစ် ခန့်အပ်မည့် အစီအစဉ် လက်မခံဟုဆို
- ထိုင်းမှ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အထောက်အထားလက်မှတ် ထုတ်ပေးမည်
- အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံကို မြန်မာ့ပြေ…

👍8🔥2❤1
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူများစုပေါင်းပြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပ
===================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၏ တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါ အခမ်းအနားကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) နှင့် ပခုက္ကူခရိုင်တပ်ရင်း (၁၅) တို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး အပါအ၀င် လက်ရှိ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များအတွက် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းများကို ပြုလုပ်ခဲ့သည်။
“ ကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတွေနဲ့ နီးစပ်ရာ ပြည်သူတွေ အပါအ၀င် အင်အား ၇၀ လောက် ဒီအာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း နှစ်ကြိမ်မြောက် လုပ်တာပါ။” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာ က မဇ္စျိမကို ပြောသည်။
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တွင် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ကာ မြန်မာနိုင်ငံကို တိုင်းတစ်ပါး၏ ကျွန်ပြုခံရသည့် ဘ၀မှ လွတ်မြောက်အောင် တိုက်ပွဲ၀င်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေးကာလသည်လည်း စနစ်ဆိုးဖြင့် ပြည်သူများကို ကျွန်ပြုရန် ကြိုးစားနေသည့် ဗမာဖက်ဆစ်ကို ကာကွယ်ရေးတပ်ဖွဲ့များက အသက်နှင့် ခန္ဓာ ပေးဆပ်ကာ တော်လှန်နေကြကြောင်း ပြောသည်။
ထို့ကြောင့် ပြည်သူများက တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ပေးကြရန်နှင့် အားလုံး ပူးပေါင်း ပါ၀င်ပါက တော်လှန်ရေး မြန်မြန်ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) တာ၀န်ရှိသူက တိုက်တွန်းပြောကြားထားသည်။
https://youtu.be/lbgixSi3d5A
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကိုင်းတိုင်း
#တော်လှန်ရေးတပ်ဖွဲ့
#ပြည်သူများ
#အာဇာနည်နေ့
#အခမ်းအနား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၏ တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါ အခမ်းအနားကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) နှင့် ပခုက္ကူခရိုင်တပ်ရင်း (၁၅) တို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦး အပါအ၀င် လက်ရှိ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော်များအတွက် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းများကို ပြုလုပ်ခဲ့သည်။
“ ကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတွေနဲ့ နီးစပ်ရာ ပြည်သူတွေ အပါအ၀င် အင်အား ၇၀ လောက် ဒီအာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း နှစ်ကြိမ်မြောက် လုပ်တာပါ။” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာ က မဇ္စျိမကို ပြောသည်။
အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တွင် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ကာ မြန်မာနိုင်ငံကို တိုင်းတစ်ပါး၏ ကျွန်ပြုခံရသည့် ဘ၀မှ လွတ်မြောက်အောင် တိုက်ပွဲ၀င်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေးကာလသည်လည်း စနစ်ဆိုးဖြင့် ပြည်သူများကို ကျွန်ပြုရန် ကြိုးစားနေသည့် ဗမာဖက်ဆစ်ကို ကာကွယ်ရေးတပ်ဖွဲ့များက အသက်နှင့် ခန္ဓာ ပေးဆပ်ကာ တော်လှန်နေကြကြောင်း ပြောသည်။
ထို့ကြောင့် ပြည်သူများက တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ပေးကြရန်နှင့် အားလုံး ပူးပေါင်း ပါ၀င်ပါက တော်လှန်ရေး မြန်မြန်ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁၁) တာ၀န်ရှိသူက တိုက်တွန်းပြောကြားထားသည်။
https://youtu.be/lbgixSi3d5A
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကိုင်းတိုင်း
#တော်လှန်ရေးတပ်ဖွဲ့
#ပြည်သူများ
#အာဇာနည်နေ့
#အခမ်းအနား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူများစုပေါင်းပြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ရောင်နီ (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၏ တစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါ အခမ်းအနားကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) နှင့်…

👍8❤6🔥3
Muslims pray by the graves of Myanmar's late minister of education and national planning U Razak and his bodyguard Ko Htwe, who were killed at the time of the assassination of independence leaders including general Aung San, as they mark the 76th Martyrs' Day in Yangon on July 19, 2023. (Photo by AFP)
❤2🤮2
ဇူလိုင်လ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================
-မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီတဲ့သတင်း
-ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ လက်ခံ မခံ ကြားနာတဲ့သတင်း
- ၃ရက်ဆက်တိုက် ရွာနေတဲ့မိုးကြောင့် မော်လမြိုင်မြို့ပေါ်မှာ ရေကြီးရေလျှံနေတဲ့သတင်း
-BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့
သီးသန့်တွေ့ဆုံခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/i3NJ19iXH5Q
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
-မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီတဲ့သတင်း
-ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ လက်ခံ မခံ ကြားနာတဲ့သတင်း
- ၃ရက်ဆက်တိုက် ရွာနေတဲ့မိုးကြောင့် မော်လမြိုင်မြို့ပေါ်မှာ ရေကြီးရေလျှံနေတဲ့သတင်း
-BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့
သီးသန့်တွေ့ဆုံခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/i3NJ19iXH5Q
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03 - မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီတဲ့သတင်း
03:28 - ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ လက်ခံ မခံ ကြားနာတဲ့သတင်း
05:26 - ၃ရက်ဆက်တိုက် ရွာနေတဲ့မိုးကြောင့် မော်လမြိုင်မြို့ပေါ်မှာ…

👍7😁1
အမျိုးသားရေးအစွန်းရောက်သူများက ၎င်းတို့ကို အကာအကွယ်ပေးရန် စစ်ကောင်စီကို အသနားခံ
😁12🤣6
အမျိုးသားရေးအစွန်းရောက်သူများက ၎င်းတို့ကို အကာအကွယ်ပေးရန် စစ်ကောင်စီကို အသနားခံ
=================
ကီရာ
(မဇ္ဈိမ)။ ။ အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင်များမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နေပြည်တော်သို့ ၎င်းတို့၏ လုံခြုံရေးအကာအကွယ်ပေးရန် အသနားခံစာများ ပေးပို့တင်ပြကြကြောင်း သိရသည်။
ယင်းအသနားခံစာကို လဝ (လျှို့ဝှက်) ပေးပို့ခြင်းဖြစ်ပြီး PDF များကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် တိမ်းရှောင်နေရသူများ၊ အသတ်ခံရသူများအကြောင်း အသနားခံစာတွင် ပါဝင်သည်ဟု အဆိုပါ အသနားခံစာများကို ဦးဆောင်တင်ပေးသူတစ်ဦးဖြစ်သည့် နေပြည်တော်အမျိုးသားရေးအင်အားစုအဖြစ် ၎င်းကိုယ်တိုင်ခံယူထားသူ ညီညီ(ခ) ဦးထွန်းမြင့်အောင်က ပြောသည်။
ထို့အပြင် “ကိုယ့်ပေါင်ပေါ်မီးပွားကျမှ ပူကြမှာလား။ သူများပေါင်ပေါ်ကျတဲ့ မီးပွားကလည်း ပူပါတယ် ။ ငါ့အလုပ် ငါ့အသိ ငါ့တာဝန်လို့သတ်မှတ်ပြီး ကိုယ့်အစွမ်း ဉာဏ်စွမ်းရှိသလောက် ငါအစွမ်းကုန် အားထုတ်မယ်။ အနည်းဆုံးတော့ ငါနဲ့ဘဝတူ အိမ်ရှိပြီး အိမ်မပြန်ရတဲ့သူတွေ စိတ်ချမ်းသာစေရမည်”ဟု ညီညီ(ခ)ဦးထွန်းမြင့်အောင်က ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။
ဦးထွန်းမြင့်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ( နေပြည်တော် )၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ရန်ပွဲတစ်ခုကြောင့် ထောင်ကျခဲ့ရာမှ NLD ပါတီနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ခုနှစ် နှစ်ရက် နှစ်လပိုင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲ အမှုဖွင့်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ဆောင်မှုသည်လည်း နိုင်ငံရေး အမျိုးသားရေးတွင် သမိုင်းလှရန် သမိုင်းကျန်ရန်အတွက်ဟု ၎င်းကိုယ်တိုင် ပြောဆိုခဲ့သည်။
ထို့အပြင် ၎င်းသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရမှု တစ်ကြိမ်နှင့် နေအိမ် ဗုံးခွဲ ခံရမှုကိုလည်း ကြုံတွေ့ခဲ့ရပြီး ၎င်းနှင့် ၎င်းမိသားစုများအား စစ်ကောင်စီမှ လုံခြုံရေးပေးရန် တောင်းဆိုခဲ့သော်လည်း ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ ထောက်ပံ့ကြေးမတောင်းဘူး၊ မြေကွက်ပေးပါလည်း မပြောဘူး ၊ ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ ပြန်မယ်၊ ကျွန်တော်တို့ကို စောင့်ရှောက်မှုပေးပါ၊ ကျွန်တော်တို့ရဲ့မိသားစု ၊ကျွန်တော်တို့ရဲ့ အသက်အန္တရာယ် ဒါလေးတစ်ခုပဲ ကျွန်တော်တို့ တောင်းဆိုတာ၊ အခုထိ မပေးနိုင်သေးဘူး။ ကျွန်တော်လည်း အခုလက်ရှိ ဒီနေ့ ဒီအချိန်ထိ ပြေးနေရတုန်း “ ဟု ၎င်းက ဇူလိုင် ၉ရက်နေ့က အထက်ပါကဲ့သို့ လိုက်ခ်လွှင့်ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။
ထို့အပြင် ၎င်း လူမှုကွန်ရက်တွင်လည်း “ ဒီလောက် ကိုယ့်လူတွေ အသတ်ခံနေရတာ ဒုက္ခတွေရောက်နေတာ ဘယ်အသင်း ဘယ်အဖွဲ့ ဘယ်အုပ်စုကမှ ကိုယ့်လူတွေအတွက် ထိထိရောက်ရောက် မလုပ်ကြဘူး။ ဝမ်းနည်းစရာသိပ်ကောင်း နာကြည်းစရာသိပ်ကောင်းပါပေါ့ဗျာ။ ဘဝတူတွေ စည်းလုံးကြပါ ၊ ဘဝတူတွေ အချင်းချင်း ရိုင်းပင်း ကူညီကြပါ၊ ဘဝတူတွေ အချင်းချင်းချိတ်ဆက်ကြပါ ၊ မကြာမီအချိန်အတွင်းမှာ ကျုပ်တို့ဘဝတူတွေရဲ့ အင်အားစုတစ်ရပ် ထွက်ပေါ်လာတော့မည်”ဟု ဆက်လက်ရေးသားထားသည်ကိုလည်း တွေ့ရသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကောင်စီကို ထောက်ခံအားပေးသူများသည် ၎င်းတို့ဖြစ်စဉ်များကို စာစီ လက်မှတ်ထိုးပြီး ၎င်းထံသို့ပေးပို့ရန် ဦးထွန်းမြင့်အောင်မှ တိုက်တွန်းထားခဲ့ပြီး လက်ရှိ နေရပ်လိပ်စာများကိုလည်း ဖော်ပြခြင်းမပြုကြရန်လည်း သတိပေးထားသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သည့် မေလပိုင်းတွင် စစ်တပ်ထောက်ခံသူများဖြစ်ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO) ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဆိုတော်လီလီနိုင်ကျော်တို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးနောက် စစ်တပ်ထောက်ခံသူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြပြီး လက်ရှိတွင်လည်း မိမိနေအိမ်တွင် ဆက်လက်နေထိုင်သူများသည်လည်း စကားပြောမမှားအောင် ဆင်ခြင်နေရကြောင်းနှင့် တချို့လူများသည်လည်း ၎င်းတို့နေအိမ်များသို့ မပြန်ရဲကြဘဲ ရှောင်တိမ်းနေရသူများ အများအပြားရှိနေကြကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အမျိုးသားရေးအစွန်းရောက်သမားများ
#လုံခြုံရေး
#အကာအကွယ်
#စစ်ကောင်စီ
Website Link - http://www.mizzimaburmese.com/article/131012

😁19👍8🥰1💩1